မင်းထင်တာထက် ပိုကြီးမားတယ်
Vol. 2 Ch. 18
အခန်း (၁၈) မင်းထင်တာထက် ပိုကြီးမားတယ်
https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694767897739.jpg
"ငရဲကို သွားလိုက်တော့။"
နံပါတ်(၁)က အော်ဟစ်လိုက်ပြီး လီဗာကို ဖိနင်းလိုက်သည်။ သူတို့လာရာ လမ်းတွင် တွဲလောင်းချိတ်ထားသည့် လက်ပစ်ဗုံးများကို သတိမပြုမိပေ။
ကားက ဟန်ရှောင်း သစ်ပင် ၂ပင်ကို တန်း၍ တားထားသည့် ကြိုးကို ဝင်တိုက်မိကာ ရုတ်တရက် ရပ်သွားသည်။ သစ်ပင်၂ပင်လည်း တိုက်မိသည့်အရှိန်ကြောင့် အမြစ်မှ ကျွတ်ထွက်မတတ်ဖြစ်သွားပြီး ကားပေါ်မှ အေးဂျင့်များသည်လည်း အဝတ်အရုပ်များလို လွင့်ထွက်သွားလေသည်။
ချက်ချင်းပင်၊ လက်ပစ်ဗုံးများကလည်း ပေါက်ကွဲသွား၏။ ကျည်ကာနိုင်သည့် လေကာမှန်သည်လည်း ဗုံးဆံများကြောင့် အကြီးအကျယ် အက်ကွဲသွားသည်။
ထိုအရာက ရိုးရှင်းသော်လည်း သေစေနိုင်သော ထောင်ချောက်ပင်။
ဟန်ရှောင်းက ညကြည့်မျက်မှန်ကို လက်ပစ်ဗုံးပေါက်ကွဲသည်နှင့် လွှင့်ပစ်လိုက်သည်။ ပေါက်ကွဲမှုမှ မီးတောက်များက သူလိုအပ်သည့် အမြင်အာရုံကို ပေး၏။ သူစတင်၍ ပစ်ခတ်တော့သည်။ ရိုင်ဖယ်သည် အားအလွန်ပြင်းလှ၍ ပစ်ချက်တစ်ချက်ချင်းစီက သူ၏ခန္ဓာကိုယ်ကို တုန်ခါစေသည်။
ဟန်ရှောင်းက လေကာမှန်ကို ပစ်နေသည်။ လေကာမှန်ပေါ်မှ ကျည်ထိသည့် ပုံစံများအရ ဟန်ရှောင်းချိန်ရွယ်နေသည်မှာ ယာဉ်မောင်းဖြစ်သူကို ရည်ရွယ်မှန်း ရှင်းလင်းနေသည်။ နံပါတ်(၁)ပင်။
နံပါတ်(၁)က အံကြိတ်လိုက်ပြီး ဘေးမှတစ်ယောက်ကို ဆောင့်ဆွဲကာ ကျည်ကာလုပ်လိုက်သည်။ ခဏအကြာတွင်၊ လေကာမှန် ကွဲသွားပြီး ထိုသနားစရာ လူ၏ခေါင်းမှာ ပေါက်ထွက်သွားသည်။
"ကားပေါ်က ဆင်းကြ။"
ကျန်ရှိသည့် အေးဂျင့်များလည်း ကားပေါ်မှ အလျှင်အမြန် ခုန်ချကြသည်။ နံပါတ်(၁)ကလည်း ဒေါသအလျောက် စက်သေနတ်ကို ယမ်းကာ ပစ်ခတ်လေသည်။ သူ၏ အဖွဲ့သားများကလည်း သူ့အတိုင်း လိုက်လံပစ်ခတ်ကြသည်။
ဟန်ရှောင်းက ပစ်ခတ်တာ ရပ်လိုက်ပြီး ကျည်ပြန်ဖြည့်နေသည်။
ကျည်ဆံများက ဟန်ရှောင်း၏ ဘေးပတ်ဝန်းကျင်မှ ဝှီးခနဲ ဖြတ်သန်းသွားသည်။ ဒါပေမယ့် ဟန်ရှောင်းက သူတို့သည့် သူ့နေရာအတိအကျကို မသိမှန်း သိနေသည်။ သူတို့က ဒီအတိုင်း ကြောက်လန့်တကြား ဖြစ်နေကြခြင်းပင်။ သူက သူတို့ကျည်ဖြည့်မည့်အချိန်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေ၏။
မကြာခင်မှာပင် အေးဂျင့်များက သူတို့အလောတကြီး လှုပ်ရှားမိမှန်း သတိပြုမိသွားသည်၊ သို့သော် နောက်ကျသွားလေပြီ။ ဟန်ရှောင်းက လက်ဦးမှု ရယူလိုက်တော့သည်။
ဒိုင်း ဒိုင်း ဒိုင်း
ထူးဆန်းစွာ ဟန်ရှောင်း၏ ပစ်ခတ်သံမှာ လှပသော တီးလုံးတစ်ခုအလားပင်။
သူ၏ တပ်ဖွဲ့ဝင်များ တစ်ယောက်ပြီးတစ်ယောက် ကျကုန်သောအခါ၊ နံပါတ်(၁)မှာ တုန်လှုပ်လာသည်။ သူက ကြမ်းရမ်းစွာ လျှောက်ပစ်ပြီးနောက် အော်ဟစ်လိုက်သည်၊
"မင်းက ဘယ်သူလဲ၊ ကိုယ့်ကိုယ်ကိုယ် ပြစမ်းပါ။"
သူ၏ ယုံကြည်မှုများသည်လည်း လုံးဝဥဿုံ အကြွင်းမဲ့ ပျက်စီးသွားလေသည်။
ကလစ် ကလစ် ကလစ်
သူ ကျည်ကုန်သွားပြန်၏။
"ကိုယ့်ကိုယ်ကိုယ် ပြစမ်း။"
ဟန်ရှောင်းက ရုတ်တရက် ရှင်းလင်းရာသို့ ထွက်လာသည်။
နံပါတ်(၁)၏ မျက်လုံးများ တုန်လှုပ်မှုကြောင့် ပြူးကျယ်သံားသည်။
"ဘယ်.. ဘယ်လိုဖြစ်နိုင်မှာလဲ။"
အိပ်မက်ဆိုးများထဲမှာပင် ဟန်ရှောင်းက တုံ့ပြန်ပြန်တိုက်လိမ့်မည်ဟု မမျှော်လင့်ထားပေ။ သူက သူ၏မာနကြောင့် ဟန်ရှောင်းမှာ အသက်အတွက် ထွက်ပြေးလိမ့်မည်ဟု ထင်ထားခဲ့သည်။ အချက်အလက်များအားလုံက သက်သေပြနေသော်လည်း၊ ဟန်ရှောင်းက သူ့ထက်ပိုကောင်းသည်ကို ယုံကြည်ရန် ခေါင်းမာစွာ ငြင်းဆန်နေခဲ့သည်။ ယခုအချိန်တွင်တော့၊ သူ့အပေါ် အလင်းပြခဲ့လေသည်။
ဇီးရိုးက သူ့ထက် များစွာ ပိုမိုသန်မာသည်။
သူ၏ လွဲမှားစွာ ထင်မြင်နေသော စိတ်ကြီးဝင်နေမှုသည် ချက်ချင်းပင် မနာလိုဝန်တိုမှုနှင့် အစားထိုးသွားသည်။
"ငါက ပိုကောင်းတဲ့ စမ်းသပ်ခံပဲ။ မင်းက အရှုံးသမားပဲ၊ အရှုံးသမား...”
သူက ပစ္စတိုကို ထုတ်၍ ပစ်ရန်ကြိုးစားသည်။ သို့သော် ဟန်ရှောင်းက ပိုမြန်၏။ စနိုက်ပါကျည်ဆံက နံပါတ်(၁)၏ ညာလက်တစ်ခုလုံးကို ဆုတ်ဖြဲသွားသည်။
နံပါတ်(၁)က သူ၏ ထိတ်လန့်စရာကောင်းနေသည့် ညာဘက်ခြမ်းကို ဖြည်းညင်းစွာလှည့်၍ ကြည့်လိုက်သည်။
ဟန်ရှောင်းက ထပ်၍ ပစ်လိုက်ပြန်သည်။ ဤတစ်ကြိမ်တွင် နံပါတ်(၁)၏ ခြေထောက်ကို ထိမှန်ကာ သူ့ကို မြေပေါ် ပစ်လဲသွားစေသည်။ ထို့နောက် ဟန်ရှောင်းက အချိန်ယူကာ ကျည်ဖြည့်လိုက်ပြီး ကျန်သည့်ခြေလက်များကို ဖျက်စီးလိုက်သည်။
နံပါတ်(၁)သည် မြေပြင်ပေါ်တွင် အကူအညီမဲ့စွာ လဲကျနေပြီး ဟန်ရှောင်းကို မုန်းတီးစွာ စိုက်ကြည့်နေသည်။
"ဇီးရိုး" သူက စူးရှစွာ အော်ဟစ်လိုက်သည်။ ဒဏ်ရာရနေသည့် သားရိုင်းကောင် အလားပင်။
"တိတ်တိတ်နေ။"
ဟန်ရှောင်းက နံပါတ်(၁)ဆီသို့ လျှောက်လာပြီး သူ၏မေးရိုးကို ရက်စက်စွာ ကန်ပစ်လိုက်၏။
"ဘာလို့မင်းကို နောက်ဆုံးချန်ထားလဲ မသိချင်ဘူးလား၊ ဘာလို့လဲဆိုတော့ မင်းကို မြန်မြန်သေပြီး ပျော်မသွားစေချင်လို့ပဲ။"
နံပါတ်(၁)သည် မြေကြီးပေါ်တွင် ထွန့်ထွန့်လူးနေပြီး ပြန်မပြောနိုင်ပေ။ သွေးများကလည်း ဒဏ်ရာများမှ တရစပ် ပန်းထွက်နေသည်။
ရုတ်တရက်၊ သူ၏လက်မောင်းရှိ ဆက်သွယ်ရေးကိရိယာ လင်းလက်လာပြီး၊ ခေါင်းဆောင်၏ ပုံရိပ် လေထဲတွင် ပေါ်လာသည်။
""ဇီးရိုး၊ ဒါက လုံလောက်ပြီ။" သူက ပြော၏။
ဟန်ရှောင်း မျက်မှောင်ကြုံ့သွားသည်။
"ငါက ဂျာမီနယ်အဖွဲ့အစည်းရဲ့ ခေါင်းဆောင်ပဲ။" သူက မိတ်ဆက်သည်။
"မင်းတကယ်ကို ငါတို့လက်က လွတ်လိမ့်မယ်လို့ ထင်နေတာလား။ မင်းဘယ်ကိုပဲသွားသွား၊ ဂျာမီနယ်အဖွဲ့အစည်းက မင်းကိုရှာတွေ့မှာပဲ။ ဒါပေမယ့် မင်းကို အသက်ရှင်ဖို့ အခွင့်အရေးတစ်ခုပေးမယ်။"
"ဘယ်လိုမျိုးလဲ။" ဟန်ရှောင်းက တည့်တိုးသာ ပြန်မေးလိုက်သည်။
"အဖွဲ့အစည်းကို အမိန့်နာခံပြီး ပြန်လာခဲ့ပါ။ ငါမင်းရဲ့ မှတ်ဉာဏ်တွေကို ထိန်းသိမ်းခွင့်ပေးထားမယ်။ မင်းနဲ့ထိုက်တန်တဲ့ ရာထူးတစ်ခုလည်း ရလိမ့်မယ်။"
ဘော့စ်က ပြန်ဖြေသည်။ သူသည် ဟန်ရှောင်း၏ ခွန်အားကို တကယ်ပင် သဘောကျနေ၏။
နံပါတ်(၁)၏ မျက်နှာမှာ သူ့ခေါင်းဆောင်၏ စကားများကြောင့် ညိုမဲလာသည်။ ဇီးရိုးက ဒီလောက်လူတွေအများကြီး သတ်ပြီးသွားတာတောင် သူ့ကိုဘယ်လို ကောင်းကောင်း ဆက်ဆံနေတာလဲ။
ဟန်ရှောင်းက နံပါတ်(၁)ကို တစ်ချက်ကြည့်လိုက်ပြီး ခနဲ့တဲ့တဲ့ပြောလိုက်သည်။
"ငါဒီလောက် မင်းရဲ့လူတွေ အများကြီးသတ်ခဲ့တာတောင် ငါ့ကို ဆွဲခေါ်ချင်သေးတာလား။"
"အရှုံးသမားတစ်စုပါကွာ။ သူတို့သေသွားတာ ဝမ်းနည်းစရာမရှိဘူး။"
ဘော့စ်က ချက်ချင်းပြန်ပြောသည်။
နံပါတ်(၁) တုန်လှုပ်သွားသည်။
"ငါက မင်းအောက်မှာ အလုပ်လုပ်ချင်တယ်လို့ ဘာလို့ထင်ရတာလဲ။"
"ငါတို့က ကြီးမားတဲ့အရာတွေကို အတူတူအောင်မြင်ဖို့ ကံပါလာပြီးသားပဲ။ ငါတို့နဲ့ ပူးပေါင်းပါ။ ဘာတွေဝေနေစရာ ရှိလို့လဲ။ အော်၊ ငါသိပြီ။ ငါတို့အရင်က မင်းကိုဆက်ဆံခဲ့တာတွေကြောင့် မပျော်မရွှင် ဖြစ်နေတာလား။ သဘောထားမသေးပါနဲ့။ ကြီးမားတဲ့ အရာတွေကို စဉ်းစားစမ်းပါ။ အဲလိုကိစ္စတွေက ငါတို့ရဲ့ အန္တိမရည်မှန်းချက်နဲ့ ယှဉ်လိုက်ရင် အသေးအဖွဲလေးတွေပဲလေ။"
ဟန်ရှောင်းက အေးစက်စွာ ပြန်ပြောသည်။
"ငါ့မှာ မင်းရဲ့ အတွေးအခေါ်တွေနဲ့ ပက်သက်ပြီး ဘာမှစိတ်မဝင်စားဘူး။ မင်းငါ့သူငယ်ချင်းတွေကို သတ်ခဲ့တယ်၊ ဒါကြောင့် မင်းကငါ့ရဲ့ ရန်သူပဲ။ ဒါပဲ။"
"မင်းငါတို့နဲ့ ပူးပေါင်းဖို့ ငြင်းဆန်ရင်၊ ဒီကမ္ဘာမှာ မင်းအတွက်နေရာ ရှိမှာမဟုတ်ဘူး။" ဘော့စ်က ခြိမ်းခြောက်သည်။
"ငါမင်းတို့အားလုံးကို ဖျက်ဆီးပစ်မယ်။"
ဟန်ရှောင်းက စိန်ခေါ်လိုက်၏။
ဒါက တစ်ခုတည်းသော ဖြေရှင်းနည်းပင်။
ဘော့စ်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။
"ငါတို့ကို ဖျက်ဆီးမယ်။" မင်းကိုယ်မင်း ဘာထင်နေတာလဲ။ မင်းက ငါတို့အချိန်မရွေး လက်နဲ့ဖိသတ်လိုက်လို့ရတဲ့ တကယ့်ကို သေးငယ်ပြီး၊ သနားစရာကောင်းလွန်းတဲ့ ပုရွက်ဆိတ်တစ်ကောင်ပဲ။ အောက်ခြေက ဝက်လေးတွေကို သတ်ပြီး မင်းကိုယ်မင်း ထိပ်ဆုံးရောက်နေပြီလို့ ထင်နေတာလား။ ကလေးဆန်လိုက်တာ။"
"ဒါဆိုလည်း စောင့်ကြည့်လိုက်ပေါ့။ ဒီကမ္ဘာကြီးက မင်းထင်ထားတာထက် ပိုကြီးမားတယ်။"
ဟန်ရှောင်းက ခေါင်းခါလိုက်ပြီး သေနတ်ကို မြောက်လိုက်သည်။ နံပါတ်(၁)၏ နှလုံးကိုချိန်ရွယ်၍ ၃ချက်ပစ်လိုက်သည်။
စမ်းသပ်ခံတပ်ဖွဲ့မှာ နောက်ထပ်မရှိတော့ပေ။
ဘော့စ်၏ မျက်နှာဖုံးက သူ့ဒေါသကို မဖုံးအုပ်နိုင်ပေ။
"မင်းနောင်တရလိမ့်မယ်။"
သူက အေးစက်စွာ သတိပေးပြီး ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
သင် ဗယ်ခရီစမ်းသပ်ချက်၏ စမ်းသပ်ခံ နံပါတ်(၁)ကို သတ်ဖြတ်ခဲ့သည်။
အတွေ့အကြုံအမှတ် ၉၀၀ ရရှိပါသည်။
သင် [လက်စားခြေခြင်း] ကို ပြီးဆုံးပါပြီ။
အတွေ့အကြုံအမှတ် ၁၅,၀၀၀ ရရှိပါသည်။
¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯
ခရက်
ရုတ်တရက်၊ လှံစွပ်တပ် ပြောင်းချောသေနတ်က တစ်စစီ ပြုတ်ထွက်သွားသည်။
စမ်းသပ်ခံတပ်ဖွဲ့ဆီမှာ ဟန်ရှောင်းရခဲ့သည့် SWP စနိုက်ပါရိုင်ဖယ်သည် ကိုင်ဆောင်ရန်အတွက် [စနိုက်ပါ] အရည်အချင်းရှိရန် လိုအပ်သည်။ ထို့ကြောင့် ဟန်ရှောင်းက ထိုစနိုက်ပါကို တစ်စစီပြန်ဖြုတ်၍ တွင် ပြန်ဆင်ခဲ့ခြင်းဖြစ်သည်။
ဟန်ရှောင်းက ဒီညတွင် အတွေ့အကြုံအမှတ် ၂၀,၀၀၀ ရရှိလိုက်သည်။
ဂျာမီနယ်အဖွဲ့အစည်းက သူ့နောက်သို့လိုက်မည်မှာ သေချာသည့်အတွက်၊ ဟန်ရှောင်းက ပုန်းခိုရန် နေရာရှာရပေမည်။ သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်ရန် သူက အားနည်းလွန်းသေးသည်။ သူဆော့ခဲ့သည့်ဂိမ်းမှ သယ်ဆောင်လာသည့် ကြွယ်ဝလှသော သတင်းအချက်အလက်များက သူ၏ဝှက်ဖဲ ဖြစ်လာလိမ့်မည်။
ထိုအရာများကို ကောင်းကောင်းအသုံးချရန်၊ ဟန်ရှောင်းသည် အဖွဲ့အစည်းကဲ့သို့ အစွမ်းထက်သည့် အကူအညီကို ရှာရန် လိုအပ်သည်။
နိုင်ငံ၆နိုင်ငံ။
ကြယ်နဂါး၊ မေပါယ်၊ သီးစီးရပ်စ်၊ ရိုင်းလင်း၊ ဟက်စ်လာ၊ အော်ဒီနာ။
သူက နိုင်ငံ၆နိုင်ငံအနက် အငြိမ်းချမ်းဆုံးဖြစ်သည့် ကြယ်နဂါးနိုင်ငံမှာ ရှိနေမှတော့၊ ပိုကောင်းတဲ့ ရွေးစရာ မရှိတော့ပေ။
အခန်း (၁၈) ပြီး။
လင်းဆက်