Vol. 13 Ch. 193
Vol. 13 Ch. 193
"ဘာပဲပြောပြော ..အဲ့တာလည်း ကံကြမ္မာပဲလေ.."လျိုစီစီ ပြောလိုက်ပြီး
"နင်သိလား..နင်ငါ့ကို ထားသွားတဲ့နေ့ကစပြီးတော့ တစ်ချိန်လုံး နင့်အကြောင်းပဲ တွေးနေခဲ့တာ..ညညဆို အိပ်လို့တောင် မပျော်ဘူး..."
"အဲ့တာတွေ ငါမသိဘူး.."
အာ...
"နင်ငါ့ကို စိတ်ဆိုးနေတုန်းလား..ငါ့အမှားလည်း ၀န်ခံပြီးပြီလေဟာ..ခွင့်လွှတ်ပေးပါတော့လား လင်းရီရယ်..."လျိုစီစီ လင်းရီ လက်မောင်းကို ဆွဲပြီး ချွဲနွဲ့၍ ပြောလိုက်လေသည်။
"ငါတို့ ရဲ့ Rs သက်တမ်း ဘယ်လောက်တောင် ကြာနေပြီလဲ..ဒါတောင်နင်က ခုထိ စိတ်ဆိုးချင်နေတုန်းပေါ့... "
"အေး .."လင်းရီ တုံးတိကြီး ပြောလိုက်သည်။
"လင်းရီ...နင်ငါ့ကို ခုထိ စိတ်ဆိုးနေမှန်း နားလည်တယ်....အတိတ်တုန်းက နင့်အပေါ် ဆိုးဆိုးရွားရွား ဆက်ဆံခဲ့မိတာတွေကို ငါတကယ် နောင်တရနေပြီ..ဒါပေမယ့် ဘယ်သူက အမှားမကင်းပဲ နေနိုင်မှာလဲတဲ့...အမှားကို သိပြီး ၀န်ခံပေးလိုက်ရင် အဆင်ပြေပြီပဲ မဟုတ်လား..."
"ငါ့ရှေ့မှာ နားထောင်လို့ပဲ ကောင်းတဲ့ စကားတွေ လာမပြောစမ်းနဲ့ ..,ငါတို့ လမ်းခွဲပြီးသွားပြီ..ဒီတော့ ခပ်ဝေးဝေးနေကြရအောင်..."
"မဟုတ်ဘူး..နင်မှားနေပြီ..ငါနင်နဲ့ ဘယ်တုန်းကမှ လမ်းမခွဲချင်ခဲ့ဘူး..ခုလိုနင့်ဆီ ပြန်လာတယ်ဆိုတာကလည်း ငွေကြောင့်မဟုတ်ဘူးနော်...နင်နဲ့ဝေးမှ ငါနင့်ကို မပြတ်နိုင်သေးပါလားဆိုပြီးတော့ နှလုံးသားလေးက သိလာလို့ပါ..."လျိုစီစီ မျက်ရည်များဖြင့် အသနားခံလိုက်သည်။
"ငါ နင့်ကို သတိရတိုင်းအမြဲတမ်း ငိုဖြစ်တယ်သိလား...အတိတ်တုန်းက အဲ့လိုတွေ လုပ်ခဲ့တဲ့ ငါ့ကိုယ်ငါလည်း မုန်းတယ်..နောင်တရလွန်းလို့ ထမင်းလည်း မစားနိုင်..အိပ်လည်းမအိပ်နိုင်..ဆရာ၀န်ဆီသွားပြတော့လည်း ငါက စိတ်ဖိစီးလို့ဖြစ်တာတဲ့..အဲ့တာ နင်ကုပေးမှ ပျောက်တော့မှာ..."
"လျိုစီစီ မင်းငါ့ကို ဘယ်လိုကောင်စားလို့များ ထင်နေတာလဲ..မင်းအကြောင်းလည်း မသိဘူးလို့များ မှတ်နေတာလား..တကာ်လို့ ငါ့ဆီမှာသာ ပိုက်ဆံမရှိလို့ကတော့ နင်ငါ့ကို ဒီလို သောက်ရှက်မရှိ တောက်တဲ့လုပ်နေဦးမှာလား...ငါထမင်းလေး အေးဆေးစားပါရစေကွာ..."
"လင်းရီ..ကျိန်ဆိုလည်း ကျိန်ရဲတယ်...တကယ်လို့ ငါသာ နင့်ကို ငွေကြောင့် ချစ်မြတ်နိုးတာဆိုရင် မိုးကြိုးကြီး ပစ်ပါစေ....,"
လင်းရီ : "...."
မင်းက ခက်ခဲအောင် လုပ်နေတာပဲ...သူ့ဘာသူနေတဒ့ နတ်ကို အလုပ်ရှုပ်အောင် မလုပ်စမ်းနဲ့
"ကောင်းပြီလေ...မင်းက အဲ့လိုပြောလာပြီဆိုမှတော့ အခုငါ့အခွင့်ရေးတစ်ခေါက်လောက် ထပ်ပေးလိုက်မယ်...,"လင်းရီ ဆိုင်ထဲရှိ အခြားစားပွဲဝိုင်းများကို ညွှန်ပြကာ "သွားပြီး စားကြွင်းစားကျန်တွေကို သိမ်းလိုက်..."
"အမ်....သူများစားပြီးသားတွေ သွားသိမ်းရမယ်..."
လင်းရီ သူမကို အခွင့်ရေးပေးမည် ဆိုသောကြောင့် ပျော်ရွှင်နေသော်လည်း အဘယ်ကြောင့် ယခုလို လုပ်ခိုင်းနေလဲဆိုတာတော့ နားမလည်ပေ။
"အေး...ဒီဆိုင်ကလည်း ငါ့အပိုင်ပဲ..."
လင်းရီ ကျင်းကျင်း၏ ဖခင်ကို ညွှန်ပြကာ "ဟိုနားမှာ ရပ်နေတဲ့ ဦးလေးက ငါငှားထားတဲ့ စားဖိုမှူး ဦးလေးကုန်းတဲ့..သူ့ဘေးမှာ ရပ်နေတဲ့သူကိုတော့ အန်တီလျိုလို့ ခေါ်တယ်...ခု မင်းလည်း ဒီဆိုင်မှာ ရှိနေပြီဆိုတော့ ကူညီမဲ့သူတွေ များလာပြီလေ..အဲ့ဒီတော့ ငါလည်း နောက်ထပ်ဆိုင်ခန်းတွေကို တိုးချဲ့လာနိုင်တော့မယ်..."
ကျင်းကျင်း၏ မိဘများကတော့ ကြက်သေသေသွားကြ၏။
သူမတို့ ဘာဖြစ်နေလဲဆိုတာ နားမလည်ကြတော့ပေ။
တခြားတစ်ဖက်တွင်တော့ ကျင်းကျင်းလေးက အထာနပ်ရှာသည်။ သူမ ချက်ချင်းဆိုသလို လင်းရီ ဘာကိုဆိုလိုချင်နေမှန်း နားလည်သွားပြီး "မေကြီး...ဒီ မမက သမီးတို့ကို ကူညီပေးမယ်တဲ့..နောက်ဆို အမေတို့ အေးဆေးနားလို့ရပြီ.."
"အိုး...ကောင်းတာပေါ့ကွယ်..."အန်တီလျိုပြောလိုက်သော်လည်း ရှုပ်ထွေးနေဆဲပင်။
လျိစီစီလည်း ရှုပ်ထွေးနေ၏။ သူမရှေ့ရှိ မြင်ကွင်းက သူမ စိတ်ကူးယဉ်ထားသည်နှင့် တခြားစီ ဖြစ်နေလေသည်။
လင်းရီက ငါ့ကို ပြိုင်ကားကြီးနဲ့ ခေါ်တင်ပြီး ကမ္ဘာအနှံ့ လျှောက်ခေါ်သွားရမှာ မဟုတ်ဘူးလား...
ဘာလို့ ဒီမှာ အလုပ်လုပ်နေရတာလဲ...
"လင်း..လင်းရီ ..ဘာတွေ ဖြစ်နေတာလဲ.. ပန်နီဆူလာဟိုတယ်က နင့်ဟာ မဟုတ်ဘူးလား...ဘာလို့ ဒီမှာ စားသောက်ဆိုင် လာဖွင့်နေတာလဲ.."
"အေး...အခြေနေတွေက မနေ့တနေ့ကလို မဟုတ်တော့ဘူးကွ... ပိုက်ဆံအားလုံး ပလုံသွားပြီး ..အဲ့တာကြောင့် ဒီမှာ ဆိုင်လေး လာဖွင့်နေတာ "
လင်းရီ ထမင်းကြော်ဝါးရင်း ပြောလိုက်၏။
"မြန်မြန် သွားသိမ်းတော့..ခဏနေ မြို့ထိန်းသိမ်းရေး အဖွဲ့၀င်တွေ ရောက်လာတော့မှာ..."
လျိုစီစီ အံ့အားသင့်သွားခဲ့သည်။
မိုးနတ်မင်းကြီး ..ရှင်ကျွန်မကို လာကစားနေတာလား..
ဘာလို့ ဒီေ-သချင်ဆိုးမွဲတဲ့အချိန်ကျမှပဲ ကျွန်မကို လာဆုံတွေ့ပေးရတာလဲ..
"စီစီ..ပြောတော့ နင့် ex က ပြိုင်ကားကြီးမောင်းပြီး ဟိုတယ်ပိုင်တာဆို..."လျိုစီစီ၏ သူငယ်ချင်းကောင်းကြီးမှ အထင်သေးသည့် လေသံဖြင့် ပြောလိုက်ပြီး
"နင့်ရဲ့ ပြိုင်ကားကြီးလို့ခေါ်တဲ့ကားက ချာတူးလံနေတဲ့ မိနီဗန်ကိုလား..ဒီရဲ့ တိုလီမှုတ်စတွေနဲ့ ဆောက်ထားတဲ့ ဆိုင်ခန်းကြီးက ကြယ်ငါးပွင့် ဟိုတယ်ကြီးပေါ့..."
လျိုစီစီရှက်လွန်း၍ တွင်းအောင်းပြီး ပုန်းနေချင်တော့၏။
သူမအတိတ်တွင် သူမ သူငယ်ချင်းများရှေ့၌ အရှက်ရခဲ့ပြီးဖြစ်သည်။ ယခုအခါတွင်လည်း အတိတ်မှနည်းတူ ထပ်မံအရှက်ရပြန်သည်။
ရှက်လွန်းလို့ သေသာသေလိုက်ချင်တော့တယ်...
"ဟိတ် ..အဲ့မှာပဲ ရပ်မနေနဲ့လေ.."လင်းရီ ပြောလိုက်ပြီး "မင်းပဲ ငါနဲ့ ပြန်ပေါင်းစည်းချင်တယ်ဆ်ု..မင်းလည်း ဒီမှာ စီးပွားရေး တစ်စိတ်တစ်ပိုင်းပါတယ်..အိုး ဟုတ်သား မင်းသူငယ်ချင်းကိုလည်း အကူညီတောင်းရင်တောင်းလိုက်ကွာ..ဒီခု လူတွေ အရမ်းကျနေတယ်..သူသာကူညီပေးရင် ပိုကောင်းမှာ.."
"စီစီ..နင့် ex ကြီးက ဘရိန်းချောင်နေတာလား..ငါ့ကိုတောင် သူ့နားအလုပ်လုပ်ခိုင်းချင်နေတယ်ပေါ့..တန်လို့လားလို့..."
"ဟိုက်ရား..အဲ့လိုကြီးမပြောပါနဲ့ဟ..သူငယ်ချင်းကို ကူညီရမှာ ထုံးစံပဲ မဟုတ်လား.."
လင်းရီ အပြုံးလေးဖြင့် ပြောလိုက်သည်။
"တကယ်လို့ မကူညီချင်လည်း ထိုင်ပြီး တစ်ခုခုစားသွားပါလား ..အဲ့တာလည်း တစ်နည်းတစ်ဖုံနဲ့ ကူညီလိုက်တာပဲလေ..သိပ်မများဘူးမလား.."
"ဖွီး..."
လျိုစီစီ သူငယ်ချင်းမှ ရင်ဘက်ရှေ့ လက်ပိုက်လိုက်ပြီး "..ငါ့အဆင့်ငါ့အတန်းနဲ့ ဒီလိုနေရာမှာ စားစရာလား"
"ဒီနေရာက ဘာဖြစ်နေလို့လဲ..လူစားတဲ့နေရာပဲ မဟုတ်လား.."လင်းရီ ပြောလိုက်ပြီး "ဒီနေရာက ဥထမင်းကြော်ဆိုတာ ကြယ်ငါးပွင့် ဟိုတယ်ကြီးတွေကတောင် လက်ရာလိုက်မှီတာမဟုတ်ဘူးနော်..."
"ဟမ့်..နာမည်ကြီးတော့ကော ဘာဖြစ်လဲ..ဒီတိုင်း ဥထမင်းကြော်လေးပဲမလား..နင်တို့လို ငမွဲတွေပဲစားကြ..."လျိုစီစီ၏ သူငယ်ချင်းမှ ပြောလိုက်ပြီး
"ငါထိုင်တဲ့ စားသောက်ဆိုင်တွေ အားလုံးက တစ်ယောက်ကို အနည်းဆုံး ယွမ် ၃၀၀ ပေးရတဲ့ ဆိုင်တွေကြီးပဲ..ဒီလိုဆိုင်ကဟာတွေ စားရင် ငါက အစာမကြေတတ်လို့..."
"တကယ်ကြီးလား..ဒါက အရည်သွေးအရမ်းကောင်းတဲ့ အော်ဂဲနစ် ဥထမင်းကြော်နော်..ကျွန်တော်တို့တောမှာတော့ နာမည်ကြီးပဲ..."
ဖြန်း...
လျိုစီစီ စားပွဲခုံကို လက်ဝါးဖြင့် ရိုက်လိုက်သည်။ ထိုအခါ သူမမျက်နှာပေါ်ရှိ မိတ်ကပ်ဖောင်ဒေးရှင်းတချို့ ပြုတ်ကျလာသည်။
"လင်းရီ...နင်တော်သင့်ပြီ..."
"ဟမ်..ဘာလဲဖြစ်လို့..."လင်းရီ မေးလိုက်၏။
"နင်က ဒီလောက်တောင် အရှက်မဲ့ပါလား..ငါတကယ်ကြီး လူကဲခတ် မှားသွားပြီ.."
"ဟမ်..ဘာကို လူကဲခတ်မှားတာ..."
"ငါ့သပကို အကဲခတ်မှားသွားတာဟေ့.."လျိုစီစီ လိုက်မရှည်တော့ပဲ အော်ဟစ်လိုက်တော့၏။
"ဘယ်ခြေနေထိ ရောက်နေပြီလဲ..ခုထိ အမှိုက်တစ်စ ဖြစ်နေတုန်းပဲလား...ပြီးတော့ ဒီလောက် များပြားတဲ့ ပိုင်ဆိုင်မှုတွေ ရှိတာတောင်မှ အားလုံးကုန်အောင် လုပ်ပစါလိုက်တယ်ဆိုပဲ...၀က်တောင်မှ နင့်ထက် အသုံးကျဦးမယ်... "
"ငါပြောပြီးပြီမလား..အခြေနေမကောင်းလို့ပါလို့...ငါ့ကို အပြစ်တင်လို့မရဘူးလေကွာ.."
"ဖွီး...ကိုယ့်ဘာကိုယ် သောက်သုံးမကျဘူးဆို မကျဘူးပေါ့..ဘာတွေ လာပြောနေတာ..."
လင်းရီ သူ၏ ရယ်ချင်စိတ်ကို ထိန်းလိုက်ရင်း "မင်းခုနကပြောတော့ ငါ့ကို ချစ်လှပါချည်ရဲ့ဆို..ခု ဘယ်လောက်မှတောင် မရှိသေးဘူး..မိချော မင်းရဲ့ စိတ်က တယ်လည်း အပြောင်းလဲမြန်ပါလားကွ.."
"သောက်ရေးမပါတာတွေ..ကိုယ့်ဘာကိုယ် မြှောက်ပင့်မနေစမ်းနဲ့.."
လျိုစီစီ မာန်မဲလိုက်ပြီး "နင်ကိုယ့်နင်လည်း ပြန်ကြည့်လိုက်စမ်း..ငါနဲ့တန်သေးလားလို့..."
"ဘာလို့ မတန်တော့တာ..မင်းငါ့ကို ညာနေတာလား..."လင်းရီ ပြောလိုက်ပြီး "မင်း ငါ့ပိုက်ဆံတွေကိုပဲ စိတ်၀င်စားနေတာမလား..."
"ဟုတ်တယ်..."
လျိုစီစီ ပြောင်ပြောချလိုက်ပြီး "ငါနင့်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်မယ်...ငါက နင့်ရဲ့ ဥစ္စာစည်းစိမ်တွေကိုပဲ စိတ်၀င်စားတယ်..မဟုတ်ရင် နင့်လို သောက်ငမွဲကိုများ အားယားပြီး ချွဲပြမနေဘူး..."
"အာ....အဲ့တာဆို ငါထင်တာ မှားသွားပြီပဲ..."
လင်းရီ သက်ပြင်းချလိုက်၏။
"ဟမ့်...ခုမှ ဒါတွေလာပြောနေလည်းအလကားပဲ..ခဏလေးပဲရှိသေးတယ် ဒီလောက်များတဲ့ စီးပွားရေးလုပ်ငန်းကြီးကို ကုန်းကောက်စရာမရှိလောက်အောင် လုပ်ပစ်လိုက်တယ်တဲ့...ငါ့ကို စီမံခိုင်းရင်တောင်မှ အဲ့လိုတွေ ဖြစ်လာမှာ မဟုတ်ဘူး..."
ဘွန်း.. ဘွန်း...ဘွန်း.......
လင်းရီဘာမျှ မပြောရသေးခင် အဝေးမှ ဆိုင်ကယ်အိတ်ဇောသံကြီး ကြားလိုက်ရသည်။
လှမ်းကြည့်လိုက်သောအခါ သူ၏ T12 ကြီး ဖြစ်နေကြောင်း တွေ့လိုက်ရ၏။
"အသံက အရမ်းနားဆူတာပဲနော်..."ကျင်းကျင်း သူမ နားလေးကို အုပ်လျက် လင်းရီကို ပြောလိုက်၏။
"ဆူလို့လားဟ..ဒီလောက် သာယာတဲ့ အသံလေးကို..."လင်းရီ ကျင်းကျင်း၏ ခေါင်းကို ပွတ်ရင်း ပြုံးလိုက်ပြီး "အစ်ကိုရီက နင့်ကို နောက်ကျ စီးဖို့ ခေါ်သွားပေးမယ် ဟုတ်ပြီလား..."
"အမ်...အစ်ကိုရီ...အဲ့တာက အစ်ကို့ဆိုင်ကယ်ကြီးလား..."
"ဒါပေါ့..."
အဝေးမှ ဆိုင်ကယ်တစ်စင်းရောက်လာသည်ကိုမြင်တော့ လျိုစီစီ မျက်မှောင်ကြုတ်လိုက်မိသည်။
အစက ပန်ဂနီမောင်းနေပိးတော့မှ ခုကျတော့ ဆိုင်ကယ်မောင်းနေရပြီတဲ့လား..
တပယ်ကြီးကို အထည်ကြီးပျက် ဖြစ်နေတာပဲ...
"လင်းရီ နင့်မှာ ရိုးသားမှုဆိုတာ မရှိဘူးလား..မိန်းမငယ်လေးကို ဘာလို့ ဆိုင်ကယ်စုတ်ကြီးနဲ့ ဆွဲဆောင်နေတာလဲ..."
"မင်းပြောနေတဲ့ လေသံကို ငါမကြိုက်ဘူးနော်
ဟျောင့်...ငါအဲ့ဆိုင်ကယ်ကို ပိုက်ဆံအများကြိး ပေး၀ယ်ထားရတာ..."
"ဘာပိုက်ဆံလဲ..ဒီလောက် ဆူညံနေတဲ့ အိတ်ဇောကြီးနဲ့ ဆိုင်ကယ်ကိုများ အများကြီးပေးရတယ်လာလုပ်နေသေး..နင့်တော်ကီတွေက ငါ့ရှေ့မှာ အလားပဲ..."
လင်းရီ ပခုံး တွန့်ရုံမျှသာ တွန့်လိုက်ပြီး "အရူးတွေနဲ့ ပြိုင်မငြင်းဘူး.."
"နင်....."
တစ်ချိန်တည်းတွင် လင်းရီရှေ့သို့ T12 ရောက်လာခဲ့သည်။ မောင်းလာခဲ့သူကိုတော လင်းရီ မြင်ဖူးပေသည်။ ထိုသူမှာ ပြိုင်ပွဲကွင်း၏ ထိန်းသိမ်းစောင့်ရှောက်ရေးတာ၀န်ခံ ကောင်းဖေးပင်။
"ဘော့စ်လင်း.T12 ကို ပြန်ပြင်ပြီးပါပြီဗျ...ပိုမြန်ပိုဟိုက်အောင်လို့ဆိုပြီး တချို့ပစ္စည်းလေးတွေ လဲထားပေးသေးတယ်..."