← Chapters

တရားမဝင် ဝင်ရောက်ခြင်း

Vol. 2 Ch. 20

တရားမဝင် ဝင်ရောက်ခြင်း

Vol. 2 Ch. 20

အခန်း (၂၀) တရားမဝင် ဝင်ရောက်ခြင်း

https://mmxianxia.com/wp-content/uploads/2023/09/FB_IMG_1694768578165.jpg

ကြယ်နဂါးနိုင်ငံ - နိုင်ငံ၆နိုင်ငံထဲမှ တစ်နိုင်ငံ။ ကြယ်နဂါးနိုင်ငံ လူဦးရေကို အဝါရောင်လူမျိုးများဖြင့် ဖွဲ့စည်းထားသည်။ နိုင်ငံ၏ သင်္ကေတမှာ နတ်နဂါးဖြစ်သည်။

ကြယ်နဂါးနိုင်ငံနှင့် ဂျာမီနယ်အဖွဲ့အစည်းကြားရှိ သွေးကြွေးများမှာ အန်ဒရီတိုက်ပွဲမှ စတင်ခဲ့သည်။ ဂျာမီနယ်အဖွဲ့အစည်းသည် ကြယ်နဂါးနိုင်ငံ၏ အခြားရန်သူများနှင့် လျှို့ဝှက်ပူးပေါင်းပြီး၊ စစ်ပွဲ၏ အရေးကြီးသည့်အချိန်တွင် မြို့တော်များကို အကြီးအကျယ် တိုက်ခိုက်ခဲ့သည်။ ထိခိုက်သေဆုံးသူ အရေအတွက်မှာ သိန်းနှင့်ချီ၍ ရှိခဲ့ပြီး၊ ကြယ်နဂါးနိုင်ငံမှာ နိုင်ငံ၏ တပ်ဖွဲ့အားလုံးကို ပြန်လည်ခေါ်ယူရန် ဖိအားပေးခြင်းခံရသည်။ ထိုအချိန်မှစ၍၊ နိုင်ငံ၆နိုင်ငံထဲတွင် သူတို့၏ အနေအထားမှာ အကြီးအကျယ် အားလျော့သွားခဲ့သည်။

ကြယ်နဂါးနိုင်ငံ၏ မြို့တော်အားလုံးကို လျပ်စစ်လွှတ်ထားသည့် သတ္တုခြံစည်းရိုးကြီးများဖြင့် ကာရံထားသည်။ မြို့တော်အတွင်းသို့ ဝင်နိုင်သည့် တစ်ခုတည်းသော လမ်းကြောင်းမှာ အဓိကဂိတ်တံခါးကြီးမှ ဝင်ရန်သာဖြစ်သည်။

ကုန်ရထားသည် မြို့တော်၏ ဝင်ပေါက်နှင့် ချိတ်ဆက်ထားသည့် ပြင်ပဘူတာရုံတွင် ဆိုက်ရောက်သည်။ ထိုဧရိယာသည် စစ်တပ်စခန်းနှင့် ဆင်တူသည် - ကတုတ်ကျင်းများနှင့် ကင်းမျှော်စင်များကို စစ်တပ်က စောင့်ကြပ်နေကြသည်။ စစ်သားများသည်လည်း ထောင့်တိုင်းတွင် နေရာယူထားကြသည်။

လေလွင့်သွားလာသူများ ထောင်နှင့်ချီ၍ ဘူတာရုံကွင်းပြင်သို့ ဆင်းလာကြပြီး၊ စစ်ဆေးခံရန် တန်းစီကြသည်။ လက်နက်မကိုင်ဆောင်ကြောင်း အတည်ပြုပြီးသူများနှင့် ကူးစက်တတ်သော ရောဂါပိုး မရှိသူများသာလျှင် ဝင်ခွင့်ရသည်။

နိုင်ငံ၆နိုင်ငံသည် လေလွင့်သွားလာသူအားလုံးကို ကြိုဆိုသည်။ စစ်ပွဲက လူအင်အားနှင့် အရည်အချင်း မလုံလောက်မှုများကို ‌ဖြစ်ပေါ်စေခဲ့သည်။

ဟန်ရှောင်းသည် စစ်ဆေးမှုကို ရှောင်ရှားရန် နည်းလမ်းတစ်ခု ရှာဖွေနေသည်။ ဂျာမီနယ်အဖွဲ့အစည်းက သူ့အပေါ် ဆုကြေးငွေထုတ်ထားရာ၊ သူ့ကိုသာ မှတ်မိသွားပါက အလွဲလွဲ အချော်ချော် ဖြစ်ပေလိမ့်မည်။ သူ၏ ရည်ရွယ်ချက်သည် နယ်မြေ၁၃နှင့် အဆက်အသွယ်ရရန်ဖြစ်ရာ၊ အဲဒီမတိုင်မီ သူ့ကိုယ်သူ မထုတ်ဖော်ချင်ပေ။

ကံကောင်းစွာဖြင့်၊ နည်းလမ်းတစ်ခု ရှိနေသည်။

ယခင် ဂိမ်းဆော့ခဲ့စဉ်က၊ နိုင်ငံတစ်နိုင်ငံမှ အလိုရှိသော ကစားသမားများသည်၊ ရိုးရှင်းစွာပင် မှောင်ခိုသမားကို ဝန်ဆောင်ခပေးလိုက်သည်နှင့်၊ နိုင်ငံအတွင်းသို့ ခိုးဝင်နိုင်သည်။

ဘူတာရုံ၏ ထောင်တစ်ထောင့်တွင် သိပ်မထင်ရှားသော လူတစ်ယောက်ရှိနေသည်။ သူသည် အထဲသို့ဝင်ရန် တန်းမစီသလို၊ တစ်ခုခုကို စောင့်နေသည့်ပုံလည်း မပေါ်ပေ။

ထိုသူသည် မှောင်ခိုဈေးကွက်၏ ခေါင်းဆောင်ဖြစ်ပြီး၊ ပုံမှန်အားဖြင့် သူတို့၏ အဆက်အသွယ်များမှ စိတ်ချရသူများနှင့်သာ အလုပ်လုပ်သည်။

ရုတ်တရက် သူသည် အားနည်းပုံပေါ်နေသည့် လူတစ်ယောက် သူ့ဆီသို့ လမ်းလျှောက်လာသည်ကို တွေ့ရသည်။ ထိုသူမှာ ဟန်ရှောင်းပင် ဖြစ်သည်။

"အဲဒါက စိတ်ချရလား။"

သူက မေးလိုက်သည်။

ခေါင်းဆောင်က ဟန်ရှောင်းကို မော့ကြည့်လိုက်သည်။ ထိုမျက်နှာမှာ သူမရင်းနှီးပေ။

"စိတ်ချရလား..."

ခေါင်းဆောင်က မသိချင်ယောင်ဆောင်၏။

"ငါဒါတွေနဲ့ပေးမယ် - လုံလောက်လား။"

ဟန်ရှောင်းက သူ့ကျောပိုးအိတ်ကို ခေါင်းဆောင်ထံ ပစ်ပေးလိုက်သည်။ သူက ဖမ်းယူလိုက်ပြီး ဖွင့်ကြည့်လိုက်သည်။

"သောက်ပလုပ်တုတ်... သေနတ်တွေ အများကြီးပဲ။ ဒီသခင်လေးက ဘယ်ဂိုဏ်းရဲ့ ခေါင်းဆောင်ငယ်လဲဟ...

အနောက်ပိုင်း မြို့တော်တွင် သေနတ်များကို တားမြစ်ထားသည့်အတွက် ဟန်ရှောင်းသည် ထိုသေနတ်များကို တစ်နည်းမဟုတ်တစ်နည်းဖြင့် စွန့်ပစ်ရပေမည်။

"လုံလောက်တယ်၊ လုံးဝကို လုံလောက်တယ်။"

"မင်းဘယ်နေရာကနေ ငါ့စီးပွားရေးအကြောင်း သိလာတာလဲ။" သူက သိလိုစိတ်ပြင်းပြစွာ မေးလိုက်သည်။

"ဒါက မင်းကိစ္စ မဟုတ်ပါဘူး။"

ခေါင်းဆောင်သည် ဟန်ရှောင်းကို မစော်ကားရဲပေ။ သူ၏ စိတ်လှုပ်ရှားခြင်းကြောင့် စပ်စုလွန်းသလို ဖြစ်သွားမှန်း သူသိ၏။ သူက ထရပ်လိုက်ပြီး ဟန်ရှောင်းကို သူ့နောက်သို့ လိုက်လာခိုင်းလိုက်သည်။

ဟန်ရှောင်းကို ဘူတာရုံ၏ အပြင်ဘက်တွင် ရပ်ထားသော ဗန်ကားဆီသို့ ခေါ်လာသည်။ ခရီးသည်တစ်ချို့လည်း ကားပေါ်တွင် ရှိနေပြီး၊ ဟန်ရှောင်းရောက်သောအခါ သူသည် လူများအာရုံစူးစိုက်မှု၏ ဗဟိုဖြစ်လာခဲ့သည်။ ဟန်ရှောင်းက နေရာတစ်ခုရှာ၍ ထိုင်နေလိုက်သည်။

အရပ်ပုပု လူငယ်တစ်ယောက်က ဟန်ရှောင်း၏ဘေးတွင် ထိုင်နေသည်။ သူက ပျင်းရိနေပြီး၊ ဟန်ရှောင်းကို ကြည့်ရသည်မှာလည်း ပေါင်းသင်းရလွယ်မည်ဟု ထင်ရသဖြင့်၊ ထိုလူငယ်က စကားစပြော၏။

"ညီလေး၊ အနောက်ပိုင်းမြို့တော်ကို ပထမဆုံးရောက်ဖူးတာလား။"

ဟန်ရှောင်းက သူ့ကို တစ်ချက်ကြည့်လိုက်ပြီး ပြန်ပြော၏

"ဟုတ်တယ်၊ အစ်ကို့ကို ဘယ်လိုခေါ်ရမလဲ။"

"မာကျဲ၊ မင်းကရော။"

"ဟန်ရှောင်း။"

"ဟန်လေး၊ ဒါက မင်းရဲ့ အနောက်ပိုင်းမြို့တော်ကို ပထမဆုံးအကြိမ်ဆိုတော့ ငါမင်းကို မြို့နဲ့မိတ်ဆက်ပေးမယ်။ အနောက်ပိုင်းမြို့တော်ကို စီရင်စု ၈ခု ခွဲထားတယ်။ စီရင်စု(၁)က အစိုးရတွေ ရုံးထိုင်တဲ့နေရာပဲ၊ အရာရှိတွေ အဲဒီမှာ နေကြတယ်။ ဘယ်သူမှ အဲဒီနေရာကို ဝင်ခွင့်မရှိကြဘူး။ ကျန်တဲ့စီရင်စု ၇ခုက သူ့ဆွဲဆောင်မှုတွေနဲ့ သူရှိတယ်။ ဒါပေမယ့် အဲဒီစီရင်စုတွေကို မြေအောက်လောကက ဆရာကြီးတွေက တိတ်တိတ်လေး ထိန်းချုပ်ထားတယ်။ သတိရပါ၊ သူတို့ကို လုံးဝစော်ကားလို့မရဘူး၊ မဟုတ်ရင် မင်းအသက် ဆုံးရှုံးရလိမ့်မယ်။

ဟန်ရှောင်းက သက်ပြင်းချလိုက်သည်။ မြေအောက်လောကဆိုသည်မှာ တရားမဝင်လုပ်ငန်းများဖြစ်သည့် မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်း၊ လူကုန်ကူးခြင်းနှင့် ကြေးစားလုပ်ငန်းများ ဖြစ်ကြသည်။ မာကျဲပြောသည့် ထို "ဆရာကြီးများ"သည်လည်း တကယ်တမ်းတွင် လူရမ်းကား အသေးစားလေးများသာ ဖြစ်သည်။ မာကျဲက သိသိသာသာပင် လေလုံးထွားနေခြင်း ဖြစ်သည်။

"စစ်တပ်ကရော။"

ဟန်ရှောင်းက မေးလိုက်သည်။

"ဟာ၊ သူတို့က ဘာလုပ်နိုင်မှာလဲ။ သူတို့က စီရင်စုတွေကို ဝင်စီးဖို့ မင်းကမျှော်လင့်နေတာလား။ ငါ့ရဲ့ ဝမ်းကွဲတစ်ယောက်က မြေအောက်လောကက ဘော့စ်တစ်ယောက်ရဲ့ ညာလက်ရုံးပဲ။ ငါအခု ဒီကို လာတာက သူ့ကိုလာရှာ... အဟွတ်... သူ့ကိုကူညီပေးဖို့ပဲ။"

မာကျဲက ကြွားပြီးပြောနေသည်။

"ဝိုး... မင်းက အရမ်းမိုက်တာပဲ။"

ဟန်ရှောင်းက ပြန်ပြောလိုက်သည်။

ချီးကျူးခံလိုက်ရခြင်းက မာကျဲကို လပေါ်သို့ ပို့လိုက်လေသည်။

"ဟုတ်တာပေါ့။ ငါ့ရဲ့ဝမ်းကွဲက အနောက်ပိုင်းမြို့တော်မှာ အရေးကြီးတဲ့လူတစ်ယောက်ပဲ။ မင်းသူ့နာမည်ကို ကြားဖူးလား၊ ကျားသစ်တဲ့။ အော် ဟုတ်သားပဲ၊ ဒါကမင်းရဲ့ ပထမဆုံးအကြိမ် မဟုတ်လား။ ဆွေမျိုးတွေဆီမှာ ခိုလှုံဖို့ လာခဲ့တာလား။"

"မဟုတ်ဘူး၊ ဒီမှာ အလုပ်တစ်ခုရှာပြီး အခြေချမလို့။"

ဟန်ရှောင်းက တွေ့ရာအဖြေတစ်ခု ပေးလိုက်သည်။

"မင်းဘာပြောမလဲ - ငါနဲ့လိုက်ခဲ့မလား။ ငါနဲ့ငါညီအကိုနောက်ကိုလိုက်ရင် မင်းမှာ အနာဂတ်ကောင်းကောင်း ရှိလာမှာပဲ။"

မာကျဲက ချက်ချင်းပင် တက်ကြွလာသည်။

ဟန်ရှောင်းက သူ့ကို ငြင်းလိုက်သော်လည်း မာကျဲသည် လွယ်လွယ်နှင့် နားချ၍မရပေ။

"ဒီမြို့ထဲမှာ သာမန်ဘဝက ဘယ်လိုလဲဆိုတာ ပြောပြမယ်။ စကား၂လုံးတည်း - မွဲတေမှုနဲ့ ဝမ်းနည်းမှုပဲ။ မင်းနေ့တိုင်း ပုပ်သိုးနေတဲ့ အစားအသောက်တွေ စားချင်လို့လား။ နိုင်ငံ၆နိုင်ငံက မင်းတို့လို လေလွင့်သွားလာသူတွေကို ကြိုဆိုပါတယ်ဆိုပြီး ဟန်ပြနေတာ။ တကယ့်အမှန်တရားက မင်းတို့ကို နည်းနည်းလေးတောင် ဂရုစိုက်တာ မဟုတ်ဘူး။ မင်းငါ့နောက်လိုက်ခဲ့ရင် မင်းတစ်ဘဝလုံး ကောင်းကောင်းစားရမယ်လို့ ငါအာမခံတယ်။"

"မလိုပါဘူး၊ ကျေးဇူးတင်ပါတယ်။"

ဟန်ရှောင်း၏ ထပ်ခါထပ်ခါ ငြင်းဆန်မှုက သိသာစွာပင် မာကျဲကို ဒေါသထွက်စေသည်။

"အရူး၊ မင်းနောင်တ‌ရလိမ့်မယ်။ နောက်မှ ငါ့ဆီကို ငိုယိုပြီး မလာနဲ့။"

ဟန်ရှောင်းက ထိုအရူးကို လျစ်လျူရှူလိုက်ပြီး အဝေးသို့သာ ကြည့်နေတော့သည်။ မာကျဲက သူ့ကို စိန်းစိန်းဝါးဝါး ကြည့်နေလေသည်။

…

ခြံစည်းရိုး၏တစ်ဖက် လှိုဏ်ခေါင်းထဲတွင် အရာရှိတစ်ယောက်က သူတို့ကို စောင့်နေသည်။ မှောင်ခိုခေါင်းဆောင်ဆီမှ ပေးငွေကို လက်ခံပြီးနောက်၊ သူက စင်္ကြန်လမ်းကို ဖွင့်ပေးလိုက်ပြီး သူတို့ကို ပေးဝင်လိုက်သည်။

"အရာရှိနောက်ကို လိုက်သွား၊ သူက မင်းတို့ကို မြို့အစွန်ကို လိုက်ပို့လိမ့်မယ်။"အရာရှိက သူတို့ကို ခြံဝင်းထဲမှဖြတ်၍ တိတ်ဆိတ်စွာ ဦးဆောင်လာသည်။ သူတို့ နေရောင်ထဲသို့ ထွက်ရပ်လိုက်သောအခါ၊ မိုးမျှော်တိုက်များစွာကို အတန်းလိုက် တွေ့လိုက်ရသည်။

လူစုခွဲကြသောအခါ၊ မာကျဲက ဟန်ရှောင်းကို တစ်ချက်စိုက်ကြည့်ပြီး ထွက်သွားလေသည်။

ဟန်ရှောင်း လမ်းပေါ်သို့ လျှောက်လာသောအခါ၊ သူ၏ စုတ်ပြဲနေသော အဝတ်အစားများက အလွန်အာရုံစိုက်ခံနေရသည်ကို သတိထားမိသည်။ ရေငတ်ပြေစေရန်ပင် ပိုက်ဆံလုံးဝမရှိ၍ အများပြည်သူသုံး ရေသန့်စက်ကို လိုက်ရှာနေရသည်။ သူ့မှာရှိတာဆို၍ ၇ရက်တာ အနံ့ဆိုးများသာဖြစ်သည်။

သေချာတာပေါ့၊ တကယ်တမ်းတွင် ထိုအရာများအားလုံးသည် သူ့အတွက် ပြဿနာမဟုတ်ပေ။

…

နာရီဝက်ခန့် ကြာသောအခါ၊ ဟန်ရှောင်းသည် ရှော့ပင်းမောတစ်ခုအတွင်းမှ ရှပ်အင်္ကျီအဖြူနှင့် အနက်ရောင်ဘောင်းဘီ ဝတ်ဆင်၍ ထွက်လာ၏။ သူ၏ နှုတ်ခမ်းတွင် ဆေးလိပ်တစ်လိပ် ခဲလျက်သားရှိသည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

သင် စွမ်းရည်အသစ်တစ်ခုကို ဖွင့်လှစ်ခဲ့ပါသည်။ [ခိုးယူခြင်း]

[ခိုးယူခြင်း] ခိုးယူသည့်အခါ အောင်မြင်မှုနှုန်းကို တိုးစေနိုင်သည်။

¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯¯

ယခင်ဘဝတွင်၊ တကယ့်လက်တွေ့ဘဝ ကျွမ်းကျင်မှုများသည် ဂိမ်းထဲတွင် လက်တွေ့အသုံးဝင်၏။ ဥပမာ၊ စစ်မှုရေးရာနှင့်ပက်သက်သည့် နောက်ခံရှိသူတစ်ယောက်သည် ဂိမ်းထဲတွင် ပစ်ခတ်ခြင်းနှင့် ပက်သက်သည့် စွမ်းရည်များကို ရရှိရန် ပိုမိုလွယ်ကူသည်။

ပြောနေကြသလိုပင်၊ လူတစ်ဦးသည် အများကြီးမသင်နိုင်ပေ။ ဟန်ရှောင်းသည် သူခိုးများ၏ရန်မှ ကာကွယ်နိုင်ရန် ခိုးယူသည့်ကျွမ်းကျင်မှုကို ရယူခဲ့ခြင်းသာဖြစ်သည်။

ငါက သူခိုးတစ်ယောက် ဟုတ်လား။ ဟေး‌ ဟေး မင်းမှာ သက်သေမရှိရင် ခိုးတယ်ဆိုပြီး မစွပ်စွဲပါနဲ့ကွ။ ငါဆိုတဲ့ လေးစားဖွယ်ကောင်းတဲ့ဟန်က၊ ဥပဒေကို လိုက်နာပြီး တိုင်းပြည်ကိုချစ်တဲ့ နိုင်ငံသားတစ်ယောက်ပါ။ ကျောင်းမှာတုန်းကဆိုရင်၊ ငါက အမြဲတမ်း စံပြကျောင်းသားတစ်ယောက်ပဲ။ ထိပ်ဆုံး ၃ယောက်ထဲမှာ အမြဲတမ်းပါတယ်။ လူတွေက ငါ့ကို မှန်ကန်ဖြောင့်မတ်တဲ့လူငယ်ဆိုပြီး ချီးကျူးလေ့ရှိကြတာ။ ဒါ့အပြင် ငါဘယ်တုန်းကမှ ကောင်မလေးတွေကို ချောင်းမကြည့်ဖူးဘူး၊ ခိုးဖို့ဆိုဝေးရော။

အခုကကျတော့ - အဟွတ် အဟွတ် - ငါက ဒီတိုင်း ကြင်နာတတ်တဲ့သူဆီကနေ ခဏငှားတာပါဟ။ မင်းခံစားမိတယ် မဟုတ်လား ညိုကီရေ 😁

အခန်း ၂၀ ပြီး။

လင်းဆက်

All Chapters