Vol. 13 Ch. 183
Vol. 13 Ch. 183
လင်းရီကိုမြင်တော့ စွန်းနင် ထိုင်ခုန်ပေါ်မှ ထခုန်လုမတတ်ဖြစ်သွားခဲ့၏။
"ဟျောင့်..မင်းပဲ..."
လင်းရီ အံ့အားသင့်သွားခဲ့သည်။
"ကျုပ်တို့ အချင်းချင်း သိကြလို့လား..."
"မင်းက စူပါကားကြီးထဲကနေ ကျင်းကျင်းကို လမ်းမေးသွားတဲ့ တစ်ယောက် မဟုတ်လား..."
၎င်းကိုကြားတော့ လင်းရီ စွန်းနင်ကို ရုတ်တရက် မှတ်မိသွား၏။
ကျောင်းဂိတ်၀နားလေးမှာ ချစ်ရေးဆိုနေတဲ့ တစ်ယောက်မဟုတ်လား
"အေး ..ဟုတ်တယ်လေ..ဘာမှားနေလို့လဲ..."လင်းရီ ဖာသိဖာသာ မေးလိုက်သည်။
"မင်းက ဘာမှားနေလို့လဲလို့ မေးထွက်သေးတယ်ပေါ့.."စွန်းနင် အံတင်းတင်းကြိတ်လိုက်ပြီး
"မင်းကြောင့်မို့ ကျင်းကျင်းက ငါ့ကို ငြင်းသွားတာကွ....အဲ့အတွက် မင်းမှာ တာ၀န်ရှိတယ်..."
လင်းရီ ကြက်သေသေသွား၏။
သူက ဒီတိုင်းလမ်းလေးပဲ မေးလိုက်တာလေ..အဲ့ကောင်က ဘယ်လိုလုပ် စော်ငြင်းကောင် ဖြစ်သွားတာလဲတဲ့...
ဘယ်လောက်တောင် ရှက်ဖို့ ကောင်းလိုက်လဲ...
လင်းရီ ဘယ်သူလဲဆိုတာ သိသွားတော့ ကျန်သူများလည်း အံ့အားသင့်သွားကြသည်။
နှစ်ယောက် ဒီမှာ လာဆုံတယ်ဆိုတော့ ....ဒါကြီးက မတိုက်ဆိုင်လွန်းဘူးလားဟ
"ဟယ်လို..ကျွန်မက ကျောက်ဝေရန်ပါ...ရှင်က ကျွန်မကို ရှာနေတာလား..."
ကျောက်ဝေရန်လည်း အနည်းငယ် သိချင်နေမိသည်။
ဘာလို့ အဆင်လေးက သူမကို ရှာနေတာလဲတဲ့...
လင်းရီသူ့ဖုန်းကို ထုတ်လိုက်ပြီး အော်ဒါလက်ခံသည့် ပြေစာကို ပြကာ "မိန်းကလေးက စာတမ်းပြုစုဖို့ အော်ဒါတင်လိုက်တဲ့သူ မလား......"
"အော်...ဟုတ်ပါတယ်ရှင့်...."
"ဒါပေမယ့် ကျွန်မရှာနေတာက အီရန်ဘွိုင်းလေ..ရှင့်ကိုမှ မဟုတ်တာ..."
ကျောက်ဝေရန် အနည်းငယ် ရှုပ်ထွေးနေသည့် လေသံဖြင့် ပြောလိုက်၏။
"ကျုပ်က မိန်းကလေးခေါ်ထားတဲ့ အီရန်ဘွိုင်းပဲ..."
၎င်းကိုကြားတော့ ကမ္ဘာကြီးအပေါ် သူတို့၏အမြင်များ ပြိုကျသွားသကဲ့သို့ ခံစားလိုက်ရသည်။
"ဟျောင့်..မင်းလာနောက်နေတာလားကွ..စူပါကားကြီး မောင်းပြီးတော့ ကိုယ့်ကိုယ်ကို ကျွန်တော်က အီရန်ဘွိုင်းပါ လာလုပ်နေတယ်...သောက်ရူးပဲ မင်းပြောတာကို ယုံမယ်.."စွန်းနင် ပြောလိုက်၏။
"ပြိုင်ကားနဲ့ အီရန်ဘွိုင်းလုပ်တာ ပြဿနာရှိလို့လား..."လင်းရီ ပြန်မေးလိုက်၏။
"သောက်ရေးမပါတာ..."
"ဘယ်ဒုတိယမျိုးဆက် သခင်လေးက ပြိုင်ကားကြီးနဲ့ လူတွေကို ပစ္စည်းလိုက်ပို့ပေးလို့လဲကွ...မင်းငါ့ကို သောက်ရူးများမှတ်နေလား..."
"ဟီးဟီး..ငါတော့ ဘာဖြစ်နေလဲဆိုတာ သိပြီ ထင်တယ်..."ကျန်းကျန်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဒါက မင်းတို့ ကုမ္ပဏီရဲ့ ၀န်ဆောင်မှု အသစ်မလား...ပြိုင်ကားကြီးနဲ့ ပစ္စည်းလိုက်ပို့တာလေ..အဲ့ခါကျ လူတွေလည်း သောက်ဆန်းကြီးတွေ ဖြစ်ကုန်ပြီးတော့ အွန်လိုင်း ဖိုရမ်တွေပေါ်မှာ အလုအယက် မျှဝေကြတော့မှာ..အဲ့ခါကျ မင်းတို့ ကုမ္ပဏီရဲ့ လုက်ဆောင်တဲ့နည်းလမ်းက တော်တော်လေးကို ၀တ္ထုဆန်သွားပြီး ပေါ်ပြူလာဖြစ်လာတော့မှာလေ.."
"ငါပြောတာ မှန်တယ်မလား..."
"အွန်း..ဒါလည်း ဖြစ်နိုင်တာပဲ.."လျိုဝေ့ ထောက်ခံလိုက်သည်။
"ကျွန်မကြားတာတော့ အရင်တုန်းက Didi လည်း ဇိမ်ခံကားတွေနဲ့ တက္ကစီဆွဲသေးတယ်ဆိုပဲ..ဖြစ်နိုင်တာက မေ့ထွမ်လည်း အပြိုင်လိုက်ချနေတာနေမှာပေါ့..."
"ဟားဟား....."
ကျန်းကျန်း မျက်ရည်ထွက်အောင် ရယ်မောလိုက်ပြီး "စွန်းကြီး မင်းကတော့ အတော်လေး ကံမကောင်းတာပဲကွ...ရည်းစားချောချောလေး ရမယ့် အခွင့်အရေးက ဒီလို အီရန်ဘွိုင်းကြောင့် ပျက်စီးသွားတယ်ဆိုပဲ...ငါတော့ ရယ်ေ-သပြီ..."
စွန်းနင်၏ မျက်နှာမှာလည်း ဖြူတစ်လှည့် နီတစ်လှည့် ဖြစ်နေပြီး လင်းရီကို သေသည်အထိ လည်ပင်း ညစ်သ-တ်ချင်နေတော့သည်။
ဒီလောက်ထိ ကံဆိုးအောင်လို့ ငါအတိတ်ဘ၀တုန်းက ဘာတွေများ လုပ်ခဲ့မိလို့လဲကွာ...
"ဘာတွေ လာပြောနေတာလဲ..သူက ငါ့ရဲ့စာတမ်းကို ကူရေးပေးဖို့ဘာခဲ့တာ..နင်တို့ ထိုင်လှောင်တာခံဖို့ လာခဲ့တာ မဟုတ်ဘူး.."ကျောက်ဝေရန် အေးစက်သည့် မျက်နှာထားဖြင့် လင်းရီဘက်မှ ကူပြောပေးလိုက်၏။
ကျန်းကျန်း အကျယ်ကြီး အော်ရယ်လိုက်ပြီး "ဝေရန်...နင်ကလည်း အတော်စိတ်၀င်စားဖို့ ကောင်းပါလားကွ..တကယ်လို့ မင်း စာတမ်း ပြုစုခိုင်းချင်တယ်ဆိုရင်လည်း ဒီလို သာမန်လူမျိုးကိုမှ အကူညီတောင်းရလားဟ...မူလတန်းတောင်အောင်ခဲ့ရဲ့လား မသိဘူး..ကြည့်ရေးရင်တောင် ဖော်မြူလာမှားမယ့် ရုပ်ကြီးနဲ့..သူ့ဆီကနေ ဘာတွေ မျှော်လင့်နေတာ..."
"အဲ့တာ နင့်ကိစ္စမဟုတ်ဘူး..တခြားကိစ္စမရှိတော့ဘူးဆိုရင် နင်ဂျောင်းလိုက်တော့..ငါတို့ကို လာပြီး နှောက်ယှက်မနေနဲ့ အိုကေ...."
ကျန်းကျန်း လင်းရီကို ရှိုးလိုက်ပြီး အိတ်ကပ်ထဲမှ ယွမ်တစ်ရာတန် အနုပ်ကလေးများထုတ်ကာ "ကောင်လေး ငါမင်းကို ဒီနားတစ်ဝိုက်မှာ မမြင်ချင်ဘူး..တကယ်လို့ မင်းသာ ငါ့ရှေ့ကနေ သုံးစက္ကန့်အတွင်း ထွက်သွားပေးမယ်ဆိုရင် ဒီယွမ်ရာတန်တွေက မင်းအတွက်ပဲ...ဘယ်လိုလဲ..မင်းတစ်နေ့ လုပ်အားခတောင် အဲ့လောက်မရှိဘူးနော်..."
"ဆောတီးပဲ..ကျုပ်ကို ဒီခေါ်လိုက်တာ ခင်များလဲမဟုတ်ဘူး..ဒီတော့ ခင်များထွက်သွားခိုင်းတာနဲ့ပဲ ထွက်သွားပေးစရာလား..."
"ခေါင်းမာမနေစမ်းနဲ့ဟျောင့် ..ငါ..ကျန်းကျန်းက သောက်ရမ်း သဘောကောင်းတဲ့ကောင်လို့ ထင်နေတာလား..."
"ခင်များဘာခင်များ သဘောကောင်းကောင်း မကောင်းတာ ကျုပ်အပူမပါဘူး..တကယ်လို့ ကျုပ်ကို ထွက်သွားစေချင်တယ် ဆိုရင်တော့ သူ့ကို အော်ဒါအပြီးသတ်ခိုင်းလိုက်..."
"ငါမင်းကို အေးဆေးအကြံပေးနေတုန်း အလိုက်တသိနဲ့ ထွက်သွားလိုက်..ငါရှေ့မှာ မျက်စိစပါးမွေး စူးအောင် လာမလုပ်နဲ့..."
စွန်းနင် မျက်လုံးများကျဉ်းမြောင်း၍ ပြောလိုက်၏။
"စွန်းနင်...သူ့ကို ကျွန်မခေါ်ထားတာ...အဲ့တာ ရှင့်ကိစ္စမဟုတ်ဘူး..."
ကျောက်ဝေရန် ထိုင်ခုံတစ်လုံး ဆွဲယူပေးလိုက်ပြီး "ရှောင်ကောကော..လာလာ ..ဒီမှာလာထိုင်...သူတို့နဲ့ စိတ်ရှုပ်ခံမနေနဲ့..."
"အိုကေပါဗျာ..."
"အောင်မာ....ဘာမှမဟုတ်တဲ့ အီရန်ဘွိုင်းကများကွာ..ကိုယ့်အဆင့်ကို မသိဘဲနဲ့ ငါတို့နဲ့ လာရောချင်နေတယ်တဲ့လား..."စွန်းနင် မျက်ခုံးပင့်၍ ပြောလိုက်ပြီး
"ကိုယ့်အနေအထားကိုလည်း တစ်ချက်ပြန်ရှိုးလိုက်ဦး မူလတန်းကျောင်းထွက်စတိုင်နဲ့...စာတမ်းရေးတယ်ဆိုတာက ဘာလဲဆိုတာကော နားလည်ရဲ့လား..."
"အဲ့တာက အရေးကြီးလို့လား..."လင်းရီပြုံးလိုက်ပြီး "ဒါပေမယ့် ခင်များကျတော့ကော...စော်လေးတစ်ယောက်ကိုတောင် စောက်ဖြစ်ရှိအောင် မလိုက်နိုင်ပဲများ..ကျွတ် ကျွတ် ..သနားဖို့ကောင်းလိုက်တာ..."
ကျန်းကျန်း : "...."
ဟျောင့်...မင်းအဲ့လို မပြောနဲ့လေကွာ...ငါငိုချင်လာပြီ
လင်းရီ စွန်းနင်ကို လျစ်လျူရှုလိုက်ပြီး ကျောက်ဝေရန်ကို ကြည့်၍ "ကျုပ်ထည့်ပေးရမယ့် စာတမ်းက ဘယ်နားမှာလည်း ..တစ်ချက် ကြည့်ကြည့်ရအောင်..."
ကျောက်ဝေရန် စာရွက်ကမ်းပေးလိုက်သောအခါ လင်းရီ၏ ယောက်ျားဆန်သည့် ရနံ့သင်းသင်းလေးကို ရှူရှိုက်မိသွားပြီး သူမကို ရင်တဒိန်းဒိန်း ခုန်သွားစေသည်။
"ဒါပဲ...တကယ်လို့ ကျွန်မတို့တာ အတူတူရေးမယ်ဆိုရင် လေးနာရီလောက်ဆို ပြီးသွားပြီ ..အချိန်ပိုကြေးလည်း ပေးမှာဆိုတော့ ဘာမှ မပူနဲ့..."
လင်းရီကတော့ သူဘယ်လောက်ရမယ်ဆိုတာ စိတ်မ၀င်စားပဲ ကျောက်ဝေရန်ပေးသည့် စာရွက်များက်ုသာ လှန်လော ကြည့်ရှုနေသည်။
"ဒါက ဘာကြီးလဲဟ..ဒီထဲမှာ အမှားတွေက အများကြီးပဲ..မိနိးကလေးတာ ဒီစာတမ်းနဲ့ဆိုလို့ကတော့ ဘွဲ့တောင် ယူလို့ရမှာ မဟုတ်ဘူး..."
"ကျွန်မက ဘွဲ့မယူနိုင်တော့ဘူး..."ကျောက်ဝေရန် အံ့အားသင့်စွာဖြင့် မေးမြန်းလိုက်ပြီး
"မဖြစ်နိုင်ဘူးထင်တယ်နော..ဒီစာရွက်က ကျွန်မ သူငယ်ချင်းတစ်ယောက် ပေးထားတာ..သူ့ရဲ့အမှတ်တွေကလည်း အမြဲတမ်းကောင်းတယ်..ဆိုတော့ ပြဿနာမရှိလောက်ဘူး မဟုတ်လား..."
"ဒီမှာရေးထားတာကိုလည်း ကြည့်လိုက်ဦး..အဆက်မပြတ် ရွေ့လျားမှုကို စူးစမ်းရှာဖွေခြင်းတဲ့...ခေါင်းစဉ်ကိုက မှားနေပြီ...ဒီတော့ အဲ့ဒီခေါင်းစဉ်ကို အခြေပြုပြီး ဆွေးနွေးသွားတဲ့ အကြောင်းရာတွေ အကုန်လုံးကလည်း တလွဲတွေ ဖြစ်ကုန်ပြီလေ..."ကျုပ် ဘာပြောနေလဲဆိုတာ နားလည်တယ်မလား...""
လေးယောက်လုံး ကြက်သေသေသွားကြ၏။
အီရန်ဘွိုင်းတစ်ယောင်က ဘယ်လိုလုပ် ဒါတွေကို နားလည်နေတာလဲတဲ့...
"အဲ့တာဆို ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ.."ကျောက်ဝေရန် လေးနက်စွာ မေးမြန်းလိုက်၏။
"တကယ်တော့ ဒီခေါင်းစဉ်က တော်တော်လေး စိတ်၀င်စားဖို့ကောင်းတယ်..အောက်က အချေတင် ငြင်းခုန်တာလေး တစ်ချို့လောက်ပဲ ပြဿနာရှိနေတာ..အဲ့တာလေးတွေကို အသစ်ပြန်ရေးလိုက်ရင် ပိုပြီး အဆင်ပြေသွားပြီ..."
"ဘယ်ဟာရေးရင် ပိုပြီး အဆင်ပြေလောက်လဲ.."
"တာမိုဒိုင်နမစ် မှာ Maxwell Demon လို့ခေါ်တဲ့ ကွန်ဂျက်တာ တစ်ခုရှိတယ်လေ...အဲ့တာဘာလဲဆိုတာ သိတယ်မလား... "
ကျောက်ဝေရန် ဘာမျှမသိသည့် ကောင်မလေးတစ်ယောက်ကဲ့သို့ အူတူတူလေး ခေါင်းရမ်းလိုက်၏။ ထိုသို့ ရမ်းလိုက်ပုံမှာလည်း အတော်လေးတော့ ချစ်စရာကောင်းနေသည်။
"အဲ့တာက Maxwell အဆိုပြုခဲ့တဲ့ ကွန်ဂျက်တာလေ...တာမိုဒိုင်နမစ် ဒုတိယဥပဒေသရဲ့ ဖြစ်နိုင်ချေတွေကို အဓိက ရှင်းပြထားတာ..."လင်းရီ စာရွက်ကိုင်လိုက်ပြီး လေးနက်နေသည့် အမူအရာဖြင့်
"အဓိကကတော့ကွာ အလုံ ပိတ်လှောင်ထားတဲ့ အခန်းလေးရဲ့ အလယ်မှာ ပွတ်အားသုညရှိတဲ့ အကန့်လေးတစ်ခုရှိတယ် ...အဲ့ဒီအကန့်ပေါ်မှာလည်း ခလုတ်တစ်ခုရှိတယ်..နောက်ပြီး အဲ့အခန်းတစ်ဖက်မှာလည်း ဒီမွန်တစ်ကောင်ရှိတယ်လို့ စိတ်ကူးယဉ်ကြည့်ကြည့် ...အဲ့ဒီ ဒီမွန်က ခလုတ်ကို ထိန်းချုပ်ပြီးတော့ မော်လီကျူး ရွေ့လျားမှုတွေကို မြန်အောင်လုပ်ပြီး တစ်ခြားအခန်းတစ်ဖက်ဆီ၀င်ခိုင်းလို့ရတယ်၊ နောက်ပြီး မော်လီကျူး ရွေ့လျားမှုတွေကို နှေးအောင်လုပ်ပြီးတော့မှလည်း အခန်းတစ်ဖက်မှာ နေခိုင်းလို့ရတယ်....အဲ့လိုဆိုရင်... "
လင်းရီ ကျောက်ဝေရန်ကို တစ်ချက် ကြည့်လိုက်ပြီး "ငါစောနက ပြောသွားတာတွေ နားလည်လိုက်လား.."
"ရှင်အမှန်အတိုင်း ကြားချင်လား..."
"အင်း..."
"ကျွန်မ ဘာမှ နားမလည်ဘူး..."
လင်းရီ : "....."
"အဲ့တာဆို ဘယ်လောက်ထိ နားလည်လိုက်လဲ ..."
"ကျွန်...ကျွန်မက စာညံ့တဲ့ ကျောင်းသူလေ..ဒီတော့ ဘာမှ နားမလည်လိုက်ဘူး.."
လင်းရီ နားထင် ပွတ်လိုက်မိသည်။
သူ့ခေါင်းအတော်လေးကိုက်သွားခဲ့၏။
ဒီလောက်ရိုးရှင်းနေတာကိုတောင်မှ နားမလည်ဘူးဆိုတော့ အခြေနေ တော်တော် ဆိုးနေပြီပဲကွ...
ပြောပြောနေကြတဲ့ အူကြောင်ကြား ကောင်မလေးဆိုတာ သူ့ကိုများ စောင်းပြောနေလား မသိဘူး...
ကျန်းကျန်း လျိုဝေ့နှင့် ကျန်သူများလည်း အံ့အားသင့်သွားကြ၏။
ဒီကောင်က တကယ်ကြီး တာမိုဒိုင်နမစ် ဒုတိယဥပဒေသအကြောင်း ပြောနေတာပဲကွ..
လက်မခံနိုင်ဆုံး အချက်ကတော့ သူတို့ကိုယ်တိုင်တောင် နားမလည်နိုင်ခြင်းကိုပင်။
ငိုးပဲ..ဒါကြီးက ကောင်းကင်ကိုတောင်မှ ဖီဆန်နေပြီ...
သူတို့လည်း မျက်လုံးနှစ်လုံး လက်နှစ်ဖက်နဲ့ပဲလေ...သူ့ကျမှ ဘာလို့ ထူးပြီးချွန်နေရတာလဲဟ...
"ရှင် နည်းနည်းလောက် ဖြေးပြီး ပြောလို့ရမလား..အဲ့တာဆို နားလည်ရင် နားလည်မှာပေါ့..."
"မိန်းကလေး...မင်းကိုယ်မင်း သိပ်အထင်ကြီးလွန်းနေပြီ..."
"မိန်းကလေးရဲ့ လယ်ဗယ်နဲ့ဆို ကျုပ်အကြိမ်တစ်ရာ လောက် ရှင်းပြရင်တောင် နားလည်မှာ မဟုတ်ဘူး..."