သတ်
Vol. 2 Ch. 17
အခန်း (၁၇) သတ်
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694767762883-682x1024.jpg
“အဟွတ်... အဟွတ်...”
ဟန်ရှောင်းက လူတစ်ယောက်၏ အလွန် အားနည်းနေသော အသံကို ကြားလိုက်ရသည်။ အသံနောက်သို့ လိုက်ကြည့်ရင်း ကျည် ၅-၆ချက် ထိထားသော ဟူဖေးကို တွေ့သွားသည်။ သူသည် သေလုဆဲဆဲ ဖြစ်နေ၏။
သူက ဟူဖေးလက်ထဲရှိ ပစ္စတိုကိုကြည့်ပြီး၊ ဟန်ရှောင်း ဘာဖြစ်ခဲ့သည်ကို နားလည်သွားသည်။ ရှုပ်ထွေးသော ခံစားမှုများ ပြည့်နှက်လာသည်။
"ငါမင်းကို ပြောခဲ့ပါတယ်၊ ဒီသေနတ်က အန္တရာယ်များပါတယ်လို့... မင်းကမှ နားမထောင်တာ။"
ဟူဖေးက ဟန်ရှောင်း၏ ဘောင်းဘီကို လှုပ်ခါနေသောလက်ဖြင့် ဆုပ်ကိုင်လိုက်သည်။ သူ့ကိုမြင်ရသည်မှာ စိတ်နှလုံးကြေကွဲဖွယ် ကောင်းလှ၏။
"ကျွန်တော် လောဘမကြီးခဲ့သင့်ဘူး။ ကျွန်တော်... ကျွန်တော် အရမ်းနောင်တရတယ်။ ကျွန်တော်မှားတယ်... ကျွန်တော်မှားခဲ့တယ်...
ဟူဖေးက အားနည်းစွာဖြင့် ကိုင်လောင်ကို ညွှန်ပြကာ
"သူ့ကို မယုံနဲ့... သူက ကျွန်တော့်ဦးလေးကို သစ္စာဖောက်ခဲ့တယ်။"
ဟူဖေးက သွေးတစ်လုပ် အန်လိုက်သည်။
"ငါမင်းရဲ့ ဝေဒနာကို အဆုံသတ်ပေးပါရစေ။"
ဟန်ရှောင်းက ခေါင်းကိုယမ်းရင်း ပြောလိုက်သည်။
ခရက်
"သူပြောတာ မယုံ..."
ကိုင်လောင်စကားမဆုံးခင်၊ ဟန်ရှောင်းက သေနတ်ဖြင့် ပစ်လိုက်သည်။ ခေါင်းတွင် အပေါက်တစ်ပေါက် ပေါ်လာသည်။
ကိုင်လောင် ဒူးထောက်ပြီး လဲကျသွားသည်။
"လူတိုင်း သေသွားပြီ။ မင်းလည်း သူတို့နဲ့ သွားပေါင်းသင့်တယ်။"
ဟန်ရှောင်း မျက်စိကို တင်းကြပ်နေအောင် ပိတ်လိုက်မိသည်။
ဟန်ရှောင်း၏ သတ်ဖြတ်လိုစိတ်များက မိုးထိအောင်မြင့်မားနေသော်လည်း၊ လှောင်အိမ်ထဲမှ ကျားတစ်ကောင်ကဲ့သို့ သူ၏ ကျိုးကြောင်းဆင်ခြင်ဉာဏ်ဖြင့် ထိန်းချုပ်ထားသည်။ သူက ပို၍ အေးချမ်းသည်ဟု မြင်ရလေလေ၊ ပို၍ ပူပြင်းစွာ ပေါက်ကွဲလေလေဖြစ်သည်။
ဟန်ရှောင်းက ဟူရွှမ်းကျန်၏ ခန္ဓာကိုယ်ရှိရာသို့ လမ်းလျှောက်သွားသည်။ သူ၏ လက်သည် ဆန့်တန်းလျက်ရှိပြီး၊ ကားဘီးရာများကို ညွှန်ပြနေသည်။
သူထွက်သွားခဲ့ရာနှင့် ဆန့်ကျင်ဘက်အရပ်ဖြစ်သည်။
ဟူရွှမ်းကျန်က သူ့ကို ရောင်းမစားခဲ့ပေ။
ဟန်ရှောင်း၏ နှလုံးသားများ နာကျင်လာသည်။
နောက်ဆုံးအချိန်အထိတိုင်အောင်ပင်၊ ဟူရွှမ်းကျန်က သူ့လို အပြင်လူတစ်ယောက်ကို ကူညီစောင့်ရှောက်ခဲ့သေးသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင်သည် အဆင့်အတန်း E စနစ်၏ တောင်းဆိုချက်ကို အသက်သွင်းခဲ့သည်။
[လက်စားချေခြင်း]
စနစ်၏တောင်းဆိုချက် အရိပ်အမြွက် : စမ်းသပ်ခံတပ်ဖွဲ့ကို ရှင်းလင်းပါ။
စနစ်၏တောင်းဆိုချက် ဆုလာဘ် : ၁၅,၀၀၀ အတွေ့အကြုံအမှတ်
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းက ထိုစုံတွဲ၏ဘေးမှ ထွက်သွားပြီး တဲထဲသို့ဝင်ကာ ဟူရွှမ်းကျန်၏ လှံစွပ်တပ် ပြောင်းချောသေနတ်ကို ယူလိုက်သည်။ တခဏမျှ၊ သေနတ်က လင်းလာသလို ထင်မြင်ရပြီး၊ ဟန်ရှောင်းကို ခေါ်နေသယောင်ပင်။
"မင်းလည်း မင်းရဲ့သူငယ်ချင်းအတွက် လက်စားချေချင်တယ် မဟုတ်လား။"
ဟန်ရှောင်းသည် အိတ်ထဲရှိ သေနတ်များအားလုံးကို ထုတ်ကာ လှံစွပ်တပ် ပြောင်းချောသေနတ် ဘေးတွင်ချလိုက်သည်။ သူက စတင်၍ သေနတ်အားလုံးကို တစ်စစီဖြုတ်ကာ အစိတ်အပိုင်းများအားလုံးကို လှံစွပ်တပ် ပြောင်းချောသေနတ်ကို ပြန်လည်တည်ဆောက်ရန် အသုံးပြုလိုက်သည်။
ဟန်ရှောင်း၏ အခြေခံတပ်ဆင်မှု နှင့် အခြေခံမွမ်းမံမှု ၂ခုလုံးသည် အဆင့်(၁၀)တွင် ရှိကြသည်။ ဤစွမ်းရည်နှစ်ခုလုံး၏ အမည်များသည် ရိုးရှင်းသော်လည်း၊ ယန္တရားပညာ၏ မရှိမဖြစ်သော စွမ်းရည်များဖြစ်ကြသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
လှံစွပ်တပ် ပြောင်းချောသေနတ် (မွမ်းမံထားပြီး)
အဆင့်အတန်း - ပျမ်းမျှ
အခြေခံအချက်အလက်များ-
ထိခိုက်နိုင်မှု : 66-89
ပစ်ခတ်မှုနှုန်း : 1.1/s
ကျည်ကပ် : 20
အကွာအဝေး : 450 မီတာ
ပါဝါ : 37
ဘောနပ်အမှတ် : လက်စွမ်း +၂
အရှည် : ၀.၈၆ မီတာ
အလေးချိန် : ၈.၄ ကီလိုဂရမ်
ထပ်လောင်းအကျိုးသက်ရောက်မှုများ : တိကျသည်။ လေတိုက်ခြင်းကြောင့်ဖြစ်သော သက်ရောက်မှု လျော့ကျသွားသည်။
ထပ်လောင်းအကျိုးသက်ရောက်မှုများ : ဖောက်ထွင်းနိုင်မှု - ပိုကြီးသော စွမ်းအားပြင်းကျည်ဆံနှင့် ပစ်ခတ်နိုင်ရန် မွမ်းမံထားသည်။
ဖော်ပြချက် - ဤလက်နက်သည် လက်စားချေရန် ဆာလောင်နေသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ဟန်ရှောင်းက သူ၏ စနိုက်ပါကျည်ဆံများကို ရေတွက်လိုက်သည်။ ၂၅တောင့်ရှိပြီး၊ အားလုံးကို ဆေးဗားဘလိတ်ထံမှ ရခဲ့ခြင်းဖြစ်သည်။
ကား၂စီးသာရှိသည်ကို တွေ့ရ၍၊ ရန်သူမှာ ၁၂ယောက်ထက် မပိုလောက်ပေ။
ဟန်ရှောင်းက တောထဲသို့ဝင်၍ သူတို့နောက်သို့ လိုက်လေတော့သည်။သူက ကားနောက်သို့ အမှီလိုက်ရန် မဖြစ်နိုင်မှန်း သိသော်လည်း၊ ထိုအရာက သူ့ရည်ရွယ်ချက်မဟုတ်ပေ။
သူတို့သည် သူတို့အလိမ်ခံရကြောင်း သိပြီး နောက်ကြောင်းပြန်လှည့်လာရန် အခွင့်အလမ်းကြီးကြီးမားမားရှိသည်။ ထို့ကြောင့်၊ ဟန်ရှောင်းက သူတို့ မလွှဲသာမရှောင်သာ သွားသည့်လမ်းအတိုင်း ပြန်လှည့်လာသည့်အခါ ချုံခိုတိုက်ခိုက်ရန် ကြံစည်ထားသည်။
အကယ်၍ ဟန်ရှောင်းသာ ဆန့်ကျင်ဘက်အရပ်သို့ ထွက်ပြေးသွားပါက သူတို့ကို တစ်ခါတည်းနှင့် အပြီးတိုင် မျက်ခြည်ပြတ်နိုင်မည်ဖြစ်သော်လည်း၊ သူ၏စိတ်က သူသည် နောင်တရနေမည်ဖြစ်ကြောင်း ပြောနေသည်။
စနစ်၏တောင်းဆိုချက်သည် မသက်ဆိုင်ပေ။ ဒါက ပုဂ္ဂိုလ်ရေးဖြစ်သည်။
"ဂျာမီနယ်..." ဟန်ရှောင်း မုန်းတီးစွာ အော်လိုက်သည်။
...
တောအုပ်က ညအခါတွင် လက်ချောင်းများကိုပင် မမြင်ရလောက်အောင် မဲမှောင်နေသည်။ ဝံပုလွေများက မလှမ်းမကမ်းတွင် အူနေကြသည်။
ဟန်ရှောင်းက ၃နာရီခန့်ကြာအောင် လဲလျောင်းရင်း စောင့်ဆိုင်းနေသည်။
ရုတ်တရက်၊ ကားစက်သံတစ်ခုက နီးကပ်လာနေသည်။ ဟန်ရှောင်း၏ မျက်နှာ တွန့်သွားသည်။ ကားမီးရောင် ၄ခုက အဝေးတစ်နေရာတွင် ပေါ်လာသည်။
"နောက်ဆုံးတော့..."
ဟန်ရှောင်း အေးဆေးစွာ ရေရွတ်လိုက်သည်။
သူက ညဇီးကွက်တပ်ဖွဲ့၏ ညကြည့်မျက်မှန်ကို တပ်လိုက်ပြီး ကား၂စီး၏ ပုံရိပ်ကို တွေ့လိုက်သည်။
ထို့နောက် ရိုင်ဖယ်သေနတ်ကို မောင်းတင်လိုက်ပြီး အသက်အောင့်၍ ချိန်လိုက်သည်။
၈စက္ကန့်ကြာပြီးနောက် ခလုတ်ကို ဆွဲလိုက်သည်။
ချက်ချင်းပင်၊ စနိုက်ပါကျည်ဆံက မီတာရာနှင့်ချီ၍ ဖြတ်သန်းသွားပြီး၊ ရှေ့တာယာကို ထိသွားကာ ပေါက်ကွဲသွားစေသည်။
ကားက သစ်ပင်နှင့် ဝင်တိုက်သွားသည်။
"ကားဘယ်လို မောင်းရမယ်ဆိုတာရော သိရဲ့လား။" မူးဝေသွားသော နံပါတ်(၁)က ဆဲဆိုလိုက်သည်။
"ခေါင်းဆောင်၊ တာယာ ကွဲထွက်သွားပြီ။"
"ဘယ်လိုလုပ် ဖိအားနည်းတာယာက ပေါက်ထွက်မှာလဲ။"
တပ်ဖွဲ့ဝင်တစ်ယောက်က ဒူးထောက်၍ တာယာကို စစ်ဆေးလိုက်သည်။
"ဒီမှာ ကျည်ဆံတစ်တောင့် စိုက်ဝင်နေတယ်။
"ချုံခိုတိုက်ခံရပြီ။"
ရုတ်တရက်၊ နံပါတ်(၁)နှင့် အနီးဆုံးရှိ အေးဂျင့်၏ခေါင်း ပေါက်ထွက်သွားပြီး၊ သူ၏သွေးများက နံပါတ်(၁) တစ်ကိုယ်လုံးကို ဖြန်းလိုက်သလိုဖြစ်သွားသည်။
"ဝပ်ကြ" သူက အော်လိုက်သည်။
ကျန်အေးဂျင့်များလည်း ကမန်းကတန်း မြေပေါ်သို့ ဝပ်လိုက်ကြသည်။ အသက်ရှူကြပ်လောက်စရာ တိတ်ဆိတ်မှုက ကြီးစိုးလာသည်။ သူတို့အကုန်လုံး တုန်လှုပ်ကုန်ကြသည်။ နံပါတ်(၁)တစ်ယောက်သာ တည်တည်ငြိမ်ငြိမ်နေနိုင်ပြီး၊ ချက်ချင်း စစ်ကူလှမ်းတောင်းလိုက်သည်။
စမ်းသပ်ခံတပ်ဖွဲ့သည် အထောက်ခံထားရသည်။ မည်သူမျှ မလှုပ်ရဲပေ။
"ဘယ်သူက ငါတို့ကို တိုက်တာလဲ"
"မစဉ်းစားတတ်ဘူး။"
"ဒီမှာ အရမ်းမှောင်မဲနေတာ၊ သူ့မှာ ညကြည့်မျက်မှန် ရှိရမယ်။"
"ငါတို့ ဘာလုပ်ကြမလဲ။"
"လှဲပြီး စောင့်နေရမှာပဲ၊ ငါထင်တယ်... စစ်ကူတွေ ရောက်တဲ့အထိပေါ့။"
နံပါတ်(၁) ပေါက်ကွဲသွားသည်။
"မင်းတို့ ရူးနေလို့လား၊ သူအဲဒါဆို ထွက်ပြေးမသွားဘူးလား။ ရန်သူက တစ်ယောက်တည်း၊ ငါတို့က ဘာလို့ သူ့ကို ကြောက်ရမှာလဲ။ အဖွဲ့အစည်းက ငါတို့ကို ဘယ်လိုတွေးမလဲ။"
အသင်းဖော်များ၏ မျက်နှာအမူအရာများ ချက်ချင်းပြောင်းလဲသွားသည်။
"ရန်သူက ၁ယောက်တည်းပဲ။ ငါတို့မှာ ကားနဲ့ သေနတ်တွေ ရှိတယ်၊ လူအင်အားလည်း သာတယ်။ ငါတို့ဘယ်လို ရှုံးနိုင်မှာလဲ။"
နံပါတ်(၁)က ထပ်ပြောသည်။
"ဟုတ်တယ်... ငါတို့ ပြန်တိုက်ရမယ်။"
"စနိုက်ပါရဲ့ နေရာကို သိအောင်လုပ်။"
တပ်ဖွဲ့ဝင်တစ်ယောက်က သတ္တိမွေးလိုက်ပြီး သူ့ကိုယ်သူ ဖော်ပြလိုက်သည်။ စနိုက်ပါ၏ နေရာကို ဖော်ထုတ်ရန် ရည်ရွယ်သည်။ သို့သော်လည်း၊ စနိုက်ပါသမားက သူထင်ထားသည်ထက် မြန်နေသည်။ သူချက်ချင်းပင် အပစ်ခံလိုက်ရသည်။ ထိမှန်လိုက်သည့်အရှိန်ကြောင့် သူ့ခန္ဓာကိုယ်မှာ နောက်သို့ လွင့်ထွက်သွားသည်။
နံပါတ် (၁) ကျောရိုးထဲ စိမ့်သွားသည်။ ဒီနတ်ဘုရားနဲ့တူတဲ့ စနိုက်ပါက ဘယ်သူလဲဟ။
အေးဂျင့်၏ သေဆုံးမှုက အချည်းနှီးတော့ မဖြစ်ပေ။ တပ်ဖွဲ့ဝင်တစ်ယောက်က ဟန်ရှောင်းရိုင်ဖယ်၏ ပြောင်းဝမှ မီးပွင့်ကို တွေ့လိုက်သည်။
"ငါသူ့ကိုတွေ့ပြီ၊ တောင်ဘက် မီတာ ၃၀၀မှာ။"
"ကားထဲဝင်။"
ဟန်ရှောင်းက သူတို့ ထရပ်ပြီး အခြားကားတစ်စီးဆီသို့ ပြေးသည်ကို တွေ့၏။ သူချက်ချင်းပင် သူတို့၏ အကြံကို သဘောပေါက်သွားသည်။
အပူပြပုံရိပ်တွင် ပြနေသည့်လူ ၇ယောက်ရှိသည်။ သူတို့က စနိုက်ပါ၏ ပစ်ခတ်မှုနှုန်း နှေးသည့်အပေါ်တွင် လောင်းကြေးထပ်ချင်ဟန်တူသည်။ ၁ယောက် ၂ယောက်ခန့် စတေးပြီး ကားပေါ်သို့ရောက်ရန် ဆန္ဒရှိကြသည်။
ဟန်ရှောင်းက လောရန် စိတ်မကူးပေ။ ကျန်တဲ့သူများ ကားပေါ်မတက်ခင် တည်ငြိမ်စွာပင် နောက်ထပ် ၂ချက်ပစ်ပြီး ၂ယောက်ကို ထပ်သတ်လိုက်သည်။ ကားစက်သံက ကျယ်လောင်လာပြီး သူ့ဆီသို့ တိုးဝင်လာသည်။
ချက်ချင်းဆိုသလို၊ ဟန်ရှောင်း၏ အခြေအနေက အဆိုးဆုံးသို့ ပြောင်းသွားသလိုပင်။ သို့သော်လည်း၊ သူက တည်ငြိမ်နေသည့်ပုံ ပေါ်သည်။
"အကောင်းဆုံး နည်းဗျူဟာဆိုတာ ခန့်မှန်းရလည်း အလွယ်ဆုံးတစ်ခုပဲ"
သူက ကောက်ချက်ချလိုက်သည်။
အခန်း (၁၇) ပြီး။
လင်းဆက်