← Chapters

Vol. 13 Ch. 185

Vol. 13 Ch. 185

Vol. 13 Ch. 185

Vol. 13 Ch. 185

"ဟုတ်ကဲ့...သမီးရေးတာပါ..."ကျောက်ဝေရန် ထိတ်လန့်စွာဖြင့် ပြောလိုက်၏။

"အာ..ပရော်ဖက်ဆာ ခဏလေးနော်..သမီးကို ‌ရန်ရန်ကို ခဏပြောစရာလေးရှိလို့...."

"ဝေရန်...နင်ဘာတွေ လျှောက်ပြောနေတာလဲ..."

ဖန့်ရှီးဖုန်း၏ အမူအရာ မူမမှန်သည်ကို မြင်တော့ လျိုဝေ့ သူမကို ဖျောင်းဖျရန် ကြိုးပမ်းလိုက်၏။

"နင့်မှာ အရန်အစီစဉ်တွေ ဘာတွေ မရှိတော့ဘူးလား.."

"ဘာ..ဘာဖြစ်လို့လဲ...."

"ပရော်ဖက်ဆာ ဖန့်ရဲ့ ပုံက မူမမှန်ဘူးဆိုတာ နင်မမြင်ဘူးလားဟဲ့..အဲ့တာက သူ စာတမ်းထဲမှာ ပြဿနာရှိနေတယ်ဆိုတာ ရှာတွေ့သွားလို့ပဲလေ...နင်က နင်ကိုယ်တိုင်ရေးထားတယ်လို့ ၀န်ခံလိုက်မှတော့ အပြစ်တွေအကုန်လုံးကို နင်တစ်ယောက်တည်း ခံလိုက်တာနဲ့ အတူတူပဲမဟုတ်ဘူးလား...နင်ဘွဲ့မယူချင်တော့ဘူးလားရန်ရန်..."

"အာ...အဲ့လောက်တော့ မဆိုးရွားလောက်ဘူး ထင်တယ်နော..."

"ဘာလို့ မဆိုးရွားနိုင်မှာလဲ..နင်လဲ ပရော်ဖက်တာဖန့်ရဲ့ ဒေါသအကြောင်း သိသားနဲ့...သူခွင့်လွှတ်ပေးခဲ့ဖူးတဲ့သူရှိလားလို့ ရှာကြည့်လိုက်ဦး..."

"ခုမှတော့ ဘယ်တတ်နိုင်တော့မှာ.."ကျောက်ဝေရန် မထူးတော့သည့် မျက်နှာအမူအရာဖြင့် .."စကားက ကျွံပြီးသွားပြီလေ..ပြန်နှုတ်လို့မှ မရတော့တာ..ဆဲလည်း ခံလိုက်ရုံပေါ့.."

ထိုအချိန်တွင် ပရော်ဖက်ဆာဖန့်၏ ထူးဆန်းသည့်လေသံကြီးဖြင့်

"မဖြစ်နိုင်ဘူး..ဒီစာတမ်းက မင်းရေးတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."ဖန့်ရှီးဖုန်း သူ၏မျက်မှန်ကို အပေါ်သို့ ပင့်တင်လိုက်ပြီး "မင်းရဲ့ အဆင့်နဲ့ဆိုရင် ဒီလိုစာတမ်းမျိုး ရေးဖို့ဆို‌တာ ဘယ်လိုမှ မဖြစ်နိုင်ဘူး..."

"အာ...ဆရာက ဘာပြောချင်နေတာ..."‌ကျောက်ဝေရန် စိတ်ရှုပ်သွားခဲ့သည်။

ဖြစ်နိုင်တာက သူမရဲ့ အဆင့်ကပဲ သူ့ထက်နိမ့်နေလို့ သူမအငှားရေးခိုင်းထားတာ ပေါ်သွားပြီများလား..

သို့သော်လည်း ပရော်ဖက်ဆာဖန့်၏ လေသံအရတော့ ထိုရှောင်ကောကော၏ လယ်ဗယ်မှာ သူမထက် အများကြီး မြင့်မားပုံပင်။

"ဆရာဖန့်...ဒါက ဒီလိုပါဗျ...ဒီစာတမ်းကို လင်းရီလို့ခေါ်တဲ့ ဒီကောင်က ရေးထားတာပါဗျ..."ကျန်ကျန်း လင်းရီကို လက်ညိုးထိုးပြီး ပြောပြလိုက်သည်။

"သူရေးထားတာ...."

ရှီဖုန်း လင်းရီကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်မိသည်။

ငါ့ကျောင်းသားဟုတ်မယ့်ပုံလည်း မပေါ်ပါလား...

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "ဟုတ်တယ် ပရော်ဖက်ဆာ ..ကျွန်တော်က သူ့ကို ဒီတိုင်း လမ်းလေးပဲပြလိုက်တာ...စာတမ်းကိုတော့ ဒီမိန်းကလေးကပဲ အဆုံးသတ်ထားတာပါ"

"ဟားဟား....မင်းဟန်ဆောင်နေတာတွေ တော်လိုက်တော့...ဆရာဖန့်က တစ်ချက်ကြည့်လိုက်တာနဲ့ သိပြီးသား.အဲတာတောင် မင်းက ကိုယ့်အဆင့်ကို မသိသေးဘူးပေါ့.."

"ငါက ဘယ်အဆင့်ကို သွားသိရမှာ.."

"ဆရာဖန့်ပြောသွားတာ ဝေရန်ရဲ့ အဆင့်နဲ့ဆို ဒီလိုအဆင့်ရှိတဲ့ စာတမ်းမျိုး ရေးဖို့ဆိုတာ မဖြစ်နိုင်ဘူးတဲ့..ဘာကိုဆိုလိုလဲဆိုတော့ ဝေရန်ရဲ့ အဆင့်နဲ့ဆိုရင် ဒီလောက်စုတ်ချာနေတဲ့ စာတမ်းကို ရေးသားဖို့ မဖြစ်နိုင်ဘူး..စာတမ်းလို့တောင် ခေါ်လို့ရရဲ့လား မသိဘူး.."

ကျန်းကျန်း ပြောလိုက်၏။

လင်းရီ မျက်နှာ မည်းမှောင်သွားခဲ့သည်။ သူချက်ချင်း ဒေါသထွက်သွားပြီး ပြုံးရယ်ကာ "ငါ့အဆင့်က သူ့ထက်နိမ့်နေတယ်ပေါ့ ဟုတ်လား...သူ့အဆင့်နဲ့ဆိုရင် သူ့အောက်ရောက်တဲ့လူ ရှိလားလို့ ရှာကြည့်ပြီးမှပြော"

ကျောက်ဝေရန် ငိုချင်နေသော်လည်း မျက်ရည်များက ထွက်မလာခဲ့။ ငါ့ညံ့တယ်ဆိုတာ ငါသိပါတယ်..ဒါပေမယ့် လူရှေ့သူရှေ့ ငါ့မျက်နှာလေးတော့ ထောက်ထားပေးကြပါဦးဟဲ့...

"ဆရာဖန့်..ကျွန်တော် အမှန်တိုင်း ပြောပြမယ်..သူက ကျွန်တော်တို့ကျောင်းက ကျောင်းသား မဟုတ်ဘူး..ဒီတိုင်း ကြယ်ငါးပွင့်ရချင်လို့ လာခဲ့တဲ့ အီရန်ဘွိုင်းပဲ....သူက ဝေရန် ဘာမှမသိဘူးဆိုပြီးတော့မှ ရုပ်ရည်လေးနဲ့ လိမ်နေတာ..."

"ဘာပြောလိုက်တယ်...သူက အီရန်ဘွိုင်း..."

လင်းရီ မည်သူလဲဆိုတာ သိတော့ ဖန့်ရှီးဖုန်း အမူအရာ ပျက်သွားခဲ့သည်။ သူတစ်ယောက်တည်းမဟုတ်၊ ရုံးခန်းထဲရှိ ဆရာတိုင်း မျက်နှာအမူအရာများ တစ်မျိုးတစ်မည် ဖြစ်သွားခဲ့ကြသည်။

အီရန်ဘွိုင်းက ဘယ်လိုလုပ် စာတမ်းရေးတတ်သွားတာလဲဟ..

ဒီဝေရန်ဆိုတဲ့ ကလေးမလေးကလည်း ဘာလားပဲ...

ချောချောလေးမြင်ရင်ကို မျက်ကန်း ယုံတော့တာပဲလားဟ...

"ဝေရန်..ဆရာတစ်ယောက်အနေနဲ့ သမီးကို တစ်ခု သတိပေးလိုက်မယ်..."ဆံပင်ဖြူနေသည့် အသက်ခြောက်ဆယ်အရွယ် အမျိုးသမီးပရော်ဖက်ဆာတစ်ဦးမှ ပြောလိုက်ပြီး "ကျန်းကျန်းဆိုတဲ့ ကလေးကလည်း ညံ့တဲ့ထဲ မပါဘူး..တကယ်လို့ သမီး စာတမ်းရေးဖို့ ကူညီခိုင်းမယ်ဆိုရင်တောင်မှ သူ့နား အကူညီတောင်းသင့်တယ်လေ..ခုလို အီရန်ဘွိုင်းကိုတော့ မငှားသင့်ဘူး...သမီးက ဘွဲ့မယူချင်တော့လို့လား..."

"ဆရာမ၀မ်...သမီးမှားမှန်း သိပါပြီရှင်..."

"ဟမ့်...ဒီခေတ် လူငယ်တွေကတော့ တကယ့်ကို စည်းလွတ်ဝါးလွတ် ဖြစ်နေတာပဲ..အဲ့ကောင်က အများဆုံးမှ လေးတန်းအောင်လောက်ပဲရှိမှာ ..ဒါတောင်မှ သောက်ရှက်မရှိ တက္ကသိုလ်ကျောင်းသူရဲ့ ဘွဲ့ယူဖို့ အရေးကြီးတဲ့ စာတမ်းကို ကူရေးပေးလိုက်သေးတယ်ပေါ့...ဒါကြီးက လုံး၀ သောက်အဓိပ္ပာယ်မရှိတာပဲကွ.."

"တော်ကြတေယ့.."ဖန့်ရှီးဖုန်း စားပွဲကို လက်ဝါးဖြင့် ဖြန်းကနဲ ရိုက်ပစ်လိုက်သည်။

သူ၏ အဆင့်အတန်းနှင့် အနေအထားအရ အတော်လေးအာဏာကြီးမားသောကြောင့် မည်သူကမျှ အသံထပ်ထွက်လာရဲခြင်း မရှိတော့။

"ဖန့်...ပရော်ဆာဖန့်..."ကျောက်ဝေရန် အသံကတုန်ကယင်ဖြင့် "ဆရာ စိတ်တိုနေတယ်ဆိုရင်လည်း သမီးကိုပဲ ဆူပါနော်..သမီးအမှားကို သမီးသိပါပြီ..."

"ဘာဆူရမှာတုန်းကွ...ငါက မင်းကို ဘယ်လိုတောင် ချီးမွမ်းရမလဲမသိဘူး ဖြစ်နေတာ..."

ဟမ်...

ချီးမွမ်းမယ်...

"ဒီစာတမ်းက အတော်လေး ကောင်းတယ်..."ဖန့်ရှီးဖုန်း ပြောလိုက်ပြီး "Maxwell Demon သီအိုရီကို ဖော်မြူလာတွေနဲ့ သက်သေပြပြီး နှိုင်းယှဉ်ဆွေးနွေးပြသွားတာတွေက အရမ်းမိုက်တယ်...ဒီရဲ့စာတမ်းက အရမ်း တန်ဖိုးရှိလွန်းတယ်..ငါတို့ကျောင်းက ဆရာတွေတောင်မှ ဒီလိုစာတမ်းမျိုး ရေးနိုင်မယ်လို့ အာမ မခံရဲဘူး..."

ထိုစကားကိုလည်း ကြားရော ရုံးခန်းထဲရှိလူတိုင်း နေရာမှာတွင် အေးခဲပြီး မှင်တက်သွားကာ စိတ်တုန်လှုပ်ချောက်ချားကြကုန်သည်။

"ပရော်ဖက်ဆာဖန့်..ရှင်ပြောချင်နေတာ ဒီစာတမ်းက အရမ်းအဆင့်မြင့်တဲ့ စာတမ်းလို့ ပြောချင်နေတာလား..." အသက်ခြောက်ဆယ်အရွယ်ရှိ အမျိုးသမီး ပရော်ဖက်ဆာ တစ်ဦးမှ အံ့အားသင့်နေသည့် လေသံဖြင့် မေးမြန်းလိုက်၏။

"အမှန်ပဲ..ခင်များမယုံဘူးဆိုရင် ကိုယ်တိုင်လာကြည့်လှည့်... ဒါက တကယ်ကြီး အဆင့်မြင့်စာတမ်းပဲ..."ဖန့်ရှီးဖုန်း လက်ယပ်ခေါ်လိုက်ပြီး "စင်ဟွာနဲ့ ရန်တက္ကသိုလ်က PhD ကျောင်းသားတွေတောင် ဒီလိုစာတမ်းမျိုး ရေးနိုင်မှာ မဟုတ်ဘူးလို့ ရဲရဲကြီး အာမခံရဲတယ်..."

"တကယ်...?"

ရုံးခန်းထဲရှိ ပရော်ဖက်ဆာများအားလုံး ကွန်ပျူတာနား။ဝိုင်းရံလာကြပြီး လင်းရီ၏ စာတမ်းကို ဖတ်ရှုကြတော့သည်။

ခေါင်းစဉ်ကို မြင်မြင်ချင်းပဲ ထိတ်လန့်သွားကြ၏။

ထို့နောက်

ဟာ..

ဟင်...

အို ..အစရှိသည့် အာမေဋိတ်သံများအစီအရီ ထွက်လာခဲ့ကြတော့သည်။

"ပရော်ဖက်ဆာဖန့်ကတောင် ဘယ်လို ချီးမွန်းရမှန်း မသိဘူးလို့ပြောတာက မလွန်ဘူးဟ ...စာတမ်းက အရမ်းကို ကျစ်လျစ်ပြီး သေသပ်လွန်းတယ်..."

"အင်း...ဒီအဘွားကြီးတောင်မှ ဒီစာတမ်းကို သေချာရှင်းပြပေးနိုင်မယ်လို့ ယုံကြည်ချက် မရှိဘူး..."

"ဒီတိုင်း အဆက်မပြတ် ရွေ့လျားမှုစက်အကြောင်း စူးစမ်းလေ့လာချက်ဆိုပေမယ့် ဒီထဲက ရှင်းပြချက်တွေက တစ်ခြား ကဏ္ဍ‌ပေါင်းစုံတွေမှာပါ ဆီလျော်သလို အသုံးချလို့ရတယ်..."

"ဒီလို အရည်အသွေးမြင့်တဲ့ စာတမ်းက SCI ဂျာနယ်ကို ပို့ဖို့တောင် အရည်အချင်းမှီတယ်ဟ..."

ပရော်ဖက်ဆာတို့၏ မှတ်ချက်များကိုကြားတော့ ကျောက်ဝေရန် သွက်သွက်ခါအောင် ရူးသွပ်သွားသကဲ့သို့ ခံစားလိုက်ရ၏။

ငါ ဘယ်သူလဲ..

ငါခု ဘယ်ရောက်နေတာလဲ..

ငါဘာတွေ လုပ်နေတာလဲ

ငါက ဒီတိုင်း စာကူရိုက်ဖို့ အီရန်ဘွိုင်းလေးပဲ ခေါ်လိုက်တာလေ...ဘယ်လိုလုပ် နတ်ဘုရားတစ်ပါးနဲ့ လာဆုံနေတာလဲတဲ့...

ဖြစ်နိုင်တာက ဒဏ္ဍာရီလာ သောက်ရူးကြီးက သောက်ရမ်းကောင်းတဲ့ ကံကောင်းမှုတွေ ရရှိသွားတာလား...

ကျန်းကျန်းနှင့် စွန်းနင်တို့လည်း အံ့အားသင့်နေကြသည်။

ဒီကောင်ရဲ့ နောက်ခံက ဘာလဲဟ...

တစ်နာရီလောက် ရေးလိုက်တဲ့စာတမ်းက ပရော်ဖက်ဆာတွေတောင်မှ အံ့ဩမှင်တက်လောက်တဲ့အထိ ကောင်းနေတယ်တဲ့လား..ပြီးတော့ SCI ဂျာနယ်ကိုတောင်မှ ပို့ဖို့ အရည်ချင်း မှီတယ်ဆိုပဲ...

လာနောက်နေတာလားဟျောင့်...

"လူငယ်လေး..မင်းဘာဘွဲ့ရထားလဲဆိုတာ ပြောပြလို့ရလား.."ဖန့်ရှီးဖုန်း ချိုသာစွာ မေးမြန်းလိုက်သည်။

"ကျိုးဟိုင် သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်က‌နေ မားကတ်တင်းနဲ့ ဘွဲ့ရထားတာပါ..."

"သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်...မားကတ်တင်း..."

ဖန့်ရှီးဖုန်းနှင့် ကျန်သူများ မှင်တက်သွားကြသည်။ မားကတ်တင်းကျောင်းသားက ဒီလိုအဆင့်ရှိတဲ့ စာတမ်းကို ရေးသားနိုင်တယ်ပေါ့...

"ဟုတ်တယ်..ကျွန်တော်က ပရော်ဖက်ဆာတို့ကို လိမ်တော့ကော ဘာရမှာမလို့..."

လင်းရီ ပခုံးတွန့်လိုက်သည်။

"ပါရမီရှင်..."

"လုံး၀ ပါရမီရှင်ပဲ..."

"လူငယ်လေးရဲ့ ပညာအရည်အချင်းနဲ့ ဒီလိုအဆင့်ရှိတဲ့ စာတမ်းမျိုးရေးဖို့ဆိုရင် လူငယ်လေးက Maxwell နဲ့တောင် ရင်ဘောင်တန်းနိုင်တဲ့ ပါရမီရှင်ပဲ..."

ဖန့်ရှီးဖုန်း လင်းရီကို ချီးမွမ်းဖို့ရာ တွယ်ကပ်မနေခဲ့ပေ။

ကျောက်ဝေရန်တို့အတွက်တော့ မကောင်းဆိုးဝါးဆန်သည်ဟု နာမည်ကြီးသော ပရော်ဖက်ဆာမှာ တစ်စုံတစ်ယောက်အား ချီးမွမ်းသည်ကို ပထမဆုံးအကြိမ် မြင်ဖူးကြခြင်းပင်။

"ခုလို ချီးမွမ်းတဲ့အတွက် ကျေးဇူးပါ ပရော်ဖက်ဆာ..ဒါပေမယ့် ကျွန်တော်က ဒီတိုင်း ဖြစ်ကတတ်ဆန်း ရေးလိုက်တာပါ..ပရော်ဖက်ဆာတို့ ပြောသလောက်လည်း အံ့ဩဖို့ မကောင်းပါဘူး..."

နိမ့်ချပြီး ပြောနေတာလား...ဒါမှမဟုတ် မိမိုက်သလို လုပ်နေတာလား

ဒီတိုင်း ဖြစ်ကတန်ဆန်း ရေးလိုက်တယ်ဆိုပဲ..

ဘယ်သူက ဖြစ်ကတတ်ဆန်းရေးရင် ဒီလိုစာတမ်းမျိုး ထွက်လာမှာလဲကွ...

"လူငယ်လေး ..မင်းက အရမ်းနိမ့်ချတာပဲ..."ဖန့်ရှီးဖုန်း စီးပွားရေးကတ်တစ်ကတ်ကို ကမ်းပေးလိုက်ပြီး "ဒါက ငါ့ရဲ့ ကတ်ပဲ ...ငါတို့ အနာဂတ်မှာ အဆက်အသွယ်ရှိဖို့ မျှော်လင့်တယ်..."

"ဟုတ်ကဲ့ပါ..."လင်းရီ ကတ်ကို လက်ခံလိုက်ပြီး "တပယ်လို့ တခြားကိစ္စ မရှိတော့ဘူးဆိုရင် ကျွန်တော်အရင် သွားတော့မယ်..."

လင်းရီ ထွက်သွားပြီးနောက် ကျောက်ဝေရန်နှင့် ကျန်သူများလည်း နောက်မှ လိုက်သွားခဲ့ကြသည်။

ဝေရန်ကတော့ ယခုထက်ထိကို တုန်လှုပ်ချောက်ချားနေဆဲဖြစ်၏။

"ရှောင်ကောကော ..ကျွန်မရှင်နဲ့ ဝီချက်အပ်လို့ရမလားဟင်..."ကျောက်ဝေရန် အရဲစွန့်၍ ပြောလိုက်သည်။

"ဘာလုပ်ဖို့ ဝီချက်အပ်မှာ...ကျုပ်နဲ့ စာဆွေးနွေးချင်လို့လား..."

"အွန်း..ဒါပေမယ့် ကျွန်မက ညံ့တယ်ဆိုတော့ ရှင်နဲ့ ရိုးရှင်းတဲ့ဟာလေးတွေပဲ ဆွေးနွေးလို့ရမှာနော်...."

လင်းရီ : "........."

All Chapters