← Chapters

မြို့သို့ပြန်ခြင်း

Vol. 7 Ch. 121

မြို့သို့ပြန်ခြင်း

Vol. 7 Ch. 121

အပင်မှော်သားရဲများသည် တိရစ္ဆာန်မှော်သားရဲများထက် ကျင့်ကြံရာတွင် နှေးကွေးသည်။ ကြယ် ၉ ပွင့် အပင်မှော်သားရဲများသည် ရှားပါးလှသည်။ အကယ်၍ နွယ်ပင်လေးသာ ကြယ် ၉ ပွင့်အဆင့်သို့မရောက်သေးပါက ပေထင်းဟွမ် လက်ခံနိုင်မည်မဟုတ်ပေ။ ထို့ကြောင့်ပင် ပေထင်းဟွမ်သည် အဆင့်မြင့်ကြယ်မှော်သားရဲအမြုတေနှင့် အပင်မှော်သားရဲတို့ကို လဲလှယ်လို ခြင်းဖြစ်သည်။

ပေထင်းဟွမ်၏ စာချုပ်သားရဲဖြစ်လာပြီးနောက် နွယ်ပင်လေးသည် တစ်ဆင့်ခုန်တက်ခဲ့သည်။ နွယ်ပင်လေးသည် ပေထင်းဟွမ်အား ခေါင်းအစ ခြေအဆုံး ရိုသေပြီးသားဖြစ်သည်။ သူမသာ ပေထင်းဟွမ်နောက်လိုက်ပါက ထပ်မံအဆင့်တက်ရန် အလှမ်းမဝေးတော့ဟု ယုံကြည်ထားသည်။

သေချာပေါက်ပေါ့.. မိုးကြိုးသွားနှင့် လျှပ်စီးသည်လည်း ဘာကိုမှ သံသမဝင်ပေ။

ပေထင်းဟွမ်သည် သူတို့ကို မတားပေ။ မှော်သားရဲသုံးကောင်သည် သူမ၏ အသိစိတ်ပင်လယ်ထဲတွင် ထပ်မံစကားများနေကြသည်။ ထိုအခိုက်အတန့်တွင် ရုတ်တရက်ပေါ်လာသောအသံသည် မှော်သားရဲသုံး ကောင်၏ ရန်ပွဲကို နှောင့်ယှက်လေသည်။ သူမသည် တစ်နေရာလုံးကို လှည့်ပတ်ကြည့်ပြီး သေရမည်ကိုမကြောက်သည့် အောက်မှထိုလူကို စိုက်ကြည့်လိုက်သည်။

“ဟေး ကလေး ဒီကနေဆင်းပြီးတော့ ဒီမြူခိုးစားမြင်းသားရဲကို မြို့ထဲကို ဆွဲသွားဖို့ ငါ့ကိုလာကူပေးဦး.. မြန်မြန် လေးကန်မနေနဲ့.. မင်း ငါ့ကိုအပြစ်လုပ် ရင် မင်းကိုမြို့ထဲဝင်ခွင့်မပေးနိုင်ဘူး”

သစ်ပင်အောက်တွင် စုတ်ပြတ်နေသည့်စစ်သည်တော်ဝတ်စုံဝတ်ဆင် ထားသည့် ထိပ်ပြောင်ပြောင်အမျိုးသားတစ်ဦးသည် ဓားရှည်ကို ဇောက်ထိုး ကိုင်ထားသည်။ သူသည် ခေါင်းမော့ပြီး ပေထင်းဟွမ်အား ကြမ်းတမ်းစွာ အော်နေသည်။ သူ့အနောက်တွင် ဝိညာဉ်သခင်နှင့်ဓားသခင် ဆယ်ဦးကျော် သည် ပေထင်းဟွမ်အား မတူညီသောမျက်နှာထားများဖြင့် ကြည့်နေကြသည်။

သူတို့၏ခြေထောက်အောက်တွင် မှော်သားရဲတောအစွန်း၌သာရှိသည့် အဆင့်နိမ့် မြူခိုးစားမြင်းသားရဲရှိနေသည်။ ထိုမှော်သားရဲများသည် မြူဆိုင်းနေ သော မနက်ခင်းများတွင် အုပ်စုလိုက်ပေါ်လာတတ်ကာ ကြေးစားနှင့် စွန့်စားသူ အများစုတို့ သဘောတွေ့သည့် အမျိုးအစားဖြစ်သည်။ ၎င်းတို့သည် ကြီးမားကာ သူတို့၏အမွေး၊ အမြုတေနှင့် လက်သည်းများသည် လက်နက်များသန့်စင်ရန် အတွက် ပစ္စည်းကောင်းများဖြစ်ကြသည်။ သူတို့သည် အဆင့်တူမှော်သားရဲများ အကြားတွင် ဈေးကောင်းရသည်။

သို့သော် ဤအဖွဲ့သည် ကြေးစားများနှင့်မတူပေ။

ပေထင်းဟွမ်သည် သူမ၏နှာခေါင်းကိုပွတ်လိုက်သည်။ သူမက အနိုင်ကျင့်လွယ်တဲ့ပုံပေါက်နေလို့လား။ သူမသည် ကျွမ်းကျင်စွာဖြင့် သစ်ပင် ပေါ်မှ ခုန်ဆင်းလိုက်သည်။ သူမ၏ အနက်ရောင်ဝတ်ရုံသည် မနက်ခင်း လေပြေထဲတွင် လွင့်သွားသည်။ သူမ၏ ရှည်လျားသောဆံနွယ်များသည် ခါယမ်းသွားကာ သူမ၏နှုတ်ခမ်းများသည် ခပ်ပါးပါးတွန့်ကွေးသွားသည်။ သူမ၏ အေးစက်သောအသွင်အပြင်သည် သူမကိုခပ်မိုက်မိုက်ထင်သွားစေ၏။ သူမ၏ ထင်ရှားလှသောမေးရိုးသည် မည်မျှဆွဲဆောင်မှုရှိသည်ကို အလိုလို တွေးမိသွားစေသည်။

သူမ၏မျက်နှာတစ်ဝက်သာ ဖော်ထားသဖြင့် အဖွဲ့သားများသည် မှင်တက်နေကြလေသည်။

အတန်ကြာပြီးနောက် ဓားရှည်ကိုင်ထားသော ထိပ်ပြောင်သည့်လူကြီး သည် သတိပြန်ဝင်လာပြီး တံတွေးထွေးလိုက်သည်။ တကယ်တော့ သူသည် ယောက်ျားလေးတစ်ယောက်ကို မှင်တက်စွာကြည့်နေမိသည်။ သူသည် လက်ထဲမှ ဓားရှည်ကိုမြှောက်ပြီးပြောလေသည် “ကောင်ချောလေး မင်း စကားနားထောင်လိုက်တာ ကောင်းမယ်.. မဟုတ်ရင် အဘိုးလက်ထဲက ဓားရှည်က အသေးအမွှားမဟုတ်ဘူးနော်”

ပေထင်းဟွမ်တွင် ပညာရှင်တံဆိပ်မရှိပေ။ သူမ၏ ခွန်အားကို မည်သူမှမမြင်ရပေ။ သူမ၏ခွန်အားသည် သူတို့အားလုံးထက် မြင့်နေလိမ့်မည် ဟု မည်သူမှမထင်ကြပေ။ သူတို့အဖွဲ့ထဲတွင် ကြယ် ၇ ပွင့် ဝိညာဉ်သခင်ရှိသည်။

ဤလူငယ်သည် ငယ်ရွယ်လွန်းသည်။ ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကို ဖိနှိပ် နိုင်လောက်တဲ့ ခွန်အားမျိုး သူ့မှာရှိလို့လား။ သူတို့သာ ဤဟာသကိုယုံလျှင် မြူခိုးစားမြင်းသားရဲ ပြန်လည်ရှင်သန်လာမည်ကိုပါ ယုံကြည်မည်။

သူသည် ခွန်အားကို ဖုံးကွယ်ထားရန် ဝိညာဉ်လက်နက်တချို့ရှိနေခြင်း လည်းဖြစ်နိုင်သည်။ ဤလူငယ်ကိုကြည့်ရသည်မှာ ငယ်ရွယ်လွန်းသည်။ သူ့တွင် ကောင်းကင်ကိုခုခံနိုင်သည့် အရည်အချင်းရှိလျှင်တောင် အဆင့်မြင့် ကြယ် ဝိညာဉ်ကျင့်ကြံသူသာဖြစ်မည်။ ပေထင်းဟွမ်ကို ငေးကြည့်နေကြသော ဝိညာဉ်သခင်နှင့် ဓားသခင်အဖွဲ့သည် သတိပြန်ဝင်လာကာ အကြည့်လွှဲကြလေ သည်။

သူတို့သည် ပေထင်းဟွမ်အား အထင်သေးစွာဖြင့် ကြည့်ကြလေသည်။

ထို့အပြင် ဤတိုက်တွင် ခွန်အားကိုသာ တန်ဖိုးထားသည်။ သန်မာသော လူသည် လေးစားခံရသည်။ ရုပ်ရည်သာရှိပြီး အသုံးမကျသည့်သူဆိုလျှင် ပြောဖို့ ပင်မလိုပေ။ မိန်းမလှလေးများ ခွန်အားမရှိလျှင် သူတို့၏ ပိုင်ဆိုင်မှုဖြစ်လာနိုင် သည်။

ကောင်ချောလေးလား…

ပေထင်းဟွမ်သည် မှင်တက်နေသည်။ သူမသည် သူမ၏သွယ်လျပြီး နှင်းဖြူရောင် လက်ချောင်းကို မြှောက်ကာ မြေပေါ်မှ မြူခိုးစားမြင်းသားရဲကို ညွှန်ပြလေသည်။ ထိ့နောက် သူမ၏နှာခေါင်းကိုညွှန်ပြကာ မယုံကြည်စွာဖြင့် မေးလိုက်သည် “ဒီမှော်သားရဲကို မြို့ကိုပြန်သယ်သွားစေချင်တာလား တစ်ယောက်တည်းလား”

***

All Chapters