← Chapters

Vol. 13 Ch. 194

Vol. 13 Ch. 194

Vol. 13 Ch. 194

Vol. 13 Ch. 194

"အင်း မဆိုးဘူး..မက္ကန်းနစ်က အတော်လေးတော့ တော်သားပဲ..ကြည့်ရတာ အရင်အတိုင်းပဲ..."လင်းရီ ကျေနပ်အားရနေသည့် လေသံဖြင့် ပြောဘိုက်သည်။

"အဓိကကတော့ မူရင်းပစ္စည်းတွေနဲ့ ဆေးသားက အတော်လေး ကောင်းနေလို့ပါဗျ..ဒီတိုင်း ဆေးပြန်ဆွဲတာလေးပဲ အတော်ကုန်သွားတာ..တစ်မီယမ်လောက် ကျသွားတယ်....အဲ့ပမာဏနဲ့ဆို ကားတစ်လောက်တော့ အသာလေး၀ယ်လို့ရတယ်..."

လျိုစီစီနှင့် သူမ သူငယ်ချင်းတို့မှာ အံ့အားသင့်သွားကြ၏။

မော်တော်ဆိုင်ကယ်ပို ပြင်တာ တစ်သန်းကျော်ကုန်တယ်....

၀ယ်တဲ့ဈေးဆို ဘယ်လောက်တောင် ရှိလိုက်မလဲ...

"‌အင်း.."လင်းရီ ခေါင်းညိမ့်လိုက်ပြီး "နည်းနည်း ဈေးကြီးတယ်ဆိုပေမယ့် စီးရတဲ့ခံစားချက်နဲ့ ယှဉ်ရင်တော့ တန်တယ် ပြောရမယ်..."

ထို့နောက် လင်းရီ ပြုံးလိုက်ပြီး "ကောင်းပြီ ..ခင်များလည်း ဆိုင်ကယ်လာပို့ပြီးပြီဆိုတော့ တက္ကစီနဲ့ပဲ ပြန်လိုက်တော့လေ..ပြန်ရောက်မှပဲ ကျိုးထောင်ဆီမှာ ပိုက်ဆံ သွားတောင်းလိုက်..."

"ဟုတ်ကဲ့ ကျေးဇူးပါဗျ မစ္စတာလင်း..."

"နေဦး..."

ကောင်းဖေး ပြန်တော့မည့် အချိန်တွင် လျိုစီစီတို့ နောက်မှ လှမ်းတားလိုက်သည်။

"အိုး ဘာများလဲမိန်းကလေးတို့..."

"ခု..ခုနက ရှင်သူ့ကို ဘယ်လိုခေါ်လိုက်တယ်..."

လျို‌စီစီ ယုံမှားသံသယ ဖြစ်နေသည့် လေသံဖြင့် မေးလိုက်သည်။

"ဘော့စ်လင်းလို့ ခေါ်လိုက်တာလေ..ဘာဖြစ်လို့လဲ..."

"သူ...သူက ဒီ ယိုင်နဲ့နေတဲ့ စားသောက်ဆိုင်လေးရဲ့ ပိုင်ရှင်လေ..ဘာကိစ္စလို့ ဘော့စ်လို့ ခေါ်နေတာလဲဟဲ့..."

ကောင်းဖေး မျက်မှောင်ကြုတ်သွားပြီး လျိုစီစီကို ကျပ်မပြည့်သူတစ်ယောက်ကဲ့သို့ ကြည့်လိုက်၏။

ဒီအမျိုးသမီးရဲ့ စိတ်က နည်းနည်းလေး မူမမှန်ဘူးပဲ...

"မိန်းကလေး ပြောတဲ့ စားသောက်ဆိုင်က ဘော့စ်နဲ့ ဘာဆိုင်လဲတော့ ကျုပ်နားမလည်ဘူး..ဒါပေမယ့် ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲကွင်းကတော့ မစ္စတာလင်း ပိုင်ဆိုင်တဲ့ဟာပဲ...ဒီတော့ ကျုပ်သူ့ကို ဘော့စ်လို့ခေါ်ရမှာ သဘာ၀‌ပဲလေ.."

"ဘာ ပြောလိုက်တယ်..."

"ကျိုးဟိုင် နိုင်ငံတကာ ကားပြိုင်ပွဲက သူ့...သူ့ဟာ...."

လျိုစီစီနှင့် သူမသူငယ်ချင်းတို့ အမြီးတက်နင်းခံလိုက်ရသည့် ခွေးများကဲသို့ အလန့်တကြား အော်ဟစ်မိသွားသည်။

"အမှန်ပဲ...မယုံလည်း ကိုယ့်ဘာကိုယ် သွားကြည့်လိုက်ဗျာ...."

ထို့သို့ပြောပြီးနောက် ကောင်းဖေး လှည့်ထွက်သွားလေသည်။

ဘ၀မှာ ကောင်းကောင်းနေချင်ရင် ကျပ်မပြည့်တဲ့သူတွေနဲ့ ကင်းအောင် နေဖို့လိုတယ်...

လျိုစီစီနှင့် သူမသူငယ်ချင်းတို့ အမူအရာ တောင့်တင်းနေပြီး "လင်း...လင်းရီ..နင်...နင်က ကျိုးဟိုင် ကားပြိုင်ပွဲကွင်းကို ၀ယ်လိုက်တာလား..."

"အေး..လေးငါးဘီယမ်လောက်တော့ ပေးရတာပဲ..အတိကျတော့ ငါလည်း မမှတ်မိတော့ဘူး..."

"လေး..လေးငါး ဘီလီယမ်..."

၎င်းကိုကြားလည်းကြားရော လျိုစီစီ ဆံပင်အစွန်ဖျားလေးများ ထောင်ထသွားတော့၏။

ထိုမျှ များပြားသော ငွေပမာဏကြီးကို သူမ အိပ်မက်ထဲတောင် ထည့်မမက်ဖူးပေ...

"နင်...နင်ပြောတော့ မွဲပြီဆို..."

"ဒီတိုင်း မင်းကို စမ်းသပ်နေတာ..."

လင်းရီ သက်ပြင်းချ၍ ဖြည်းညင်းစွာ ပြောလိုက်လေသည်။

"ဒါပေမယ့် မင်းက ဟိုတစ်ချိန်ကအတိုင်း ဖြစ်နေလိမ့်မယ်လို့ ထင်မထားခဲ့ဘူး...မင်းတော့ တကယ့်ကို အမှားကြီး မှားလိုက်တာပဲ..အဲ့လောက် ပိုက်ဆံအများကြီးကို အလကားထိုင်ဖြုန်းရင်တောင် ခဏလေးနဲ့ ကုန်ပါ့မလားဟ..."

"လင်းရီ..နင်သေချာလေးနားထောင်နော်..ခု နင်ထင်သလို မဟုတ်ဘူး.."လျိုစီစီ လင်းရီ လက်ကို ကိုင်၍ "ငါခုနက အဲ့လိုတွေ ပြောတယ်ဆိုတာ နင့်ကို မိုတီရအောင်လို့ပဲ..အဲ့တာမှ နင်မခံချင်စိတ်တွေနဲ့ ကြိုးစားလာမှာလေ..နင်ကောင်းဖို့ အတွက်ပါဟာ..."

"အဲ့တာဆိုလည်း တစ်ယောက်ထဲ ကောင်းနေလိုက်...ကျုပ်မတားဘူး.."

"ဒါပဲလေ..နင်ငါ့ရဲ့ အားထုတ်ပေးမှုတွေကို ခံစားမိတယ်မလား.."လျိုစီစီ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး "ဒီဆိုင်က နင့်ဆိုင်လို့ ပြောလိုက်တယ်နော်...ဒီမှာက တိုးတက်ဖို့ အလားအလာတွေ ရှိလို့ နင်ရင်းနှီးမြုပ်နှံလိုက်တာမလား..နင်စားပွဲထိုးတွေ မခေါ်နဲ့တော့ ငါကိုယ်တိုင် လုပ်မယ်..."

လျိုစီစိ အန်တီလျိုထံမှ လက်သုတ်၀တ်ကို ဆွဲလုလိုက်ပြီး "အန်တီ ဒါတွေ ကျွန်မလုပ်လိုက်မယ် ..ဖယ်ဖယ်..."

"ငါကောပဲ စီစီ...ငါလည်း ကူညီပေးမယ်..."

အန်တီလျိုကတော့ လျိုစီစီတို့ လက်သုတ်၀တ်လုနေသည်ကို ကြည့်ရင်း ကြက်သေသေနေလေသည်။

အောင်မယ်လေး လောကကြီးရေ..စားပွဲထိုးလုပ်ဖို့ ဒီလောက်ထိ စိတ်အားထက်သန်နေတဲ့လူတွေ ရှိသေးတာလား...

"သိပ်မကောင်းဘူး ထင်တယ်နော.."လင်းရီ ပြောလိုက်ပြီး "ဒီမှာ အလုပ်လုပ်တာက မင်းတို့ ပုံရိပ်နဲ့ မကိုက်ညီဘူးလေကွာ..."

"လင်း..နင်ဘာတွေ ပြောနေတာလဲ..ငါလည်း သာမန်လူပဲလေ..ငါ့မှာ ဘာအဆင့်အတန်းမှ မရှိဘူး...နင့်အလုပ် ကူညီပေးရရင်ကို ကျေနပ်ပြီ..."လျိုစီစီပြောလိုက်လေသည်။

"အဲ့တာဆိုလည်း ဒီမှာနေပြီး အလုပ်ကြိုးစားနေလိုက်...ငါအရင် သွားတော့မယ်..."

"သွားတော့မယ်...ငါလည်း နင်နဲ့ လိုက်ခဲ့မယ်...ဒီလောက်လှတဲ့ ဆိုင်ကယ်ကြီး တစ်ခါမှ မစီးဖူးလို့ပါ..နော်..နော်လို့..."

"မင်းပဲ ဒီမှာနေပြီး အလုပ်လုပ်ချင်တယ်ဆို..ငါ့နောက် ဘာလိုက်လုပ်မှာ..."

ထိုသို့ပြောပြီးနောက် လင်းရီ ဆိုင်ကယ်ကို ခွကာ ထွက်သွားလိုက်တော့၏။

လျိုစီစီနှင့် သူမ သူငာ်ချင်းတို့ကတော့ နောက်တွင် ဖုန်ရှူရင်း ကျန်ရစ်ခဲ့လေသည်။

ကလင် ကလင် ကလင်

လင်းရီ သောက်ရမ်းတွေ ဟိုက်နေတုန်း ကျီချင်းရန်မှ ဖုန်းဆက်လာခဲ့၏။

"နင် ကုမ္ပဏီရောက်နေတာလား..."

"ဟမ်..ဟုတ်ပါဘူးဟ..ငါအော်ဒါတွေ လိုက်ပို့နေတာ.."လင်းရီ ပြန်ပြောလိုက်သည်။

"အဲ့တာဆို နင့်ကားက ဘာလို့ ကုမ္ပဏီရဲ့ ကားပါကင်မှာ ရောက်နေတာ..."

လင်းရီ သူမ ဘာကြောင့် ဖုန်းခေါ်လာလဲဆိုတာ နားလည်သွားတော့သည်။ ချင်းရန် သူ့ကားကို မြင်သွားသောကြောင့်ပင်။

"ဆိုင်ကယ်အသစ် ၀ယ်ထားလို့ အဲ့တာမောင်းနေတာ..ကားကျတော့‌လည်း ‌မင်းရဲ့ကုမ္ပဏီနဲ့ နီးနေတာနဲ့ အဲ့မှာ ရပ်ထားလိုက်တာ..."

"အော်...အဲ့လိုကိုး..ငါထင်တာ နင် ကုမ္ပဏီ ရောက်နေတာများလားပေါ့..."

ကျီချင်းရန် အပြုံးလေးဖြင့် ပြောလိုက်သည်။

"စကားမစပ် ဘာလို့ ဆိုင်ကယ်ကြီး ၀ယ်လိုက်တာ..ဆိုင်ကယ်မောင်းရတာ အရမ်းအန္တရယ် များတယ်နော်..."

"မင်းထင်သလောက်လည်း မဆိုးပါဘူးဟ..ငါက ဒီတိုင်း ဝါသနာအရ မောင်းနေတာ..ပုံမှန်လေးပေါ့..."

လင်းဪီ ပြောလိုက်လေသည်။

"ဒါနဲ့ ဥက္ကဌကျီ..အချိန်ရရင် ဆိုင်ကယ် လိုက်စီးဦးမလား.."လင်းရီ မေးလိုက်၏။

"ဥက္ကဌကျီက အစည်းဝေးတက်ရဦးမှာမို့လို့ အချိန်မရသေးပါဘူးတဲ့ရှင်..."ကျီချင်းရန် ပြောလိုက်ပြီး "ဒါပေမယ့် နင့်ကို ဒီလာခဲ့ဖို့ အခွင့်ရေးတော့ ပေးလိုက်မယ်..."

"ဘာလို့လဲ..ကျုပ်လင်းရီက အကျိုးမြတ်မရရင် စောကြီးထရမှာတောင် ပျင်းတဲ့ကောင်စားမျိုးနော်.."

"အဲ့တာဆိုလည်း အော်ဒါတင်ပြီး နင့်ကို ကြယ်ငါးပွင့်ရီဗျူး ပေးမယ်လေ.."

"အိုကေပြီ..ကျုပ်ခု ရွှမ်ချင်းလမ်းမှာ ငါးမိနစ်အတွင်း ဂိတ်ပေါက်၀ဆီ ရောက်နေစေရမယ်..."

ယခု အချိန်တွင် ကြယ်ငါးပွင့်ရီဗျူးမှာ လင်းရီအတွက် အသက်တမျှ အရေးကြီးနေလေသည်။

ကျီချင်းရန်၏ ကြယ်ငါးပွင့်ရီဗျူးနှင့် ဆိုပါက သူ၏ အန္တိမ မစ်ရှင်အတွက် ကြယ်ငါးပွင့်ရီဗျူး ရှစ်ခုသာ ရရန် လိုအပ်တော့သည်။

"အင်း..အဲ့တာဆိုလည်း ကုမ္ပဏီပေါက်၀မှာ စောင့်နေဦးနော်..ငါခု စကတ်၀တ်ထားလို့ ..ဘောင်းဘီ လဲလိုက်ဦးမယ်..."

"စကတ်၀တ်လည်း ကောင်းတာပဲမဟုတ်လား..ဘာလို့ လဲနေဦးမှာလည်း...အချိန်သပ်သပ် ဖြုန်းနေသေးတယ်..."

"နင်ကမှ အချိန်ဖြုန်းတဲ့ကောင်လေ.."ကျီချင်းရန် ပြောလိုက်ပြီး "ငါက မော်တော်ဆိုင်ကယ်ကို စကတ်၀တ်ပြီး ဘယ်လိုခွရမှာ..."

"အမ်....ရတယ်မဟုတ်ဘူးလား..."လင်းရီ ပိန်းဟန်ဆောင်၍ မေးလိုက်၏။

"ခစ်ခစ် နင်က အရမ်းပိန်းတာပဲ.."

ထို့သို့ပြောပြီးနောက် ကျီချင်းရန် လင်းရီကို စကားပြောရန်ပင် အခွင့်ရေးမပေးဘဲ ဖုန်းချလိုက်တော့၏။

လင်းရီ ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ပြီး ချောင်ရန်အုပ်စုသို့ ဦးတည်လိုက်တော့သည်။

"ဟျောင့်ရေ..ဆိုင်ကယ်ကြီးက ဂျလန်းကြီးဟ..."

ဂိတ်စောင့်နေသော အနည်းငယ်၀ဖိုင့်ဖိုင့်ရှိသည့် လုံခြုံရေး၀န်ထမ်းတစ်ဦးမှ ပြောလိုက်လေသည်။

"လန်းတာထက်ကို ပိုတယ်ကွ..ဒီတိုင်း ရိုးရိုးလေးနဲ့ကို လန်းလွန်းနေတာ ...ဘယ်လိုလန်းလို့ လန်းမှန်းကို မသိပါဘူးကွာ..."

"ငါခန့်မှန်းမိသလောက်ဆိုရင်ရတော့ ဒီလိုဆိုင်ကယ်မျိုး ၀ယ်ဖို့ဆို.. ယွမ်သိန်းဂဏန်းလောက် မပေးဘဲနဲ့ ၀ယ်လို့ရမှာ မဟုတ်လောက်ဘူးကွ.."အနည်းငယ် ပိန်ပါးသော လုံခြုံရေး အစောင့်မှ ပြောလိုက်လေသည်။

"အေး..ငါလည်း အဲ့လောက် ပေးရမယ် ထင်တာပဲ..."

"ဒီလိုဆိုင်ကယ်မျိုး မောင်းနိုင်တဲ့ကောင်ဆိုတော့ ချမ်းသာတဲ့ကောင်ပဲ ဖြစ်ရမယ်..ငါတို့ ကုမ္ပဏီရှေ့မှာ လာရပ်ထားတယ်ဆိုတော့ ဟျောင့်ရေ..ဘော့စ်ကျီကို လာကြိုတာများလား မသိဘူးဟ..."

"မဖြစ်နိုင်ဘူးနော...ငါတို့ ဘော့စ်ကျီက အညှာလွယ်တဲ့ မိန်းမ မဟုတ်ဘူး..."ပိန်ပါးသည့် လုံခြုံရေး၀န်ထမ်းမှ ပြောလိုက်သည်။

"ဘော့စ်ကျီနဲ့ လိုက်ဖက်ဖို့ဆို အနည်းဆုံးတော့ ပန်ဂနီလေးနဲ့မှ..ဒီဆိုင်ကယ်က ဈေးကြီးတယ်ဆိုပေမယ့် ဘယ်လောက်ပေးရမှာမို့လို့လဲကွာ..ပန်ဂနီနဲ့ယှဉ်ရင် ကွာနေတုန်းပဲ..."

"အဲ့လို တသတ်မှတ်တည်းကြီးတော့ ပြောလို့မရဘူးလေကွာ...ငါတို့ ဘော့စ်ကျီက ဒီလို ဆိုင်ကယ်နဲ့ ခပ်လန်းလန်းကောင်လေးတွေကို ကြိုက်တာလည်း မဖြစ်နိုင်ဘူးလား..."

"လာနောက်နေတာလား..မင်းတို့လို ခုမှလာတဲ့ကောင်တွေကတော့ ဘာမှမသိပါဘူးကွာ..."ပိန်ပါးသည့် လုံခြုံရေး ၀န်ထမ်းမှ "ဘော့စ်ကျီဆိုတာက ငါတို့ ၀န်ထမ်းတွေ ရင်ဘတ်ထဲက အလှနတ်သမီးလေးကွ..အလှနတ်သမီးက ဘာလဲဆိုတာကော သိလား..စကတ်ရှည်နဲ့ နတ်သမီးလိုမျိုး အရှိန်အဝါတွေ ရှိနေတာကို ပြောတာကွ...အဲ့လို နတ်သမီးလေးက ဘယ်လိုလုပ် ဒီလို ရိုင်းဆိုင်းတာကြီးတွေ ကြိုက်မှာ..."

"အဲ့လိုလည်း မဟုတ်သေးဘူးနော...လူဆိုတာက မျက်နှာနှစ်ဖက်ရှိတာပဲလေကွာ..."အစောင့်ဖက်တီးကြီးမှ ပြောလိုက်လေသည်။

"ရတယ်.. အဲ့တာဆို ဒီကောင်က ဘော့စ်ကျီကို လာကြိုတာ ဟုတ်မဟုတ် လောင်းကြေးချမလား.."

"ပြဿနာမရှိဘူး..‌တလောတုန်းကမှ ဖွင့်ထားတဲ့ မာဆက်မှာ တစ်ဆက်ရှင်ကြေးကွာ..."

"ရတယ်..."

ဆယ်မိနစ်ကြာပြီးနောက် ကျီချင်းရန် ဘွတ်ဖိနပ်စီး၍ သူမ၏ အိတ်နှင့်အတူ ထွက်လာခဲ့သည်။

လင်းရီ သူမကို ကြည့်လိုက်ပြီး လုံး၀ မှင်တက်သွား၏။

သူ အပြာရောင်ဂျင်းပန်..အနက်ရောင်‌ဘွတ်ဖိနပ်၊ အဖြူရောင်ဂျက်ကတ်တို့ကို ၀တ်ဆင်ထားပြီး နေကာမျက်မှန်တစ်လက်ကိုလည်း သူမနှာတံပေါ်တွင် တပ်ဆင်ထားသည်။

အရမ်းမိုက်တဲ့ ဖက်ရှင်ပဲ...

"ဘယ်လိုလဲ ကြည့်ကောင်းရဲ့လား...ရှင့်ရဲ့ မော်တယ်ဆိုင်ကယ်ကြီးနဲ့ လိုက်မယ်လို့တော့ ထင်တာပဲ..."

"‌ေ-သွးထွက်လောက်အောင်ကို လန်းတယ်..."

"ဟီးဟီး ငါကြားချင်တာလည်း အဲ့တာပဲ.."ကျီချင်းရန် သူမ အိတ်ကို လွယ်လိုက်ပြီး "အရှေ့ကိုတိုး ..ငါတက်မလို့.."

"နေရာပေးထားပြီးသားလေ..ဒီထက်ဆက်တိုးနေရင် ဆီဖြည့်တဲ့နေရာပေါ် တက်ထိုင်ရတော့မှာ..."

"ဟာ..ဒီလောက်ကျဉ်းကျဉ်းလေးကို ဘယ်နားသွားထိုင်ရမှာတုန်း..နဲနဲ‌တိုးပေးဦး..."ကျီချင်းရန် ညင်တာစွာ ပြောဘိုက်၏။

လင်းရီ တစ်ချက်စဉ်းစားကြည့်ပြီးနောက် နားလည်သွားတော့သည်။ ထို့နောက် ရှေ့သို့ နည်းနည်း။ဆိုးပေးလိုက်၏။

"အကြည့်တစ်ချက်နဲ့ ကိုယ်၀န်ရသွားစေရမယ်"

All Chapters