Vol. 13 Ch. 192
Vol. 13 Ch. 192
"ဝှက်သယ်ဖက်ခ်...စနစ်က ဆရာ၀န် လုပ်ခိုင်းချင်နေတာလားဟ..."
ထိုအသက်မွေး၀မ်းကြောင်းမှာ အတော်လေးမိုက်သည်ဟု ပြော၍ ရ၏။
လင်းရီအလွန်အမင်း စိတ်လှုပ်ရှားနေသော်လည်း သူ၏ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ထားလိုက်သည်။
သူအသက်မွေး၀မ်းကြောင်းအလုပ် သုံးခု လုပ်ခဲ့ပြီးသော်လည်း နောက်ဆုံးမစ်ရှင်ကိုတော့ တစ်ခုမှ ပြီးမြောက်အောင် မလုပ်ဆောင်ရသေးချေ။ ထို့ ကြောင့်သူ၏ အလုပ်သစ် ဖွင့်ချင်စိတ်ကို အောင့်အီးထားလိုက်၏။
လင်းရီ အလုပ်သစ်မဖွင့်မည် သူ၏ အရင်အလုပ်ဟောင်းမှ နောက်ဆုံးမစ်ရှငါများကို ပြီးမြောက်အောင်လုပ်ဆောင်ရပေမည်။
မဟုတ်ပါက မစ်ရှင်ကြွေးများမှာ စုပြုံးသွားပြီး တစ်ခုမှ မရလိုက်ဖြစ်သွားနိုင်၏။
သိူ့သော်လည်း လင်းရီ ဆရာ၀န်လုပ်ရန် မျှော်လင့်နေဆဲပင်။
ဘယ်ဆေးရုံကျမလဲတော့မသိဘူး..ဟီးဟီး နာ့စ်မချောချောလေးတွေ ကြိုပြေးထားကြနော်... လင်းရီလာတော့မယ်...
[စနစ်မစ်ရှင် : ကြယ်ငါးပွင့်ရီဗျူး ၂၀, ]
[ဆုလဒ် : အတွေ့ကြုံမှတ် ၁၀၀,၀၀၀]
[မစ်ရှင် ပြီးမြောက်မှု : ၁၁/၂၀]
အတွေ့ကြုံမှတ် တစ်သိန်း...
ဆိုလိုတာက ၁၀၀%ရောက်သွားမယ်လို့ ပြောချင်တာပဲမလား...
လင်းရီ စိတ်ထဲတွင် တွက်ချက်မှုမျာ ပြုလုပ်လိုက်သည်။ သူ၏ ကျောင်းဆရာ အလုပ်မှာလည်း ရပ်ဆဲထားသည့် အနေအထား ရောက်နေသောကြောင့် ယခုချိန်မှ ပြန်လည်အသက်သွင်းမည်ဆိုပါကလည်း မဖြစ်နိုင်ချေ။
ထို့ကြောင့် သူ Didi နှင့် အီရန်ဘွိုင်း နှစ်ခုထဲမှ တစ်ခုကိုသာ ရွေးချယ်ရန် အခွင့်ရေး ရှိလေသည်။
အဆုံးတွင်တော့ လင်းရီ လက်ရိ အီရန်ဘွိုင်းကိုသာ အပြီးသတ်ရန် ဆုံးဖြတ်လိုက်၏။
သူနောက်ထပ် ကြယ်ငါးပွင့် ရီဗျူး ကိုးခု ရရှိသွားသည်နှင့် မစ်ရှင်မှာ အောင်မြင်မှာ အောင်မြင်ပြီးဖြစ်၏။ ရိုးရှင်းလှသည်။
သို့သော်လည်း စကားပုံဟောင်းများအတိုင်း ကလေးမပါဘဲနှင့် မြေခွေးကို ထောင်ချောင်မဆင်နိုင်သကဲ့သို့ ဂန်းစတားတစ်ယောက်ကိုလည်း မိန်းမ မပါဘဲနှင့်ထောင်ချောင်မဆင်နိုင်ချေ။
အန္တိမ မစ်ရှင်မှာ ခက်ခဲမှု မရှိသောကြောင့် ဆုလဒ်မှာလည်း အရမ်းကြီး ကောင်းနေမည်တော့ မဟုတ်လောက်။
သိူ့တိုင်အောင် အန္တိမ မစ်ရှင် ဖြစ်နေသောကြောင့် အပြီးတိုင် အဆုံးသတ်ရန် အရင် ဆုံးဖြတ်လိုက်၏။
ထိုအကြောင်း တွေးပြီးနောက် လင်းရီ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းတစ်ချက်ချလိုက်သည်။ သူလုပ်စရာရှိသည်များကို ဖြည်းဖြည်းမှန်မှန် လုပ်သွားရုံဖြင့် ပန်းတိုင်သို့ရောက်သွားမည်မှာ မလွဲဧကန်ပင်။
အချိန်ကိုကြည့်လိုက်သောအခါ မွန်းတည့်နေပြီးဖြစ်၏။
ဘေးဘီဝဲယာကို တစ်ချက်ကြည့်လိုက်တော့ ချောင်ရန်အုပ်စုနဲ့ သိပ်မဝေးတော့ကြောင်း တွေ့လိုက်ရပြီး ဦးလေးကုန်း၏ ဆိုင်တွင် နေ့လည်စာ ၀င်စားရန် ဆုံးဖြတ်လိုက်သည်။
ပညာရှိဉာဏ်ပညာ၏ ဖေးမမှုဖြင့် လင်းရီ အရသာရှိသည့် အစားသောက်ကောင်းများကို ချက်ပြုတ်နိုင်သော်လည်း ဦးလေးကုန်း၏ လက်ရာနှင့် နှိုင်းယှဉ်ပါက အနည်းငယ် လိုနေသေး၏။
အရသာရှိသော်လည်း ရရှိသည့် ခံစားချက်က ကွဲပြားပေသည်။
စိတ်ဆုံးဖြတ်ပြီးနောက် လင်းရီ ချောင်ရန်အုပ်စုနားရှိ လမ်းကြားလေးသိူ့ မောင်းနှင်လိုက်၏။
ကလင် ကလင် ကဘင်
မောင်းနေစဉ် ဖုန်းမြည်လာခဲ့၏။ ကျိုးဟိုင် နိုင်ငံတကာကားပြိုင်ပွဲကွင်းမှ ကျိုးဟိုင်ထောင်ပင်။
"ဘော့စ်လင်း T12 ကို ပြန်ပြင်ပြီးပါပြီခင်ဗျ.....ကျွန်တော် လာပို့ပေးရမလား..ဒါမှမဟုတ် ဒီမှာပဲ ထားထားလိုက်ရမလား.."
"ဟမ်..ပြင်တာ မြန်လှပါလားဟ.."
"ဟုတ်တယ်ဗျ..လိုနေတဲ့ ပစ္စည်းလေးတွေက အပိုရှိနေတော့ ပြင်ရတာ သိပ်မကြာလိုက်ဘူး.."
"ငါခု ရွှမ်ချင်းလမ်း ၁၉၀ မှာ အဲ့ဒီကို လာပို့လိုက်..."
စနစ်မှ သူ့ကို T12 ချီးမြင့်ပြီးနောက် တစ်ခါသာ မောင်းရသေးသော်လည်း ဟိုနှစ်ပြားလိုနေသော ချန်တကျွင်းမှ ဖျက်ဆီးလိုက်သောကြောင့် မက်ကင်းနစ်ထံ ပို့ထားရ၏။ ယခုတော့ ပြန်လည် ပြုပြင်ပြီးဖြစ်သောကြောင့် T12 စီးရင်း လွတ်လပ်သည့် ခံစားချက်ကို ပြန်လည် ခံစားလို့ရပေတော့မည်။
"လမ်းကြားလေးလား.."ကျိုးဟိုင်ထောင် အကျပ်ရိုက်နေသည့် လေသံဖြင့် "ဘော့သ်...လမ်းက တအားသေးနေရင် ကား၀င်လို့ ရမှာ မဟုတ်ဘူးနော်.."
"မင်းကလည်း ဝေးလိုက်တာကွာ..ဘာလို့ ကားနဲ့ လာမှာလဲဟ..တစ်ယောက်ယောက်ကို စီးပြီး လာပို့ခိုင်းလိုက်...စိန်စီရွှေချထားတာလည်း မဟုတ်ဘဲနဲ့....."
"ဟုတ် ဟုတ် နားလည်ပါပြီ..ခုပဲ တစ်ယောက်ယောက်ကို လာပို့ခိုင်းလိုက်ပါ့မယ်...."
လင်းရီ ဖုန်းချပြီးနောက် ရွှမ်ချင်းလမ်းသို့ ဆက်မသွားတော့ပဲ ချောင်ရန်အုပ်စု၏ ကားပါကင်ထိုးသည့် နေရာသို့ မောင်းလာခဲ့လိုက်သည်။
T12 က မကြာမီ ရောက်လာတော့မည် ဖြစ်သောကြောင့် Koenigsegg ကို ဤနေရာ၌ ရပ်ထား၍ ခဏလောက် ဖုန်စုခိုင်းထားရပေဦးမည်။
ကားပါကင်ထိုးပြီးနောက် လင်းရီ ကိုးခြောက်ကိုးသုံးဖြင့် ရွှမ်ချင်းလမ်းကြားထဲသို့ လာခဲ့လိုက်၏။
"အစ်ကိုရီ..."
ကောင်မလေး ကျင်းကျင်းမှာ လင်းရီကိုမြင်တော့ ပျော်ရွှင်စွာဖြင့် လှမ်းအော်လိုက်၏။
"ကောလိပ်၀င်ခွင့်တွေက ဖြေရတော့မှာမဟုတ်လားမနင်က ဘာလို့ဒီမှာ အချိန်တွေ လာဖြုန်းနေတာ..."
"စာကျက်ရတာ ပင်ပမ်းလွန်းလို့လေ..ကျောင်းနားတုန်းလေး ဒီမှာ အပမ်းလာဖြေတာ..."
"အမှန်ပဲ..ဓားသွေးတာက သစ်ပင်ခုတ်တာလောက် မပင်ပမ်းဘူး..အနားလေးဘာလေးလည်းယူပေါ့ကွာ..အဲ့တာမှ လေ့လာရတာ ပိုပြီး အဆင်ပြေတာ..."
"အွန်း..အစ်ကိုရီ ပြောတာ မှန်တယ်..."ကျင်းကျင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး
"အစ်ကိုရီကမှ သမီးကို နားလည်ပေးသေး..ဖေကြီးကတော့ သမီးကို တစ်နေ့လုံး စာကျက်ဖို့လောက်ပဲ ပြောနေတာ..."
"အဲ့တာလည်း မင်းကောင်းဖို့ပဲလေ..။"
"သိပါတယ်နော်.."ကျင်းကျင်း လျှာတစ်လစ်လေးထုတ်၍ ပြောလိုက်သည်။
"အစ်ကိုရီ ဘာလည်းစားမှာ သမီးဖေကြီးကို သွားပြောပေးမယ်လေ..."
"အရင် စားနေကျအတိုင်းပဲ..ဥထမင်းကြော်..ဒီခါတော့ ဒီခါတော့ ဥနှစ်လုံးရယ် ၊ ၀က်ပေါင်ခြောက်များများ လေးရယ် ၊ စပိုက်စီတစ်ထုပ် ထည့်ပေး..."
"ရီလေး..လာလာ...ဒီမှာလာထိုင်..."အန်တီလျို အပြုံးလေးဖြင့် လင်းရီကို ပြောလိုက်သည်။
"လူတောင်တော်တော်ကျနေပါလားဗျ..ကျွန်တော့်ကို နောက်မှ လုပ်ပေးလိုက်နော်..ဘာမှဖြစ်ဘူး ..အန်ကယ်ကုန်းကို သူ့အလုပ်တွေ ပြီးအောင် လုပ်ပါစေဗျာ.."
"ရတယ်..မင်းဦးလေးကုန်းရဲ့ လက်စွမ်းကို မသိတာကျနေတာပဲ....ခုချက်ချင်း ငါ့တူကို ချက်ပေးလိုက်မယ်..."
"ဟုတ်..အဲ့တာဆို အားမနာတော့ဘူးနော်.."လင်းရီ ပြောလိုက်သည်။
"ဦးတို့ သိလာတာတောင် ကြာလှပြီ..အားနာနေတာတော့ မဟုတ်သေးဘူးလေကွာ.."
ထို့နောက် ဦးလေးကုန်းမှ ဥထမင်းကြော် တစ်ပွဲကို ဧည့်သည်ထံ သွားချပေးလိုက်၏။
ကျင်းကျင်းကတော့ လင်းရီဘေးနားတွင်ထိုင်ပြီး သူ့ကို အဖော်ပြုပေးနေလေသည်။
"ကောလိပ်၀င်ခွင့်က ဖြေရတော့မယ်..တက်ဖို့မှန်းထားတဲ့ တက္ကသိုလ်တွေ ရှိလား.."
"အွန်း..ညီမကတော့ ဖူတန်ကို သွားမယ်လို့ စိတ်ကူးထားတယ်.."
"ဖူတန်..."
လင်းရီ တစ်ခဏလောက် စဉ်းစားလိုက်ပြီး "ငါ့ညီမရဲ့ အရည်အချင်းနဲ့ဆို စင်ဟွာတို့ ရန်တက္ကသိုလ်တို့ တက်လို့ရတယ် မဟုတ်ဘူးလား..."
"အွန်း..ညီမသာေသချာလေး လုပ်ရင်တော့ သေချာပေါက် ပြဿနာမရှိဘူး..."
"ဒါပေမယ့် အဲ့ဒီကို သွားမယ်ဆိုရင် အောက်မှာပဲရောက်နေမှာလေ..ဖူတန်မှာဆို ကိုယ်ကြိုက်တဲ့မေဂျာလည်း ယူလို့ရတယ်..ပြီးကျ ကျိုးဟိုင်နဲ့လည်းနီးတော့ အိမ်လည်း အချိန်မရွေးပြန်လာလို့ရတယ်လေ..."
"အင်း..ပြောတာကောင်းတယ်..."လင်းရီ ကျင်းကျင်း၏ ခေါင်းကို ပုတ်ပေး၍ ပြုံးလိုက်ပြီး "ဘာမေဂျာယူဖို့ကော စဉ်းစားထားလဲ..."
"ညီမတော့ ဆေးပညာ လေ့လာချင်တယ်..."ကျင်းကျင်း အပြုံးလေးဖြင့် ပြောလိုက်ပြီး "ဆရာ၀န်တွေ နာ့စ်မတွေ ၀တ်တဲ့ ကုတ်ကြီးတွေက အရမ်းကြည့်ကောင်းတယ်လို့ ထင်တာပဲ.."
"ဆေးပညာလေ့လာတာကတော့ ပြဿနာ မရှိဘူး..ဒါပေမယ့် တစ်ခုတော့ မှတ်ထား..."
"ဆေးပညာ လေ့လာတယ်ဆိုတာက အနည်းဆုံး ငါးနှစ်လောက်တက်ရတယ်..ပြီးတော့ အရမ်းစိတ်ပင်ပမ်းရတဲ့ မေဂျာကြီးနော်..ယူမယ်ဆိုလည်း သေချာလေး စိတ်ပိုင်းဖြတ်ထားပြီးတော့မှ ယူတာကောင်းမယ်..."
"အဲ့လောက်ကြီးလည်း မဆိုးလောက်ပါဘူး.."ကျင်းကျင်း ခေါင်းမော့လိုက်ပြီး "သမီးက ငယ်ကတည်းကနေ ဆေးပညာ ဝါသနာပါတော့ အေးဆေးပဲလေ..."
လင်းရီ : "...."
ဒါက ဉာဏ်ကောင်းတဲ့ ကျောင်းသားနဲ့ သိမ်ဖျင်းတဲ့ကျောင်းသားကြား ကွာဟချက်လား..
"ငါ့မြေးရဲ့ ရုပ်ရည်နဲ့ဆို အတုပညာကျောင်းတက်ရင်လည်း ကြယ်ပွင့်အနုပညာရှင်တစ်ယောက် ဖြစ်လာနိုင်တာပဲမဟုတ်လားကွဲ့..."ဘေးရှိ စားသုံးသူတစ်ဦးမှ မေးလိုက်၏။
"အစ်ကိုကြီးလင်းက ပြောဖူးတယ်..အနုပညာနယ်ပယ်က အရမ်းရှုပ်ထွေးတယ်တဲ့..သမီးတော့ မသွားဘူးလို့ ဆူံးဖြတ်ထားပြီးထား..."
"ဝိုး..တော်တော်လေး စကားနားထောင်တဲ့ ကလေးမလေးပါလား..မဆိုးဘူး မဆိုးဘူး..."
ထိုအချိန်တွင် လင်းရီ၏ ဥထမင်းကြော် ရောက်လာခဲ့သည်။ ထို့ပြင် ဆိုဒါတစ်ပုလင်းလည်း လာချပေးသေး၏။
"မကြာခင် လျှောက်ရတော့မှာမလား..တစ်ခုခု နားမလည်တာရှိရင် မင်းအစ်ကိုကြီးဆီ ပွင့်ပွင့်လင်းလင်း လာမေးလို့ရတယ်နော်..."
အန်တီလျိုမှ လင်းရီကို အပြုံးလေးဖြင့် ကြည့်၍ "ကျေးဇူးပါပဲကွယ်..အန်တီနဲ့ နင့်ဦးလေးက ကျောင်းမနေခဲ့ဖူးတော့ ဒါတွေ ဘာမှ နားမလည်ဘူး..ရီလေးကိုပဲ အားကိုးရတော့မယ်..."
"ဟာဟား...ရပါတယ်ဗျ..ကျွန်တော့်ဖုန်းနံပါတ် ရှိတယ်မလား..အကူညီလိုရင် လှမ်းတာ ခေါ်လိုက်ဗျာ..."
"အဲ့တာဆိုလည်း ကျေးဇူးပါပဲကွယ်..."
"ဟုတ်ဟုတ် အချင်းချင်းတွေပဲဟာကို..."လင်းရီ ကျင်းကျင်းကို ကြည့်လိုက်ပြီး "နင်သာ စာမေးပွဲအောင်ရင် ကွန်ပျူတာတစ်လုံးနဲ့ ဖုန်းအသစ်တစ်လုံး ဆုချပေးမယ်..."
"အာ...ညီမတော့ မယူနိုင်ဘူးနော်..အမေက သူများပေးတဲ့ ပစ္စည်းတွေ အလကား မယူရဘူးတဲ့..."ကျင်းကျင်း ငြင်းလိုက်၏။
"ပြီးတော့ ကွန်ပျုတာနဲ့ ဖုန်းဆိုတာကလည်း ဈေးမပေါဘူး...ဒီတော့ မပေးနဲ့ ယူဘူးနော်..."
"ယူစမ်းပါက...မင်းအစ်ကိုကြီးလင်းက တစ်ခြားသူမှ မဟုတ်တာ..."
ကျင်းကျင်း ဘာမျှ မပြောရသေးခင် အသံတစ်သံ ထွက်လာခဲ့သည်။
"လင်းရီ ..နင်ဘာလို့ ဒီရောက်နေတာလဲ..."
လင်းရီ အသံကြား၍ လှည့်ကြည့်လိုက်သောအခါ အံ့အားသင့်သွားခဲ့၏။ ပြောလိုက်သူမှာ သူ၏ Ex လျိုစီစီပင်။
လျိုစီစီနှင့် ဤနေရာတွင် လာဆုံသောကြောင့် လင်းရီ အတော်လေး အံ့ဩသွားခဲ့၏။
ကျိုးဟိုင်က အကျယ်ကြီးလေကွာ..ဘာလို့သူနဲ့ကျမှ လာလာတိုးနေရတာလဲဟ...
"စီစီ...နင် ဒီအဆင်လေးနဲ့ သိတယ်ပေါ့..."
ပြောလိုက်သူကတော့ စီစီ၏ သူငယ်ချင်း အသစ် ဖြစ်ဟန်ပင်။ သူမတို့ နှစ်ယောက်လုံး မိနီစကတ်တိုများ ..စတော်ကင်အနက်များနှင့် ဆက်ဆီဆန်စွာ ၀တ်စားထားကြ၏။
"သူလား..ငါ့ Exလေ..ငါတို့ တျလာတုန်းက စကားများထားလို့ ခဏလောက် ခွဲနေနေကြတာ... "
လျိုစီစီ လင်းရီနှင့် ပြန်တွေ့ ရသောကြောင့် အံ့ဩသွားပြီ ပျော်ရွှင်နေလေ၏။
ဖြစ်နိုင်တာက နတ်ဘုရားက သူမကို ရှာဖွေပြီးတော့ သူနဲ့ ဆုံစည်းစေတာများလား...
"မဖြစ်နိုင်တာ ...နင်က ဒီလောက်ချောတဲ့ ကောင်လေးနဲ့ ရန်ဖြစ်ရက်သေးတယ်ပေါ့... "
လျိုစီစီနှင့် လင်းရီတို့ ကနေဦး တွဲဖြစ်သွားခဲ့သည်မှာလည်း သူ၏ ချောမောခန့်ညားသော ရုပ်ရည်ကြောင့်ပင်။
သူမ၏ သူငယ်ချင်းများမှာ ယွမ်သိန်းချီ တန်ကြေးရှိသော စိန်လက်စွပ်များ၊ ဇိမ်ခံကားအကောင်းစားကြီးများ စီးနေချိန် သူမ နောက်ဆုံးထွက် ပန်းသီးဖုန်းလေး လိုချင်သည်ကို မ၀ယ်ပေးနိုင်သောကြောင့် လင်းရီ လမ်းအခွဲခံလိုက်ရသည်။
"အာ...ငါတို့ လမ်းခွဲလိုက်တာက ဒီတိုင်း အထင်လွဲသွားလို့ပါဟဲ့ နင်ထင်နေသလို မဟုတ်ဘူး.."
လျိုစီစီ လင်းရီဘေးနား ခွင့်မတောင်းဘဲ ထိုင်ချလိုက်ပြီး ရွှေတုံးရွှေခဲကြီး ပိုက်ထားသကဲ့သို့ မြန်နိုးစွာဖြင့် လင်းရီလက်မောင်းကို ဖက်လိုက်သည်။
အကယ်၍ လင်းရီသာ သူမနှင့်အတူ ပြန်ပေါင်းချင်သည်ဟုဆိုလာပါက အနာဂတ်တွင် ပန်ဂနီထဲ ထိုင်ရရုံတင်မက ပန်နီဆူလာဟိုတယ်၌ပင် နေနိုင်ပေလိမ့်မည်။
ထိုအခါ သူမ အသိုင်းဝိုင်းထဲတွင်တော့ မည်သူက သူမနှင့် နှိုင်းယှဉ်နိုင်တော့မည်နည်း။
"နေဦး..ငါခုမှ သတိရတယ်.."လျိုစီစီ၏ သူငယ်ချင်းအသစ်လေးမှ "နင့်ရဲ့ Ex က အရမ်းချမ်းသာတဲ့ တိုင်ကွန်းကြီးလို့ ပြောဖူးသလားလို့...သူက ပြိုင်ကားကြီးမောင်းပြီး ဟိုတယ်တစ်လုံးလည်း ပိုင်သေးတယ်ဆို..ဒီကောင်တော့ မဟုတ်ဘူးမလား..."
"ဟုတ်တယ်..သူပဲ..."လျိုစီစီ ခေါင်းကော့ရင်မော့၍ ဂုဏ်ဆာနေသည့် လေသံဖြင့်"သူက အရမ်းးအံ့ဩဖို့ကောင်းတယ်မလား..."
"နင်ရူးသွားတာလား..ဒီလောက် ရုပ်ချောပြီး ဘောစိတဲ့ ကောင်လေးနဲ့တောင် လမ်းခွဲပစ်တယ်ဆိုတော့ ..."
"ဘယ်သူက လမ်းခွဲတယ်ပြောလို့လဲ..ငါတို့က စိတ်ကောက်တုန်းလေး ခွဲနေကြတာပါနော်...,နင်ထင်နေသလို မဟုတ်ဘူး.."
လျိုစီစီ လင်းရီကို ဆာလောင်မွတ်သပ်နေသည့် အကြည့်တို့ဖြင့် ကြည့်လိုက်ပြီး "လင်းရီ ငါတို့ ခွဲခွာသွားခဲ့တာတောင် အတော်ကြာနေပြီ ...ဒီနေ့ဒီနေရာမှာ တွေ့တယ်ဆိုတယ် ကံကြမ္မာပဲလားမသိဘူးနော်..."
"အေး...ကံကြမ္မာဆိုရင်တောင်မှ ကံကြမ္မာဆိုးကြီးပဲ ဖြစ်ရမယ်...."