← Chapters

Vol. 13 Ch. 186

Vol. 13 Ch. 186

Vol. 13 Ch. 186

Vol. 13 Ch. 186

"အာ..ရတယ် ရတယ်.."လင်းရီ ကိုးရို့ကားယားဖြင့်ခေါင်းညိမ့်လိုက်ပြီး "ကျုပ်က ဂျူနီယာအထက်တန်းလောက် ကတည်းကနေ အဲ့တာတွေ သိခဲ့တာလေ.."

ဝေါင်း....အရမ်း မိုက်တာပဲ...

သူက ဂျူနီယာအထက်တန်းလောက်ကတည်းကနေ ဒါတွေ သိခဲ့တယ် ဆိုပါလား...

"အဲ့တာဆို ကျွန်မတို့ အခွင့်ရေးရှိရင် သေချာလေး ဆွေးနွေးကြရအောင်နော်..."

"အိုကေ..."

လင်းရီ လက်ယမ်းပြလိုက်ပြီး လူတိုင်း၏ မနာလိုသော အကြည့်များအောက်တွင် မောင်းထွက်သွားခဲ့သည်။

"ဝေရန်...သူက ရူပဗေဒ မတောက်တစ်ခေါက်လောက်လေးပဲ သိတာပါကွာ..ဘာလုပ်ဖို့ သူနဲ့ ဝီချက်အပ်နေတာ...သူက ဒီတိုင်း အီရန်ဘွိုင်းလေးကိုများ..."

ကျန်းကျန့် မခံမရပ်နိုင်ဖြစ်နေသည့် လေသံဖြင့် ပြောလိုက်၏။

"သူက အီရန်ဘွိုင်းဖြစ်တော့လည်း ဘာဖြစ်လဲ..ရုပ်ချောတယ်လေ..."

"ဒါပေမယ့် မင်းတို့က အဆင့်ခြင်း မတူဘူးလေကွာ.."

"ဘာပဲဖြစ်ဖြစ် ကြည့်ကောင်းနေရင် ပြီးရောပဲ..."

"ရုပ်ချောတဲ့ကောင်တွေက အားမကိုးရဘူးနော်..."

"အားမကိုးရလည်း ဘာမှမဖြစ်ဘူး..ကျွန်မ ရှာကျွေးလို့ရတယ်..."

ကျန်းကျန့် : "....."

လင်းရီ မောင်းထွက်သွားပြီးနောက် မကြာမီ သူ့ဖုန်းထဲသို့ ကျောက်ဝေရန်မှ ကြယ်ငါးပွင့်ရီဗျူး တက်လာကြောင်း အသိပေးလာခဲ့သည်။

စနစ်မှ ကြယ်ငါးပွင့် ရီဗျူးရထားကြောင်း အသိပေးစာအပြင် သူ၏ အပြုသဘောဆောင်သည့် မှတ်ချက်များမှာ ရခိုင်နှုန်းနည်းနေသောကြောင့် သေချာလေး ၀န်ဆောင်မှုပေးရန် သတိပေးသည့်စာလည်း ရောက်လာခဲ့၏။

"ဟမ့်...ငါလခွမ်းကို မြင့်တက်နေပါသည်လား..."လင်းရီ မကျေမနပ် ရေရွတ်လိုက်ပြီး "ဟိုကတ်စတန်မာတွေ ရောင့်တက်နေတာလည်း မင်းတို့ကောင်တွေကြောင့်ပဲ.."

လင်းရီ ပလက်ဖောင်းမှ အသိပေးစာကို လျစ်လျူရှူလိုက်ပြီး ထိုအစားကျန်းစုန့်ကို ဖုန်းခေါ်လိုက်သည်။

"လောင်တ ..ဘာကိစ္စလဲကွ.."

"အေး...နေ့လည်ရောက်ပြီဆိုတော့ မစားရသေးရင် ငါနဲ့အတူ စားလို့ရအောင် လှမ်းခေါ်လိုက်တာ...."

"အာ..ငါခုနေလေးတင် အလုပ်ကိစ္စ ဆွေးနွေးရင်း စားပြီးသွားပြီဟ...စိတ်မပူနဲ့လောင်တ...ငါက ကိုယ့်ဗိုက်ကိုယ်တော့ အငတ်မထားဘူး..."

"အေးအေး..အဲ့ဒါဆိုလည်း ပြီးရောကွာ..ငါဖုန်းချလိုက်တော့မယ်..."

"အိုကေ..."

လင်းရီလည်း ပန်နီဆူလာဟိုတယ်နှင့် အတော်လေးဝေးနေသောကြောင့် နီးရာ လမ်းဘေးဆိုင်တွင်သာ နေ့လည်စာ ၀င်ဆွဲလိုက်၏။

ထို့နောက် အော်ဒါများ ဆက်လက် လက်ခံတော့သည်။

သူဘယ်ချိန်မှ အော်ဒါရမလဲဟု မြည်တွန်တောက်တီးနေတုန်း စနစ်မှ အသိပေးစာ ရောက်ရှိလာခဲ့၏။

"သင့်မှာ အော်ဒါအသစ်ရှိပါတယ်..ကျေးဇူးပြုပြီး ဂရုတစိုက် စစ်ဆေးပေးပါ..."

လင်းရီ အော်ဒါကို ကြည့်လိုက်တော့ သူ့ကို ကျုံးရွှမ်လမ်းရှိ သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ၌ ပစ္စည်း သယ်ခိုင်းထားကြောင်း ရေးသားထားသည်။

ဘာသယ်ရမလဲဆို‌တာတော့ ပြောထားခြင်းမရှိ။

လင်းရီ အော်ဒါလက်ခံပြီးနောက်ကျုံးရွှမ်လမ်းသို့ ချက်ချင်း မသွားခဲ့ချေ။

များသောအားဖြင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီမှ ပို့သည့် ပစ္စည်းများမှာ ၀န်ကြီးသည်ကများ၏။ ၀န်သေးသည့် ပစ္စည်းများဆိုပါက အမြန်ချောပို့နှင့် ပို့ခိုင်း၍ ရသည်။

၀န်ကြီးသည့် ပစ္စည်းများ ဖြစ်နေပါက သယ်ပေးလို့ အဆင်မပြေ‌ချေ။

ကတ်စတန်မာဆီ ဖုန်းခေါ်ပြီးနောက် လင်းရီ ယဉ်ကျေးစွာ မေးလိုက်၏။

"ဟယ်လို အစ်ကို..ကျွန်တော်က အီရန်ဘွိုင်းပါဗျ..သယ်ပေးရမယ့် ပစ္စည်းက ဘယ်လိုမျိုးလဲဆိုတာ သိခွင့်ရှိမလား..."

"တော်..တော်..တော်..တော်..နင်ငါ့ကို ဘယ်လိုခေါ်လိုက်တယ်..."အသံအက်အက်ဖြင့် မိန်းမသံကြီးတစ်ခု ဖုန်းထဲမှ ထွက်လာခဲ့သည်။ သူမလေသံကြားရသလောက်တော့ လွန်စွာ စိတ်ဆို‌နေသည့်ပုံပင်။

"ငါကခုမှ အသက်လေးဆယ်ပဲ ရှိသေးတယ်ဟဲ့..အဲ့တာကို အစ်ကိုလို့ လာခေါ်နေတယ်ပေါ့..နင်ငါ့ကို လာစော်ကားနေတာလား..."

လင်းရီ : "....."

"အာ..အန်တီ အထင်မလွဲပါနဲ့ဗျာ..နာမည်မရေးထားတော့ ဘဒိုတစ်ယောက်လို့ ထင်သွားတာ...ဆောတီးဆောတီး ကျုပ် တခြားအဓိပ္ပာယ်နဲ့ ပြောတာမဟုတ်ပါဘူး.."

"သောက်ကောင်လေး..နင်စကားကိုဘယ်လိုတွေ ပြောနေတာလဲ...ငါက အဲ့လာက် အသက်ကြီးနေလို့လားဟဲ့...အသက်က ခုမှ ၁၈ နှစ်နဲ့ ၂၆၄ လပဲရှိသေးတယ်...နင့်မှာ ငါ့ကို အန်တီလို့ ခေါ်ပိုင်ခွင့် မရှိဘူး.... "

လင်းရီ : "...."

ဝှက်သယ်ဖက်ခ်...

"အော် ဟုတ်ကဲ့ မိန်းကလေး ကျွန်တော်က ဘာပစ္စည်း သယ်ပေးရမလဲလို့ မေးချင်လို့ပါ"

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် မေးလိုက်၏။

တေယ်တော်လက်ပေါက်ကပ်တဲ့ အဒေါ်ကြီးတွေ...

"စာအုပ်စင်လေး တစ်ခုတည်းပါ..ပို့ရမယ့် လိပ်စာကိုကျတော့ စာအုပ်စင်မှာ ထင်ထင်ရှားရှားကြီး ရေးထားပေးတယ်..နင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီရောက်ရင် ရှာကြည့်ကြည့်လိုက်..."ဖုန်းထဲမှ အမျိုးသမီးက ပြောလိုက်ပြီး "ငါ့ဆီ မြန်မြန်လာပို့ပေး ..ကြားလား..."

"မရဘူး..စာအုပ်စင်က ကြီးလွန်းတယ်..ကျုပ်စွမ်းသာတဲ့အရာမဟုတ်တော့ မိန်းကလေး ကားငှားလိုက်တာက ပိုအဆင်ပြေမယ်..."

"ဘာကိစ္စ မလုပ်နိုင်ရမှာ..နင်တို့ ကြေညာ‌ထဲမှာ ရေးထားတာကျတော့ ကတ်စတန်မာတွေရဲ့ ပြဿနာတိုင်းကို ဖြေရှင်းပေးပါ့မယ်ဆို...ခုကျတော့ စာအုပ်စင်လေးတစ်ခုတောင် မသယ်ပေးနိုင်ဘူးတဲ့လား.."ဖုန်းထဲမှ အမျိုးသမီးမှာ ညှိနှိုင်းချင်ဟန် လုံး၀ မပြဘဲ "ပြီးတော့ ငါ့စာအုပ်စင်က အရမ်းကြီးမလေးဘူး..အလွန်ဆုံးရှိလှ ပေါင် ၁၀၀ ပေါ့...အဲ့လောက်လေးတောင် မသယ်နိုင်ဘူးလို့တော့ လာမပြောနဲ့..ဘာလဲ နင်က ငါ့စကား နားမထောင်ချင်တာလား..."

"၀န်ကြီးတဲ့ ပစ္စည်းတွေက ကျုပ်စွမ်းနိုင်တဲ့ အတိုင်းအတာထဲ မရှိဘူးလို့ ပြောပြီးပြီလေဗျာ..ကားငှားလိုက်လို့ ဒီလောက် ပြောနေတာ‌ကိုတောင်မှ ခင်များလည်း လူလို နားမလည်ဘူးလား..."

"ဟဲ့..နင့်ဖေကားက အလကားမှ ငှားလို့မရတာ..တစ်ခါငှားရင် ယွမ်၂၀၀ ပေးရတယ်ဟဲ့...ပိုက်ဆံတွေက လေထဲကနေ ရောက်လာတယ်လို့များ မှတ်နေတာလား..."

"အိုကေ..ဆက်မပြောတော့ဘူး..ဆွေးနွေးလို့မရမှတော့ ဒီမှာတင်ပြီးပြီး..ခင်များ မကျေနပ်ရင်လည်း နောက်တစ်ယောက် ရှာလိုက်..."

လင်းရီ အာခြောက်ခံပြီး ရှင်းပြမနေတော့ပဲ တစ်ခါတည်း ဖုန်းတန်းချကာ ထိုနံပါတ်ကို ဘလော့ပစ်လိုက်သည်။

ငိုးပဲ..ခုခေတ်မှာ ဘာလို့ ဒီလိုသောက်ပိန်းတွေ ပေါသောနေတာလဲဟ...လူလိုပြောရင် လူလိုနားမလည်ကြဘူး..

ကလင် ကလင် ကလင်

ထိုအချိန်တွင် လင်းရီ ဖုန်းသံမြည်လာခဲ့ပြီး စွန်းဖုယွီမှ ခေါ်လာခြင်းပင်။

သူလွန်ခဲ့သည့် ရက်အနည်းငယ်ခန့်တုန်းက လုရင်းတို့အား မစ်ရှင်ပေးထားခဲ့၏။ ဖြစ်နိုင်သည်ကတော့ ထိုကိစ္စနှင့် ပတ်သက်ပြီး ပြောစရာရှိနေသည့်ပုံပင်။

"ဘော့စ်လင်း..လီတိုဂရပ်ဖီစက်နဲ့ ပတ်သက်ပြီး တစ်ခုခု မူမှန်ဘူးဗျ..."

လင်းရီ မျက်မှောင်ကြုတ်သွားပြီး "ဘာလဲဖြစ်တာ..."

"ဘော့စ်လင်း ထွက်သွားပြီးတဲ့နောက် ကျုပ်တို့ ASMLနဲ့ ဆက်သွယ်ပြီးတော့ အဆင့်အမြင့်ဆုံး ဖိုတိုလီတိုဂရပ်ဖီစက်နှစ်လုံး မှာလိုက်တယ်...ကျွန်တော်တို့ စာချုပ်ချုပ်ပြီး ‌စရံတောင်ပေးပြီးပြီ..ဒါပေမယ့် ဒီမနက်ကျ‌တော့ ASML ဘက်ကနေ အရောင်းမန်နေဂျာက ကျွန်တော်တို့ သုတေသနစင်တာရဲ့ နိုင်ငံတကာခရစ်ဒစ်ကပတ်သက်ပြီး ပြဿနာရှိနေတယ်တဲ့....အဲ့တာကြောင့် သူတို့ဘက်ကနေ အော်ဒါဖျက်သိမ်းပြီးတော့ စရံအပြင် လျော်ကြေးငွေတစ်ချို့ကိုပါ လွှဲလာလိုက်သေးတယ်..."

"ငါတို့ရဲ့ နိုင်ငံတကာ ခရစ်ဒစ်နဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေတာလား..."လင်းရီ မျက်မှောင်ကုပ်လိုက်ပြီး ကိစ္စများက အပေါ်ယံ မြင်နေရသလောက် မရိုးရှင်းနေချေ။

"နောက်ပြီးတော့ကော...ခင်များက သူတို့နဲ့ နောက်ထပ် ညှိနှိုင်းမှုတွေ မလုပ်လိုက်ဘူးလား..."

"လုပ်တာပေါ့ဗျ..ဒါပေမယ့် ကျုပ်ဘယ်လိုပြောပြော သူတို့ဘက်က အဲ့တာကြီးပဲ အကြောင်းပြပြီး ဘူးခံငြင်းနေတာ..."စွန်းဖုယွီ ဒေါသထွက်စွာ ပြောလိုက်၏။

"ကျွန်တော့်အထင်တော့ တစ်ယောက်ယောက်က ကျုပ်တို့ ငွေချေလို့မရအောင် အမှောင်ထဲကနေ တမင်လုပ်နေသလိုပဲ"

လင်းရီ မေးစေ့ ပွတ်ဘိုက်ပြီး "Cisco ကလွဲရင် ဘယ်သူကများ ဖြစ်နိုင်ဦးမှာလဲ..."

စွန်းဖုယွီ စက္ကန့်အနည်းငယ်လောက် တိတ်ဆိတ်သွားပြီး "ကျွန်တော်လည်း အစကတော့ အဲ့လိုထင်ထားတာ..ဒါပေယမ့် သေချာစဉ်းစားကြည့်တော့ Ciscoလို ကုမ္ပဏီသေးသေးလေးက ASMLလို ကုမ္ပဏီကြီးရဲ့ ဆုံးဖြတ်ချက်တွေကို ဘယ်လိုလုပ် ဩဇာလွှမ်းမိုးနိုင်မှာ..."

"သူတို့ မရှိဘူးဆိုပေမယ့် တစ်ယောက်ယောက်တော့ ရှိနိုင်တယ်လေ.."လင်းရီ ပြောဘိုက်သည်။

"ဘော့စ်လင်းပြောချင်နေတာက တစ်စုံတစ်ယောက်ရဲ့ ပယောဂ မကင်းဘူးလို့ ပြော‌ချင်နေတာလား.."

"ဟုတ်တယ်.."လင်းရီ ခေါင်းညိမ့်လိုက်သည်။

"ခင်များပြောသလိုပဲ..၀မ်း၀မ်းချရင် Ciscoမှာ အဲ့လို စွမ်းနိုင်တဲ့ အရည်အချင်းမျိုးမရှိဘူး..."

"ဒါပေမယ့် တစ်ကယ်လို့ Cisco သာ တခြား R&D သုတေသနစင်တာတွေနဲ့ ပူးပေါင်းသွားမယ်ဆိုရင် ကျုပ်တို့အတွက် အခြေနေမဟန်ဘူးနော်ဘော့စ်..."

စွန်းဖုယွီ စိုးရိမ်စွာဖြင့် ပြောလိုက်၏။

"အဲ့လိုဖြစ်တော့ကော..ဘာအရေးလဲ ..ဘာမှ စိတ်ပူမနေနဲ့..."

"ဘော့စ် ပြောချင်နေတာက တစ်ခြား ဖြစ်နိုင်ချေတွေ ရှိနေသေးတယ်‌လို့ ပြောချင်နေတာလား..."

လင်းရီ ခေါင်းညိမ့်လိုက်ပြီး "တကယ်လို့ Cisco သာ R&D အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းနေမယ်ဆိုရင် ဘာမှ ကြောက်စရာမရှိဘူး..အေး ဒါပေမယ့် အဲ့ထက် အဆင့်မြင့်တဲ့ ကုမ္ပဏီကြီးတွေသာ Ciscoနောက်မှာ ရှိနေတယ် ဆိုလို့ကတော့ လွယ်မှာတော့ မဟုတ်တော့ဘူး..အမှောင်ထဲက မမြင်ရတဲ့ ရန်သူကို တိုက်ခိုက်ဖို့ဆိုတာ တကယ်မလွယ်ကူဘူး..."

"ဟုတ်ကဲ့..နားလည်ပါပြီခင်ဗျ..."

စွန်းဖုယွီ ပြောလိုက်သည်။

"ဘော့စ်ပြောချင်နေတာက Cisco နောက်က ကုမ္ပဏီကြီးက ASML ရဲ့ ဆုံးဖြတ်ချက်တွေကို သိပ်ပြီး လွှမ်းမိုးနိုင်စွမ်း မရှိဘူးလို့ ပြောချင်တယမလား..."

"အင်း...."လင်းရီ စက္ကန့်အနည်းငယ်ခန့် တိတ်ဆိတ်ပြီးနောက် ဖြေကြားလိုက်၏။

"အဲ့ဒီ ဖိုတိုလီတိုဂရပ်ဖီစက်ကိစ္စကို ခဏ ဘေးချိတ်ထားလိုက်ဦး..အချိန်ရှိရင် ကျုပ်ခင်များတို့ဆီ လာခဲ့မယ်..ခုလောလောဆယ်တော့ ကျွန်တော်ပြောထားတဲ့ ဖုန်းစနစ်အသစ်ကို လုရင်းနဲ့အတူ ရေးထားလိုက်..."

"ဟုတ်ကဲ့ နားလည်ပါပြီ..."

ဖုန်းချပြီးနောက် လင်းရီ ကားပေါ်တွင် တိတ်ဆိတ်စွာဖြင့် ထိုင်နေခဲ့၏။

ဖိုတိုလီတိုဂရပ်ဖီကို ၀ယ်ဖို့ရန် ခက်ခဲလိမ့်မည်လို့ လင်းရီ မျှော်လင့်မထားခဲ့။ သူအချိန်တစ်ခုယူ၍ ဤကိစ္စကို ဖြေရှင်းရန် ကြံဆရပေမည်။

ဟူး....

လင်းရီသက်ပြင်းမောကြီး မှုတ်ထုတ်လိုက်ပြီး သတိပြုမိရန် ခက်ခဲလှသော ညင်သာသည့် အပြုံးတစ်ခုက သူ့မျက်နှာတွက် ပေါ်လာခဲ့သည်။

ကြည့်ရတာတော့ semiconductor chip၏ အသုံး၀င်ပုံကို ရှာတွေ့ထားသည့်သူက သူတစ်ယောက်တည်း မဟုတ်သည့်ပုံပင်။

All Chapters