Vol. 13 Ch. 184
Vol. 13 Ch. 184
"အာ..ရှင်ကလည်း အဲ့လိုမပြောနဲ့လေ..."ကျောက်ဝေရန် ရှက်သွားခဲ့၏။
"ကောင်းပြီ..အဲ့ဒါဆိုလည်း မိန်းကလေးက ဘေးမှာသာ ရပ်ကြည့်နေတော့...ကျုပ်ခင်များကိုယ်စား စာတမ်း ရေးပေးမယ်..."
"ကူရေးပေးမယ် ဟုတ်လား..."
ကျောက်ဝေရန် ရီဝေနေသော မျက်လုံးများဖြင့် လင်းရီကို ကြည့်လိုက်မိသည်။ သူမရှေ့ရှိ မြင်ကွင်းက အလွန်တရာ မှော်ဆန်လွန်းလှသည်။
သူမကို စာကူရိုက်ပေးမည့်သူ လိုချင်၍ အီရန်ဘွိုင်း ခေါ်လိုက်သော်လည်း နတ်ဘုရားတစ်ပါးနှင့် လာဆုံလိမ့်မည်လို့တော့ ထင်မှတ်မထားခဲ့။
ထို့ပြင် ထိုနတ်ဘုရားမှာ ရုပ်ဆင်းအင်္ဂါ ချောမောခန့်ညားလှပြီး ရူပဗေဒလည်း ကျွမ်းကျင်လှ၏။
ထိုမျှ ထူးချွန်နေသည့် လူက အဘယ်ကြောင့် အီရန်ဘွိုင်း လာလုပ်နေပါသနည်း။
"ဘာလဲ မယုံဘူးလားဗျ...မယုံလည်း ကိုယ့်ဘာကိုယ် ရေးဗျာ..."
"နိုး .နိုး နိုး ရှောင်ကောကောကလည်း စိတ်ကြီးပဲ..ကျွန်မ ရှင့်ကို ယုံတာပေါ့ရှင်..."ကျောက်ဝေရန် အလျင်စလို ပြောလိုက်၏။
"ကျွန်မ တစ်ခုခု ကူညီပေးရဦးမလား..."
"ခင်များ ပျော်တော်ဆက်တတ်လား..."
"ပျော်တော်ဆက်...ဘယ်လို ပျော်တော်ဆက်ရမှာ."
ကျောက်ဝေရန်မှာ ညံ့ဖျင်းသည့် ကျောင်းသူတစ်ဦးဖြစ်သောကြောင့် လင်းရီ၏ စကားအထာကို သဘောမပေါက်ခဲ့ချေ။
"ခင်များ အပျင်းပြေအောင် စကားတွေ ဘာတွေ ပြောတတ်လားလို့ မေးတာ..."
"ဟင့်အင်း..သိဘူး..."
"အဲ့ဒါဆို ရပြီ....ဘေးမှာရပ်ပြီးတော့ပဲ ကိုယ့်ဘာကိုယ် ပျော်တော်ဆက်နေလိုက်..."အဲ့တာကမှ ပိုမြန်ဦးမယ်...
ထို့နောက် လင်းရီ ကီးဘုတ်ကို ဆွဲယူလိုက်ပြီး word ကိုဖွင့်ကာ စာတမ်းစတင် ရေးသားတော့၏။
တတောက်တောက် မြည်သံများသာ ကြားနေရပြီး ခဏကြာတော့ စခရင်ပေါ်တွင် ရှုပ်ထွေးသည့် ဖော်မြူလာများနှင့် စာကြောင်းများစွာ ပေါ်လာခဲ့၏။
ကျောက်ဝေရန် အံ့အားသင့်သွားခဲ့သည်။
လူအများကြားထဲမှ နတ်ဘုရားဆိုတာ ဒါကိုပြောတာများလား...
နှစ်နာရီကြာပြီးနောက် လင်းရီ စာလုံးရေ တစ်သောင်းပါ၀င်သော စာဖိုင်တစ်ခုကို ရိုက်လို့ပြီးသွား၏။
"ပြီးပြီ..ဒါကို ခင်များရဲ့ ဆရာကိုသာပေးလိုက..ဘာပြဿနာမှ မရှိစေရဘူး.."လင်းရီ အာမခံလိုက်သည်။
"တကယ်ကြီးလား...ပြဿနာမရှိတာ သေချာလို့လားရှသ်ရယ်..."ကျောက်ဝေရန်၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာဖြင့် ပြူးကျယ်နေ၏။
"တကယ်လို့ ခင်များရဲ့ ဆရာကသာ ဒီစာတမ်းနဲ့ ပတ်သက်ပြီး ပြဿနာရှိတယ်လို့ ပြောလာရင်တော့ သူက အဆင့်မမှီဘူးလို့သာ မှတ်ထားလိုက်ဗျာ..."
ကျောက်ဝေရန် ပြောစရာစကားများ ပျောက်ရှသွားတော့၏။ ရှောင်ကောကောက တကယ့်ကို သူများတွေနဲ့ လုံး၀ ကွဲပြားတာပဲ..အမူအကျင့်ကော လေ့လာတဲ့အပိုင်းမှာကော သူများတွေထက်ကို ထူးချွန်တယ်...
"အဓိပ္ပာယ်မရှိတာ..."
ကျန်းကျန်း၏ ရုတ်တရက် အော်ဟစ်သံက ကျောက်ဝေရန်ကို တုန့်ခနဲ ဖြစ်သွားစေသည်။
"နှစ်တောင်းစား..နင်ဘာတွေ လျှောက်အော်နေတာလဲ..ဒါစာသင်ခန်းနော်...ဇရပ်မဟုတ်ဘူး"
"ဝေရန်..ငါကမင်းကို အရုးလုပ်ခံရမှာဆိုးလို့ သတိပေးနေတာ..."ကျန်းကျန်း ပြောလိုက်သည်။
"သူက ငါ့ကို စာတမ်းတောင် ကူရေးပေးသေးတယ်လေ..ဘယ်လိုလုပ်ပြီး အရူးလုပ်နိုင်မှာလဲဟဲ့..."
"ငါ့အထင်တော့ ဒီကောင် စာတမ်းကို အရူးချီးပမ်းလျှောက်ရေးထားပြီး မင်းနားမလည်ဘူးဆိုပြီးတော့ အနိုင်ကျင့်ချင်နေတာနေမှာ..."
ကျောက်ဝေရန် ဤတစ်ကြိမ်တော့ ဘာမျှ ပြန်မပြောခဲ့။
သူမက တကယ်ကြီး အရမ်းညံ့တဲ့ ကျောင်းသူဖြစ်နေပြီလား...
ကျန်းကျန်း လင်းရီကို အေးစက်နေသည့် မျက်လုံးများဖြင့် ကြည့်လိုက်ပြီး "မင်းလည်း အရွယ်ရောက်ပြီးသားပါ..အဲ့တာကိုတောင်မှ ဝေရန်လို ဘာမှမသိတဲ့ မိန်းကလေးတစ်ယောက်ကို အချောင်ရိုက်ချင်နေတယ်ပေါ့...မင်းက အဲ့လိုပဲ လိမ်တတ်တာလားကွ..."
ကျောက်ဝေရန် :"....."
ရှင်တို့နှစ်ယောက်က ဒီလာပြီး ကျွန်မကို လှောင်နေကြတာလား...
ကိုယ့်ကိုယ်ကို ညံ့တယ်ဆိုတာ သိပေမယ့် အဲ့လိုကြီး သတိပေးဖို့တော့ မလိုဘူးလေ...
ကျောက်ဝေရန် တစ်ဖက်လှည့်ပြီး လျိူဝေ့ကိုကြည့်ကာ "ဝေ့ဝေ့...နင်ကော ဒီစာတမ်းကို ဘယ်လိုမြင်လဲ..."
"အာ..ငါလည်း ဘာမှမသိတော့ ဒီစာတမ်းက ကောင်းကင်ဘုံက ကျလာတဲ့ စာတမ်းလိုပဲ...ဟီးဟီး..."
ကျန်းကျန်း နှာခေါင်းရှုံ့လိုက်ပြီး "ဝေရန် တကယ်တော့ မင်းသူ့ကို မေးနေစရာတောင်မလိုဘူး..သူရေးနေတဲ့အချိန်ကတည်းကနေ ငါက ဖတ်ပြီးသွားပြီ..ငါပြောပြမယ်..သူစာတမ်းထဲမှာ ရေးထားတာတွေက အကုန်လုံး သောက်အဓိပ္ပာယ်မရှိတာတွေ ကြီးပဲ..မင်းသာ ဒီစာတမ်းကို ဆရာဖန့်ဆီ ယူသွားပေးလို့ကတော့ သေချာပေါက် သေအောင်ဆူခံရမှာပဲ.."
"ဝေရန်..ငါလည်း နင်သေချာလေး ဂရုစိုက်သင့်တယ်လို့တော့ ထင်တယ်..."လျိုဝေ့ ညင်သာစွာ သတိပေးလိုက်သည်။
"သူက ချောတယ်ဆိုပေမယ့် ဘာပဲပြောပြော အီရန်ဘွိုင်းပဲလေ..ချောတိုင်းလည်းယုံကြည်လို့မှ မရတာ..."
ကျောက်ဝေရန် အနည်းငယ် မပျော်မရွှင်ဖြစ်သွားခဲ့ပြီး"နင်လဲ အဲ့လို ထင်တယ်ပေါ့.."
"စိတ်အေးအေးထားစမ်းပါဟ..သူ့ပုံစံကြောင့် အရူးလုပ်မခံရစေနဲ့.."လျိုဝေ့ပြောလိုက်ပြီး "စဉ်းစားကြည့်ကြည့် သူက ချောတယ်ဆိုပေမယ့် အီရန်ဘွိုင်းပဲလေ..တကယ်လြိ့ ဒီလောက်အရည်အချင်း ရှိနေရင်လည်း ဘာလို့ ဒီအလုပ်ကြီး လုက်နေမှာလဲတဲ့..ငါပြောတာ မဟုတ်ဘူးလား..သူက ကုမ္ပဏီကိုယ်စား ဇိမ်ခံကားကြီး။မောင်းတယ်ဆိုရင်တောင်မှ အီရန်ဘွိုင်းက အီရန်ဘွိုင်းပဲ..ဘာမှ ပြောင်ူလဲသွားမှာ မဟုတ်ဘူး..ဒီတော့ညသူ့ကို ယုံကြည်ဖို့ သင့်တယ်လို့ ထင်လား..."
"ဒါက..."
ဆိုရိုးအတိုင်း လူသုံးယောက်က ကျားကိုဖြစ်ပေါ်စေတယ်။ (စကားပုံ- ပြောတဲ့သူများရင် သူ့အလိုလို ယုံကြည်သွားတာ)
လူသုံးယောက်မှ တစ်သံတည်း ထွက်နေတော့ ကျောက်ဝေရန်လည်း အနည်းငယ် မသေမချာ ဖြစ်လာခဲ့၏။
ထိုအရာကလည်း သူမ ညံ့ဖျင်းသည့် ကျောင်းသူတစ်ယောက်ဖြစ်နေသောကြောင့်ပင်။ အကယ်၍ သူမသာ စာသေချာလေး လုပ်ခဲ့ပါက စာတမ်းကို ကိုယ်တိုင်နားလည်ပြီး ယခုလို မတင်မကျ ဖြစ်လိမ့်မည်မဟုတ်ဆချ။
"မင်းရဲ့ အဆင့်နဲ့ဆိုရင် ဒီလိုအတွေးတွေ ရှိတာ ပုံမှန်ပါပဲ.."လင်းရီ ပြောလိုက်ပြီး
"ဒီစာတမ်းက မင်းရဲ့ ဘွဲ့နှင်းသဘင်အတွက် အရေးကြီးတယ်ဆိုမှတော့ မင်းတို့ဆရာကို သွားပြီး အကဲဖြတ်ခိုင်းကြည့်ပါလား..သူအမှတ်ဘယ်လိုပေးမလဲဆိုတာ ကြည့်ကြည့်ရအောင်.."
"ဟုတ်တယ် ဟုတ်တယ်..ဆရာက ရုံးခန်းထဲမှာ ရှိနေတုန်းပဲ..နင်သူ့ကို သွားရှာလို့ရသေးတယ်..."
"ဝေရန်..နင်သေချာ စဉ်းစားနော်..ပရော်ဖက်ဆာဖန့်က အရမ်းစိတ်တိုလွယ်တဲ့လူ..နင်သာ သူ့ကို ဒီလိုစာတမ်းမျိုး သွားပြလို့ကတော့ သေအောင် ဆူခံရတော့မှာ..."
ကျောက်ဝေရန် အနည်းငယ် ရှုပ်ထွေးနေလေသည်။ ပရော်ဖက်ဆာဖန့်မှာ စီနီယာအကျဆုံး ပရော်ဖက်ဆာ ဖြစ်သော်လည်း သူ၏။ဒေါသကတော့ အတော်လေးကြီး၏။
မိန်းကလေး ဖြစ်နေ၍လည်း ညှာတာလိမ့်မည်မဟုတ်။
"အေးပါဟာ..နင်တို့ ဝိုင်းပြီး ဖျောင်းဖျမနေကြနဲ့တော့...ငါဆရာဖန့်ကို သွားရှာဖို့ ဆုံးဖြတ်လိုက်ပြီ.."
အနည်းငယ်ကြာအောင် စဉ်းစားပြီးနောက် ကျောက်ဝေရန် ပြောလိုက်လေသည်။
"ဟင်း..."
လျိုဝေ့ သက်ပြင်းချလိုက်ပြီး "ဒီကောင်မလေးက ခေါင်းသိပ်မာလွန်းတယ်..."
ကျောက်ဝေရန် စိတ်ပိုင်းဖြတ်ပြီးသွားသည်ကို မြင်တော့ ကျန်းကျန်း လင်းရီကို ကြည့်လိုက်ပြီး "ကောင်လေး.ငါမင်းကို သတိပေးလိုက်မယ်..တကယ်လို့ ဝေရန်သာ အဆူခံရလို့ကတော့ မင်းလည်း ကျောင်းထဲကနေ လမ်းလျှောက်ပြန်နိုင်မယ် မထင်နဲ့..."
လင်းရီ ကျန်းကျန်း၏ ပခုံးကို လေးနက်စွာ ပုတ်လိုက်ပြီး "အနည်းဆုံးတော့ နိမ့်နိမ့်ချချနေရင် မင်းလိုမျိူးကိုယ့်ကိုယ်ကို အရှက်မရတော့ဘူးပေါ့ကွာ..."
"ဟမ့်....လျှာစောင်းတော့ ထက်သားပဲ..."ကျန်းကျန်း နှာခေါင်းရှုံ့လိုက်ပြီး
"တကယ်လို့ သောက်ရမ်းတွေ ယုံကြည်ချက်ရှိနေရင်လည်း မသွားသေးနဲ့ဦး..အတူသွားကြစို့..ငါမင်းကို ချက်ချင်း အလိမ်ဖော်ပြမယ်..."
လင်းရီ ပခုံးတွန့်လိုက်ပြီး .."သဘောလေ..ငါကတော့ သောက်ဂရုကို မစိုက်တာ..."
ကျောက်ဝေရန် လင်းရီ စာတမ်းရေးထားသည့် USB ကို သူမ အိတ်ထဲထည့်ပြီး အခန်းထဲမှ ထွက်လာခဲ့လိုက်၏။
အခန်းထဲမှ ထွက်လာပြီးနောက် သုံးယောက်သား အခန်း ၃၁၉ ၊ ဆရာများရုံးခန်းသို့ ချီတက်ကြတော့သည်။
ဒေါက်ဒေါက် ဒေါက်
"၀င်ခဲ့..."
ကျောက်ဝေရန် ကြောက်ကြောက်လန့်လန့်ဖြင့် တံခါးခေါက်လိုက်ပြီး ခွင့်ပြုချက်ရတော့မှ တံခါးဖွင့်၀င်လိုက်သည်။
ရုံးခန်းမှာ ၁၀၀ စတုရန်းမီတာခန့်ကျယ်၀န်းပြီး စားပွဲ၁၀ လုံးရှိကာ ၆လုံးကသာ လူရှိနေ၏။
ရုံးခန်းထဲရှိ လူအားလုံးမှာ အသက်ကြီးပိုင်းများ ဖြစ်ကြပြီး အငယ်ဆူံးတစ်ဦးကတောင် အသက်လေးဆယ်အရွယ်ခန့် ရှိနေပြီး ဖြစ်သည်။
ငယ်ရွယ်သည့် ကျူတာများကတော့ အတွေ့ကြုံမရှိသေးသောကြောင့် တခြားရုံးခန်းတစ်ခုတွင် ရုံးထိုင်ပေလိမ့်မည်။
အခြားတစ်ဖက်တွင်တော့ ယခုရုံးခန်းထဲရှိ လူတိုင်း၏ အနိမ့်ဆုံးရာထူးမှာတော့ လက်ထောက်ပါမောက္ခပင်တည်း။
"ပရော်ဖက်ဆာဖန့်..သမီး စာတမ်းပြုစုပြီးသွားလို့ ဆရာ့ကို လာပြတာပါရှင့်..."
ကျောက်ဝေရန်၏ စကားလုံးများကိုလည်း ကြားရော ရုံးခန်းထဲရှိ လူတိုင်း သူတို့ မျက်မှန်များပင့်ကာ ကျောက်ဝေရန်နှင့် လျိုဝေ့ကို အကဲခတ်လိုက်ကြ၏။
"ဘယ်နှစ်ရက်တောင်ရှိနေပြီလဲ..မင်းတို့က ခုမှစာတမ်း လာပေးနေတယ်ဆိုတော့ ဘွဲ့မယူချင်တော့ဘူးလားကွ..."
ကျောက်ဝေရန်နှင့် လျိုဝေ့တို့ ထိတ်လန့်တုန်လှုပ်သွားပြီး စကားပင် မပြောရဲကြတော့ချေ။
ကျောင်းရှိ အဆိုးဆုံးသော ပရော်ဖက်ဆာကိုလည်း မြင်ရော ကျောက်ဝေရန် နဂိုက အားခဲထားသည့် သတ္တိများအားလုံး ကြက်ပျောက်ငှက်ပျောက် ပျောက်သွားခဲ့သည်။
အကယ်၍ စာတမ်းသာ ပြဿနာတစ်ခုခု ရှိပါက သူမ သေသည်အထိ အဆူခံထိလောက်၏။
ကျန်းကျန်းနှင့် စွန်းနင်တို့လည်း ထိုအခိုက်အတန့်တွင် အသက်ပင်ရဲရဲ မရှူဝံ့ချေ။
ကျောက်ဝေရန်၏ အဆုံးသတ်ရလဒ်မှာ အဆူခံရမည်ဖြစ်သော်လည်း ထိုငနဲကို သင်ခန်းစာပေးနိုင်မည်ဆိုပါက တန်သည်ဟု ဆိုရပေမည်။
"ဆရာဖန့်..တောင်းပန်ပါတယ်ရှင့် စာတမ်းကို ပိုပြီး ပြည့်စုံသွားအောင် လုပ်နေလို့ ကြာသွားတာပါ..."ကျောက်ဝေရန် ရှင်းပြလိုက်သည်။
လျိုဝေ့ ချွေးအေးများဖြင့် ဖုံးလွှမ်းသွားပြီး ရင်ထဲတွင်တော့ တိတ်တဆိတ် သက်ပြင်းချလိုက်၏။
ပြီးပြည့်စုံအောင် ဟုတ်လား...ဆရာဖန့်သာအမှားတွေ တွေ့လို့ကတော့ ငေါက်ခံလိုက်ရမယ့် ဖြစ်ခြင်း။
ဟင်း...ကောင်မ..ငါတော့နင့်ကို လေးစားသွားပြီ...
"အောင်မာ ..တယ်လာပါလားကွ..ငါ့ကို စာတမ်းပြစမ်း..."
ကျောက်ဝေရန် သူမ၏ USB ကို ကတုန်ကယင်ဖြင့် ဆရာဖန့် ကွန်ပျူတာထဲသို့ ထည့်သွင်းလိုက်သည်။
ဖန့်ရှီးဖန်ကတော့ ပျင်းရိစွာဖြင့် စာတမ်းကိုဖွင့်လိုက်ပြီး ပြီးပြည့်စုံတဲ့ စာတမ်းက ဘယ်လိုမျိုးလဲဆိုတာ ကြည့်ကြည့်လိုက်၏။
ပထမတော့သူ၏ အမူအရာက တည်တည်ငြိမ်ငြိမ်ရှိနေဆဲပင်။
သို့သော်လည်း စက္ကန့်အနည်းငယ်ကြာပြီးနောက် သူ၏ အိုမင်းနေသော မျက်လုံးများမှာ ရုတ်တရက် ပြူးကျယ်သွားပြိး ထူးဆန်းသည့် အယောင်များ ထင်ဟပ်လာခဲ့၏။
"ဒီစာတမ်းက... မင်းရေးထားတာလား..."