Vol. 13 Ch. 189
Vol. 13 Ch. 189
"ရတယ်...အမှားသိရင် အမှန်ပြင်ရမှာပေါ့...အဲ့တာလည်း ရှားတဲ့ အရည်အချင်းပဲလေ..."
အမျိုးသမီး၀န်ခးထမ်းမှာ သူမစိတ်ကို ချက်ချင်းပြင်ဆင်လိုက်ပြီး ချိုသာသော လေသံဖြင့် " ဦးလေး ကျွန်မ ခုနတုန်းက စိတ်တိုလို့ ပြောမိတာတွေကို ဗွေမယူပါနဲ့နော်...တမင်လုပ်တာ မဟုတ်ပါဘူး.."
ထိရန်နင် လာဆင်းသည့်လူတိုင်း မျက်နှာ တစ်မျိုးတစ်မည် ဖြစ်သွားကြပြီး "ဟမ့်...အတော်လေးကို ဖိနပ် မလျက်တတ်ရှာပါဘူး..စောနလေးတင် ဝုန်းဒိုင်း ကျဲပြနေပြီးတော့မှ ပိုက်ဆံ ရှိတဲ့လူနဲ့ တွေ့လည်းတွေ့ရော မခုတ်တတ်တဲ့ ကြောင်လေးကျနေတာပဲ.."
"ဘယ်တတ်နိုင်မှာ..ဟိုကောင်က ဥစ္စာပေါရုပ်ချောလေကွာ..အဲ့ကောင်လေလည်ရင်တောင်မှ မွှေးတယ်လို့ လုပ်ရင်လုပ်နေဦးမှာ...သူနဲ့ သွားယှဉ်နေလည်း အလကားပဲ.."
"ဒီလို ကောင်မမျိုးတွေက တကယ့် ခွေးသူတောင်းစားမတွေပဲ..ဒီနေ့တော့ သူတို့ရဲ့ အတွင်းမျက်နှာကို သိလိုက်ရတာပေါ့ကွာ.."
"အင်း..ငါလည်း Douyinပေါ်က စကီလေးတွေကို သဘောမကျရဲတော့ဘူး..သူတို့က ချောတယ်ဆိုပေမယ့် ပိုက်ဆံရှိတဲ့ကောင်လေးတွေစားတာကိုတိတ်တိတ်လေး ငြိမ်ခံနေကြတာ.."
ရိုင်ဒါများ တစ်ယောက်နှင့် တစ်ယောက် တီးတိုးပြောနေစဉ် ယူနီဖောင်း၀တ်ထားသည့် အမျိုးသမီးတစ်ဦး အလှမ်းသိပ်မဝေးသည့်နေရာမှ ရောက်လာခဲ့သည်။
လင်းရီသူမ ယူနီဖောင်းပေါ်ရှိ တံဆိပ်ကို တစ်ချက်ကြည့်လိုက်၏။ သူမ၏ နာမည်မှာ သွမ့်ပင်းဖြစ်ပြီး စီမံခန့်ခွဲ့ရေးဌာန၏ လက်ထောက်တာ၀န်ခံတစ်ဦးပင်။
"ဆူညံဆူညံ လုပ်မနေကြနဲ့..."သွမ့်ပင်း အမိန့်ပေးလိုက်ပြီး "ဒါက ဆူညံဆူညံ လုပ်ရမယ့် နေရာ မဟုတ်ဘူး..လုပ်ချင်ရင် အပြင်ထွက်..ပြီးရင် ပြန်မလာကြနဲ့တော့.."
သွမ့်ပင်း၏ အရှိန်အဝါများမှာ ကောင်တာ အမျိုးသမီး ၀န်ထမ်းထက်ပင် သိပ်သည်းပြင်းထန်နေပြီး ကျွတ်စီညံနေကြသော ရိုင်ဒါများအားလုံး ငြိမ်သက်သွားကြသည်။
"ရှင်တို့အားလုံးက ဒီမှာ ထိရိန်နင် လာယူတာမလား..အားလုံး ကျွန်မနဲ့ အပေါ်ထပ် လိုက်ခဲ့ကြ..."
လူအုပ်ကြီးမှာ အသံတစ်စက်မျှပင် မထွက်၀ံ့ကြပဲ သွမ့်ပင်းနောက် နာနာခံခံဖြင့် လိုက်သွားကြပြီး
"ဟဲလို လူကြီးမင်း သူတို့နဲ့ လိုက်မသွားနဲ့လေ..အဲ့ဒါက ရိုင်ဒါတွေကို ထရိန်နင် ပေးဖို့ရှင့်..."ကောင်တာ အမျိုးသမီးမှ ပြောလိုက်ပြီး "လူကြီးမင်း ဒီကို ဘာလာလုပ်လဲဆိုတာသာ ပြောလိုက်ပါရှင် ကျွန်မ သေချာဆောင်ရွက်ပေးပါ့မယ်..."
"ကျုပ်လည်း မေ့ထွမ်ရဲ့ ထရိန်နင်လာဆင်းတဲ့ ရိုင်ဒါပဲလေ..."
"ဘာ...ဘာပြောလိုက်တယ်..ရှင်က ရိုင်ဒါ..ဟုတ်လား..."
"အင်း..တိတိကျကျဆို ကျုပ်က အီရန်ဘွိုင်းပဲ..."
ဖူး...ဟား....
လင်းရီ ဘယ်သူလဲဆိုတာ သိသွားတော့ လူတိုင်း မအောင့်အီးနိုင်ပဲ ရယ်မောလိုက်ကြသည်။
"ဟားဟား..ဒီကောင်ကတော့ အံ့မခန်းပဲဟေ့..အဲ့စွာတေးလန်မကို ကောင်းကောင်းကြီး ပညာပြပေးလိုက်ပြီ..."
"အဲ့ကောင်တာမိန်းကလေး မျက်နှာ စိမ်းပုပ်နေတာကို ကြည့်စမ်းပါဦးဟျောင့်..စိတ်၀င်စားဖို့တော့ ကောင်းနေပြီ..."
"ကောင်းတယ်လေ..မျက်နှာလိုက်ချင်ဦးဟ...ခုတော့ ခံလိုက်ရပြီမလား..."
ကောင်တာ အမျိုးသမီးမှာ မျက်နှာရုပ်ဆိုးသွားပြီး လင်းရီကို လက်ညိုးထိုးရဲ့ "တတောင်းစား ..နင်..နင်ငါ့ကို ညာရဲတယ်ပေါ့..."
"ဟမ်..ကျုပ်က ဘာညာလို့လဲ.."လင်းရီ အပြစ်ကင်းသည့်ပုံစံဖြင့် "ကျုပ်ကိုယ်တိုင်ကလည်း ခင်များကိုသူဌေးကြီးပါလို့ ပြောဖူးလို့လား...ခင်များဘာခင်များ ထင်ချင်ရာတွေ လျှောက်ထင်နေတာလေ.."
"နင်....."
ကောင်တာ အမျိုးသမီးမှာ ဒေါသထွက်လွန်း၍ စကားပင် မဆိုနိုင်တော့။ ရုပ်ကလေးချောသောကြောင့် ပိုက်ဆံရှိတယ်ဟုထင်မှတ်ပြီး အကဲဖြတ်မှားသွားခြင်းပင်။
"တာ့တာ မိန်းကလေးရေ..ကျုပ် ထရိန်နင် သွားဆင်းလိုက်ဦးမယ်..."
လင်းရီနှင့် ကောင်တာ အမျိုးသမီးတို့ကြား အငြင်းအခုန် ဖြစ်နေသည်ကို မြင်တော့ သွမ့်ပင်း မျက်မှောင်ကြုတ်သွားခဲ့သည်။
ဒီကောင်က ဘာစတိုင်တုန်းဟ..
ဒီလာပြီးတော့ ယူနီဖောင်းလေးတောင် မ၀တ်ထားဘူး..
တကယ်ပဲ...ကျက်သရေယုတ်လိုက်တာ...
လူအုပ်ကြီးမှာ သွမ့်ပင်း၏ ဦးဆောင်မှု အောက်သို့ လိုက်သွားခဲ့ပြီး သုံးထပ်မြောက်ရှိ အစည်းဝေးခန်းမထဲသို့ ရောက်လာခဲ့ကြသည်။
အပြင်အဆင်ကတော့ တက္ကသိုလ်အခန်းများကဲ့သို့ရှေ့တွင် ပရိုဂျက်တာကြီးတစ်ခု ရှိနေလေသည်။
အကယ်၍ မျက်စိမှိတ်ပြီး ဤနေရာသို့ရောက်လာခဲ့ပါက စာသင်ခန်းဟုပင် အမှတ်မှားသွားပေလိမ့်ဦးမည်။
"ထိုင်ဖို့ နေရာ အရင်ဆုံး ရှာလိုက်ကြ.."သွမ့်ပင်း ပြော၍ "ခဏနေ မန်နေဂျာကို ဒီခေါ်လိုက်မယ်..မန်နေဂျာလျိုရောက်လာတဲ့ အချိန်ကျရင် သူက ရှင်တို့ကို ထရိန်နင်အကြောင်း အသေးစိတ် ရှင်းပြပေးလိမ့်မယ်..."
ထိုသို့ပြောပြီးနောက် သွမ့်ပင်း ယခု ရှိနေသည့် လူအားလုံး သူမကို အကြွေးတင်ထားသည့် မျက်နှာကြီးဖြင့် လှည့်ထွက်သွားခဲ့သည်။
မကြာမီ ၀တ်စုံပြည့်၀တ်ဆင်ထားသည့် လူတစ်ယောက် ရောက်လာခဲ့ပြီး အရပ်အမောင်း ခပ်နိမ့်နိမ့်ဖြင့် အနည်းငယ် ၀ဖိုင့်ဖိုင့် ပုံစံရှိ၏။ ကြည့်မကောင်းသော်လည်း ရာထူးအရှိန်အဝါဖြင့် ဟိတ်ဟန် အပြည့်တော့ရှိလေသည်။
လင်းရီ ထိုလူအင်္ကျီပေါ်ရှိ တံဆိပ်ကို ကြည့်လိုက်သည်။ ထိုလူ၏နာမည်မှာ လျိုရွှမ်းဖြစ်ပြီး အော်ပရေးရှင်း ဌာန၏ လက်ထောက်မန်နေဂျာတစ်ဦးလည်းဖြစ်၏။
လျိုရွှမ်း အခန်းထဲသို့ ၀င်ပြီးနောက် အားလုံးကို သိမ်းကျုံးကြည့်လိုက်ပြီး နောက်ဆုံး သူ၏ အကြည့်များက လင်းရီထံသို့ ကျရောက်သွားခဲ့သည်။
"ဒီကောင်က ဘာကောင်လဲကွ..သူကကော မေ့ထွမ်က ရိုင်ဒါပဲလား..."
"သူက အီရန်ဘွိုင်းပါခင်ဗျ..."
"အဲ့ဒါဆို ဘာလို့ ယူနီဖောင်း မ၀တ်ထားတာလဲ..မင်းအ၀တ်တွေနဲ့ သိပ်ကြည့်ကောင်းတယ်လို့များ ထင်နေတာလား..ဒါ ဖက်ရှင်လာလျှောက်တာမဟုတ်ဘူးကွ..."
လင်းရီ ပြုံးလိုက်ပြီး "ဒါတာ ဖက်ရှင်ပြိုင်ပွဲဆိုလို့ကတော့ ကျုပ် ယူနီဖောင်း ၀တ်တာတောင် ခင်များ ယှဉ်နိုင်မှာ မဟုတ်ဘူး..."
"ဟိုကောင် ..မင်းစကားပြောတာ ကြည့်ပြော..ဒီနေရာက မင်းစကား ပြောချင်တိုင်း ပြောလို့ရတဲ့ နေရာ မဟုတ်ဘူးကွ..."လင်းရီ၏ ရုပ်ရည် ရူပကာကို ပဓာနမထားဘဲ သွမ့်ပင်း အေးစက်စွာဖြင့် ပြောလိုက်သည်။
လင်းရီကတော့ ပခုံးတွန့်ရုံသာ တွန့်လိုက်ပြီး နောက်ထပ် ဘာတွေ ဖြစ်မလဲဆိုတာ တိတ်တဆိတ် စောင့်ကြည့်နေလိုက်တော့၏။
"မင်းတို့ကောင်တွေ အသက်ကြည့်လိုက်တော့ သုံးချိုင်းကင်းကို ခြေတစ်ဖက်လှမ်းတော့မယ့် အရွယ်တွေနဲ့..ဘာလို့ ဒီလောက်တောင် မကောင်းတဲ့ ရီဗျူးတွေ အပေးခံထားရလဲဆိုတာကို နားမလည်နိုင်ဘူး.."လျိုရွှမ်း ပြောလိုက်ပြီး "မင်းတို့ စိတ်ကို မထိန်းနိုင်ကြဘူးလား.. မထိန်းနိုင်လဲ နောက်ခါ ကြိုးချည်ထားကြ..."
"မန်နေဂျာလျို...အဲ့တာ ကျုပ်တို့အမှားမဟုတ်ဘူး..အဲ့ဒီ ကတ်စတန်မာတွေကိုက ကျိုးကြောင်းမဆီလျော်တာ..ကျုပ်တို့ကို အမှိုက်ကလည်း အဲဗား ပစ်ခိုင်းသေးတယ်..တစ်ခါတစ်လေ သူတို့ အမြန်ချောပို့တဲ့ ပစ္စည်းတွေလည်း သွားယူလိုက်ရသေးတယ် ..တစ်ခါတုန်းကဆို သူတို့ အိမ်ရွေ့တာ ကျုပ်ကို လာခေ့်နေတာတဲ့ဗျာ..သဘောမတူတော့ မကောင်းတဲ့ရီဗျူးတွေ ပေးတယ်တဲ့...သေချာစဉ်းစားကြည့်လေ..အဲ့တာကျုပ်တို့အမှားလား..မစို့မပို့လေး ပေးပြီးတော့ မတန်မရာတွေ ခိုင်းချင်နေကြတယ်...."
"စောနက စွာကျယ်စွာကျယ် လုပ်သွားတဲ့သောက် အဘိုးကြီး ခင်များအသက်ကလည်း မငယ်တော့ဘူး..ဒါတောင် မြေးမြစ်တွေကို သေချာထားနိုင်အောင်လို့ အလုပ်ကြိုးစားမယ် မကြံဘူး...ဖောက်သည်တွေကိုတောင်မှ မာန်မဲလိုက်သေးတယ်ပေါ့...ကြည့်ရတာတော့ ကမ္ပဏီက စီမံခန့်ခွဲရေးပိုင်းမှာတော်တော်လေး ညှာတာထားတယ်နဲ့ တူတယ်..."
လူတိုင်း တိတ်ဆိတ်သွားကြ၏။
ဒါကြီးကို ညှာတာလွန်းတယ်ဆိုတော့ တင်းများတင်းကြပ်လိုက်လို့ကတော့ ေ-သများ ေ-သသွားမလား တောင်မသိဘူး...
"မင်းတို့အားလုံး ဒီရောက်နေပြီဆိုမှတော တည့်ပဲ ပြောလိုက်တော့မယ်...
လျိုရွှမ်း ဆက်လက်၍ "မင်းတို့ တစ်ယောက်ချင်းစီတိုင်း အာမခံကြေး ယွမ် ၃,၀၀၀ ပေးရမယ် ..ပြီးတော့ သုံးနာရီ ကိုယ်ဘာမှားလဲဆိုတာ အပြစ်ခံယူတဲ့အနေနဲ့ စဉ်းစားရမယ်..အဲ့တာပြီးရင် မင်းတို့ရဲ့ အကောင့် တွေကို ပြန်ဖွင့်ပေးမယ်...အေး..နောက်တစ်ခေါက် ထပ်ဖြစ်လာခဲ့ရင်တော့ဘာဖြစ်မလဲဆိုတာ အားလုံး သိမှာပါ..."
"အာမခံကြေး ယွမ် ၃,၀၀၀ ..."
အာမခံကြေးပေးဆောင်ရမည့် ပမာဏကို ကြားလည်း ကြားရော ရိုင်ဒါတို့ တည်ငြိမ်စွာ ထိုင်မနေနိုင်တော့။
ယွမ်၃,၀၀၀ ဆိုသည်မှာ သူတို့ လတစ်၀က် လုပ်အားခနီးပါးရှိ၏။
အာမခံကြေးဟု စကားခံထားသော်လည်း ပြန်ရမည် မဟုတ်တော့ကြောင်း ရိုင်ဒါတိုင်း သိပြီးသားဖြစ်ပေသည်။
တစ်နည်းအားဖြင့်ဆိုပါက သူတို့၏ လုပ်အားခ ယွမ်၃,၀၀၀ မှာ အလကားသပ်သပ် ဆုံးရှုံးသွားဖြင်းပင်။
"ဘာလဲ..ရုပ်တွေက..ကန့်ကွက်ချင်နေကြတာလား.."
လျိုရွှမ်း မျက်ခုံးပင့်လိုက်ပြီး "ကန့်ကွက်ချင်တယ်ဆိုရင်လည်း အဆင်ပြေတယ်နော်..ဟိုးနားမှာ တံခါးပေါက်တွေ့တယ်မလား..တစ်ခါတည်း ထွက်သွားလိုက်..မင်းတို့ မလုပ်ချင်လည်း လုပ်ချင်နေတဲ့သူ တွေ တစ်ပုံကြီး ရှိတယ်..ငါတို့မှာ အလုပ်သမား မရှားဘူး..."
အစည်းဝေးခန်းထဲရှိ လူတိုင်း ဒေါသထွက်နေကြသော်လည်း ပြန်မပြောရဲကြချေ။
အကယ်၍ ဖြစ်နိုင်ပါက မည်သူမျှ ယခုလို ကတ်စတန်မာ ၀န်ဆောင်မှု ပေးရသည့် အလုပ်ကို မလုပ်ချင်ကြပေ။
သို့သော်လည်း လက်တွေ့က ရက်စက်သည်။ သူတို့တွင် ကျွမ်းကျင်သည့် စကေးတစ်ခုခု သို့မဟုတ် ဘွဲ့လက်မှတ် မရှိကြသောကြောင့် အနှိမ်ခံနေတော်လည်း ဒေါသမာန်စွယ်ကို ချိုးကာ မိသားစုအတွက် ကြိတ်မှိတ် သည်းခံနေကြရသည်။
အကယ်၍ ကမ္ဘာကြီးသာ ငြိမ်းချမ်းပါက မည်သူက အိုးမဲ့အိမ်မဲ့ နေထိုင်ရမည့် ဘ၀ကို အလိုရှိလိမ့်မည်နည်း။
"အချိန်ဖြုန်းမနေကြနဲ့...မန်နေဂျာလျိုရဲ့ အချိန်က ရွှေပဲ...ရှင်တို့တွေ အလုပ်ဆက်လုပ်ချင်ကြသေးတယ်ဆိုရင် အာမခံကြေး ၃,၀၀၀ ပေးဘိုက်...မပေးချင်လည်း လစ်လိုက်ကြတော့..ရှင်တို့တွေကို ဘယ်သူမှ တားမနေဘူး..."
စည်းဝေးခန်းထဲရှိ လေထုမှာ သုဿန်တစပြင်ကဲ့သို့ ဖြစ်နေလေသည်။ မည်သူတစ်ဦးတစ်ယောက်ကမျှ ပိုက်ဆံ မပေးချင်ကြသော်လည်း မည်သို့ ပြောရမှန်းမသိ ဖြစ်နေကြ၏။
"တကယ်ဘို့ ကျုပ်တို့ နှုတ်ထွက်မယ်ဆိုရင် ကျုပ်တို့ မှတ်ပုံတင်တုန်းက ပေးထားတဲ့ အာမခံကြေး ယွမ် ၂,၀၀၀ ပြန်ရမှာလား..."ငယ်ရွယ်သည့် ရိုင်ဒါလေးမှ မေးလိုက်လေသည်။
"မင်းက အာမခံကြေးငွေ ပြန်လိုချင်နေသေးတယ်ပေါ့...မင်းတော်တော် သောက်ရှက်မဲ့တဲ့ ကောင်ပါလားကွ..."လျိုရွှမ်း တံတွေးများစင်အောင် ပြောလိုက်ပြီး "မင်း ဘယ်လောက်ထိတောင် မကောင်းတဲ့ ရီဗျူးတွေ၊ ကွန်ပလိန်းတွေ ရထားတယ်ဆိုတာ မသိဘူးလား..ကုမ္ပဏီရဲ့ ဂုဏ်သတင်းက မင်းတို့တွေကြောင့် ညစ်နွမ်းသွားတာကိုတောင်မှ ပိုက်ဆံ ပြန်လိုချင်နေတယ်ပေါ့..ဒဏ်ငွေ မရိုက်တာတောင် ညှာတာလွန်းရာကျနေပြီလို့ ပြောလို့ရတယ်...အာမခံကြေး ပြန်ရချင်တယ်တဲ့လား..အိပ်မက်မက်နေလိုက်..."
လူငယ်ရိုင်ဒါလေးမှာ လက်သီးကျစ်ကျစ်ပါအောင် ဆုပ်လိုက်မိသည်။ အကယ်၍ သူ့တွင်သာ သတ္တိ နည်းနည်းလေး ပိုရှိခဲ့ပါက တံခါးဆွဲဖွင့်၍ ထွက်သွားပြီးဖြစ်၏။ သို့သော်လည်း အိုမင်းမစွမ်းတော့သည့် မိဘနှစ်ပါး၏ ပုံရိပ်ကို ပြန်မြင်ယောင်လာတိုင်း အာခံချင်သည့် စိတ်ဓာတ်တို့မှာ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားရပြန်သည်။
"ခင်များတို့တော်တော်လွန်တာပဲ..."လင်းရီ ဖျော့တော့စွာပြောလိုက်ပြီး "မေ့ထွမ်က တအားအကျင့်ပျက်ချစားတယ်ဆိုတာ နားလည်တယ်..ဒါပေမယ့် မင်းတို့ကောင်တွေက လစ်မစ်လေးကို မရှိကြဘူး...စားတဲ့စတိုင်ကလည်း ညစ်တီးညစ်ပတ်ကြီးတွေနဲ့..."