← Chapters

စစ်မှန်သော တိုက်ပွဲ

Vol. 15 Ch. 207

စစ်မှန်သော တိုက်ပွဲ

Vol. 15 Ch. 207

ထိုအခိုက်တွင် လုဟောင်၏အမူအရာမှာ တည်ကြည်လေးနက်နေ၏။ သူသည် လုဟောင်ရှေ့တွင်ရပ်ကာ ပြောသည်။

“ဂျူနီယာညီလေးစွန်း… မင်း အဆင့်တက်ဖို့ ကြိုးစားတော့… ငါ မင်းကို ကာကွယ်ပေးမယ်”

လုဟောင်က အော်ဟစ်လိုက်လျှင် သူ၏လက်တွင် ရွှေရောင်ဓားတစ်လက် ဖြစ်ပေါ်လာသည်။

လေထဲတွင် အဆုံးမရှိသော ရွှေရောင်အလင်းများ စုဝေးလာပြီး ရွှေရောင်ဓားအရိပ်တစ်ခုအသွင်သို့ ပြောင်းလဲသွား၏။

ဂါး…

စွန်းမူ၏အဖြေကိုပင် မစောင့်ဘဲ ပေတစ်ထောင် ရှည်လျားသော မိစ္ဆာတိမ်ထုကြီးသည် နားကွဲမတတ် အော်သံနှင့်အတူ ချက်ချင်း ရောက်ရှိလာပါတော့သည်။

၎င်းသည် ကောင်းကင်ဘုံတစ်ဝက် မိစ္ဆာဖြစ်၏။

လုဟောင်က နှာခေါင်းရှုံ့လိုက်၏။ သူ၏လက်ထဲမှ ဓားသည် မျဉ်းကွေးသဏ္ဍာန် လှုပ်ရှားသွားကာ ဓားအလင်းသည် မိစ္ဆာတိမ်ထုနှင့် ထိတွေ့၏။

ကလင်…

ရွှေရောင်အလင်းသည် မိစ္ဆာတိမ်ထုနှင့် ရင်ဆိုင်တွေ့ကာ မိုင်တစ်ရာပတ်လည်၌ သိမ့်သိမ့်တုန်သွားသည်။

အောက်တွင် အဆင့်နိမ့်ကျင့်ကြံသူများနှင့် မိစ္ဆာများအားလုံးမှာ ခြေလက်များ တုန်ယင်သွားကြရသည်။

ဟွမ်လောင်လျှိုက မျက်နှာပြာနှမ်းနေသော လုချန်းဖျင်အား ကြည့်သည်။ သူ၏လက်မှ စွမ်းအားတစ်ခု စီးဆင်းလာ၏။

“ညီမဖျင်… စိတ်မပူနဲ့… ငါ ရှိတယ်”

သူက ဓားကို ဆုပ်ကိုင်ကာ အဝေးကို လှမ်းကြည့်သည်။

ထိုနေရာတွင် အနက်ရောင်ဝတ်လူအများအပြားသည် ထန်ချီအနီး၌ စုဝေးလာနေကြ၏။

ဒုန်း… ဒုန်း…

မိစ္ဆာများ၏နောက်မှ စစ်စည်သံများ ထုနှက်သံများကို ကြားနေရသည်။ စည်သံများကို ကြားလျှင် တိမ်မြုံကမ်းပါးမှ ပညာရှင်များ၏မျက်နှာများ လေးနက်လာကြ၏။

မိစ္ဆာများက အရပ်မျက်နှာမျိုးစုံမှ တိုက်ခိုက်လိုကြသည်။

“သတိထား… အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက ဒါကို တောင့်ခံနိုင်ဖွယ် မရှိဘူး။ သူတို့ကို ကယ်ဖို့ အသင့်ပြင်ထား”

ကျန်းဝမ်ယွင်က ရှေ့ကို ကြည့်ကာ ပြောသည်။

တခြားလူများက ခေါင်းညိတ်ကြ၏။

သူတို့တွင် အစီအစဉ်ချရန် အချိန်မရှိတော့ပါ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသာ ရှုံးနိမ့်သွားပါက တိုက်ပွဲအခြေအနေတစ်ခုလုံး နိမ့်ပါးသွားကာ ခံစစ်စည်းတစ်ခုလုံး ကျိုးပျက်သွားနိုင်သည်။

ဖုန်းရှို့တောင်တိုက်ပွဲ၌လည်း သူတို့၏ခံစစ်စည်း ကျိုးပျက်သွားခြင်းကြောင့် အပျက်အစီးများစွာဖြင့် ဆုတ်ခွာခဲ့ကြရ၏။

ယခုတွင် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ စစ်တပ်သည် တိမ်မြုံကမ်းပါးတွင် စုစည်းကာ ခံစစ်စည်းအသစ်တစ်ခုအား ခင်းကျင်းနိုင်ခဲ့၏။

ယနေ့ ထပ်မံ၍ ဆုတ်ခွာရပါက ထပ်မံရောက်လာနိုင်သော စစ်ကူများ ရှိတော့မည် မဟုတ်ပါ။

ဝုန်း…

လုဟောင်၏ဓားအလင်းသည် သူ့ရှေ့မှ မိစ္ဆာတိမ်တိုက်အား ခုတ်ပိုင်းလိုက်၏။ အနီနက်ရောင်ဝတ်စုံဖြင့် အဖိုးအိုတစ်ဦးသည် ထူးဆန်းသော လှံရှည်အား ကိုင်ကာ ရယ်မောလျှက် လုဟောင်နှင့် ရင်ဆိုင်တိုက်ခိုက်သည်။

လုဟောင်ကလည်း သူ၏ဓားကို ဝှေ့ယမ်းကာ တိုက်ခိုက်သည်။

ဓားသမားသည် သူ၏ဓားဖြင့် စကားပြောသည်။

သိပ်မဝေးသောနေရာတွင် အနက်ရောင်မိစ္ဆာတိမ်ထုငါးခု စုဝေးလာနေသည်။

သူတို့မှာ ကောင်းကင်ဘုံအဆင့် မိစ္ဆာငါးဦး ဖြစ်သည်။

မိစ္ဆာများ တိုက်ခိုက်ရဲခြင်းမှာ သူတို့တွင် ကောင်းကင်ဘုံအဆင့်မိစ္ဆာများ၏အထောက်အပံ့ရှိခြင်းကြောင့် ဖြစ်သည်။

ထူစွန်းရှစ်က ကောင်းကင်ဘုံအဆင့်မိစ္ဆာတစ်ဦးအား သတ်ဖြတ်လိုက်ခြင်းကြောင့် မိစ္ဆာများ ကြောက်လန့်မသွားခဲ့လျှင် သူတို့၏တိုက်ခိုက်မှုမှာ ယခုထက် ပိုမိုပြင်းထန်ဖွယ် ရှိသည်။

စစ်မြေပြင်တွင် မိစ္ဆာသားရဲများသည် ပင်မစစ်ကြောင်းအတွက် နေရာဖွယ်ကာ ဆုတ်ခွာပေးကြသည်။

တချို့သော မိစ္ဆာများသည် မိစ္ဆာအသွင်သို့ ပြောင်းလဲကြ၏။ တချို့မှာ ဝက်ဝံများ၊ ကျားများနှင့် ဝံပုလွေများ ဖြစ်ကြသည်။ အတော်များများမှာ ဆယ်ပေခန့် မြင့်မားကြီးထွားကာ မြန်ဆန်သွက်လက်ကြ၏။

မိစ္ဆာများထံမှ မန္တန်အလင်းများကိုလည်း မကြာခဏ တွေ့ရတတ်သေးသည်။ မိုင်အနည်းငယ်အကွာ၌ အလင်းတန်းတချို့ကို ထုတ်လွှတ်လိုက်ပြီး ဖြစ်သည်။

၎င်းသည် စစ်မှန်သော မိစ္ဆာစစ်တပ် ဖြစ်သည်။ မိစ္ဆာတစ်ကောင်စီသည် အခြေခံအုတ်မြစ်အဆင့်၌ ရှိ၏။

၎င်းတို့အထဲ၌ ကမ္ဘာမြေအဆင့်များလည်း ပါဝင်ကာ သူတို့၏သွေးချီများသည် ကောင်းကင်ယံသို့ထိအောင် ရိုက်ခတ်နေသည်။

ထိုသို့သော အင်အားမှာ တကိုယ်တော်ကျင့်ကြံသူများနှင့် ဂိုဏ်းသေးကျင့်ကြံသူများ တောင့်ခံနိုင်သော အရာ မဟုတ်ပါ။

ကလင်…

လီရှီးရှီးသည် ဓားဆွဲထုတ်ကာ စစ်မြေပြင်သို့ သက်ဆင်းလိုက်သည်။ ဆယ်ပေခန့် ရှည်လျားသော ဓားအလင်းသည် တစ်ဘက်မှ မိစ္ဆာများအား ခုတ်ပိုင်းလိုက်၏။

သူမ၏ဓားအလင်းကား အချက်ပြလိုက်သည်နှင့် တူ၏။ မရေမတွက်နိုင်သော ဓားအလင်းများသည် ကောင်းကင်ယံမှနေ၍ ကျဆင်းလာကြသည်။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များအားလုံး စစ်မြေပြင်သို့ သက်ဆင်းကြရာ လေထဲတွင် ဓားအလင်းများ ပြည့်နှက်သွားတော့သည်။

“ဓားသမားတွေဟာ တကယ်ပဲ ထူးခြားလှတယ်…”

တိမ်မြုံကမ်းပါးတွင် အဖိုးအိုတစ်ဦးက ရေရွက်သည်။

သူ့ဘေးတွင် ယန်တင်းရှန်နှင့် တခြားလူများကလည်း လှမ်းကြည့်သည်။

၎င်းသည် ဓားသမားတစ်ဦး၏စစ်မှန်သော ထက်ရှမှု ဖြစ်သည်။

စစ်ပွဲမရှိသောအခါ ဓားသမားတစ်ဦး၏ဓားမှာ အပေါင်းအဖော်တစ်ဦးထက် မပိုပါ။

စစ်ပွဲတွင်တော့ ဓားသမားတစ်ဦးသည် လောကတွင် အထက်ရှဆုံးသော လက်နက်ဖြစ်လာနိုင်သည်။

ဓားရှိလျှင် လူရှိသည်။

သရဖူကို ခေါင်းတွင် ဆောင်းလျှက် ထူစွန်းရှစ်သည် ဓားတစ်လက်ကိုင်ကာ လေထဲသို့ ခုန်တက်လာသည်။

သူသည် မည်သည့်ထူးခြားစွမ်းအင်မှ ထုတ်လွှတ်ခြင်း မရှိသော်လည်း အနောက်ဘက်ကုန်းမြေတစ်ခုလုံး၏ ထောက်တိုင်လည်း ဖြစ်သည်။

သူ မရှိပါက အနောက်ဘက်ကုန်းမြေတစ်ခုလုံး၏ ခံစစ်စည်း ပြိုပျက်သွားသည်မှာ ကြာပြီ ဖြစ်သည်။

“သေစမ်း… မင်းတို့က ငါ့ကို မျိုးတုံးသတ်ဖြတ်စေချင်တာလား”

ထူစွန်းရှစ်က ရေရွက်ကာ အစိမ်းရောင်အလင်းအသွင်ဖြင့် ရှေ့ကို ပျံသန်းသွားသည်။

အဝေးတွင် မိစ္ဆာငါးပါး၏တိမ်ထုသည် တုန်ခါသွားကာ သူတို့သည်လည်း လေပေါ်သို့ မြောက်တက်လာ၏။

တိမ်မြုံကမ်းပါး၌ ကောင်းကင်ဘုံတစ်ဝက်အဆင့်များသည်လည်း လေထဲသို့ ခုန်တက်လာကြသည်။

တိမ်မြုံကမ်းပါးစစ်မျက်နှာပြင်က ဤသို့ ပေါက်ကွဲထွက်လာမည်ဟု မည်သူမှ မထင်ထားကြပေ။

အမှန်တကယ်အားဖြင့် ၎င်းသည် သာမန်ဖြစ်သည်။ သူတို့က ရက်တချို့ စမ်းသပ်ပြီးနောက်တွင် အားကုန်တိုက်ခိုက်ချိုးဖျက်ရန် ဆုံးဖြတ်လိုက်ကြခြင်း ဖြစ်သည်။

သူတို့အားလုံးက ယနေ့တိုက်ပွဲအား စောင့်ဆိုင်းနေကြ၏။

ဤသည်က အဆုံးအဖြတ်တိုက်ပွဲတစ်ခု ဖြစ်သည်။

ဝုန်း…

ထူစွန်းရှစ်၏လက်ထဲမှ ဓားအလင်းသည် ကောင်းကင်ပြင်အား နှစ်ခြမ်းကွဲသွားစေသည်။

ပေတစ်ထောင်ဓားအလင်းသည် လေထုကို ခွဲထုတ်လိုက်၏။

မိစ္ဆာငါးပါးသည် ရှေ့ကို ပြိုင်တူတက်ရောက်ခုခံကာ နောက်ကို ပြန်ဆုတ်ကြသည်။

ကောင်းကင်တွင် အစိမ်းရောင်နွယ်ပင်များ ဖုံးလွှမ်းသွားကာ သစ်ရွက်ပျံများ ထူစွန်းရှစ်ထံသို့ လွင့်ပါးသွားကြ၏။

ဧရာမသံတုတ်တစ်ချောင်းသည် ထူစွန်းရှစ်ထံသို့ ကျဆင်းလာသည်။

သားမွှေးများသည် မြားများအလား တိုးဝင်လာ၏။

ရေနဂါးသည် မာန်သွင်းအော်ဟစ်ကာ တိမ်တိုက်များအား လွင့်ပါးစေသည်။

ထူစွန်းရှစ်၏တိုက်ခိုက်စွမ်းရည်သည် မြင့်မားသော်လည်း အဆင့်တူအများအပြားအား အသာစီးတိုက်ခိုက်ရန် မဖြစ်နိုင်ပါ။

သူ့ဓားအလင်းသည် တမုဟုချင်း ဖိနှိပ်ခံရပြီး စစ်မြေပြင်မှ နောက်သို့ မြန်ဆန်စွာ ဆုတ်ခွာရသည်။ သူက တစ်ဘက်မှ မိစ္ဆာငါးပါးအား သုန်မှုန်သော မျက်နှာထားဖြင့် ကြည့်၏။

သူသည် ကောင်းကင်ဘုံအဆင့် မိစ္ဆာငါးပါးအား ယှဉ်ပြိုင်တိုက်ခိုက်နိုင်သော ရှားပါးပညာရှင် ဖြစ်သည်။

သို့သော်လည်း ထိုပြိုင်ဘက်ကင်းမှုသည် အချိန်မည်မျှ ကြာကြာ ခံနိုင်မည်ကိုကား မည်သူမှ မသိပါ။

အကယ်၍ ထူစွန်းရှစ်သာ ရှုံးနိမ့်ခဲ့ပါက အနောက်ဘက်ကုန်းမြေသည်လည်း ပြိုလဲပေတော့မည်။

လူသားကျင့်ကြံသူများဘက်မှ ကောင်းကင်ဘုံတစ်ဝက်အဆင့်များမှာလည်း မိစ္ဆာများဘက်မှ ကောင်းကင်ဘုံတစ်ဝက်များ၏တားဆီးမှုကို ခံနေရသည်။

တောင်ပိုင်းကုန်းမြေမိစ္ဆာများ၏အင်အားသည် အနောက်ဘက်ကုန်းမြေထက် အမှန်တကယ် သာလွန်ပေသည်။

ကမ်းပါးတွင် ဟန်မူယဲ့သည် အသက်ပြင်းပြင်းရှုလိုက်ကာ လက်ကို မြှောက်လိုက်သည်။ ကံကြမ္မာဓားနှင့် ခရမ်းမီးတောက်ဓားတို့သည် သူ၏လက်နှစ်ဖက်သို့ သက်ဆင်းလာ၏။

ဓားနှစ်လက်သည် သူ၏လက်ထဲသို့ ရောက်လျှင် ဓားစွမ်းအင်များ သူ့ခန္ဓာကိုယ်၌ ဆူပွက်လာ၏။

“ဟန်မူယဲ့…”

“စီနီယာအစ်ကိုဟန် တိုက်ခိုက်တော့မယ်…”

စစ်မြေပြင်တွင် လူအများအပြား၏အော်သံကို ကြားရသည်။

ဟန်မူယဲ့သည် တိမ်မြုံကမ်းပါးသို့ ရောက်လာပြီးနောက် တစ်ကြိမ်သာ တိုက်ခိုက်ဖူးသည်။

ထိုတိုက်ပွဲတွင် သူသည် ဓားနှစ်လက်ဖြင့် မိစ္ဆာစစ်တပ်ကြီးအား တားဆီးဖူး၏။ သို့သော်လည်း ဟန်မူယဲ့က ကောင်းကင်ဘုံအဆင့်မိစ္ဆာအား ခုတ်ပိုင်းခဲ့သည်ကိုတော့ မည်သူမှ မသိခဲ့ပါ။

ဟူး…

ဓားသည် တုန်ခါသွား၏။

ပထမကား ဓားတစ်လက်သာ ဖြစ်သည်။

ထို့နောက် မရေမတွက်နိုင်သော ဓားများ ဖြစ်ပေါ်လာသည်။

ကောင်းကင်ထက်တွင် ထူစွန်းရှစ်က ဟန်မူယဲ့အား ကြည့်လိုက်၏။

“ဒီကောင်လေး…”

ထူစွန်းရှစ်၏နှလုံးသားက မည်မျှ နာကျင်နေသည်ကို မည်သူမှ မသိပါ။

သူသည် ဟန်မူယဲ့အား နှစ်ပေါင်းများစွာ စုစည်းလာသော ဝိညာဉ်ဓားချီများ ပေးခဲ့သည်။ ယခု ဟန်မူယဲ့က ထိုဝိညာဉ်ဓားချီများအား အသုံးပြုရန် ပြင်နေ၏။

သူက ထိုဓားချီများကို မည်မျှကြာအောင် စုစည်းခဲ့ရသနည်း။

ယခု ကောင်လေးက ထိုဓားချီများအား သုံးပစ်ရန် ပြင်နေသည်။

ဝိညာဉ်လိပ်ပြာဓားချီ။

ဟန်မူယဲ့၏ခေါင်းထက်တွင် ဓားပုံရိပ်တစ်ခု ဖြစ်ပေါ်လာသည်။

ဓားသည် ရှေးဆန်ကာ ပေတစ်ထောင်ခန့် ရှည်လျား၏။

၎င်းသည် ထူစွန်းရှစ်ပေးထားသော ဝိညာဉ်လိပ်ပြာဓားဖြစ်သည်။

အကယ်၍ ဟန်မူယဲ့က ထိုဓားအား သူ၏ကိုယ်ပိုင် ဝိညာဉ်လိပ်ပြာဓားအဖြစ် ပြောင်းလဲရန် သန့်စင်မည်ဆိုပါက အချိန်များစွာ ယူရပေမည်။ ယခု သူက ထိုဓားချီများအား တိုက်ရိုက်သုံးစွဲရန် ကြံစည်နေသည်။

အကြောင်းကား သူ၏စိတ်နယ်ပယ်တွင် အစိမ်းရောင်ဓားငယ်တစ်လက် ရှိနေသည်။

လတ်တလောတွင် သူ၏ဝိညာဉ်စွမ်းအားသည် ဝိညာဉ်လိပ်ပြာဓားတစ်လက်တည်းကိုသာ ထောက်ပံ့နိုင်၏။ ၎င်းထက်ပိုသော ဝိညာဉ်လိပ်ပြာဓားမှာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်သည်။

All Chapters