← Chapters

Vol. 13 Ch. 195

Vol. 13 Ch. 195

Vol. 13 Ch. 195

Vol. 13 Ch. 195

‌"ကောင်စုတ် ..ဘာတွေ လျှောက်ပြောနာ.."

ကျီချင်းရန် မျက်စောင်းထိုးလိုက်ပြီး ဆိုင်ကယ်ပေါ်သို့ တက်ခွလိုက်၏။

"ခဏ ငါအော်ဒါတင်လိုက်ဦးမယ်..."

လင်းရီနှင့် ကျီချင်းရန်တို့ကတော့ အော်ဒါတင်ခြင်းနှင့် ဖမ်းခြင်းတို့ကို နေသားကျနေလေသည်။

၎င်းက လင်းရီကို သူခရီးသည်တင်နေရသကဲ့သို့ခံစားရစေ၏။

"ဆိုင်ကယ်ဦးထုပ်ဆောင်းလိုက်ဦး..."လင်းရီ သူ့ဦးထုပ်ကို ချွတ်ရင်း ပြောလိုက်သည်။

"တော်ပြီ..ငါမဆောင်းတော့ဘူး.."

"ဘာလို့လဲဆောင်းရတာ မကြိုက်လို့လား.."

"အွန်း.."ကျီချင်းရန် ပြောလိုက်ပြီး "ငါဆောင်းလိုက်ရင်ဆံပင်တွေက ရှုပ်ပွကုန်လို့..."

"ဒါပေမယ့် လေတိုက်ရင်လည်း ဆံပင်တွေက ရှုပ်သွားမှာပဲမဟုတ်ဘား.."

"အဲ့တော့လည်း နင်က ဖြည်းဖြည်းမောင်းပေါ့..ငါ့မှာ အချိန်အများကြီးရှိတယ်..နင်ဖြေးဖြေးမောင်းလို့လဲ နောက်မကျသွားဘူး.."

"ကောင်းပြီလေ.." လင်းရီ စက်နှိုးလိုက်ပြီး "သေချာကိုင်ထားနော်..."

"အိုကေ သေချာကိုက်ထားတယ်...ယာလော့ ဆီမောင်းတော့..."ကျီချင်းရန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ သူမ ဆိုင်ကယ်စီးဖူးသည်မှာ ယခုမှ ပထမဆုံးအကြိမ်ပင်။

"ဟိုက်..ဘာလို့နေ့ခင်းကြောင်တောင်ကြီး ငါ့အင်္ကျီ လာဆွဲနေတာလည်းဟ..."

"နင်ပဲ သေချာကိုင်ထားဆို.."

"မင်းကို ခါးဖက်ခိုင်းတာ..အင်္ကျီဆွဲခိုင်းထားတာ မဟုတ်ဘူး.."လင်းရီ ပြောလိုက်ပြီး "ဒါက ဆိုင်ကယ်..မြင်းမဟုတ်ဘူးဟ..."

ကျီချင်းရန်ကတော့ လင်းရီ လျှောက်ပြောနေသည်ကို ဘာမှ နားမလည်ဘဲ အရှက်သည်းစွာဖြင့် "အာ..ဆော..ဆောတီးနော်..."

"ပြောလည်း အသုံးမ၀င်ဘူး.. "လင်းရီ အတွန့်တက်လိုက်ပြီး "ငါ့နှုတ်ခမ်းကိုတောင် နမ်းပြီးပြီမလား..ဒါတွေ ပြောနေစရာ လိုသေးလို့လား.."

"လင်းရီ ကောင်စုတ်..နင်‌ေ-သချင်နေပြီလား.."

ကျီချင်းရန် လင်းရီကို ဆွဲဆိတ်လိုက်ပြီး "နင် ပေါက်တတ်ကရ ဆက်ပြောနေမယ်ဆိုရင် မကောင်းတဲ့ရီဗျူး ပေးပစ်မှာနော်..."

"ကောင်းပါပြီဗျာ....ခင်များလေးကသာ အရာရာပါပဲ..မြန်မြန် ငါ့ကိုဖက်ထား..နောက်မှာ ကျကျန်နေခဲ့ရင် တာ၀န်မယူဘူးနော်..."

"အိုး..အိုကေ.."

ကျီချင်းရန် ကိုယ်ကို ရှေ့သို့ မှီလိုက်ပြီး လင်းရီခါးကို ဖက်လိုက်၏။

"ဟစ်..."

လင်းရီ ကိုယ်တစ်ချက် တွန့်သွားသည်။

"ဘာဖြစ်လို့လဲ..ငါအားသုံးတာ များသွားလို့လား..."

"မဟုတ်ဘူး.."လင်းရီ ပြောလိုက်၏။

ဟမ်...

ကျီချင်းရန် သဘောပေါက်သွားပြီး ကြက်သေသေသွား၏။

"နှာဘူးကောင် နင် ညစ်တီးညစ်ပတ်တွေ လျှောက်တွေးနေတာပဲ..မြန်မြန်မောင်းတော့..မဟုတ်ရင် နောက်ကျတော့မှာ...."

"အိုကေပါ.."

ကျီချင်းရန်၏ ဆံနွယ်လေးများ ရှုပ်ပွသွားမည်ဆိုးသောကြောင့် လင်းရီ မဟိုက်နိုင်ပဲ နှေးကွေးစွာ မောင်းနေရတော့၏။

တစ်ခါတစ်ရံ စက်ဘီးစီးလာသူများကတောင် သူ့ဘီးကြီးကြည့်ပြီး လှောင်သွားကြတော့၏။ ထိုအခါမှသာ လင်းရီလည်း အားကျမခံ ပြန်ကျုံးတော့သည်။

"လင်းရီ ရှေ့မှာ မီးနီနေ‌တယ်လေ.."ကျီချင်းရန် ပြောလိုက်ပြီး "ရပ်တော့လို့...."

"နီနေတော့ကော ဘာဖြစ်လဲ..ငါတို့က ဆိုင်ကယ်စီးလာတာလေ..မီးနီလို့ ရပ်လိုက်ရင် ရာဇ၀င်ရိုင်းသွားမှာပေါ့ဟ..."

"အဲ့တာက တရားမ၀င်ဘူးနော်..."

"သီအိုရီအရတော့ မီးနီဖြတ်မောင်းတာက တရားမ၀င်ဘူး.."လင်းရီ လေးနက်စွာဖြင့် ပြောလိုက်ပြီး "ဒါပေမယ့် ငါတို့ ကင်မရာမှာ ဖမ်းမိရင်တောင် ဘာဖိုင်းကြေး..ဘာအမှတ်မှလည်း အနှုတ်မခံရဘူးလေ..အဲ့တော့ ဘာကြောက်စရာ ရှိလို့လဲ.."

"ဒါပေမယ့် ငါတော့ မီးနီရင် ရပ်တာက ပိုကောင်းတယ်လို့ ထင်နေတုန်းပဲ..."

"ဘာလို့ ရပ်ဖို့ပဲပြောနေတာ..မင်းခုမှ ဆိုင်ကယ် စီးဖူးတာလား.."

"မဟုတ်ဘူး..ဘာလို့လဲဆိုတော့ ရှေ့မှာ မော်တော်ပီကေ ရှိနေလို့လေ..."

လင်းရီ လှည့်ကြည့်လိုက်သောအခါ မော်တော်ပီကေမှ သူ့ကို ပြုံးပြနေကြောင်း တွေ့လိုက်ရ၏။

ဟိုက်..သွားပြီ...

လင်းရီလည်း ဆိုင်ကယ်ရပ်ပြီး တောင်းပန်လိုက်ရတော့သည်။

လင်းရီ၏ အပြုအမူ သိပ်မဆိုးသည်ကိုမြင်တော့ မော်တော်ပီကေလည်း ဘာမျှမပြောဘဲ ပြန်လွှတ်ပေူလိုက်၏။

သို့သော်လည်း စိတ်ထဲတွင်တော့ တိတ်တဆိတ် ကျိန်ဆဲနေလေ၏။

ဒီချမ်းသာတဲ့ ဒုတိယမျိုးဆက်တွေကတော့ အလှလေးမြင်တိုင်း သူတို့ ခြေရာလက်ရာတွေကြီးပဲ..

BMWမှာ ညာဘက်၌ ရှိနေပြီး လန်ရိုဗာမှာ ဘယ်ဘက်၌ ရှိနေသော်လည်း အလယ်ရှိ ဆိုင်ကယ်လောက်တော့ တန်ကြေးမမြင့်ပေ။

"ညေး...စော်လေး မဆိုးဘူးနော်..."

လင်းရီ မီးနီစောင့်နေတုန်း BMW ကားပိုင်ရှင်မှ ပြောလိုက်၏။

"ဘာလို့လဲ..မနာလိုတာလား..."

"မနာလိုတာပေါ့ကွ..ငါက BMW7 ကြီး စီးနေတာတောင်မှ ခုထိ သောက်စင်ဂယ်ဖြင်နေတုန်းပဲ.."

"အဲ့တာတော့ ဘယ်တတ်နိုင်မလဲ..စော်ရချင်ရင် ရုပ်ချောဖို့ လိုတယ်..."

"ဖက်ခ်...မင်းကို ဒဗလယ်ယီးပဲလို့..."BMW ကားပိုင်ရှင်မှ လက်ခလယ် ထောင်ပြလိုက်၏။

"တကယ်တော့ ငါ့မှာ နည်းလမ်းရှိတယ်...ဒါပေမယ့် ပြောပြရင်လည်း မင်းလက်ခံနိုင်မှာ မဟုတ်ဘူး.."

"ဘာနည်းလမ်းလဲ..."

"ငါက တစ်ညကို ခုနစ်ချီကျုံးနိုင်တယ်..မင်းသာ ငါ့လောက်နီးနီးတော်ရင် စော်ရနေလောက်ပြီ..."

"ငိုးပဲ..ဘ၀ကြီးက သာယာလှပါလားကွ..."

BMWကားပိုင်ရှင်မှာ ထိခိုက်မှု တစ်ဘီလီယမ်လောက် ခံလိုက်ရသကဲ့သို့ နှုတ်ဆိတ်သွားတော့သည်။

"ဘာလဲဟျောင့် မင်းက စော်အလန်းလေး တင်ပြီးတော့ ‌ဖျင်ခေါင်းကျယ်ပြနေတာလား..."

ပြောလိုက်သူကတော့ ဘယ်ဘက်ရှိ လန်ရိုဗာကားပိုင်ရှင်ပင်။ သူ ကျီချင်းရန်ကို ကြည့်မိသည့် အချိန်တိုင်း ရင်ထဲမှ တဆစ်ဆစ် နာကျင်နေ၏။

ဒီလောက် လှရက်တဲ့ကောင်မလေးက ဘာလို့ ဆိုင်ကယ်ကြီး စီးနေတာလဲကွာ...

"ဘာလဲ မနာလိုတာလား..."

"ဘာမနာလို စရာရှိလို့လဲ.."

လန်ရိုဗာ ကားပိုင်ရှင်မှ အထင်မြင်သေးစွာပြောလိုက်ပြီး "ငါ့မှာငွေရှိနေရင် ကြိုက်တဲ့မိန်းကလေး ရှာလို့ရတယ်...မင်းကောင်မလေးကိုလည်း သတိထားဦး..အကောင်ကြီးကြီးနဲ့တွေ့ရင် ပြန်ပေးဆွဲခံနေရဦးမယ်..."

"ဘာလဲကွ..မင်းက လန်ရိုဗာလေး စီးနိုင်တာနဲ့ပဲ ငါရဲ့စကူတာလေးကို အထင်သေးတာလား.."လင်းရီ ခါးမတ်လိုက်၏။

"ငါ့ကောင်က စကူတာနဲ့ တူချင်တူမယ်..ဒါပေမယ့် မင်းရဲ့ လန်ရိုဗာထက်တော့ မနှေးဘူး..."

"ညေး လာနောက်နေလား..ငါက နှစ်မီလီယမ်ကျော်တဲ့ လန်ရိုဗာကြီး စီးနေတာနော်..."

"မယုံရင် ပြိုင်ကြမလား..."

"ပြိုင်မယ်လေ...ရှုံးတဲ့ကောင်ကတော့ အရှက်ကွဲမှာပဲ..."လန်ရိုဗာကားပိုင်ရှင်မှ ပြောလိုက်၏။

"ခုကနေ စကြမလား.."

"စမယ်..."

လန်ရိုဗာကားပိုင်ရှင်မှာ ချက်ချင်းသဘောတူလိုက်ပြီး သူ၏ လီဗာကို လင်းရီမျက်နှာကြီး တက်နင်းနေသည့်အလား အားရပါးရ နင်းနေတော့၏။

"ဟေးဟေး ညေး ဟိုမှာ မီးနီနေ‌တုန်းလေကွာ.."

ခရိခ်..

လန်ရိုဗာကားပိုင်ရှင်မှာ ချက်ချင်းရပ်လိုက်တော့၏။ လင်းရီပြောသံ ကြားသောကြောင့်တော့ မဟုတ်ဘဲ မော်တော်ပီကေကို မြင်လိုက်သောကြောင့်ပင်။

"ဆရာ ခင်များရဲ့ ဒရိုင်ဘာလိုင်စင်လေးပြပေးလို့ရမလား..ပြီးတော့ ယွမ်၂၀၀နဲ့ ဆိုရှယ်မှတ် ခြောက်မှတ်နှုတ်ပါမယ်..."

တစ်ချိန်တည်းတွင် မီးပွိုင့်မှာလည်း အစိမ်းရောင်ပြောင်းသွားခဲ့၏။

လင်းရီ ဖြည်းဖြည်းလေးမောင်းလိုက်ပြီး လန်ရိုဗာကားပိုင်ရှင်ကို လက်ရမ်းပြကာ."ငါ့ကို အနိုင်ပေးလို့ကျေးဇူးပဲနော်.."

ကျီချင်းရန်ကတော့ ပါစပ်လေးအုပ်ပြီး တခစ်ခစ် ရယ်မောနေတော့၏။

လန်ရိုဗာကားပိုင်ရှင်တော့ ခံရခက်လိုက်မယ့်ဖြစ်ခြင်း။

နင်က လင်းရီနဲ့ ကစားဖို့ နုပါသေးတယ်...

"ဟျောသ့် မင်းမှာ ဘောတွေရှိတယ်ဆိုရင် မသွားသေးနဲ့ဦး..ဆက်ပြိုင်ကြမယ်..ရှုံးတဲ့ကောင်က ခွေးပဲ.."လန်ရိုဗာ ကားပိုင်ရှင်မှ ပြောလိုက်ပြီး မော်တော်ပီကေကို ပြုံးပြကာ "ဆရာ..ဒီကလေးကြောင့်သာ မဟုတ်ရင် ကျွန်တော်လည်း မီးနီဖြတ်မောင်းမိမှာ မဟုတ်ပါဘူး...တစ်ခါလောက် ခွင့်လွှတ်လို့ ရမလားဗျ..."

"ရန်စတယ်..."မေယ်တေယ်ပီကေမှာ လန်ရိုဗာ ကားပိုင်ရှင်ကို ဆွံ့အစွာ ကြည့်လိုက်ရင်း "မင်းရဲ့ ဦးနှောက်လေးနဲ့ ပြိုင်ချင်သေးတယ်ပေါ့..."

"ဟုတ်တယ် သူကိုက အရင်ရန်လာစတာ...,ဆိုင်ကယ်စုတ်ကြီးမောင်းပြီး စော်အလန်းလေး ခေါ်တင်နိုင်တိုင်းနဲ့ ကျုပ်ကိုလာရန်စနေတာ..ဒီနေ့တော့ သင်ခန်းစာ ပေးမှ ဖြစ်တော့မယ်..."

ဤတစ်ကြိမ်တွင်တော့ မော်တော်ပီကေမှာ လုံး၀ ဆွံ့အသွားတော့၏။ ဒီIQနဲ့ ကားမောင်းချင်နေသေးတယ်တဲ့လား..သေစမ်း တဇောက်ကန်းမောင်းတဲ့ အမျိုးသမီးတွေ‌ထက်တောင် ဆိုးနေပြီ...

"ခင်များကားက အရည်သွေးမြင့်တဲ့ လန်ရိုဗာ ...ပြီးကျတော့ ၄၁၄ ကီလို၀ပ်နဲ့ ညှစ်အား 7nm ထိရှိတယ်..ပြီးတော့ ၅.၄စက္ကန့်ကို ၀-၆၀ ထိရောက်တယ် ..ဟုတ်တယ်မလား..။

"ဟုတ်တယ်..."လန်ရိုဗာကားပိုင်ရှင်မှာ ခေါင်းတဆတ်ဆတ် ညိမ့်လိုက်ပြီး " ယာဉ်ထိန်းအရာရှိကြီးလို့ကို မပြောရဘူးဗျာ..ပြောသွားလိုက်တာများ ဒက်နဲ ဒက်ကနဲပဲ..."

"ဒါပေမယ့် ခင်များ အဲ့မော်တော်ဆိုင်ကယ်ကိုကော သိလား..."

"အဲ့လို ဆိုင်ကယ်စုတ်ကြီးက သိဖို့တန်လို့လားဗျ..."လန်ရိုဗာကားပိုင်ရှသ်မှ အထင်မြင်သေးစွာ ပြောလိုက်၏။

"အဲ့ဆိုင်ကယ်က T12 , တ-ရုတ်မှာကျ မဟူရာ နတ်သူငယ်လို့ ခေါ်တယ်..သူ့အမြန်နှုန်းကျတော့ တစ်နာရီကို ၃၄၀ မိုင်နှုန်းနဲ့ ၃.၄ စက္ကန့်မှာ ၀-၆၀ လောက်ထိရောက်တယ်..ခင်များရဲ့ လန်ရိုဗာက ယှဉ်နိုင်လို့လား... "

လန်ရိုဗာ ကားပိုင်ရှင် မျက်နှာ မည်းမှောင်သွား၏။ စကားပင် ကောင်းစွာ မပြောနိုင်တော့ပဲ "ဒါ...ဒီဆိုင်ကယ်ရဲ့ စွမ်းဆောင်ရည်က အဲ့လောက်မြင့်တာလားဟ..."

"သု့ဈေးက ၆.၅ မီလီယမ် တန်ကြေးရှိတယ်..အဲ့တာက ကိုယ့်လူရဲ့ လန်ရိုဗာ သုံးစီးစာလောက်ရှိတယ်နော်..အဲ့တာတောင်မှ ပြိုင်ချင်သေးတာလား.."

စာစဉ် (၁၃) ပြီး၏။

All Chapters