← Chapters

အပြိုအပျက်ကမ္ဘာရှိ ကျင့်ကြံရေးနယ်မြေ

Vol. 82 Ch. 1141

အပြိုအပျက်ကမ္ဘာရှိ ကျင့်ကြံရေးနယ်မြေ

Vol. 82 Ch. 1141

အော်သံနက်နက်ကြီး နှစ်သံကို ကြားလိုက်ရသည်။ ကမ္ဘာဦး စိတ်ဝိညာဉ်တစ်ခုမှာ ချက်ချင်းဆိုသလို ဗလာနတ္ထိဖြစ်သွားလေသည်။ နောက်ထပ် ကမ္ဘာဦး စိတ်ဝိညာဉ်ကား အကာအရံ အနီရောင်စက်ဝန်းကြောင့် ချက်ချင်း အသတ်မခံလိုက်ရသေးပေ။

သို့သော်လည်း ထိုအကာအရံစက်ဝန်းနှင့်ပင် ကမ္ဘာဦး စိတ်ဝိညာဉ်က အတော်လေး အားလျော့သွားလေ၏။

မိုဝူကျိက ဒုတိယအကြိမ် မတိုက်ခိုက်ခင် ထိုကမ္ဘာဦး စိတ်ဝိညာဉ်က အသံစူးစူးဖြင့် အော်လိုက်သည်

“ တာအိုရောင်းရင်း ရပ်လိုက်ပါ။ ကျုပ် ကျင့်ကြံလို့ ရတဲ့ နေရာကောင်းကောင်းကို သိထားပါတယ်။ တာအိုရောင်းရင်းကို အချိန်တိုလေးအတွင်း အဆင့်တက်လာစေမှာ အသေအချာပါပဲ ”

နောက်တစ်ကြိမ် ထပ်ရိုက်ဖို့ ပြင်နေသည့် မိုဝူကျိက သူ့လှုပ်ရှားမှုကို အတင်းရပ်တန့်လိုက်ရသည်။

သူက ဤနေရာသို့ ကျင့်ကြံရန် ရောက်လာခြင်း ဖြစ်၏။ ဤကမ္ဘာဦး စိတ်ဝိညာဉ်က ဤနေရာ၌ ရှိနေသည်မှာ အရမ်းကြာမြင့်လာပြီ ဖြစ်ရာ သူ့ထက်စာလျှင် သေချာပေါက် တည်နေရာကောင်းကောင်းကို သိပေလိမ့်မည်။

ကမ္ဘာဦး စိတ်ဝိညာဉ်က မိုဝူကျိကို ရပ်ခိုင်းလိုက်ပြီးနောက် သက်ပြင်းအရှည်ကြီး ချလိုက်သည်။ထို့နောက် သူက ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ပြောလိုက်သည်

“ ကျုပ်ဆီမှာ မျက်လုံးပါပေမဲ့ တာအိုရောင်းရင်းကို စိတ်အနှောင့်အယှက် ပေးရလောက်အောင်အထိ ကန်းနေခဲ့တာပါ။ ကျုပ်ရဲ့ အမှားတွေကို ပြန်ပြင်ဖို့ တာအိုရောင်းရင်းကို ကျုပ် နှစ်သန်းချီကြာအောင် ရှာထားပြီးတဲ့နောက် တွေ့ထားတဲ့ ကျင့်ကြံဖို့ အကောင်းဆုံးနေရာကို ပြောပြဖို့ ဆုံးဖြတ်လိုက်ပြီ ”

ထိုကမ္ဘာဦး စိတ်ဝိညာဉ်က မိုဝူကျိကို ကူညီပေးနိုင်ရန် မည်သို့ မြန်မြန် ပြသရမည်ကို ကောင်းကောင်း သိထားသည်။ ဤနည်းဖြင့် သူ့အသက်လေးကို ဆက်ထိန်းထားနိုင်လိမ့်မည်။

မိုဝူကျိက ထုံမင် ပေးလိုက်သည့် သလင်းကျောက်အား ထုတ်ကြည့်လိုက်ပြီးနောက် အေးစက်စက် မထီမဲ့မြင့်ဟန် ပေါ်လာ၏။

မိုဝူကျိ၏ စိတ်စွမ်းအားက သလင်းကျောက်ထဲ ရောက်ရှိသွားသည့်အခါ ကြောင်အမ်းသွားသည်။ သူ အပြိုအပျက်ကမ္ဘာ ရောက်သည်နှင့် သလင်းကျောက်ထဲ၌ တည်နေရာတစ်ခု ပေါ်လာရမည် ဖြစ်သော်လည်း မည်သည့် အမှတ်အသားမှ ရှိမနေချေ။ ထို့အစား မည်းပိတ်နေဆဲ ဖြစ်၏။

ဤသို့ သလင်းကျောက်ဖြင့် သူက ဆုံတွေ့မည့် နေရာသို့ မည်သို့ သွားနိုင်တော့မည်နည်း။

မိုဝူကျိက ထုံမင်သည် ထိုသို့အရာမျိုးကို လိမ်ညာလိမ့်မည်ဟု မထင်ပေ။ အကယ်၍ ထုံမင်သာ လိမ်ညာခဲ့လျှင် အစကတည်းက မိုဝူကျိနှင့် ပူးပေါင်းလာမည် မဟုတ်ပေ။

မိုဝူကျိ၏ မျက်နှာအမူအယာမှာ အနည်းငယ် ပျက်ယွင်းသွားပြီး သလင်းကျောက်ကို ပြန်သိမ်းထားလိုက်သည်။ အမြင်နှင့်တင် အပြိုအပျက်ကမ္ဘာ၌ တစ်ခုခု ဖြစ်ပျက်သွားခဲ့ကြောင်း သိသာလှသည်။ ထို့ကြောင့် ထုံမင် ရေးထွင်းထားသော အမှတ်အသားကို မမြင်နိုင်ခြင်း ဖြစ်၏။

“ တာအိုရောင်းရင်း  …” မိုဝူကျိ၏ မသာမယာ အမူအယာကို သတိထားမိကာ ထိုကမ္ဘာဦး စိတ်ဝိညာဉ်က တုန်တုန်လှုပ်လှုပ် ရေရွတ်လိုက်သည်။

“ ရှေ့က မြန်မြန်သွား …. တကယ်လို့ ညာနေတယ်ဆိုရင်တော့ ကျုပ်ကို အပြစ်လာမတင်နဲ့  ” မိုဝူကျိက စိတ်အခြေအနေ မကောင်းပေ။ သူ့အသံတွင် သတ်ဖြတ်ငွေ့တချို့ ရောယှက်နေလေ၏။

“ ဟုတ်ကဲ့ပါ … ဟုတ်ကဲ့ပါ …. တာအိုရောင်းရင်း စိတ်ချနေပါ။ ခင်ဗျားလည်း အဲဒီနေရာကို ကျေနပ်သွားမှာ သေချာပါတယ် ” ထိုသို့ပြောပြီးနောက် ကမ္ဘာဦး စိတ်ဝိညာဉ်က အနည်းငယ် တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် ပြောလိုက်သည်  “ တာအိုရောင်းရင်းကို ခေါ်သွားပေးပြီးရင် ကျုပ်ကို တစ်ခါတော့ သက်ညှာပေးလို့ ရမလား ”

“ အရင်လမ်းပြ .. ကျေနပ်သွားမှ ဆက်ပြောကြတာပေါ့ ” မိုဝူကျိက အလျှင်စလို ပြောလိုက်သည်။

ဆုံစည်းမည့်နေရာ မရှိသည့်အတွက်  မိုဝူကျိက ကျီလီအား ပို၍ စိတ်ပူလာမိသည်။ ထုံမင်နှင့် ဟွမ်တိတို့မှာ ဉာဏ်များလွန်းသည့် မြေခွေးအိုကြီးများ ဖြစ်ကာ ထိုကမ္ဘာဦးစိတ်ဝိညာဉ် ပူးကပ်နိုင်မှသာ ထူးဆန်းနေပေမည်။ လျန်ကျီက စကြဝဠာမြို့လို နေရာမျိုး၌ အချိန်ကြာကြာနေခဲ့သူ ဖြစ်ရာ အလွယ်လေး ကျရှုံးသွားမည် မဟုတ်ပေ။

ထိုကမ္ဘာဦး စိတ်ဝိညာဉ်က အချိန်ဆက်မဖြုန်းရဲဘဲ မြန်မြန် ရွေ့လျားလိုက်သည်။

အမွေးတိုင်ဝက်စာအချိန်လေးအတွင်း နောက်ထပ် ကမ္ဘာဦး စိတ်ဝိညာဉ် ထွက်ပေါ်လာပြန်၏။ ဤတစ်ကြိမ် မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ် လျှောက်ပြောနေသည်ကို စောင့်မနေတော့ချေ။ သူက ထိုကမ္ဘာဦး စိတ်ဝိညာဉ် ဘေးပတ်လည် အာကာပြင်ကို ပိတ်ဆို့ကာ ပညာရှင်နှလုံးသားဖြင့် လောင်မြိုက်ပစ်လိုက်သည်။

ဦးဆောင်နေသည့် ကမ္ဘာဦး စိတ်ဝိညာဉ်က မိုဝူကျိ၏ အင်အားကို မြင်လိုက်ရသည့်အခါ တုန်တုန်ရီရီ ကြောက်ရွံ့လာသည်။ ဤနေရာရှိ ကမ္ဘာဦး စိတ်ဝိညာဉ်များမှာ မည်သူကများ ထိပ်တန်းပညာရှင် မဟုတ်သည့်သူ ပါမည်နည်း။ သို့သော် ယနေ့တွင် မိုဝူကျိရှေ့မှောက်၌ ပုရွက်ဆိတ်တစ်ကောင်လောက်ပင် မရှိချေ။ အကယ်၍ မိုဝူကျိသာ ယခင်က စိတ်စွမ်းအင်မြှား မသုံးဘဲ မီးတောက်ကို အသုံးပြုခဲ့လျှင် သူလည်း အသက်ပျောက်လောက်လေပြီ။

“ ခင်ဗျား နာမည် ဘယ်သူလဲ … ဒီမှာ ရောက်နေတာ ဘယ်လောက်ကြာပြီလဲ ” မိုဝူကျိက ထိုကမ္ဘာဦး စိတ်ဝိညာဉ်နောက်မှ လိုက်လာရင်း မေးလိုက်သည်။

“ ဂျူနီယာက ဝမ်ဟယ်ပါ။ ကပ်ဘေးပြီးကတည်းက ဒီနေရာမှာ ရှိနေတာပါ ….” သူ့အသံမှာ တုန်တုန်ယင်ယင် ဖြစ်နေသည်။ သူက မိုဝူကျိ စိတ်အနှောင့်အယှက် ဖြစ်မည်ကို စိုးရိမ်နေမိသည်။ တစ်ချိန်တည်းတွင် သူက သူ့အဆင့်အတန်းကို ဂျူနီယာအဖြစ် လျော့ချပစ်လိုက်သည်။

“ ဘယ်နတ်ဘုရားအရိုက်အရာကလဲ ” မိုဝူကျိက မေးလိုက်၏။

ဝမ်ဟယ်က မြန်မြန် ဖြေလိုက်သည်  “ ဂျုနီယာက နတ်ဘုရားအရိုက်အရာ မရှိပါဘူး ”

မိုဝူကျိက နတ်ဘုရား အရိုက်အရာရှိသည့် ထိုလူက ဤအပြိုအပျက်ကမ္ဘာကြီးထဲ၌ နှစ်များစွာ ကြာသည့်တိုင် မပျောက်မကွယ် ရှိနေလိမ့်မည်ဟု မထင်ထားမိပေ။ ဤလူ၏ အသက်ရှင်လိုစိတ်မှာ အားပြင်းကြောင်း သိသာလှ၏။

ဝမ်ဟယ် ပြောသည့် နေရာမှာ သိပ်မဝေးလှပေ။ နောက်ထပ် အမွေးတိုင်ဝက်စာခန့် သွားလာပြီးနောက် သူက ရပ်လိုက်သည်။ သူတို့က ခမ်းခြောက်နေသည့် မြစ်ကြမ်းပြင်အတွင်း ရှိနေဆဲ ဖြစ်၏။

သူက အက်ကြောင်းအသေးလေးနား၌ ရပ်တန့်လိုက်သည်။ ထိုအက်ကြောင်းမှာ ၁၅ စင်တီမီတာလောက်သာ ရှိပြီး အတော်လေး နက်ရှိုင်းပေသည်။ မိုဝူကျိ၏ စိတ်စွမ်းအားက ကန့်သတ်ချက်အထိ ရောက်သွားပြီးနောက် ဆက်လက် စစ်ဆေးကြည့်၍ မရတော့ပေ။

“ စီနီယာ အဲဒီအောက်မှာပါ။ နည်းနည်းတော့ နက်တယ်။ ကျုပ် တစ်ခါဆင်းသွားတာ အသွားတစ်ခေါက်တင် ဆယ်နှစ်လောက် ကြာတယ် …. ” ဝမ်ဟယ်က မိုဝူကျိအား သတိထားကာ ကြည့်လိုက်သည်။

“ ဒီလိုဆိုမှတော့ ကျုပ်နောက်ကို လိုက်ဆင်းလှည့် ” မိုဝူကျိက လက်တစ်ချက် အဝှေ့ဖြင့် ဝမ်ဟယ်ကိုပါ ခေါ်ပြီး အက်ကြောင်းထဲ ဝင်သွားကြသည်။

ဝမ်ဟယ်ကို သဘာဝစွမ်းအား အငွေ့အသက်က ရစ်ပတ်ထားလေ၏။ သူ့နှလုံးသား၌ အကြောက်တရားဖြင့် တုန်လှုပ်လာသည်။ သူ့စိတ်စွမ်းအားမှာ အားနည်းသည်ဟု ယူဆ၍ မရသော်လည်း သူတို့က  သူ စိတ်စွမ်းအားပင် ထုတ်လွှင့်လို့ မရသည့် အမြန်နှုန်းဖြင့် ဆင်းနေကြသည်။ မိုဝူကျိ၏ အမြန်နှုန်းမှာ အတော်လေး အားကောင်းကြောင်း သိသာလှသည်။ ဝိဇ္ဇာများပင် ဤမျှလောက် မြန်ဆန်မည် မဟုတ်လောက်ပေ။

ရက်အနည်းငယ်အတွင်း မိုဝူကျိက ရပ်တန့်လိုက်၏။ သူ့ရှေ့မှောက်၌ အနက်ရောင် ကျောက်တုံး တစ်တုံး ရှိနေသည်။

သူ့စိတ်စွမ်းအားကို ဖြန့်ကျက်လိုက်ပြီးနောက် မိုဝူကျိက ဤနေရာတွင် အနက်ရောင်ကျောက်တုံးသာ ရှိကြောင်း အတည်ပြုလိုက်နိုင်၏။

“ ဒါက ကျင့်ကြံရေးနယ်မြေလား ” မိုဝူကျိ၏ အမူအယာမှာ မလိုလားဟန် ပြောင်းသွားသည်။

ဝမ်ဟယ်က မိုဝူကျိ၏ ဒေါသကို အာရုံခံမိပေသည်။ ထို့ကြောင့် သူက မြန်မြန် ပြောလိုက်၏

“ စီနီယာ  စိတ်ထိန်းပါဦး။ ဒီမှာ ရက်နည်းနည်းလောက် စောင့်ကြည့်ရင် သိပ်သည်းနေတဲ့ နတ်ဝိညာဉ်စွမ်းအား ထွက်ပေါ်လာပါလိမ့်မယ်။ အဲဒီအချိန်က တိုတောင်းပေမဲ့ ကျုပ်လည်း အခွင့်သာလို့ တွေ့လိုက်ရတာပါ။ အဲဒါက ကျင့်ကြံဖို့အတွက် အကောင်းဆုံး လျို့ဝှက်နယ်မြေ ဖြစ်လိမ့်မယ်လို့ ယုံတယ် ”

မိုဝူကျိက ကမ္ဘာဦး စိတ်ဝိညာဉ်ကို စိုက်ကြည့်ကာ   “ ခင်ဗျားကို တစ်ခါတော့ ယုံပေးလိုက်မယ် ”

ထိုသို့ပြောပြီးနောက် မိုဝူကျိက ခြေချိတ်ထိုင်ချလိုက်သည်။ သူ့စိတ်ဝိညာဉ်မျက်လုံးကို အသက်သွင်း၍ ထိုကျောက်တုံးအား စစ်ဆေးကြည့်လိုက်သည်။

တစ်ရက်အတွင်း ကြောက်မက်ဖွယ် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားလှိုင်းကြီး ထွက်ပေါ်လာသည်။ မိုဝူကျိ၏ စိတ်ဝိညာဉ်မျက်လုံးက ထိုကျောက်တုံးကို ကြည်နေသည့်အတွက် ထိုနတ်ဝိညာဉ်စွမ်းအား စိမ့်ထွက်လာသည်နှင့် သူ့စိတ်ဝိညာဉ်မျက်လုံးက လှုပ်ရှားမှု တချို့ကို ဖမ်းဆုပ်မိလိုက်သည်။

မိုဝူကျိက တုံ့ဆိုင်းမနေဘဲ အစီအရင်သင်္ကေတများကို ရေးထွင်းလိုက်သည်။ ထို့နောက် အမှန်ပင် အက်ကြောင်း ပေါ်လာလေ၏။ မိုဝူကျိက မျက်စိတစ်မှိတ်အတွင်း ထိုအက်ကြောင်းထဲ ပျောက်ကွယ်သွားတော့သည်။

အပြင်ဘက်ရှိ နတ်ဝိညာဉ်စွမ်းအားများလည်း ပျောက်ကွယ်သွားပြီ ဖြစ်၏။ မိုဝူကျိ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရပြီးနောက် သူက ဤနေရာ၌ မည်သို့ ဆက်နေရဲမည်နည်း။ သူက မြန်မြန် အပေါ်ပြန်တက်လိုက်သည်။ သူက ထွက်သွားဖို့ရာ ဆယ်နှစ်ကြာမှန်း သိသော်လည်း မိုဝူကျိကို စောင့်နေရင်း မနေလိုပေ။

မိုဝူကျိ၏ ဘေးပတ်လည် ရှင်းလင်းသွားသည်နှင့် ထိုကျောက်တုံးနက်ကို ဖြတ်ကျော်လာခဲ့ကြောင်း သိလိုက်သည်။

ထိုစဉ် မိုဝူကျိ၏ စိတ်စွမ်းအားမှာ လှိုင်းလုံးအတွင်း ရောက်ရှိသွားသည်။ မကြာခင် သူက ရေကန်ကြီး တစ်ကန်ကို မြင်လိုက်ရသည်။ ထိုရေကန်က ရွေရောင်ခပ်ဖျော့ဖျော့ သမ်းနေ၏။ မိုဝူကျိအနေနှင့် ဤသို့သော နတ်ဝိညာဉ်စွမ်းအားမျိုးကို တစ်ခါမှ မကြုံတွေ့ဖူးသေးပေ။ သူ့တစ်ကိုယ်လုံးမှာ အတော်လေး သက်တောင့်သက်သာ ဖြစ်သွားမိသည်။

သူက ဤသည်မှာ နတ်ဝိညာဉ်စွမ်းအားတင် မကကြောင်း သိလိုက်သည်။ ထို့အစား နတ်ဝိညာဉ်စွမ်းအားကို ကျော်လွန်သည့် ဝိညာဉ်စွမ်းအားတမျိုး ဖြစ်နေ၏။

ထို့အပြင် မိုဝူကျိက ဤနေရာတွင် မည်သည့်စည်းမျည်းမှ အာရုံမခံမိပေ။

ဤသည်မှာ သူ့အား အင်မော်တယ်လောကရှိ ကောင်းကင်ချောက်နက်ကို ပြန်လည် အမှတ်ရသွားစေသည်။ အသက်ဓာတ်နှင့် သဘာဝစွမ်းအား ကင်းမဲ့သော ကောင်းကင်ချောက်နက်အတွင်းရှိ အာကာပြင်တစ်ခု ဖြစ်၏။ ထိုနေရာတွင် စုရှီနှင့် သူက ဟင်းလင်းပြင် နိဗာနအမြစ်ကို ရရှိခဲ့သည်။ သူ ချောချောမွေ့မွေ့ ကျင့်ကြံနိုင်သည့် အကြောင်းအရင်းမှာ သူ့ကျင့်စဉ်ကြောင့်သာလျှင် မကဘဲ ဟင်းလင်းပြင် နိဗာနအမြစ်ကလည်း ကောင်းကောင်း ပံ့ပိုးပေးထား၍ ဖြစ်သည်။

ဤနေရာသည် စည်းမျည်းနှင့် သဘာဝစွမ်းအား မရှိခြင်းတို့ တူညီနေသည်။ သူ အာရုံခံမိသည့် တစ်ခုတည်းသောအရာမှာ ထိုရွှေရောင်ရေကန်မှ ဝိညာဉ်စွမ်းအားသာ ဖြစ်၏။

တစ်ခုခုတော့ မှားနေပြီ …. ရေကန်နားမှာ ကျောက်ရုပ်တုကြီး ရှိနေတယ် …

မိုဝူကျိက ထိုကျောက်ရုပ်တုကို မြင်လိုက်သည့်အခါ တစ်ခုခု မှားနေကြောင်း သိလိုက်သည်။ ထို့နောက် သူက ချက်ချင်းဆိုသလို ထိုအရာမှာ ကျောက်ရုပ် မဟုတ်ဘဲ သက်ရှိ လူဖြစ်နေကြောင်း သိလိုက်ရသည်။

ထိုကျောက်ရုပ်တုက မိုဝူကျိ သူ့ကို ရှာတွေ့သွားကြောင်း သိလိုက်ဟန် ပေါ်သည်။ သူက သက်ပြင်းချကာ   “ ဟူး နှစ်ဘယ်လောက်တောင် ကြာသွားပြီလဲ …. အရင်ကပ်ဘေးကနေ ပြန်တောင် မကောင်းသေးဘူး။ ပိုကြောက်ဖို့ ကောင်းတာ ထပ်ရောက်လာပြန်ပြီလား ”

“ ခင်ဗျားက ဘယ်သူလဲ ” မိုဝူကျိက လက်ဆန့်ထုတ်လိုက်သည်နှင့် နောက်ကျောရှိ သူ့လခြမ်းကွေး ပုဆိန်လှံရှည်က တန်းရောက်လာသည်။

ကျောက်ရုပ်တုက သက်ပြင်းချကာ   “ ဒါက ကျုပ်နေရာ … မင်းက ကျုပ် ဘယ်သူလဲဆိုတာ မေးနေတာလား ”

မိုဝူကျိက ရယ်မောလိုက်ရင်း  “ ဒါက ခင်ဗျားနေရာလား …. ကျုပ်တော့ မထင်မိပေါင်။ ဒီနေရာကို ဘယ်သူပိုင်မှန်း မသိပေမဲ့ ခင်ဗျားက ဦးဆုံးပိုင်ရှင် မဟုတ်တာတော့ သေချာတယ် ”

ကျောက်ရုပ်တုက ခေါင်းညိတ်ကာ  “ မင်း ပြောတာ မှန်တယ်။ ကျုပ်က ဦးဆုံးပိုင်ရှင် မဟုတ်ဘူး။ ဒါပေမဲ့ နောက်ဆုံး ပိုင်ရှင်ပဲ …. မင်းက ဒီရောက်လာမှတော့ ထွက်သွားစရာ မလိုတော့ဘူး ”

ထိုသို့ပြောပြီး ကျောက်ရုပ်တုက မိုဝူကျိကို ရုတ်ချည်း လှမ်းဆွဲလိုက်သည်။

သူ့လက်မှာ အင်မတန် နှေးကွေးပြီး အသက်အရွယ်ရနေသည့် လူအိုကြီး တစ်ယောက်လို ဖြစ်နေ၏။

မိုဝူကျိက ဖြည်းဖြည်းချင်း ရောက်လာသည့် လက်ကို ကြည့်ကာ အနည်းငယ် ဆွံ့အမိသွားလေသည်

“ ဒီကမ္ဘာက ဘယ်လိုလုပ် ဒီကို ဖြစ်နေတာလဲ။ အားလုံးက ကိုယ့်ဘာသာ အားကောင်းတယ် ထင်ပြီး သူများကို အလွယ်လေး ဖျက်စီးရနိုင်တယ်လို့ ဘာကြောင့်များ ထင်နေကြတာလဲ ”

မိုဝူကျိက ထိုဆွံ့အမိသွားသည့် ခံစားချက်အတွက် အပြစ်မတင်သင့်ပေ။ သူက တိုက်ပွဲမျိုးစုံ ကြုံတွေ့ဖူးကာ သူ့အားအနည်းဆုံး ရန်သူပင် မတိုက်ခိုက်ခင် တစ်ဖက်လူ၏ အာကာပြင်ကို ပိတ်လှောင်တတ်ကြသေး၏။ သို့သော်လည်း ဤကျောက်ရုပ်တု တိုက်ခိုက်လိုက်သည့်အခါ မည်သည့် အာကာပြင်လှိုင်းမျိုးမှ ဖြစ်ပေါ်မလာပေ။ သူ မိုဝူကျိက သာမာန်အတိုင်း လှုပ်ရှားနေနိုင်ဆဲ ဖြစ်ပေသည်။

အကယ်၍ ဤသို့သော တိုက်ခိုက်မှုမျိုးသာ သူ့ကို ခြေမျဖျက်စီးပစ်နိုင်လျှင် သူ့ဘာသာ တို့ဖူးကို ဝင်တိုက်သည်ထက် ပို၍ ကောင်းပေသည်။

သူ့လခြမ်းကွေး ပုဆိန်လှံရှည် ထွက်ပေါ်လာကာ ငွေရောင်မြစ်ကြီးက ထိုနှေးနှေးကွေးကွေး ကျောက်ရုပ်တုဆီ ကျရောက်လာသည်။

“ဝုန်း ” ကျယ်လောင်သည့် အသံကြီး ထွက်ပေါ်လာသည်။ ထိုကျောက်ရုပ်တု၏ လက်က ရုတ်ချည်း ပေါက်ကွဲထွက်သွားကာ ရွှေရောင်သွေးစက်များ ကျဆင်းလာ၏။

“ မင်း … မင်းက ဘယ်လိုလုပ် တိုက်ကွက်တွေ ထုတ်သုံးနိုင်တာလဲ ” ထိုကျောက်ရုပ်တုက ကမ္ဘာ၏ အကြောက်လန့်ဆုံး ဖြစ်ရပ်ကို မြင်လိုက်သည်နှယ် ပေါ်နေသည်။ သူက မိုဝူကျိအား စိုက်ကြည့်ကာ မယုံနိုင်ဖွယ် လေသံဖြင့် ပြောလိုက်၏။

မိုဝူကျိက ရုတ်ချည်း နားလည်သဘောပေါက်သွားသည်။

***

All Chapters