Vol. 13 Ch. 187
Vol. 13 Ch. 187
လင်းရီ ဒုတိယမျိုးဆက် ချစ်ပ်ပရိုဂရမ်ကို ရေးနေစဉ်ကတည်းက Cisco ကို ခေါင်းထဲ သိပ်ထည့်ခြင်းမရှိ။
သို့သော်လည်း ၎င်းတို့က သူ၏ မူပိုင်ခွင့်ကို ခိုးယူသွားချေသည်။
ထိုအတွက် လက်တုန့်ပြန် ကလဲ့စားချေမည့် အစီအစဉ်တစ်ရပ်လည်း စီစဉ်ပြီးဖြစ်၏။
သူ့ဘက်က ခြေလှမ်းမစတင်ရသော်လည်း Ciscoဘက်မှ သူ့ကို လာလာဆွနေလေသည်။
"ဒီကိစ္စရဲ့နောက်ကွယ်မှာ ဘယ်သူရှိနေလဲဆိုတာ မသိသေးဘူး...ဒါပေမယ့် မင်းတို့နဲ့ပဲ အရင်စလိုက်ကြတာပေါ့ကွာ..."
ထိုသို့ ရေရွတ်ပြီးနောက် လင်းရီ ပျင်းရိစွာ အညောင်းဆန့်လိုက်ပြီး အလုပ်စရန် ဟန်ပြင်လိုက်၏။
စနစ်၏ မစ်ရှင်က ဘာလဲဆိုတာ အရင်ကြည့်ရပေမည်။
ဒူ ဒူ ဒူ
သူ၏ဖုန်းမှာ တုန်ခါလာခဲ့ပြီး ပလက်ဖောင်းထံမှ မက်ဆေ့ခ်ျနှစ်ဆောင် ရောက်လာခဲ့ကြောင်းတွေ့လိုက်ရ၏။
တစ်ခုကတော့ မကောင်းသည့် ရီဗျူးပင်။
သူယခုလေးတင် အဘွားကြီးတစ်ယောက်ကို ဆဲထားသောကြောင့် ထိုအရာကိုတော့ လင်းရီ မျှော်လင့်ထားပြီး ဖြစ်၏။
ထိုအဘွားကြီးမှာ အော်ဒါကို မပယ်ဖျက်လိုက်ပဲ ပြီးမြောက်သလိုလုပ်ကာ သူ့အား မကောင်းသည့်ရီဗျူးများပေးလိုက်လေသည်။
သို့သော်လည်း နောက်ထပ် မက်ဆေ့ခ်ျတစ်ခုက လင်းရီကို အံ့အားသင့်သွားစေသည်။
"ချစ်ခင်ရပါသော ရိုင်ဒါ၊ သင်၏ မကောင်းသည့် ရီဗျူးများမှာ ယနေ့ ၁၅:၀၉ မိနစ်တွင်ပဲ ၄၇.၄၉% သို့ ရောက်ရှိသွားပါပြီ။ သင်၏ လတ်တလော လုပ်ဆောင်ချက်များကြောင့် အော်ဒါများ လက်ခံခြင်းကို ယာယီ ရပ်စဲထားပါမည်။ ကျေးဇူးပြုပြီး မနက်ဖြန် မနက် ၉ နာရီတွင် လင်းယင်ရိပ်သာလမ်းသို့ သွားပြီး သင်တန်းပို့ချမှုများကို တက်ရောက်ပေးပါ။ ကျွန်မတို့ဘက်မှ စီစစ်ဆုံးဖြတ်ပြီးသည့် အချိန်တွင်တော့ ရိုင်ဒါ၏အော်ဒါများ လက်ခံသည့် ဖန်ရှင်ကို ပြန်ဖွင့်ပေးပါ့မယ်...ကျေးဇူးတင်စွာဖြင့်..."
"ငိုးပဲ..ဘယ်တုန်းက ဒီလိုလုပ်လို့ ရသွားတာလဲကွ..."
လင်းရီ မစ်ရှင်ပြီးမြောက်ရန်အတွက် အော်ဒါများ ဆက်လက်လက်ခံချင်နေသော်လည်း အရေးကြီးသည့် အချိန်ကာလတွင် ရပ်ဆိုင်းခြင်း ခံလိုက်ရ၏။
ထိုဖြစ်ရပ်က လင်းရီကို မခံမရပ်နိုင်အောင် ဖြစ်သွားစေခဲ့သည်။
သူယခင်တစ်ခေါက် Didi ပြေးစဉ်အခါကလည်း မကောင်းသည့် ရီဗျူးများကြောင့် ရပ်ဆိုင်းခြင်းခံခဲ့ရ၏။ သို့သော်လည်း ယခုတစ်ကြိမ်တွင်တော့ အခြေနေသိပ်မဆိုးချေ။
အနည်းဆုံးတော့ သင်တန်းပို့ချသည်များကို နားထောင်ပြီးနောက် သူ၏ အလုပ်ကို ဆက်လုပ်၍ရ သေးသည်။ လတ်တလော အော်ဒါများကို လက်မခံနိုင်သေးသောကြောင့် လင်းရီ အခြားကိစ္စများကို လုပ်ရန် ဆုံးဖြတ်လိုက်၏။
ကလင် ကလင် ကလင်
လင်းရီ ဖုန်းစခရင် ပိတ်ခါရှိသေး နောက်တစ်ခေါက်ဖုန်းသံ မြည်လာခဲ့၏။ ကျန်းစုန့်ဆီမှ ခေါ်ဆိုလာခြင်းပင်။
"လောင်တ..ငါတော့ အလုပ်တွေ ပြီးသွားပြီ..မင်းကော..အလုပ်တွေ များနေလား..."
"မများပါဘူးကွာ..ငါလည်းမင်းကို ခု လာခေါ်တော့မလို့ပဲ..မင်းကို မေးစရာလေး တစ်ခုရှိလို့..."
"ငါခု တက္ကစီစီးနေတာကွ..မင်းအိမ်လာတဲ့ လမ်းမှာ.."
"အိုကေ ..အဲ့ဒါဆိုလည်း တံခါး၀နားမှာ စောင့်နေလိုက်မယ်..."
လင်းရီ နာရီ၀က်ကြာပြီးနောက် ကျိုးကျုံးဗီလာသို့ ရောက်လာခဲ့သည်။ ဂိတ်ပေါက်၀၌ နေ၍ ကျန်းစုန့် အလာကို စောင့်နေလိုက်၏။
ခေတ္တကြာပြီးနောက်
"ဝေး...လောင်တ... ဘာကိစ္စတုန်း.."ကျန်းစုန့် အလျင်စလို မေးမြန်းလိုက်ပြီး "ငါကူညီနိုင်တာ ဆိုရင် ကူညီပေးမယ်လေ..."
"အရေးတော့ သိပ်မကြီးပါဘူးကွာ.အထဲရောက်မှ ဆက်ပြောကြတာပေါ့..."
နှစ်ယောက်သား အိမ်ထဲသို့ ၀င်သွားကြပြီး လင်းရီရေနွေးကြမ်း တစ်အိုး ကြိုလိုက်၏။
"မင်း ဒီနေ့ သူနဲ့တွေတော့ ဘာတွေ ပြောဖြစ်ခဲ့လဲ..."
"ဘာပြောရမှာ ဒီတိုင်း semiconductorတွေ အကြောင်းပေါ့ဟ..ငါတို့ သင်္ဘောနဲ့ ဘယ်လို သယ်မလဲဆိုတာ ဆွေးနွေးပြီးသွားပြီ..အချိန်ကျတာနဲ့ ငွေချေရုံပဲ..."
ကျန်းစုန့် ပြောလိုက်၏။
လင်းရီ ရေနွေးကြမ်း တစ်ငုံ သောက်လိုက်ပြီး...စက္ကန့်အနည်းငယ်ကြာ တိတ်ဆိတ်ပြီးနောက် "မင်းပြောတဲ့ အချိန်ကျရင် ဆိုတာက ဘာအဓိပ္ပာယ်ကြီးလဲ..."
"အဲ့တာက ငါပြောတာ မဟုတ်ဘူး..."ကျန်းစုန့် မှ "သူတို့ပြောတာပဲ..အရင်ဆုံး စာချုပ်ချုပ်ထားလို့ရတယ်..ဒါပေမယ့် ချစ်ပ်တွေကိုတော့ သယ်လို့မရသေးဘူး...ငါတို့က ခဏလောက်တော့ စောင့်ပေးရဦးမယ်တဲ့.."
"ဘာလို့လဲ ဆိုတာကော ပြောပြသေးလား..."
"ငါလည်း သိပ်တော့ မသေချာဘူး.."ကျန်းစုန့် ရေနွေးကြမ်း မှုတ်သောက်လိုက်ပြီး "ငါ့ဘော့စ်ကိုလည်း မေးကြည့်တာပဲ..သူလည်း ဘာမှ မသိဘူးတဲ့..."
လင်းရီ နှုတ်ခမ်းများ ကွေးညွတ်သွား၏။ ကျန်းစုန့်၏ လေသံမှ တစ်ဆင့် သူ Cisco ၏ ရည်ရွယ်ချက်ကို ခန့်မှန်းနိုင်သည်။
အကယ်၍ အားလုံး ပလန်အတိုင်း သွားမည်ဆိုပါက Cisco ၏အကြံမှာ သူထင်ထားသည့် အတိုင်းပင်။
ယခု Cisco မှ ချစ်ပ်ဗားရှင်း ၁.၀ အတွက် မူပိုင်ခွင့်ရထားပြီး မကေကညာသေးပဲ လုံရှင်းစင်တာမှ သူတို့၏ ရလဒ်ကို ကြေညာရန် စောင့်ဆိုင်းနေလေသည်။
အကယ်၍ ယခုချက်ချင်း ကြေညာလိုက်ပါက Cisco ၏ ခြုံခိုတိုက်ခိုက်မှုမှာ အသုံးမ၀င်ဖြစ်သွားလိမ့်မည် ဖြစ်ပြီး လုံရှင်းစင်တာ၏ ရလဒ်ကို စောင့်၍ လင်းရီတို့ဘက်မှ ချစ်ပ်ပရိုဂရမ် ဗားရှင်း ၁.၀ ကိုကြေညာမည်ဆိုပါက Cisco အုပ်စုမှ မူပိုင်ခွင့်ဖြင့် ပါးရိုက်လို့ရပေမည်။
"ဒါနဲ့ မင်းက အော်ဒါဘယ်လောက် မှာထားတာ..."
"၁၃၀ မီလီယမ်..."
"၁၃၀ မီလီယမ်တည်းလားဟ..."လင်းရီ ပြောလိုက်ပြီး "မင်းကုမ္ပဏီ ဘယ်လောက်ကြီးကြောင်း တစ်ချိန်လုံး ကြွားဝါနေပြီးတော့များ အော်ဒါတင်တော့ ၁၃၀ မီလိယမ်တည်းတဲ့လားကွာ..."
"လောင်တ...ပြောတာကတော့ လွယ်တယ်ဟ..."ကျန်းစုန့် ညီးငြူလိုက်ပြီး "မင်းလို ဗီလာတစ်လုံးကိုတောင်မှ ဘီလီယမ်နဲ့ချီပေး၀ယ်ထားတဲ့ကောင်အတွက်ကတော့ ၁၃၀ မီလီယမ်က နည်းနည်းလေးပဲလေကွာ...ငါတို့အတွက်တော့ အဲ့တာက နည်းတဲ့ ပမာဏ မဟုတ်ဘူးကွ..."
လင်းရီ မနေနိုင်ပဲ ရယ်မောလိုက်သည်။ သူပြောသကဲ့သို့ပင်။ သူ့အတွက်တော့ ထိုပမာဏက အတော်လေး နည်းနေ၏။
"တကယ်တော့ ကုမ္ပဏီက ၂၅၀ မီလီယမ်ဖိုး အော်ဒါတင်ချင်တာ..ခက်တာက Cisco ကျတော့ အဲ့လောက်အများကြီး ထုတ်မပေးနိုင်ဘူး..အဲ့တာကြောင့် နှစ်သုတ်ခွဲပြီး ပို့ဖို့ စာချုပ်ချုပ်လိုက်တာ..."
ကျန်းစုန့် ထိုသို့ ပြောလာလိမ့်မည်လို့ မမျှော်လင့်ထားသော်လည်း သေချာစဉ်းစားကြည့်မည်ဆိုပါက ပုံမှန်သာဖြစ်သည်။
Cisco ဘက်မှ လောလောလတ်လတ် ချစ်ပ်ဗားရှင်း ၁.၀ ကို ထုတ်ထားသောကြောင့် ဖြေရှင်းရမည့် Bug များလည်း သေချာပေါက် ရှိပေလိမ့်မည်။ ထို့ကြောင့် ယူနစ်အများအပြား မထုတ်လုပ်နိုင်သေးသည်မှာတော့ သာမန်သာ ဖြစ်၏။
တစ်သုတ်တည်း အော်ဒါ ၁၃၀ မီလီယမ် ရသည်ကပင် အတော်လေး ကောင်းနေပြီဟု ဆို၍ရသည်။
"ဒုတိယအသုတ်ကျတော့ကော ဘယ်ချိန်ပို့ပေးမယ်လို့ပြောလဲ.."လင်းရီ မေးလိုက်၏။
ကျန်းစုန့် တခဏမျှ တွေးတောလိုက်ပြီး "အဲ့တာလည်း သူ့တို့ဘက်က ရေရေရာရာတော့ မပြောလိုက်ဘူးကွ...ရန်ဟုန်ယွီ ပြောပုံအရဆိုရင် ဒုတိယအသုတ်က အနည်းဆုံး သုံးလထက်ကြာမယ်ဆိုပဲ..."
"သုံးလ..."
ထိုသို့ရေရွတ်ရင်း လင်းရီ နှုတ်ခမ်းများ ကွေးညွတ်သွားခဲ့သည်။
သူံလဟူသော အချိန်အတိုင်းအတာမှာ သူ့အတွက် ပြင်ဆင်စရာရှိတာများ ပြင်ဆင်ရန် လုံလောက်၏။
"မင်းမနက်ဖြန်ကျ ဘာလုပ်ဖို့ စီစဉ်ထားလဲ..."
"ဒီနေ့ အရေးကြီးကိစ္စတွေ ဆွေးနွေးပြီးပြီဆိုတော့မနက်ဖြန်ကျ အသေးစိတ် ဆွေးနွေးပြီးရင် ပြီးလောက်ပါပြီ..."
"အဲ့ဒါဆိုလည်း ပြီးတာပဲ..အလုပ်က ပိုအရေးကြီးတယ်..အားလုံးပြီးသွားရင် မင်းကို ကျိုးဟိုင်အနှံ့ လိုက်ပို့ပေးမယ်..."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"ဟီးဟီး အဲ့တာဆို အားမနာတော့ဘူးနော်..."
လင်းရီ သူ့နာရီကို တစ်ချက်ကြည့်လိုက်ပြီး "လေးနာရီတောင် ထိုးနေပြီဟ...တစ်ခုခု စားဦးမလား..."
"မဆာသေးဘူး..နေ့လည်က ဆွဲတာ နည်းနည်းများသွားတော့ ခုထိ ဗိုက်ပြည့်နေတုန်းပဲ..."
"အဲ့တာဆိုလည်း ခုလောလောဆယ် အိမ်မှာနေလိုက်ကွာ..ငါအပြင်သွားစရာ ရှိသေးလို့..."လင်းရီ ပြောလိုက်သည်။
"အခန်းထဲမှာ ကွန်ပျူတာလည်း ရှိတယ်..ဂိမ်းလည်း ဆော့လို့ရတယ်..ကားမောင်းချင်ရင် အံ့ဆွဲထဲမှာ ကားသော့တွေ ရှိတယ်..ကားဂိုဒေါင်ထဲမှာ ကြိုက်တဲ့တစ်စီး ယူသွားလိုက်.."
"တော်ပါကွာ..မင်းကားတွေက သောက်ရမ်းလန်းလွန်းတယ်..ငါမမောင်းရဲဘူးဟ.."
"ငိုးပဲလေ..."လင်းရီ ကျိန်ဆဲလိုက်ပြီး "ဂိုဒေါင်ထဲက ကားတွေအကုန်လုံးက ရှယ်မိုက်တာတွေ ကြီးပဲ..မင်းသာ တစ်စီးလောက်ထုတ်ပြီး ဘားရှေ့ရပ်လိုက်တာနဲ့ ကောင်မလေးတွေ မင်းကားထဲ ၀င်ထိုင်ဖို့ကိုတောင်မှ အလုအယက် ဖြစ်နေကြတော့မှာ...အခွင့်ရေးပေးနေတာကိုတောင်မှ မယူချင်ဘူးပေါ့..."
"ဟမ့်...အချိန်ဖြုန်းတာပဲရှိမယ်.."ကျန်းစုန့်ပြောဘိုက်ပြီး
"ငါက အပြင်ထွက် အလေလိုက် စော်တွေနဲ့ ပတ်ကဲတာ ကြိုက်တဲ့ကောင်များ မှတ်နေလား...မနေ့တုန်းက မင်းအခန်းထဲက PS5 ကိုမြင်ကတည်းက ဆော့ချင်နေတာကြာပြီ..."
လင်းရီ : "....."
"ဟူး...မင်းတော့ ဒီတစ်သက် စော်ရမယ့်ကောင်လည်း မဟုတ်ပါဘူးကွာ.."
"စင်ဂယ်အစ်ဒယ်ဘတ်.."
ကျန်းသုန့် ရေခဲသေတ္တာနား သွားလိုက်ပြီး ကိုလာတစ်ပုလင်းထုတ်ကာ ဂိမ်းအခန်းထဲသို့ စိတ်လှုပ်ရှားစွာဖြင့် ၀င်သွားလိုက်၏။ သူ PS5 မဆော့ရသည်မှာ အချိန်ဘယ်လောက်ကြာနေမှန်းတောင် မမှတ်မိတော့ချေ။
လင်းရီ မထွက်ခွာခင် ဟော်ယွမ်ယွမ်ဆီ ဖုန်းဆက်လိုက်သည်။
"ဘော့စ်လင်း ကျွန်မကို ရှာနေတာလား..."
"မင်းခု ဘယ်မှာလဲ.."
"ကျွန်မနဲ့ အစ်ကိုချီတို့ နှစ်ယောက်လုံး ရုံးခန်းထဲမှာပဲလေ..."
"ရုံးအတွက် ပရိဘောဂတွေက ဒီမနက်လေးတင်ပဲ ရောက်လာပြီ..ကျွန်မတို့ နှစ်ယောက်လုံးကလည်း ခုလေးတင် အလုပ်ပြိးသွားတာဆိုတော့ မနက်ဖြန်မှပဲ လူခေါ်မယ့် အကြောင်းတွေ ဆက်ဆွေးနွေးကြတာပေါ့..."
"ရတယ်လေ..ဒါနဲ့ နှစ်ယောက်လုံး ရုံးမှာ စောင့်နေကြဦး..ငါခုပဲ လာနေပြီ..."
"ဘော့စ်လင်း အစ်ကိုချီကို ခေါ်ထားရမှာဆိုတာ သေချာရဲ့လား..."ဟော်ယွမ်ယွမ် မေးလိုက်ပြီး
"သာမန်ဆိုရင် ဘော့စ်က အမျိုးသမီး ၀န်ထမ်းတွေကိုပဲ စောင့်ခိုင်းထားရမှာလေ...နောက်ထပ်အမျိုးသား တစ်ယောက်ရှိနေတာတွေက တချို့ကိစ္စတွေအတွက် အဆင်မပြေ ဖြစ်လွန်းတယ်မဟုတ်လား..."