← Chapters

အလုပ်သစ် စတင်ခြင်း

Vol. 13 Ch. 191

အလုပ်သစ် စတင်ခြင်း

Vol. 13 Ch. 191

"ကျုပ်တို့ကိုပါ အလုပ်ဖြုတ်လိုက်တယ်..."

လျိုရွှမ်းတို့ နှစ်ယောက်လုံး ကျိန်ဆဲ နေကြ၏။

ထွက်မယ်ဆိုလည်း ကိုယ့်ဘာကိုယ် ထွက်လေကွာ..သူများကို အဖော်ခေါ်နေရသေးလားဟ...

ဟော်ယွမ်ယွမ်၏ ရာထူးအရ HR ဌာနမှာ အလုပ်ထွက်စာကို အတည်ပြုပေးရန် အဆင့်မမှီပေ။ ထို့အပြင် သူမ၏ နှုတ်ထွက်စာအတွက် ဥက္ကဌ၏ လက်မှန်လည်း လိုအပ်သေး၏။

ဟော်ယွမ်ယွမ်ကတော့ လိုအပ်သည်များကို အားလုံး ပြင်ဆင်ပြီး ဖြစ်သည်။သို့သော်လည်း သူမ HR ဌာနသို့လာရောက်ခြင်းမှာ လေးစားသမှုနှင့် နှုတ်ထွက်စာ လာတင်ခြင်းပင်။

နှုတ်ထွက်စာအတွက် လုပ်ရိုးလုပ်စဉ်များ ပြုလုပ်ပြီးနောက် လျိုရွှမ်းနှင့် သွမ့်ပင်းတို့ကို လျစ်လျူရှုကာ လင်းရီနှင့်အတူထွက်လာခဲ့သည်။

"အစ်ကိုလျို..ကျွန်မတို့တော့ ကစားခံလိုက်ရပြီ..."သွမ့်ပင်း ပြော၍ "အဲ့ဒီ လင်းရီဆို‌တဲ့ ကောင်လေးက ဟော်ယွမ်ယွမ်နဲ့ သေချယပေါက် ပတ်သက်မှုကောင်းတွေ ရှိရမယ်..အဲ့တာကြီးကတော့ အရမ်းလွန်သွားပြီ.."

"ငါသိတယ်.."လျိုရွှမ်း အသံ တည်ငြိမ်စွာဖြင့် ပြောလိုက်ပြီး "‌ေ-သစမ်း..ဒင်းတို့နှစ်ယောက်လုံးကို လုံး၀ အလွတ်မပေးဘူးကွာ.."

"အစ်ကိုလျိုက ပြန်ပြီး လက်စားချေမှာတော့ မဟုတ်ဘူးမလား.."

"သူ(မ)က အလုပ်ထွက်သွားပြီဆိုပေမာ့် အဆက်အသွယ်တွေကတော့ ရှိနေတုန်းပဲနော်..ကျွန်မတို့ နှစ်ယောက်လုံး ဟော်ယွမ်ယွမ်ကို ပညာပြလို့တော့ ရမှမဟုတ်ဘူး.."

"ဟမ့်...ဟော်ယွမ်ယွမ်ကို သင်ခန်းစာပေးလို့ မရဘူးဆိုပေမာ့် သူ့ဘေးက လင်းရီကိုတော့ စကားကောင်းကောင်းကြီး ပြောလို့ရတယ်လေ... "

"သွားစို့..သူတို့နောက် တိတ်တိတ်ကလေး လိုက်ကြမယ်..အဲ့ကောင် တစ်ယောက်ထဲ ရှိတဲ့အချိန်ကျ နောက်ကနေ အသားကုန်ဗျင်းပြီး ထွက်ပြေးကြစို့.."

လင်းရီ : .....

......

နှစ်ယောက်သား HRဌာနမှ ထွက်လာခဲ့ပြီးနောက် ဓာတ်လှေကားစီး၍ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

"ဒါရိုက်တာလင်း..ရှင်တစ်ခုခု ဖြစ်သွားမှာဆိုးလို့ ကျွန်မ ၀န်ထမ်းနှစ်ယောက်ကိုတောင်မှ အလုပ်ဖြုတ်ခဲ့ရတာနော်...အဲ့ဘို အလိုက်တသိနဲ့ ကာကွယ်ပေးတဲ့ ၀န်ထမ်းမှလေးကို ကျေးဇူးလေး ဘာလေး မဆပ်ချင်ဘူးလား... "

"ငါ့လို ရုပ်ချောပြီး သဘောလည်းကောင်း မနောလည်းအရမ်းကောင်းတဲ့ ဘော့စ်ရှိနေမှတော့ ဘာလိုသေးလို့လဲ...အိပ်မပျော်တဲ့ ညတွေရှိရင် ငါ့ဆီလာခဲ့... သခွားသီးနဲ့ ခရမ်းသီးတွေ အချိန်နည်းနည်းလောက်ချွေတာနိုင်လည်း နည်းတာမဟုတ်ဘူး‌လေ..ကျေးဇူးအ၀ဆပ်ပေးမယ်..."

"ဟွန့်ရှင်က သူဌေးဖြစ်နေပြီးတော့ ကျွန်မက အချိန်ပိုင်း ၀န်ထမ်လေး ဖြစ်နေတာ မဆန်းတော့ပါဘူး.."ဟော်ယွမ်ယွမ် ပြောလိက်ပြီး "ရှင်က အရမ်း အရေထူလို့ကိုး..."

"ဟား.ဟား.....မင်းလည်း နောက်ဆုံးတော့ စီးပွားရေးရဲ့ အဓိပ္ပာယ်ကို နားလည်လာပြီပေါ့..."

ထို့နောက် လေးနက်သည့် လေသံဖြင့် "တစ်ခါက စီးပွားရေး ဂုရုကြီးတစ်ယောက် ပြောဖူးတယ်...မင်းရှက်တတ်ရင် ဘာလို့ စီးပွားရေး လုပ်နေလဲတဲ့..."

ဟော်ယွမ်ယွမ် လေးစားသည့် အနေနှင့် လက်မထောင်ပြလိုက်ပြီး "သူဌေးက အရမ်း တော်တာပဲ..."

ကလင် ကလင် ကလင်...

ထိုအချိန်တွင် ဟော်ယွမ်ယွမ်၏ ဖုန်းမည်လာပြီး လင်းရီ လှမ်းကြည့်လိုက်သောအခါ CEO မှ ခေါ်လာခြင်းဖြစ်၏။

"ဟုတ်ကဲ့..နားလည်ပါပြီ..."

"ကျေးဇူးပါ ဥက္ကဌ‌ကျောက် ...ကျွန်မ ပြောလိုက်ပါ့မယ်..."

"ဘာကြီးလဲ..မင်းရဲ့ သူဌေးက မင်းကို ထွက်မသွားစေချင်ဘူးတဲ့လား.."ဖုန်းချပြီးနောက် လင်းရီ သူမကို မေးလိုက်သည်။

"ဟင့်အင်း...အဲ့တာတွေ အားလုံးက ရှင့်ကြောင့်ပဲလေ.."

"ဟမ်...ဘာဖြစ်လို့လဲ..."

"ရှင့်ရဲ့ အသံသွင်းထားတဲ့ ကိစ္စက ဥက္ကဌနားထဲ ရောက်သွားတယ်လေ...သူက ကျွန်မကို ခေါ်ပြီးတော့ အဲ့ဒီအသံသွင်းထားတဲ့ မှတ်တမ်းလေး ဖျက်ပေးဖို့ တောင်းဆိုခိုင်းလိုက်တာ...ပြီးတော့ ခုလို မသင့်လျော်တဲ့ စနစ်ကြီးကိုလည်း သေချာလေး ပြန်လုပ်ပေးပါ့မယ်တဲ့..."

"အိုကေလေ..."

"ဘာတွေ အိုကေနေတာ..အသံသွင်းထားတာ ဖျက်လိုက်တော့လေ.."

"ဘာကိုဖျက်ရမှာ.."လင်းရီ ပြောလိုက်ပြီး "ငါဘာအသံမှ မဖမ်းထားဘူး..အဲ့နှစ်ယောက်ကို လူပိန်းဖမ်းလိုက်တာ...."

ဟော်ယွမ်ယွမ် : "....."

ဟင်း ..အဲ့ငတုံး နှစ်ကောင်ကလည်း ဘာလို့ ဒါရိုက်တာလင်းကိုမှ ရန်သွားစပါလိမ့်...

"ဒါနဲ့ စကားမစပ် Cisco နဲ့ ပတ်သက်ပြီးတော့ကော ဘာတွေ ထူးပြီလဲ.."

လင်းရီ မေးလိုက်သည်။

"ကျွန်မတို့ လုပ်ငန်းကိစ္စဆွေးနွေးဖို့ မနက်ဖြန် ၉ နာရီလောက် လာခဲ့မယ်လို့တော့ ပြောထားတယ်..."

"ဟိုကောင် ချီရှန်းကျောက်ကော..သူ ဘာတွေလုပ်နေလဲ.."လင်းရီ မေးလိုက်၏။

"သူလား..ရှင် သင်ပေးထားတဲ့ တစ်ပတ်ရိုက်နည်းတွေ တစ်ချိန်လုံး လေ့ကျင့်နေပါသတဲ့ရှင်..."

"ဘာ တစ်ပတ်ရိုက်နည်းတုန်းကွ..အဲ့တာ မင်းသား/မင်းသမီးတွေ သရုပ်ဆောင် တိုးတက်အောင် လေ့ကျင့်တဲ့ နည်းစနစ်ကွ...မသိရင် လျှောက်မပြောနဲ့..."

"ဟုတ်ပါပြီ ရှင်ပြောတဲ့ အတိုင်းပဲ..ဘာပဲဖြစ်ဖြစ် ကျွန်မကို လစာမဖြတ်ရင် ပြီးတာပဲ..ဟီးဟီး..."

ထိုအချိန်တွင် ဓာတ်လှေကားတံခါး ပွင့်လာခဲ့ပြီး စူးရှသော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

"နင်ပဲ..."

လင်းရီ ‌ကြည့်ကြည့်လိုက်သောအခါ သူ့ကို ဆရာကြီးတစ်ပါးကဲ့သို့ ပြုမူဆက်ဆံခဲ့သော ကောင်တာမှ မိန်းကလေး ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

"ငါဘာလဲ ..."

"နင်က ဘာဖြစ်လဲ ဟုတ်လား.."ကောင်တာ မိန်းကလေးမှာ ဒေါသမီးတောက်လောင်နေပြီး "နင်က ဒီတိုင်း ဘာမဟုတ်တဲ့ အီရန်ဘွိုင်းကိုများ ငါ့ရှေ့မှာ သူဌေးဟန် ဆောင်ရဲတယ်ပေါ့လေ..ငါ့ကို အရူးလုပ်ဖို့ လွယ်တယ်လို့များ ထင်နေတာလား..."

ဟော်ယွမ်ယွမ် : "...."

သူဌေးနဲ့ ကောင်တာက မိန်းကလေးလည်း အချင်းများထားတာပဲလား...

သူဌေး..ရှင်က ကုမ္ပဏီလေး တစ်ခေါက်တည်း လာလည်တာလေ..ပြဿနာတွေ ဘယ်လောက်တောင် မီးမွှေးထားတာလဲရှင့်...

"အဟွတ် အဟွတ်..."

လင်းရီ နှစ်ခါလောက် ချောင်းဆိုးလိုက်ပြီးနောက် ဟော်ယွမ်ယွမ်ကို ကြည့်ကာ "သူခုလေးတင် ငါ့ကို ရိုင်းပြထားတယ်ဆိုတော့ ဘာလုပ်သင့်လဲ..."

ဟမ်...

"ဘာလုပ်ရဦးမှာလဲရှင့်..ကျွန်မက အလုပ်ထွက်ပြီးသွားပြီလေ..."ဟော်ယွမ်ယွမ် ညင်တာစွာပြောလိုက်၏။

"စဉ်းစားစမ်း..မဟုတ်ရင် မင်းကို အလုပ်ထုတ်ပစ်လိုက်မယ်..."

ဟော်ယွမ်ယွမ် : "...."

ငါ့ကို ဓားပေးစမ်း....

"အဟမ်း..အဟမ်း.."

ဟော်ယွမ်ယွမ် တည်ငြိမ်‌ဟန်ဆောင်လိုက်ပြီး ကောင်တာမှ မိန်းကလေးကို ကြည့်ကာ "နင့်နာမည်က ဝူထင်း..ဟုတ်တယ်မလား..."

"ဟော်..ဥက္ကဌဟော်...ရှင်တို့နှစ်ယောက်က အချင်းချင်း သိကြတာလား..."

ဟော်ယွမ်ယွမ် နှုတ်ထွက်ပြီး ဖြစ်သော်လည်း ကုမ္ပဏီရှိ လူတစ်ချို့မှလွဲ၍ သိပ်မသိကြသေးပေ။

"ငါတို့ နှစ်ယောက် သိမသိက နင်နဲ့ ဘာဆိုင်လို့လဲ.."ဟော်ယွမ်ယွမ် ပြောလိုက်ပြီး "ငါ့အထင်တော့ နင်လည်း ကောင်တာမှာအလုပ်ဆက်လုပ်ဖို့ မသင့်တော့ဘူးထင်တယ်...အထုပ်တွေ ပိုးပြီး လစ်လိုက်တော့..."

"ကျ..ကျွန်မကို အလုပ်ထုတ်လိုက်တာလား..."

"အမှန်ပဲ..ခုချက်ချင်း HR ဌာနကို သွားလိုက်တော့..."

ထိုသို့ပြောပြီးနောက် ဟော်ယွမ်ယွမ် ဖော်ထုတ်ခံရမည် စိုးရိမ်၍ အရင်ဦးဆုံး ထွက်ခဲ့လိုက်ပြီး စိတ်ထဲတွင်တော့ လင်းရီကို ပယ်ပယ်နယ်နယ် ကျိန်ဆဲ‌နေတော့သည်။

သူမ အချိန်ရပါက နေ့တိုင်း သက်သက်လွတ်စားပြီး ဥပုသ်စောင့်ပေးသင့်၏။ မဟုတ်ပါက ဤကဲ့သို့ သူဌေးမျိုးဖြင့် နေ့တိုင်းတွေ့နေပါက သူမအသက် တိုသွားနိုင်သည်။

အဆောက်အအုံထဲမှ ထွက်ခဲ့ပြီးနောက် ဟော်ယွမ်ယွမ် လင်းရီကိုကြည့်၍ "သူဌေး..ကျွန်မ ရှင်ပေးတဲ့ တာ၀န်ကို မပြီးသေးဘူးဆိုတော့ အဲ့တာလုပ်ဖို့ အရင်သွားတော့မယ်နော်..."ဟော်ယွမ်ယွမ် ပြောလိုက်လေသည်။

"နောက်ခါ ဒီလို ကိစ္စတွေဖြစ်ရင် ကျွန်မကို မခေါ်နဲ့တော့...ကျွန်မ လူဆိုးမကြီး မလုပ်ချင်ဘူး.."

ထို့နောက် လင်းရီကို စကားပြောဖို့ရန်ပင် အခွင့်ရေး မပေးဘဲ သူမ၏ ဒေါက်မြင့်ဖိနပ်များဖြင့် လျင်မြန်စွာ ထွက်သွားခဲ့သည်။

လင်းရီ ကြောဆန့်လိုက်၏။ ယခု အကောင့်လည်း ပြန်ပွင့်ပြီဆိုတော့ မစ်ရှင်ပြီးမြောက်ရန် အော်ဒါများ ဆက်လက်လက်ခံရပေမည်။

"အဲ့မှာ ရပ်စမ်း..."

သူကားသော့နှိပ်ကာရှိသေး ၊ အနောက်မှ ဟန့်တားသံတစ်သံ အသံတစ်သံကို ကြားလိုက်ရ၏။ လှည့်ကြည့်လိုက်သောအခါ စေယနကတွေ့ခဲ့သည့် လျိုရွှမ်းနှင့် သွမ့်ပင်းတို့ ဖြစ်နေလေသည်။

"ဘာလဲ..ကျုပ်ကို ရှာနေတာလား..."

Koenigsegg ကားတံခါးများ ပွင့်လာသည်ကို မြင်တော့ လျိုရွှမ်း နှလုံးခုန်နှုန်း မြန်ဆန်သွားပြီး "ဒါ..ဒီကားက မင်းရဲ့ကားလား..."

"ဘာလို့လဲ..ဖြစ်လို့မရဘူးလား..."

"ရတာပေါ့..ဒါပေမယ့် ပြိုင်ကားကြီးစီးနိုင်ရဲ့သားနဲ့ ဘာလို့ အီရန်ဘွိုင်းကြီး လုပ်နေတာလဲဟ..."

"ပိုက်ဆံက ထားစရာနေရာ မရှိအောင် ပေါသောနေလို့လေ..."

လျိုရွှမ်း : "...."

သွမ့်ပင်း : "...."

လင်းရီ နှစ်ယောက်စလုံးကို သိမ်းကျုံးကြည့်လိုက်ပြီး "ကျုပ်ကိုလိုက်ရှာနေတာလား..."

"အာ...ဘာ...ဘာမှမဟုတ်ပါဘူးဗျာ....."

လျိုရွှမ်း ထိန်လန့်တုန်လှုပ်နေသည်။ စူပါကား စီးနိုင်သည့်လူများမှာ သူထိပါးလို့ရသည့် ပုဂ္ဂိုလ်များစာရင်းထဲ၌ မပါ၀င်ချေ။

"ကျ..ကျွန်တော်က သာယာတဲ့ လမ်းခရီးလေးဖြစ်ပါစေလို့ ပြောချင်ယုံပါဗျ..."

"ကျေးဇူးပဲကွာ..."

လင်းရီ သက်ပြင်းချလိုက်ပြီး "တကယ်လို့ ခင်များသာ ဒီလောက် သဘောကောင်းမှန်းသိရင် ဟော်ယွမ်ယွမ်ကို အလုပ်မဖြုတ်ခိုင်းခဲ့ပါဘူး..."

ထိုသို့ပြောပြီးနောက် လင်းရီ လီဗာပေါ်နင်း၍ မောင်းသွားလိုက်သည်။

လျိုရွှမ်းကတော့ နောက်တွင် ဖုန်အလိပ်လိုက်ရှူရင်း ကျန်ရစ်နေခဲ့၏။

_____

လမ်းပေါ်တွင် ကားမောင်းရင်း အော်ဒါရောက်လာသည့် အသံကို နားစွင့်နေတုန်း သူ၏ စိတ်ထဲ၌ စနစ်၏ အသိပေးစာ ရောက်လာခဲ့သည်။

[ကုမ္ပဏီ၏ စည်းမျဉ်းများ ပြောင်းလဲပြီး အခြေခံ အလုပ်သမားများ၏ ဘ၀ကို ပြောင်းလဲပေးပါ...]

[ဆုလဒ် : အတွေ့ကြုံမှတ် ၃၀၀,၀၀၀ ]

[ အလုပ်ပြီးမြောက်နှုန်း : ၉၀% ]

[ဆုလဒ် : အမေရိကန်ဒေါ်လာ ၂ ဘီလီယမ်...]

လင်းရီ ဘရိတ်အုပ်လိုက်ပြီး အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်နေခဲ့၏။

သူဒီလိုပဲ မစ်ရှင်ကို အောင်မြင်သွားတယ်ပေါ့..

ကုမ္ပဏီ၏ စည်းမျဉ်းများကို ပြောင်းလဲပြီး အောက်ခြေခံ၀န်ထမ်းများ၏ ဘ၀‌ကိုပြောင်းလဲပေးသည်ဟု စနစ်က ဆိုထား၏။ ဖြစ်နိုင်သည်မှာတော့ ထိုအသံသွင်းထားသည့် ကိစ္စပင် ဖြစ်ရပေမည်။

သူမ၏ ဘော့သ်မှာ လင်းရီကို အသံသွင်းထားသည်များ ဖျက်ခိုင်းပြီး စည်းမျဉ်းများကို ပြောင်းလဲပေးပါမည်ဟု ကတိပေးလာ၏။

စနစ် ပြောချင်‌နေသည့် အရာမှာလည်း ထိုကိစ္စပင် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

အခခြေနေတစ်ရပ်လုံးကို နားလည်သဘောပေါက်ပြီး နောက် လင်းရီ ဆုလဒ်ကို ကြည့်လိုက်သောအခါမျက်လုံးများ ပြူးကျယ်လာတော့၏။

အတွေ့ကြုံမှတ် ၃၀၀,၀၀၀

ဒါ သမိုင်းသစ်ပဲကွ...

ဖြစ်နိုင်သည်မှာတော့ သူမရည်ရွယ်ပဲ လုပ်ဆောင်လိုက်သည့်အချက်က ကုမ္ပဏီတစ်ခုလုံးကို အကြီးအကျယ် ပြောင်းလဲသွားစေခဲ့ပုံပင်။

မဟုတ်ပါက ယခုလို အမှတ်အများကြီး ရရှိလိမ့်မည် မဟုတ်ချေ။

သို့သော်လည်း ပိုပြီး အရေးကြီးသည်က သူ၏ အလုပ်ပြီးမြောက်နှုန်းမှာ ၉၀%သို့ ရောက်သွားပြီးဖြစ်၏။

တစ်နည်းအားဖြင့် သူ အလုပ်သစ်ကို စောဖွင့်ချင်ပါက ဖွင့်လို‌ရနေပြီဟူသည့် သဘောပင်။

တစ်ချိန်တည်းတွင် သူ၏ စိတ်ထဲ၌ စနစ်၏ အသိပေးသံ မြည်လာခဲ့သည်။

[ အလုပ်ပြီးမြောက်နှုန်း : ၉၀%]

[သင် အလုပ်အသစ်ကို စောလျင်စွာ ဖွင့်နိုင်ပါပြီ...]

[အလုပ်သစ် ဖွင့်မယ်/မဖွင့်ပါ]

[အလုပ်အကိုင် : ဆရာ၀န်]

[အလုပ်ပြီးမြောက်နှုန်း : ၀%]

[ အလုပ်သစ်လက်ဆောင် : ၁၀ မီလီယမ်ဒေါ်လာ၊ ခွဲစိတ်ခန်းသုံးဓားတစ်ဆင်ဆာ]

All Chapters