← Chapters

Vol. 13 Ch. 190

Vol. 13 Ch. 190

Vol. 13 Ch. 190

Vol. 13 Ch. 190

လင်းရီ၏ စကားလုံးများမှာ တိတ်ဆိတ်နေသော စည်းဝေးခန်းမထဲတွင် ဟိန်းထွက်သွားပြီး လူတိုင်းကို အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေခဲ့၏။

မည်သူကမျှ လင်းရီ ထိုသို့ ပြောဝံ့လိမ့်မည်လို့ ထင်မှတ်မထားကြချေ။

ထိုအခိုက်အတန့်၌ လူတိုင်း၏ အကြည့်များမှာ လင်းရီထံ၌ စုပြုံနေကြ၏။

"နင်ဘာ သားပုပ်လေလွင့်တွေ လျှောက်ပြောနေတာလဲ..ငါတို့က စည်းမျဉ်းဘောင်ထဲကနေ လုပ်နေတာဟဲ့ နားလည်လား..."

သွမ့်ပင်း ပြောလိုက်သည်။

"ခင်များလည်း တိတ်စမ်း..အဲ့ကောင်က ဒီတိုင်း လက်ထောက်အဆင့်လေးကိုများ အဲ့လောက် ဖားယားမနေနဲ့..တအား ဖားယားချင်နေလည်း ဒီထက် အကောင်ကြီးကြီးကို သွားရှာပါလားဟ..."

"နင်...."

လျိုရွှမ်း မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူ၏ အကြည့်များကတော့ စိတ်ရိုင်း၀င်နေသည့် သားရဲကဲ့သို့ နီရဲနေသည်။

"ဟမ့်..သွေးဆူလွယ်တဲ့ လူငယ်လေးပါလား..မင်းသောက်ရမ်းတွေ စကေးရှိနေတယ်ဆိုရင်လည်း ဘာကိစ္စ ဒီမှာ အလုပ်လုပ်နေသေးလဲ..ထွက်သွားလိုက်တော့..."

"ကျုပ်လည်း မနေပါဘူး..လစ်မှာ.."လင်းရီ ပျင်းရိစွာ အကြောဆန့်၍ တံခါးဆီသို့ လျှောက်သွားလိုက်သည်။

"အိုးဟုတ်သား..ကျုပ်ပြောဖို့ မေမ့နေတာ..ကျုပ်ခု ခင်များပြောတဲ့ စကားတစ်ခွန်းဆီတိုင်းကို အသံဖမ်းထားတယ်နော်..လက်ထောက်မန်နေဂျာလေးက ဘယ်လောက်ထိ စွမ်းနိုင်မလဲဆိုတာ စောင့်ကြည့်ကြတာပေါ့.."

"အသံဖမ်းထားတယ်..."

လျိုရွှမ်းနှင့် သွမ့်ပင်းတို့ မျက်လုံးများ ပြူးကျယ်သွားခဲ့ကြသည်။ မည်သူကမျှ လင်းရီ အသံဖမ်းထားလိမ့်မည်လို့ ထင်မှတ်မထားကြချေ။

အကယ်၍ ထိုအသံသွင်းထားသည့် မှတ်တမ်းသာ အက်တာနက်ပေါ် ရောက်သွားက မနက်ဖြန်ဆိုလျင် တစ်နိုင်ငံလုံး ပျံ့နှံ့သွားပြီး သူမတို့ကို စောင့်ကြိုနေမည့် အရာကတော့ အလုပ်ဖြုတ်စာသာ ‌ဖြစ်ပေလိမ့်မည်။

"သောက်ကလေး..မင်း အသံသွင်းထားတဲ့ ဖုန်းကို ယူလာခဲ့စမ်း...အဲ့တာဆို မင်းကို အသာယာလေးလွှတ်ပေးလိုက်မယ်...မဟုတ်ရင်တော့..."လျိုရွှမ်း ခြိမ်းခြောက်လိုက်၏။

"မဟုတ်ရင် ဘာဖြစ်မှာ...ခင်များ လွှတ်ပေးချင်လည်း ကျုပ်ကတော့ လုံး၀ လွှတ်မပေးဘူး.."လင်းရီ တံခါးအပေါ်က၀၌ မတ်တပ်ရပ်၍ ပြန်ပြောလိုက်သည်။

"ဒီလို ဖြစ်ရပ်မျိုးဆိုတာက တစ်နိုင်ငံလုံးရှေ့မှာ ခင်များကို နာမည်ကြီးသွားစေမယ့် ကိစ္စလေ..."

လျိုရွှမ်း လက်သီးကို တင်းတင်းဆုပ်၍ မျက်လုံးများက မီး၀င်း၀င်းတောက်နေသည်။

"မိုက်မဲတာတွေ မလုပ်ချင်စမ်းနဲ့..ဒါက မေ့ထွမ်အဆောက်အဦးနော်..တကယ်လို့ မင်း အသံသွင်းထားတာက်ု မဖျက်ပေးဘူးဆိုရင် လမ်းလျှောက်ပြန်လို့ရမယ် မထင်နဲ့..."

"ဟမ့်...ကျုပ်ကလည်း ခင်များတို့ထဲက ဘယ်ကောင် လာတားရဲမလဲဆိုတာ သိချင်စမ်းပါဘိ..."

"သွမ့်ပင်း..တစ်ယောက်ယောက် သူ့ကို ရပ်ခိုင်းစမ်း...ထွက်မသွားစေနဲ့..."

"နားလည်ပါပြီ မန်နေဂျာလျို..."

သွမ့်ပင်း သူမဝေါ်ကီတော်ကီကို ထုတ်လိုက်ပြီး ကောင်တာသို့ လှမ်းပြောလိုက်သည်။

"ငါခု တတိယထပ်က စည်းဝေးခန်းထဲမှာ ..ရှိသမျှ လုံခြုံရေး‌တွေ အကုန်ခေါ်ပြီး အပေါ်တက်လာခဲ့..."

"ရထားပါ..."ဝေါ်ကီတော်ကီမှ အသံထွက်လာခဲ့သည်။

သုံးမိနစ်အတွင်း လှေကားထစ်များမှတစ်ဆင့် လုံခြုံရေးအစောင့်အုပ်စုကြီး ချီတက်လာခဲ့လေသည်။

"အဲ့သောက်ကလေးပဲ..သူ့ဖုန်းကို ယူခဲ့ပေးစမ်း.."လျိုရွှမ်း လင်းရီကို ညွှန်ပြ၍ အမိန့်ပေးလိုက်၏။

"နားလည်ပါပြီ မန်နေဂျာလျို..."

ဒါဇင်နှင့်ချီသော လုံခြုံရေးအစောင့်များ အမိန့်နာခံပြီး လင်းရီဆီသို့ တဟုန်ထိုး ချီတက်လာခဲ့ကြ၏။ စကားတစ်ခွန်းမျှ မဆိုပဲ လင်းရီကို ဖမ်းဆီးတော့မည့် အချိန်တွင် "ဘာတွေ ဖြစ်နေကြတာလဲ..."

အသံတစ်သံထွက်ပေါ်လာပြီး လုံခြုံရေးအစောင့်များအား ရပ်တန့်သွားစေခဲ့သည်။

လင်းရီ ခေါင်းထောင်ပြီး ကြည့်လိုက်တော့ ဓာတ်လှေကားထဲမှ ထွက်လာသည့် ဟော်ယွမ်ယွမ် ကို မြင်လိုက်ရ၏။

တစ်ချိန်တည်းတွင် ဟော်ယွမ်ယွမ်လည်း လင်းရီကို တွေ့သွားခဲ့သည်။

သူမ ခေါင်းတဆစ်ဆစ်ကိုက်သွားခဲ့၏။

ဘော့စ်ကလည်း နည်းနည်းလေး ပိုပြီး သာမန်ဆန်ပေးလို့မရဘူးလားဟာ..

ရှင်က ဘီလီယမ်နာတစ်ယောက်လေ...ဘာလို့ ဒီလိုအလုပ်တွေ လုပ်ပြီး ဘ၀အတွေ့ကြုံ ခံစားနေတာလဲတဲ့...စိတ်၀င်စားစရာတွေက မရှိတော့လို့များလား..

ဟော်ယွမ်ယွမ် ယနေ့ မေ့ထွမ်သို့ လာခဲ့ခြင်းမှာ အလုပ်ထွက်စာ တင်ရန်ပင်။

သို့သော်လည်း မထင်မှတ်ထားစွာဖြင့် အောက်ထပ်၌ သူမသူဌေး၏ Koenigsegg ကြီး ထိုးရပ်ထားသည်ကို တွေ့လိုက်ရသည်။

ပထမတော့ သူမ အနည်းငယ် ပဟေဠိ ဖြစ်နေခဲ့၏။

သူဌေးက ဒီဘာလာလုပ်တာလဲပေါ့...

သူမ လှည့်ပတ် မေးမြန်းကြည့်သည့်အခါမှ ယနေ့ရိုင်ဒါများအတွက် ထရိန်နင်ရှိကြောင်း ကြားသိလိုက်ရသည်။

ထို့ကြောင့် သူမ အလုပ်မထွက်ခင် ဤနေရာသို့ အလောတကြီး ပြေးလာခဲ့၏။

သို့သော်လည်း ယခုလို ရုန်းရင်းဆန်ခတ် ဖြစ်နေသည့် မြင်ကွင်းက သူမကို စီးကြိုနေလိမ့်မည်လို့တော့ ထင်မထားချေ။

တစ်ခုခု ဖြစ်သွားမည်ဆိုပါက သူမ သူဌေးအတွက်တော့ ရင်လေးစရာပင်။

"ဥကက္ကဌဟော်..ရောက်လာတာလားဗျ.."

ဟော်ယွမ်ယွမ်ကိုလည်း မြင်ရော လျိုချူး အမြီးကလေးနှံ့၍ ပြေးလွှားကြိုဆိုလိုက်သည်။

"ကျွန်တော် သုံးလေးရက်လောက် မတွေ့လိုက်ရတာကို ‌ဥက္ကဌဟော်ကတော့ ပိုပိုပြီး လှနေတော့တာပဲဗျာ..."

ဟော်ယွမ်ယွမ်မှာ ကျိုးဟိုင် ရုံးခွဲရှိ ဘဏ္ဍာရေးဌာန၏ ခေါင်းဆောင်အရာရှိတစ်ဦးဖြစ်၏။ လျိုရွှမ်းကဲ့သို့သော မန်နေဂျာ အသေးစားလေးများ အံ့တုနိုင်သည့် ပုဂ္ဂိုလ်ကြီး မဟုတ်ခဲ့ချေ။။

"ဘာတွေ ဖြစ်နေတာလဲ..ဒီစိတ်ပျက်စရာ မြင်ကွင်းကြီးကကော ဘာတွေလဲ..."

"ဥက္ကဌဟော် ဒီလိုပါဗျ..ကျွန်တော် အစည်းဝေးလုပ်နေတာကို ဒီကောင်လေးက အသံဖမ်းထားလို့ပါ...မတော်လို့များ သတင်းအချက်အလက်တွေ ပေါက်ကြားသွားရင် တစ်ခုခု ဖြစ်လာမှာဆိုးလို့ ဒီလိုတွေ လုပ်နေရတာပါဗျ..."

"မဟုတ်တမ်းလျာတွေ လာပြောမနေနဲ့ ..အထုပ်တွေ သိမ်းပြီး လစ်လိုက်တော့..."ဟော်ယွမ်ယွမ် မည်သည့်အမူအရာမျှ မပြဘဲ လျိုရွှမ်းကို အလုပ်ထုတ်လိုက်၏။

"စိတ်ချပါဗျ..ဥက္ကဌဟော် အမိန့်ပေးစရာတောင် မလိုဘူး..ကျွန်တော်က ဒီကောင့်ကို အလုပ်ဖြုတ်ပြီးသွားပြီ..သူ့လိုကောင်မျိုးတွေက မေ့ထွမ်ရဲ့ ရိုင်ဒါဆိုတဲ့ ဂုဏ်ပုဒ်ကို ဆောင်ဖို့ အဆင့်မမှီဘူး.."

"ကျွန်မပြောနေတာက ရှင့်ကို အလုပ်ဖြုတ်လိုက်ပိလို့ ပြောတာ ငကန်းရဲ့..ပစ္စည်းတွေသိမ်းပြီး လစ်လိုက်တော့..ကျွန်မအချိန်တွေ လာမဖြုန်းတီးနဲ့..."

"ကျ..ကျွန်တော့်ကို အလုပ်ဖြုတ်လိုက်ပြီ..."

လျို့ရွှမ်း မြေပြင်ပေါ်၌ အမြစ်တွယ်သွားပြီး သူ့နားသူပင် မယုံကြည်နိုင်တော့ချေ။

ဒီလို ကိစ္စမျိုးဆိုတာက မကြာခဏ ဖြစ်နေကြပဲလေ..ဘာလို့ ခုမှ ဘော့စ်က အလုပ်လာဖြုတ်နေတာလဲတဲ့...,

"ဥက္ကဌဟော်..ကျွန်တော် နားကြားများလွဲသွားတာလားဗျ..ကျွန်တော် ဘာမှလဲ မလုပ်ထားဘူးလေ..ဘာလို့ အလုပ်ဖြတ်ခံလိုက်ရတာ..."

"ရှင့်ရဲ့ အပြုအမူတွေက ကုမ္ပဏီရဲ့ ပုံရိပ်တွေကို ညစ်နွမ်းစေတယ်..ရှင့်လိုကောင်ကများ ကျွန်မကို မေးခွန်းပြန်ထုတ်ရဲနေတယ်ပေါ့...တယ်အတင့်ရဲနေပါလား...."

"ဥက္ကဌဟော်...အထင်မလွဲပါနဲ့ရှင်...တကယ်တော့ ဒီကိစ္စက မန်နေဂျာလျိုရဲ့ အမှားမဟုတ်ပါဘူးရှင့်...."

ဟော်ယွမ်ယွမ် သွမ့်ပင်းကို တစ်ချက်ကြည့်လိုက်သည်။

"တော်တန်တိတ်..နင်တို့ နှစ်ယောက်လုံး အထုပ်တွေသိမ်းပြီး လစ်လိုက်တော့..."

သွမ့်ပင်း :....

"ဘာတွေ စောင့်နေတာလဲ..ငါ့ကို နောက်တစ်ခေါက် ပြောစေချင်နေတာလား..."

"မ..မဟုတ် ပါဘူးဗျ..ခုပဲ ၀န်ထမ်းရေးရာ ဌာနကို သတင်းသွားပို့လိုက်ပါ့မယ်.."

လျိုရွှမ်းနှင့် သွမ့်ပင်းတို့ အမြီးလေးကုပ်ပြီး ထွက်ပြေးသွားကြသည်ပို မြင်တော့ ရိုင်ဒါများအားလုံး ပျော်ရွှင်သွားခဲ့ကြသည်။

"ဟော်ယွမ်ယွမ် လင်းရီကို အကြည့်တစ်ချက် ပေးလိုက်ပြီး နှစ်ယောက်အတူ လှေကားထစ်များဆီသို့ ဦးတည်လိုက်ကြ၏။

"ဒါရိုက်တာလင်းရယ်..ကျေးဇူးပြုပြီး ကျွန်မကို မီးတွေ မမွှေးပေးပါနဲ့လား.."ဟော်ယွမ်ယွမ် မျက်ရည်လေးကလယ်ကလယ်ဖြင့် ပြောလိုက်လေသည်။

"ဘယ်တတ်နိုင်မှာ ..ငါ့အကောင့်က ဘန်းခံထားရတယ်လေ..သူတို့က ထရိန်နင်လာဆင်းမှ ဖွင့်ပေးမယ်တဲ့..အဲ့တာကြောင့် ဒီလာခဲ့တာပေါ့ဟ...,"

"အဲ့တာဆိုလည်း ကျွန်မကို ပြောလိုက်ပါလား ရှင်ရယ်..ကျွန်မက အလုပ်မထွက်ရသေးတော့ ခုချိန်ထိ မေ့ထွမ်ရဲ့ CFO ဖြသ်နေတုန်းပဲလေ..တစ်ခွန်းပြောလိုက်တာနဲ့ ရှင့်အကောင့်ကို ပြန်ဖွင့်ပေးလို့ရတယ်...ကိုယ်တိုင်လာတွေ့လိုက်တော့ ဘာဖြစ်သွားမှာမို့လဲလို့..."ဟော်ယွမ်ယွမမ သူမနားထင်ကို လက်ဖြင့် ပွတ်ရင်း ပြောလိုက်လေသည်။

"ခေါင်းဆောင်က ဒီလို ကိစ္စတွေ လုပ်နေတော့ ၀န်ထမ်းဖြစ်တဲ့ ကျွန်မက ဘယ်လောက်တောင် အရှက်ရလဲဆိုတာ ရှင်နားလည်လား.."ဟော်ယွမ်ယွမ် မေးလိုက်၏။

"အဲ့တာကြောင့်မို့ပဲ မင်းကို မပြောတာလေ.."လင်းရီ အိတ်ကပ်ထဲ လက်နှိုက်လိုက်ပြီး "ဘာပဲပြောပြော ငါလည်း ကုမ္ပဏီရဲ့ ဘော့စ်ပဲလေ..ကိုယ့်ရဲ့ လက်အောက်ငယ်သားတွေနားအကူညီတောင်းရမှာ ရှက်တယ်.."လင်းရီ ဟော်ယွမ်ယွမ်ကို ကြည့်ပြီး ဆက်လက်၍ "ဒါနဲ့ မင်းက ဒီကို ဘာလာလုပ်တာ..."

"ဒါရိုက်တာလင်းပဲ ကျွန်မကို နှုတ်ထွက်လိုက်တော့ဆို..အဲ့တာ လာလုပ်တာလေ..တကယ်လို့များ ရှင့်ရဲ့ ကားကိုသာမတွေ့လိုက်လို့ကတော့ ဒါရိုက်တာလင်း ဒီရောက်နေမှန်းတောင် သိမှာ မဟုတ်ဘူး..."

"ကောင်းပြီ..သောက်ရေးမပါတာတွေ ထားလိုက်တော့..မင်းအလုပ်ထွက်စရာရှိတာ သွားထွက်...ပြီးကျရင် အလုပ်ကို သေချာ အာရုံစိုက်ပြီး လုပ်နော်..တစ်ခုခု မှားလို့ကတော့ ပိုက်ဆံ ရမယ် မထင်နဲ့..."

"ဒါရိုက်တာလင်း..ရှင်က လူချောလေး ဆိုတာနဲ့ပဲ လူကို အနိုင်ကျင့်ချင်နေတယ်ပေါ့..."ဟော်ယွမ်ယွမ် မျက်လုံး ဝိုင်းဝိုင်းလေးဖြင့် ပြောလိုက်၏။

လင်းရီ သူမကို ကြည့်၍ "ငါ့ယုံကြည်ချက်တွေက ရုပ်ချောလို့ပဲ မဟုတ်ဘူး.."

"အဲ့တာဆို ဘာလို့လဲ.."

"ငါက ချောရုံတင်မကသေးဘူး..ပိုက်ဆံလည်း ရှိတယ်လေ..."

ဟော်ယွမ်ယွမ် : "....."

ငါ့ဓားဘယ်နားမှာလဲ...

နောက်နှစ်အနည်းငယ်လောက် အသက်ဆက်ရှင်သေးသောကြောင့် ဟော်ယွမ်ယွမ် လင်းရီနှင့် စကားဆက်မပြောတော့ပဲ ၀န်ထမ်းရေးရာ ဌာနသို့ ရောက်လာခဲ့၏။

သူတို့ ရောက်လျင်ရောက်ချင်း နှုတ်ထွက်စာ လာတင်သည့် လျိုရွှမ်းနှင့် သွမ့်ပင်းတို့နှင့် သွားဆုံသည်။

"ဟော်..ဥက္ကဌဟော်...ခင်များ ဒီဘာလာလုပ်တာလဲဗျ..."

သူတို့ နှုတ်ထွက်ပြီး ဖြစ်သော်လည်း အထက်လူကြီးများကို ကြောက်ရွံ့နေသည့် စိတ်အခံကတော့ အချိန်တစ်ခုလောက်အထိ မပျောက်သေးချေ။

အဘယ်ကြောင့်ဆိုသော် လျိုရွှမ်းနှင့် သွမ့်ပင်းတို့က ဟော်ယွမ်ယွမ်ကို ကြောက်ရွံ့လေးစားကြသောကြောင့်ပင်။

ဟော်ယွမ်ယွမ် သူတို့နှစ်ဦးကို ခေါင်းအသာ ငြိမ့်ပြလိုက်ပြီး ၀န်ထမ်းရေးရာ ဌာန၏ မန်နေဂျာကို "ငါ့ကို အလုပ်ထွက်စာ ပြင်ပေစဦး..ငါ အလုပ်ထွက်ဖို့ လာခဲ့တာ..."

လျိုရွှမ်းနှင့် သွမ့်ပင်းတို့ နှစ်ယောက်လုံး ကြက်သေသေသွားကြ၏။

"ခ...ခင်များက နှုတ်ထွက်တော့မယ်..."

"အမှန်ပဲလေ.."လင်းရီ ပြုံး‌လိုက်ပြီး "သူ(မ)က အလုပ်မထွက်ခင် ခင်များတို့နှစ်ယောက်ကိုလည်း အလုပ်ဖြုတ်လိုက်သေးတယ်လေ...ဟီးဟီး အဖော်ရတာပေါ့..."

All Chapters