← Chapters

ကံဆိုးမိုးမှောင်ကျခြင်း

Vol. 2 Ch. 16

ကံဆိုးမိုးမှောင်ကျခြင်း

Vol. 2 Ch. 16

အခန်း (၁၆) ကံဆိုးမိုးမှောင်ကျခြင်း

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694766763182.jpg

ဟန်ရှောင်းက နောက်တစ်နေ့မနက်တွင် အားအင်အပြည့်ဖြင့် နိုးထလာသည်။

"ညီအကိုဟန်၊ မင်းနိုးပြီလား။"

မနက်ခင်းလေ့ကျင့်ခန်း လုပ်နေရင်း ဟူရွှမ်းကျန်က နှုတ်ဆက်သည်။

ဟန်ရှောင်းသည် သနားကြင်နာတတ်သည့် လင်မယား၂ယောက်ကို နှုတ်မဆက်ချင်သော်လည်း၊ သူထွက်သွားရပေတော့မည်။

"ကျွန်တော် အစ်ကို့အပေါ် အကြွေးတင်နေတယ်။ ကံမကောင်းချင်တော့၊ ကျွန်တော် ထွက်သွားရတော့မယ်။ နောင်အနာဂတ်မှာ ကျွန်တော် ပြန်ပေးဆပ်ပါ့မယ်။"

"ငါ ပန်ကိတ်တွေ လုပ်ထားတယ်၊ နင်ခရီးသွားနေတုန်း လမ်းမှာစားလို့ရတာပေါ့။" အန်က ပြောရင်း အိတ်အသေးလေး တစ်ထုပ်ကို လှမ်းပေး၏။

ပန်ကိတ်များဆီမှာ နွေးထွေးမှုက ဟန်ရှောင်း၏ လက်မှတစ်ဆင့် စီးဝင်ပြီး နှလုံးသားကိုလည်း ထပ်တူနွေးထွေးစေသည်။

"ညက ကောင်းကောင်းအိပ်ခဲ့ရပါတယ်။ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်ဗျာ။"

"ဟား ဟား၊ စကားထဲ ထည့်ပြောမနေပါနဲ့ကွာ၊ လိုအပ်နေတဲ့ ညီအကိုတစ်ယောက်ကို ကူညီလိုက်တာပဲ။"

ဟူရွှမ်းကျန်က စိတ်အရင်းခံဖြင့် ပြန်ပြောသည်။

ဟန်ရှောင်း သူ့ပစ္စည်းများကို သွားယူ၏။ သူ သေနတ်များကို ယူရန် အသွားတွင်၊ သူအိတ်ပေါ်တွင် တင်ထားသော သစ်ရွက်လေးမှာ ပြုတ်ကျနေကြောင်း တွေ့ရသည်။

"တစ်ယောက်ယောက်က ငါပစ္စည်းတွေ ထိခဲ့တယ်။"

"ဒါက မဖြစ်နိုင်ဘူး"

ဟူရွှမ်းကျန် အထိတ်တလန့် ဖြစ်သွားသည်။

"အန်နဲ့ ငါနဲ့ မလုပ်... နေပါဦး၊ ဟူဖေး၊ ဒီကို ချက်ချင်းလာခဲ့စမ်း။"

တဲနောက်မှ ခိုးနားထောင်နေသည့် ဟူဖေးက ထွက်လာသည်။

"မင်းပဲလား။"

ဟူဖေးက သူ့မျက်လုံးများကို မြေပြင်သို့သာ ကြည့်နေသည်။

ဟူရွှမ်းကျန်က သူ့တူ၏ဖင်ကို စောင့်ကန်လိုက်ပြီး

"မင်းခိုးပြန်ပြီလား။ ခုချက်ချင်း ပြန်ပေးလိုက်စမ်း။"

ဟူဖေးက နှုတ်ခမ်းကို ကိုက်လိုက်ပြီး၊ 73-WASP ပစ္စတိုကို အဝတ်အစားများကြားမှ ‌နှမြောတွန့်တိုစွာဖြင့် ထုတ်ပေးလိုက်သည်။

"ညီအစ်ကိုဟန်၊ မင်းသတော်သလို စီစဉ်ပါ။ ဒီကလေးက အရိုက်ခံသင့်တယ်။"

"အိုကေပါတယ်။ သေနတ်တွေ ပြန်ရသရွေ့ အဆင်ပြေပါတယ်။ ငါ့သေနတ်တွေက မင်းကို ကံဆိုးမှုတွေ သယ်လာလိမ့်မယ်။"

ဟန်ရှောင်းက စိတ်ပေါ့ပါးသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။

"ငါတို့တွေ ပြန်ဆုံကြဦးမှာပါ။ နှုတ်ဆက်ပါတယ်။"

ဟန်ရှောင်းက နှုတ်ဆက်လိုက်သည်။

"ဂရုစိုက်ပါ။"

ဟူရွှမ်းကျန်က ခေါင်းညိတ်ပြလိုက်သည်။

ဟန်ရှောင်းက အိတ်ကို လွယ်ပြီး ထွက်ခွာသွားတော့သည်။

"ငါဘယ်တော့မှ သူ့ရဲ့ ကြင်နာမှုကို မမေ့ဘူး။"

ဟန်ရှောင်း သူ့ကိုယ်သူ တွေးလိုက်သည်။

"မျိုးမစစ်ကောင်တော့ သွားပြီ။" ဟူဖေးက ပျော်ရွှင်နေသည်။

"ဟီးဟီး၊ ငါက ၂လက်‌ခိုးထားတာကို သူသတိမထားမိဘူး။"

သူအခြားသေနတ်တစ်လက် ဖွက်ထားသည့် တဲနောက်ထဲသို့ဝင်သွားသည်။

"သူပြန်လာခဲ့ရင်တောင်၊ ငါ့မှာမရှိဘူးလို့ ငြင်းရုံပဲ။"

"ဒါပေမယ့်... ဘာလို့ ဒီသေနတ်က မောင်းတံမပါတာလဲ။"

...

ဟန်ရှောင်း ရရှိထားသည့် မြေပုံက အကြမ်းဖျင်းသာ ရေးဆွဲထားသည်။ သို့သော်လည်း၊ ဟန်ရှောင်းက သူ၏နေရာကို ဤမြေပုံမှ သိနိုင်ပြီး၊ အဲဒါက လုံလောက်သည်။

သူသည် လက်ရှိတွင် ကြယ်နဂါးနိုင်ငံအတွင်းတွင်ရှိပြီး၊ သူ၏ခန့်မှန်းမှုအရ၊ လမ်းမကြီးသို့ရောက်ရန် ၃ရက်ခန့်သာ လိုမည်ဖြစ်သည်။ ထိုမှတစ်ဆင့်၊ မြို့တော်သို့ ကားကြုံစီးပြီး သွားနိုင်သည်။

နေ့လည်တွင်၊ ဟန်ရှောင်းက ထမင်းစား၍ အနားယူရန် နေရာတစ်ခု ရှာတွေ့ခဲ့သည်။

သူ၏ သေနတ်များကို ပြန်ထုတ်၍ ကျောပိုးအိတ်ထဲသို့ ထည့်စဉ်တွင်၊ တစ်ခုခုလွဲနေသည်ကို တွေ့ရှိသွားသည်။

သေနတ်တစ်လက် ပျောက်ဆုံးနေသည်။

ဟန်ရှောင်းက သူ့သံသယသေချာစေရန် ပြန်ရေတွက်ပြီးနောက်၊ နေ့လည်စာပင် မစားတော့ဘဲ၊ ထိုသေနတ်ကို အမြန်ပြန်ယူရန် ထွက်သွားတော့သည်။

...

နံပါတ် (၁)နှင့် သူ့လူများသည် လေလွင့်သွားလာကြသူများ စခန်းသို့၊ ဟန်ရှောင်း ထွက်သွားပြီးပြီးချင်း ရောက်လာသည်။ လေလွင့်သွားလာကြသူများကို စုလိုက်ပြီး သေနတ်နှင့် ချိန်ထားကြသည်။

"ဒီလူကို မြင်ဖူးကြလား။"

နံပါတ် (၁)က သူ၏လက်ကောက်ဝတ်မှ စက်တစ်ခုကိုသုံး၍ လေထဲတွင် ပရိုဂျက်တာနှင့် မျက်နှာတစ်ခုကို ပြ၏။

ထိုမျက်နှာပိုင်ရှင်မှာ ဟန်ရှောင်းပင်။

"မသိဘူး။"

"တစ်ခါမှ မမြင်ဖူးဘူး။"

လူတိုင်းက ငြင်းဆန်ကြသည်။

ဂျာမီနယ်အဖွဲ့အစည်းက သူတို့ကို မည်သည့်အရာမှ မလုပ်ရဲမှန်း သူတို့သိထားကြသည်။

လေလွင့်သွားလာကြသူများသည် ကြားနေအဖွဲ့အစည်းဖြစ်ပြီး၊ နိုင်ငံ၆နိုင်ငံရော၊ ဂျာမီနယ်အဖွဲ့အစည်းကပါ သူတို့၏ ထောက်ခံမှုကို ရရှိရန် အမြဲတမ်း ကြိုးစားလေ့ရှိသည်။

လေလွင့်သွားလာသူတစ်ယောက်တည်းကသာ အချို့အကြောင်းတို့ကြောင့် ထိန်းမရအောင် တုန်လှုပ်နေသည်။

နံပါတ် (၁)က လုံးဝကို စိတ်မကြည်ပေ။ ဟန်ရှောင်းနောက်ကို ၇ရက်လိုက်လာပြီးမှ ဤစခန်းသို့ ရောက်လာသည်။ အကယ်၍ ဒီလူများက ဟန်ရှောင်းကို မမြင်ဖူးပါက သူသည် လမ်းမှားလိုက်လာမိပြီဖြစ်သည်။

"ပြန်ဆုတ်ကြမယ်။"

နံပါတ် (၁)က အမိန့်ပေးလိုက်သည်။ သို့သော်၊ သူကားပေါ်တက်တော့မည့်အချိန်တွင် တုန်လှုပ်နေသော ဟူဖေးကို သတိထားမိသွားသည်။

"ကလေးကို ဒီခေါ်လာခဲ့။"

ဟူဖေးကို နံပါတ် (၁)ဆီသို့ ဆွဲခေါ်လာသည်။

နံပါတ် (၁)က တစ်ချက်ဝေ့ကြည့်လိုက်ရင်း

"မင်း သူ့ကိုသိလား။"

"မသိပါဘူး၊ ငါမသိဘူး။"

ဟူဖေးကို သူ့ခေါင်းကို တရစပ် ခါယမ်းနေသည်။

နံပါတ် (၁)က သူ၏အဝတ်အစားများ ပုံပျက်နေသည်ကို သတိထားမိသွားပြီး အမိန့်ပေးလိုက်သည်။

"သူ့ကိုယ်ကို ရှာစမ်း။"

ဟူဖေးသည် မြေပြင်ပေါ်တွင် လှဲချခံရပြီး 73-WASPကို သူ့ဆီမှ ယူသွားသည်ကို ကြောက်လန့်စွာ ကြည့်နေရသည်။

"ဒါက ငါတို့ရဲ့ သေနတ်တစ်လက်ပဲ။"

နံပါတ် (၁)က ပြောလိုက်ပြီး၊ သေနတ်ကို လူအုပ်ဘက်သို့ ထောင်ပြကာ အော်ပြောလိုက်သည်။

“ဇီးရိုးက သေချာပေါက် ဒီမှာရှိခဲ့တယ်၊ မင်းတို့အကုန်လုံး ဘယ်လိုလိမ်ရဲတာလဲ။ အကုန်လုံး သေချင်နေတာလား။"

"ပြောစမ်း၊ သူဘယ်ကို သွားတာလဲ။"

ကြောက်ရွံ့နေကြသည့် လေလွင့်သွားလာကြသူများက ဟန်ရှောင်း ပထမဆုံး စကားပြောခဲ့သည့် ကိုင်လောင်ကို လှမ်းကြည့်ကြသည်။

ကိုင်လောင်က ထောင့်တစ်ခုတွင် ငှက်ကုလားအုတ်လို ဆောင့်ကြောင့်ထိုင်နေသည်။

"မင်းတို့က ဘာလို့ငါ့ကို ကြည့်နေတာလဲ။ ငါလုပ်ခဲ့တာဆိုလို့ သူကို အချို့ပစ္စည်းလေးတွေ ရောင်းလိုက်တာပဲရှိတာ။ ဟူရွှမ်းကျန်ကို မေးကြည့်ပါလား။ သူသေချာပေါက်သိတယ်။"

ဟူရွှမ်းကျန်က လူအုပ်ကြားထဲမှ ဖြည်းညင်းစွာ ထလာ၏။

"ငါမသိဘူး။"

သူက ပြောလိုက်သည်။

ကိုင်လောင်က သူ့‌အပါ်ရှိသည့် သံသယများ ပျောက်သွားအောင် ပြန်ပြောလိုက်သည်။

"မင်းက ဘယ်လိုလုပ် မသိရမှာလဲ။ မင်းအိမ်မှာတောင် တစ်ညနေခိုင်းလိုက်သေးတယ် မဟုတ်ဘူးလား။"

နံပါတ် (၁)၏ မျက်နှာက မည်းမှောင်သွားသည်။

အခြားလေလွင့်သွားလာကြသူများကလည်း ဟူရွှမ်းကျန်ကို အမှန်အတိုင်းပြောဖို့ တိုက်တွန်းနေကြသည်။

"မြန်မြန်မင်းသိတာကို ပြောစမ်းပါ။"

"အပြင်လူတစ်ယောက်ကြောင့် ငါတို့အားလုံးကို သေစေချင်နေတာလား။"

ဟူရွှမ်းကျန်က ကိုင်လောင်ကို ကျိန်ဆဲလိုက်ပြီး အသက်ပြင်းပြင်း တစ်ချက်ရှုကာ သူ့ကိုယ်သူ ပြင်ဆင်လိုက်သည်။

"အဲဒီလူက ‌ဒီဘက်ကို ထွက်သွားတယ်။" သူက ပြောလိုက်ပြီး၊ ဟန်ရှောင်းထွက်သွားရာ၏ ဆန့်ကျင်ဘက်သို့ ညွှန်ပြလိုက်သည်။

"မင်းက အရမ်းကောင်းတာပဲ။ မင်းက။"

ဒိုင်း

ဟူရွှမ်းကျန်၏ နဖူးတွင် အပေါက်တစ်ပေါက် ပေါ်လာသည်။ သူသည် နောက်ပြန်လဲကျသွားပြီး မြေပြင်ပေါ်သို့ အသံကျယ်လောင်စွာ ပြုတ်ကျသွားသည်။

ဟူဖေးက သူ၏အသက်မဲ့နေသော ခန္ဓာကိုယ်ကိုကြည့်ပြီး ထိတ်လန့်စွာအော်လိုက်မိသည်။

ဒီ...ဒီလိုပဲလား

နံပါတ် (၁)က ဟူရွှမ်းကျန်၏ သေဆုံးသွားသော ခန္ဓာကိုယ်ကို စိုက်ကြည့်နေသည်။ သူက ဟန်ရှောင်းကို ကူညီသူ မည်သူ့ကိုမဆို သတ်ပစ်ရန် တွေဝေနေမည် မဟုတ်ပေ။

"အဖိုးကြီးဟူ"

အန်က မမြင်ရသော်လည်း၊ ဘာတွေဖြစ်နေသလဲဆိုတာတော့ ကြားနေရသည်။ သူမ မတ်တပ်ရပ်လိုက်ပြီး သူမယောက်ျားကို ရှာဖွေရန် ကြိုးစားလိုက်သည်။

ဒိုင်း

သူမ၏ခေါင်း ပေါက်ကွဲသွားသည်။

သူမ၏ ခန္ဓာကိုယ်က မြေကြီးပေါ် ခွေကျသွားပြီး၊ သူမယောက်ျားနှင့် လက်တစ်ကမ်းအကွာသို့ ရောက်ရှိသွားသည်။

နံပါတ် (၁)က နှာခေါင်းရှုံ့လိုက်သည်။

"တောင်းဆိုနေတာပဲ။"

ဟူဖေးမှာ နောင်တအကြီးအကျယ် ရနေသည်။

သူ၏ တစ်ခဏတာ လောဘကြီးမှုက ဒါတွေအားလုံးကို ဖြစ်စေခဲ့သည်။

လေလွင့်သွားလာကြသူများကလည်း ငေးကြောင်နေပြီး၊ ဘာဖြစ်သွားမှန်း စဉ်းစား၍ မရတော့ပေ။

ရုတ်တရက်၊ နံပါတ် (၁)၏ အသံလွှင့်စက် လင်းလာပြီး၊ ဘော့စ်၏ မျက်နှာ ပေါ်လာသည်။

"မင်းဘာတွေ လုပ်နေတာလဲ။ မင်းကို ဘယ်သူက သတ်ခွင့်ပေးထားလို့လဲ။"

နံပါတ် (၁)မှာ ကြောက်ရွံ့မှုကြောင့် တုန်လှုပ်သွားသည်။ သူက အလျှင်အမြန် ရှင်းပြ၏။

"ဒီလေလွင့်သွားလာကြသူတွေက ကျွန်တော်တို့ကို လိမ်ခဲ့တယ်၊ ဒါကြောင့် ကျွန်တော်က သူတို့ကို သင်ခန်းစာ ပေးရုံတင်ပါ။ ကျွန်တော်အခုပဲ ထွက်ခွါပါတော့မယ်။"

"ထားလိုက်တော့၊ မင်းစခဲ့ပြီဆိုမှတော့ သေချာအဆုံးသတ်ခဲ့။ သတင်းတွေ မထွက်စေနဲ့။"

နံပါတ် (၁)က ခေါင်းညိတ်ပြီး အချက်ပြလိုက်သည်။

...

အမှောင်ထုက ကျရောက်လာသည်။

ဟန်ရှောင်းက နောက်ဆုံးတွင် စခန်းချရာနေရာသို့ ရောက်လာ၏။ ရုတ်တရက်၊ သွေးနံ့များ နှာခေါင်းထဲ တိုးဝင်လာ၏။ သူ၏ နှလုံးသားများ လေးလံသွားသည်။

"ငါအရမ်းနောက်ကျသွားပြီ။"

ဟန်ရှောင်းက စခန်း၏ မြင်မကောင်းအောင်ဖြစ်နေသော နေရာသို့ ‌ဝင်လာသည်။ ထိုနေရာသည် အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားသည့် နေရာဖြစ်သည်။

သူက ဟူရွှမ်းကျန်နှင့် အန်၏ အသက်မဲ့နေသော ခန္ဓာကိုယ်ကို တွေ့လိုက်ရပြီး ဒေါသကြောင့် တုန်လှုပ်လာသည်။

ရုတ်တရက်၊ လူတစ်ယောက် မြေကြီးပေါ်မှ ထရပ်လာသည်။ ထိုသူက ပသိုင်းမွှေးနှင့် ကုန်သည်ဖြစ်သည်။

ကိုင်လောင်က အစုလိုက်အပြုံလိုက် မသတ်ဖြတ်မီကတည်းကပင် မေ့မျောသွားပြီး ထိုအရာက သူ့အသက်ကို ကယ်ဆယ်ခဲ့သည်။ သူမပျော်နိုင်ခင်မှာပင်၊ လူတစ်ယောက်က သူ့ကို ကြည့်နေသည်ကို တွေ့ရသည်။ ထိုသူမှာ ဟန်ရှောင်းဖြစ်ကြောင်း သိသည့်အခါ၊ သူသည် ကြောက်ရွံ့မှုကြောင့် တုန်လှုပ်လာသည်။

ဟန်ရှောင်းက သူ့ဆီသို့ လျှောက်သွားပြီး ကော်လံကိုဆွဲလိုက်ကာ

"ဒီမှာ ဘာဖြစ်ခဲ့တာလဲ ငါ့ကိုပြောစမ်း။"

"အဲ့ဒါ ဂျာမီနယ်အဖွဲ့အစည်းပဲ။ ဂျာမီနယ်အဖွဲ့အစည်း။ ငါတို့က မင်းဘယ်သွားလဲ မပြောပြလို့ ငါတို့အားလုံးကို သတ်ခဲ့တာ။ အား... သူတို့ငါတို့အားလုံးကို အစုလိုက်အပြုံလိုက် သတ်ခဲ့တယ်။ မင်း ငါတို့အတွက် လက်စားချေပေးရမယ်၊ ဟူရွှမ်းကျန်အတွက် လက်စားချေပေးရမယ်။"

အခန်း (၁၆) ပြီး၏။

လင်းဆက်

All Chapters