← Chapters

ဆုကြေးငွေ ဒေါ်လာ၁သန်း၊ A အမျိုးအစား မစ်ရှင်

Vol. 2 Ch. 19

ဆုကြေးငွေ ဒေါ်လာ၁သန်း၊ A အမျိုးအစား မစ်ရှင်

Vol. 2 Ch. 19

အခန်း (၁၉) ဆုကြေးငွေ ဒေါ်လာ၁သန်း၊ A အမျိုးအစား မစ်ရှင်

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694768024439-768x1024.jpg

နောက်တစ်နေ့ မနက်တွင် ဘော့စ်၊ ဟီလာနှင့် ဝန်ထမ်းများ တိုက်ပွဲနေရာသို့ ရောက်လာသည်။

ဘောစ်က နံပါတ်(၁)၏ အလောင်းကိုကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။

"အသုံးမကျတဲ့ အမှိုက်။"

"သူတို့ အကုန်လုံး သေကုန်ပါပြီ။"

သုတေသီတစ်ဦးက အလောင်းများကို စုစည်းပြီးနောက် တင်ပြသည်။

‌ခေါင်းဆောင်က အဝေးရှိတောင်တန်းကို အတွေးနက်စွာ ငေးကြည့်နေသည်။

"အဖွဲ့အစည်းရဲ့ နာမည်နဲ့ ဆုကြေးငွေ ဒေါ်လာ၁၀သိန်း တင်လိုက်၊ အသေပဲဖြစ်ဖြစ်၊ အရှင်ပဲဖြစ်ဖြစ်။"

သူက ရုတ်တရက် အမိန့်ပေးလိုက်သည်။

ဟီလာနှင့် ကျန်သောသူများမှာ သူ့ရဲ့ဆုံးဖြတ်ချက်ကြောင့် ထိတ်လန့်သွား၏။

ဂျာမီနယ်အဖွဲ့အစည်းသည် မြေအောက်လောက၏ ဘုရင်ဖြစ်သည်။ ထို့ပြင် လွန်ခဲ့သည့် ၃နှစ်အတွင်း၊ သူတို့သည် မည်သည့်ဆုကြေးငွေမှ ထုတ်စရာမလိုခဲ့ပေ။ နိမ့်ကျလှသော သစ္စာဖောက်တစ်ယောက်အတွက် ဒီလိုလုပ်စရာ တကယ်ကြီး လိုအပ်လို့လား။

"ခေါင်းဆောင်၊ မင်းက သူ့ကို အရမ်းပိုတွက်နေတာပဲ။ ဇီးရိုးက လက်မတင်လေး လွတ်မြောက်သွားတာပါ။ သူက ငါတို့ကို ဘာခြိမ်းခြောက်နိုင်မှာလဲ။"

"ဟမ့်၊ ဒီမျိုးမစစ်က ငါတို့ကို တကယ် စစ်ကြေငြာရဲတာပဲ၊ ဒါကြောင့် ငါတို့သူ့ကို သူ့ရဲ့စိတ်ကြီးဝင်တာအတွက် ပေးဆပ်ရအောင် လုပ်ရမယ်။ ငါသူ့ကို နင်းခြေပစ်မယ်။ တကယ်လို့ ဇီးရိုးကို အရှင်ဖမ်းမိရင်၊ သူ့ရဲ့လျှို့ဝှက်ချက်တွေ အကုန်လုံးကို နည်းလမ်းအကုန်သုံးပြီးထုတ်ယူ။ သူအသတ်ခံရရင်လည်း၊ သူ့ခန္ဓာကိုယ်ကို ခွဲစိတ်ပြီး ရအောင်ဖော်ထုတ်။"

"ဒီလူတွေကရော ဘာလုပ်ရမလဲ။" သုတေသီက အလောင်းများကို ညွှန်ပြပြီး မေးလိုက်သည်။

ဘော့စ်က ထိုအလောင်းများကို စွန့်ပစ်ရန် အမိန့်ပေးမည်အပြုတွင် အတွေးတစ်ခု ခေါင်းထဲဝင်လာသည်။

"စူပါစစ်သား ပရောဂျက်အတွက် ပြင်ဆင်ထားတာတွေ ဘယ်လိုလဲ။"

သူက မေးလိုက်သည်။

"အခြေခံသီအိုရီတွေက ပြည့်စုံပါပြီ။ ကျွန်တော်တို့ ဆဲလ်တွေနဲ့ တိရစ္ဆာန်စမ်းသပ်မှုတွေ စပါတော့မယ်။ ကျွန်တော်တို့ ဘေးထွက်ဆိုးကျိုးတွေကို ဖယ်ရှားပြီးရင် လူသားစမ်းသပ်ချက်ကို ၈လအတွင်း စနိုင်မှာပါ။"

"တိရစ္ဆာန်စမ်းသပ်မှုတွေကို ကျော်လိုက်၊ လူသားစမ်းသပ်ချက်ကို ချက်ချင်းစလိုက်တော့။"

ဘော့စ်က ဖြတ်ပြောလိုက်သည်။

"အမ်း... စွန့်စားမှုက အရမ်းကြီးလွန်းတယ်။ ဗယ်ခရီစမ်းသပ်ခံတွေပဲ ဒီလုပ်ငန်းစဉ်ကို တောင့်ခံနိုင်တယ်၊ ပြီးတော့ သူတို့ကလည်း အများကြီးမရှိဘူး။ အလျှင်လိုနေရင် အကျိုးမရှိဘဲ ဖြစ်နေပါဦးမယ်။"

“လက်တွေ့စမ်းသပ်မှုတွေက အမြှောက်စာတွေပဲ ဖန်တီးနိုင်တယ်။ လက်စားချေချင်တဲ့စိတ်ကမှ တကယ့်မွန်းစတားတွေကို ဖန်တီးနိုင်တာ။"

သူက နားလည်ရခက်စွာ ပြန်ပြောသည်။

"သူက အကောင်းဆုံး စမ်းသပ်ခံပဲ။"

သူကထပ်ပြောရင်း နံပါတ်(၁)ကို ညွှန်ပြလိုက်သည်။

"အမုန်းတရားက သူ့ကို မောင်းနှင်လိမ့်မယ်။ ဘယ်နာကျင်မှုကမှ သူ့ရဲ့ လက်စားချေချင်တဲ့စိတ်ကို ရပ်တန့်နိုင်မှာမဟုတ်ဘူး။"

"သဘောပေါက်ပါပြီ။" သုတေသီက ခေါင်းညိတ်လိုက်သည်။

"သူ့ဝိညာဏ်ကို ဆင့်ခေါ်လိုက်။"

ဘော့စ်က ဟီလာကို အမိန့်ပေးလိုက်သည်။

ဟီလာက အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီး လက်ကိုမြှောက်လိုက်သည်။ လက်တွေက မီးခိုးရောင်အလင်း လင်းလက်လာကာ ပတ်ဝန်းကျင်ရှိ အပူချိန်မှာလည်း ချက်ချင်းကျသွားသည်။

ရုတ်တရက်၊ တစ္ဆေကဲ့သို့ အော်ညည်းသံများ သူတို့၏ ဘေးပတ်လည်တွင် ထွက်ပေါ်လာသည်။ နံပါတ် (၁)၏ ခန္ဓာကိုယ်ကလည်း ထိုညည်းသံများကို တုန့်ပြန်နေသည့်ဟန်ရှိသည်။

မီးခိုးရောင် အုံ့ဆိုင်းနေသော မြူတိမ်များသည် နံပါတ် (၁) အထက်တွင် ပေါ်ပေါက်လာပြီး သူ့ဒွါရကိုးပေါက်ထဲသို့ စီးဝင်သွားသည်။

ဘော့စ်က သူ၏အပေါ်အင်္ကျီကို လှန်၍ နီရဲနေသော အရည်များပါသည့် ဖန်ပုလင်းလေးကို ထုတ်ယူလိုက်သည်။ ဟီလာ၏ အမူအရာက ထိုအနီရောင် အရည်များကို မြင်သည့်အချိန်တွင် ပြောင်းလဲသွားသည်။ သူမ၏မျက်လုံးများတွင်လည်း သတ်ဖြတ်လိုစိတ်များ လင်းလက်သွားသည်။ သူမကိုယ်သူမ ကြိုးစား၍ ခံစားချက်များကို ထိန်းချုပ်လိုက်ရသည်။

အော်ရိုရာ အသက်ပြန်ရှင်ဆေးရည်

အလွန်စွမ်းအားကောင်းလှသော ကုသရေးဆေးရည်ဖြစ်ပြီး သူမညီမ၏ ရိုးတွင်းခြင်စီမှ ထုတ်ယူထားခြင်းဖြစ်သည်။

ဘော့စ်က အရည်များကို နံပါတ်(၁)အပေါ်သို့ လောင်းချလိုက်သည်။

အရည်များက သူ့ခန္ဓာကိုယ်ထဲသို့ စိမ့်ဝင်သွားပြီး အံ့ဩဖို့ကောင်းသောအရာ ဖြစ်လာတော့သည်။ နံပါတ်(၁)သည် သူ၏ အသားအရောင် ပြန်ရလာပြီး ဒဏ်ရာများကလည်း ပြန်လည်ပျောက်ကင်းလာသည်။ မေးရိုးမှ ဒဏ်ရာလည်း ပြန်ကောင်းသွားပြီး ခြေလက်များသည်လည်း ပြန်ထွက်လာ၏။

နံပါတ်(၁)က ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ သူ၏မျက်နှာမှာ နာကျင်မှုကြောင့် ရှုံ့မဲ့နေသည်။

"ဇီးရိုး..."

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် ဂျာမီနယ်အဖွဲ့အစည်းနှင့် ဂုဏ်သတင်းကို ဖွင့်လိုက်ပါပြီ။

သင်နှင့် ဂျာမီနယ်အဖွဲ့အစည်း ဂုဏ်သတင်း ၁၀၀၀ လျော့ကျသွားပါသည်။

ဂျာမီနယ်အဖွဲ့အစည်း : မုန်းတီးမှု (သစ္စာဖောက်)

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် A အမျိုးအစား စနစ်၏တောင်းဆိုချက်ကို အစပျိုးလိုက်သည်။

[အညစ်အကြေးများကြားမှ ပျိုးပင်]

စနစ်၏တောင်းဆိုချက် အနှစ်ချုပ် :

လွတ်လပ်မှုသည် အဖိုးမဖြတ်နိုင်ပါ၊ လွတ်လပ်မှုကို ရရှိရန် သင့်အသက်ကို စွန့်စားရမည်။ သို့သော်လည်း သင်၏ဒုက္ခများသည် မပြီးသေးပါ။ အဖွဲ့အစည်းသည် သင့်ခေါင်းပေါ်၌ ဆုကြေးငွေများ ပေးထားသည်။ သင့ကျန်ရှိသည့် သက်တမ်းတစ်လျှောက်လုံး လိုက်ဖမ်းခံရလိမ့်မည်။ သင်လွတ်မြောက်နိုင်သော်လည်း သင့်အကျဉ်းထောင်သည် ပိုမိုကြီးမားလာပါသည်။ စစ်မှန်သော လွတ်လပ်မှုကို ရရှိရန် လမ်းကြောင်းတစ်ခုသာ ရှိပါသည်။ သင်ဘာလုပ်ရမည်မှန်း သင်သိပါသည်။

စနစ်၏တောင်းဆိုချက် အရိပ်အမြွက် :

ဤစနစ်၏တောင်းဆိုချက်သည် အောင်မြင်မှုအမျိုးအစား စနစ်၏တောင်းဆိုချက်ဖြစ်သည်။ အဖွဲ့အစည်းအပေါ် သင်၏ ထိခိုက်နိုင်မှု ပမာဏနှင့် ပျက်စီးစေနိုင်မှု ပမာဏတို့အပေါ်တွင် အခြေခံ၍ ဆုလာဘ်ရရှိမည်။

လက်ရှိအောင်မြင်မှုနှုန်း : ၀%

မှတ်ချက် : သင်၏ အောင်မြင်မှုနှုန်းသည် ပုံသေမဟုတ်ပါ။ သင်၏ အောင်မြင်မှုနှုန်းသည် လျော့ကျသွားနိုင်သည်။ သင်သည် ဤစနစ်၏တောင်းဆိုချက်ကို အချိန်အခါမရွေး အဆုံးသတ်နိုင်သည်။

သင်၏ အောင်မြင်မှုနှုန်းသည် ၂၀%အောက် လျော့ပါက၊ ကျရှုံးပါသည်။

သင်၏ အောင်မြင်မှုနှုန်းသည် ၂၀%အထက် မြင့်မားပါက အောင်မြင်မှုနှုန်းအဆင့်ပေါ်မူတည်၍ ဆုလာဘ်ရရှိပါမည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ယေဘုယျအားဖြင့် ပြောရသော်၊ အဆင့်အတန်း B နှင့်အထက် စနစ်၏တောင်းဆိုချက်များသည် အဓိကပွဲတော်များနှင့် သက်ဆိုင်သည့် အဓိက စနစ်၏တောင်းဆိုချက်များဖြစ်သည်။ ဗားရှင်း (၁.၀)တွင် အဓိကပွဲတော်မှာ ရေပင်လယ်ဂြိုလ်ပေါ်ရှိ နိုင်ငံ၆နိုင်ငံနှင့် ဂျာမီနယ်အဖွဲ့အစည်းကြား ပဋိပက္ခဖြစ်သည်။ ကစားသမားများသည် မဟာမိတ်အနေဖြင့် တစ်ခုကို ရွေးချယ်ခွင့်ရှိသည်။

ဟန်ရှောင်း၏ မှတ်ဉာဏ်မှတစ်ဆင့်၊ ဂျာမီနယ်အဖွဲ့အစည်းနှင့် မဟာမိတ်ပြုခဲ့သော ကစားသမား အများအပြားရှိခဲ့သည်ကို မှတ်မိ၏။ အဓိပ္ပါယ်မှာ ဟန်ရှောင်းသည် သူတို့နှင့် ရင်ဆိုင်တွေ့မည်ဖြစ်သည်။

ဂျာမီနယ်အဖွဲ့အစည်းက နိုင်လည်းမနိုင်၊ ရှုံးလည်းမရှုံးသော်လည်း၊ ကြီးမားသောဆုံးရှုံးမှုကိုတော့ ခံစားခဲ့ရသည်။ ဟန်ရှောင်းသည် သူ၏ပြိုင်ဘက်များကို သတိထားရမည်မှန်း သိထားသည်။ ဂျာမီနယ်အဖွဲ့အစည်းနှင့် တိုက်ခိုက်နေသည့် အုပ်စုများလည်း များစွာရှိနေသည်။

ဟန်ရှောင်းက စုစုပေါင်း ထိခိုက်နိုင်မှု၏ ၂၀% ဖြည့်ဆည်းရမည်မှာ အရမ်းများလွန်းသည်ဟု ခံစားနေရသည်။ သို့သော်ငြားလည်း၊ သူက စနစ်၏တောင်းဆိုချက်ကို မတွေဝေနေဘဲ လက်ခံလိုက်သည် - ကြိုးစားကြည့်ခြင်းတွင် ဘာအန္တရာယ်မှ မရှိပေ။

ဒါက အဓိက စနစ်၏တောင်းဆိုချက် လမ်းကြောင်းဖြစ်သည်။

ဗားရှင်း (၁.၀)တွင်၊ ရေပင်လယ်ဂြိုလ်၏ ပွဲတော်များမှာ ဂျာမီနယ်အဖွဲ့အစည်းကို ဗဟိုပြုထားသည်။ ဟန်ရှောင်းသည် ဘယ်လိုပဲဖြစ်ဖြစ် ပို၍ သန်မာလာမည်ဖြစ်ရာ၊ စစ်ပွဲအတွင်းတွင် သေချာပေါက် ဝင်ရောက်ပါဝင်မည်ဖြစ်သည်။

"Galaxy" ဂိမ်းအတွင်း ဇာတ်ကောင်ဖန်တီးသည့် လုပ်ငန်းစဉ်‌တွင်၊ စနစ်က ကစားသမားများကို သူတို့၏ ဦးစားပေးမှုများကို မေးလေ့ရှိသည်။ ဂြိုလ်ကမ္ဘာအမျိုးအစား၊ အဆင့်အတန်း စသည်တို့ဖြစ်သည်။ သူတို့၏ အ‌ဖြေများကို အခြေခံ၍၊ သူတို့နှင့်ကိုက်ညီသည့် ဂြိုလ်များကို ပို့လွှတ်သည်။ ထိုအရာက ဂိမ်း၏ အဓိကအင်္ဂါရပ်ဖြစ်ပြီး၊ ကစားသမားပေါင်းများစွာကို ဆွဲဆောင်နိုင်ခဲ့သည်။ အချို့လူများသည် စကြဝဠာများကို စူးစမ်းရှာဖွေ၍ မတူညီသော လူမှုအဖွဲ့အစည်းများကို တွေ့ကြုံခံစားရခြင်းကို ကြိုက်နှစ်သက်ကြသည်။ ရေပင်လယ်ဂြိုလ်သည် ကမ္ဘာဂြိုလ်ပြီးနောက် ပို၍ လက်တွေ့ဆန်သည့် စိတ်ကူးယဉ်သိပ္ပံ မြို့တော်စတိုင် ဂြိုလ်တစ်ခုဖြစ်သည်။

အဖြစ်မှန်မှာ ဟန်ရှောင်းသည် တောထဲတွင် ပုန်းခိုနေပြီး ဂျာမီနယ်အဖွဲ့အစည်း အားနည်းသည်အထိ စောင့်ဆိုင်းနိုင်သည်။ သို့သော်၊ သူ၏ လုံခြုံမှုကို သေချာစေသည့်အချိန်တွင်၊ သူသည်ပို၍ သန်မာမလာနိုင်ချေ။

ဤဂြိုလ်၏ အဓိကဇာတ်ကြောင်း ပေါ်ပေါက်လာသည့်အခါ၊ စနစ်၏တောင်းဆိုချက်များနှင့် မစ်ရှင်များ ပုံအောကျရောက်လာပေမည်။ ဟန်ရှောင်း၏ ဤဂိမ်းတွင်ရှိသော ဗဟုသုတများက သူ့ကို မမျှတသော အရေးသာမှုကို ပေးနိုင်ပေသည်။

၃ရက်ကြာပြီးနောက်၊ ဟန်ရှောင်းသည် နောက်ဆုံးတွင် တောအုပ်ထဲမှ ထွက်လာသည်။ တောအုပ်သည် ကြယ်နဂါးနိုင်ငံအတွင်းတွင် တည်ရှိခြင်းဖြစ်ပြီး၊ ဂျာမီနယ်အဖွဲ့အစည်းက ဤနေရာတွင် စခန်းတစ်ခု တည်ထောင်ရဲခြင်းမှာ အတော်ပင် အံ့ဩဖို့ ကောင်း၏။ ဖြစ်နိုင်သည်မှာ အလုံခြုံဆုံးနေရာသည် ရန်သူများ မျှော်လင့်မထားသည့်နေရာ ဖြစ်နိုင်သည်။

ဟန်ရှောင်း တစ်ခဏ လမ်းလျှောက်ပြီးနောက် ရထားသံလမ်းများကို တွေ့ရသည်။ သူသည် အနောက်ပိုင်းမြို့တော်သို့ စားသောက်ကုန်များ ပို့ဆောင်နေသည့် ကုန်ရထားတစ်စီးပေါ် ခိုတက်၍ လိုက်သွားတော့သည်။

ဒုက္ခများအတိပြီးနေပြီး၊ စစ်ပွဲသည်လည်း အချိန်မရွေး ဖြစ်ပွားနိုင်သည့်ပုံပေါ်နေရာ ကြယ်နဂါးနိုင်ငံ၏ မြို့တော်များကို ဆက်သွယ်ထားသည့် လမ်းများမှာ ပိတ်ဆို့နေသည်။ အရင်းအမြစ်များကို ရထားဖြင့် အဓိကသယ်ကြရသည်။

ကြယ်နဂါးနိုင်ငံ၏ မြို့တော်များကို ကြီးမားပြီး လျပ်စစ်လွှတ်ထားသည့် သတ္တုခြံစည်းရိုးကြီးများဖြင့် အလုံပိတ်ကာရံထားသည်။၂ရက်ကြာပြီးနောက်၊ ဟန်ရှောင်းသည် ကြီးမားလှသော ခြံဝင်းကြီးကို ပြတင်းပေါက်မှတစ်ဆင့် တွေ့လိုက်ရသည်။

သူ့ပတ်လည်တွင် ခုန်ပေါက်နေကြသည့် ကြက်များကို ဘေးဖယ်လိုက်ပြီး မတ်တပ်ရပ်ကာ သေချာကြည့်လိုက်သည်။

"ကြယ်နဂါးနိုင်ငံ၊ အနောက်ပိုင်းမြို့တော်၊ ဌာန၁၃၊ ငါလာပြီဟေ့..."

"အောက် အီး အီး အွတ်"

အခန်း (၁၉) ပြီး။

လင်းဆက်

All Chapters