ရိုက်ချင်နေတဲ့သူ
Vol. 7 Ch. 122
“သေချာပေါက်ပြပေါ့.. မင်းတစ်ယောက်တည်း မဟုတ်ပါဘူး.. မင်းကို ကူညီမယ့်သူရှာချင်သေးလား” ထိပ်ပြောင်သည့်လူကြီးသည် မောက်မာစွာဖြင့် ပြောလေသည်။ သူသည် ပေထင်းဟွမ်အား သေလူတစ်ယောက်ကဲ့သို့ ကြည့်နေ သည်။ သန်မာသောလူ၏ မျက်လုံးထဲတွင် အားနည်းသူသည် သေလူဖြစ်သည်။ “ကောင်လေး ငါက မင်းကို အထင်ကြီးလို့ ဒီလိုအကူအညီတောင်းတာ.. မင်းမှာက ပညာရှင်တံဆိပ်တောင်မရှိတဲ့အမှိုက်ပဲ.. မင်း ငါ့နောက်မလိုက်ရင် မှော်သားရဲခံတပ်ရဲ့ မြို့အဝင်ပေါက်ကိုတောင် ဝင်ရမှာမဟုတ်ဘူး”
“အမှိုက်ဟုတ်လား” သူမ ထိုစကားလုံးကို မကြားရသည်မှာ ကြာပြီဖြစ် သည်။ အဲဒီစကားလုံးကို ဘာလို့ အဲလောက်တောင် ရင်းနှီးနေရတာလဲ။ ရင်းနှီးလွန်းသဖြင့် ပေထင်းဟွမ်၏ လက်သီးမှာ ယားလာသည်။ သူသည် သူမ ရှေ့တွင် သူ့ကိုယ်သူ “အဘိုး” ဟုလာဟန်ဆောင်နေသေးသည်။ သူမ အရိုက်ချင်နေဆုံးလူက သူမရဲ့အဘိုးဆိုတာကို အဲလူကမသိဘူးလား။
မိသားစုခေါင်းဆောင် ထိုအဘိုးကြီးသည် မြေးဖြစ်သူကို မကျင့်ကြံနိုင် သည့် အကြောင်းပြချက်ဖြင့် အင်ပါယာမြို့တော်မှ လော့ပေမြို့သို့ ပြည်နှင်ဒဏ် ပေးခဲ့သည်။ သူမသည် အနိုင်ကျင့်ခံခဲ့ရကာ နောက်ဆုံးတွင် အသက်ပါ ဆုံးရှုံးခဲ့ ရသည်။ သည်တစ်ကြိမ် အင်ပါယာမို့တွင် သူမလုပ်ရန်မှာ ထိုအဘိုးကြီး၏ နှာခေါင်းကို လက်ညှိုးထိုးပြီး အညှာတာမဲ့စွာ ကြိမ်းမောင်းရန်ဖြစ်သည်။
သူ့ကို ရိုက်နိုင်လျှင် အကောင်းဆုံးဖြစ်သည်။
အုန်း..
မိုးကြိုးလျှပ်စီးသည် သူ့မျက်လုံးအားဖြတ်လျှောက်သွားသည်။ ပေထင်းဟွမ် မည်သို့တိုက်ခိုက်လိုက်သည်ကို မည်သူမှမမြင်လိုက်ရပေ။ တစ်စုံတစ်ရာပေါက်ကွဲသံကိုသာ ကြားလိုက်ရသည်။ ထိပ်ပြောင်သည့် အဘိုး ကြီး၏ခန္ဓာကိုယ်သည် အဝတ်စုတ်တစ်ထည်ကဲ့သို လွင့်သွားပြီး သစ်ပင်နှင့် ဝင်တိုက်လေသည်။ သူသည် တဒင်္ဂမျှရ်တန့်သွားကာ သစ်ပင်မှ ဖြည်းဖြည်းချင်း လျှောကျသွားသည်။
မြန်လိုက်တာ။
ထိုအတွေးသည် အားလုံး၏ အတွေးဖြစ်သည်။ မြန်ဆန်လွန်းသဖြင့် ကြောက်မက်ဖွယ်ကောင်းလှသည်။ အေးစိမ့်မှုသည် သူတို့၏ကျောပြင် တစ်လျှောက်တက်လာပြီး ဆံပင်များထောင်သွား၏။ အားလုံးသည် ရန်သူကို ရင်ဆိုင်ရတော့မည့်အလား လက်နက်များကိုထုတ်ကြလေသည်။ သူတို့သည် တစ်ယောက်ချင်းစီ နောက်ဆုတ်ပြီး စုစည်းကာ အနောက်မှထိပ်ပြောင်သည့် လူကြီးကို ကာကွယ်လိုက်ကြသည်။
သူတို့သည် ထိုသို့လုပ်ရန်မှတစ်ပါး ရွေးချယ်စရာမရှိပေ။ ထိုအဘိုးကြီး၏ သရုပ်မှန်သည် မရိုးရှင်းပေ။ သူတို့အားလုံးသည် သူ့ထက်သန်မာကြသည်။ နောက်ဆုံးတွင် ရွေးချယ်စရာမရှိတော့ဘဲ သူ့နောက်လိုက်ခဲ့ရသည်။ သူတို့သည် မှော်သားရဲတောသို့ဝင်ပြီး ပိုက်ဆံရှာရန် မှော်သားရဲအမဲလိုက်သည့်အဖွဲ့ဖွဲ့မည် ဟု ပြောခဲ့သည်။ တကယ်တော့ သူတို့သည် အသုံးမကျသည့် ဤအဘိုးကြီး အတွက် အလုပ်လုပ်ပေးနေရသည်။
“အဟွတ် အဟွတ် အဟွတ်” အဘိုးကြီး ချောင်းဆိုးလိုက်သည်နှင့် သွေးများအန်ထွက်ကျလာသည်။ သူ၏ ကိုယ်တွင်းအင်္ဂါများသည် စုတ်ပြဲသွား သည်။ ဒါဘယ်လို သိုင်းကွက်မျိုးလဲ။ သူသည် မျက်လုံးဖွင့်ပြီး ပေထင်းဟွမ်အား အထိတ်တလန့်ကြည့်လေသည်။ သူမ၏မည်းနက်တောက်ပသည့် မျက်လုံးများ သည် အပြုံးများဖြင့်ပြည့်နှက်နေသော်လည်း ကြောက်စရာကောင်းလောက် အောင် အေးစက်နေသည်ကို သူ မြင်ခဲ့သည်။
သို့သော် အဖွဲ့မှ သူ့ကိုကာကွယ်ပေးနေသည်ကို မြင်သည်နှင့် မျက်စိ တစ်မှိတ်အတွင်းမှာပင် ထိပ်ပြောင်အဘိုးကြီး၏ စိတ်ထဲမှ ကြောက်ရွံ့မှုသည် ပျောက်ကွယ်သွားလေသည်။
“ကောင်စုတ်လေး မင်းတော့သေပြီပဲ.. အဟွတ် အဟွတ် အဟွတ် ငါ ဘယ်သူလဲဆိုတာ မင်းသိလား.. ငါ မင်းကို သေအောင်တောင်မခြောက်ဘူး.. ငါက မှော်သားရဲခံတပ်မြို့ဝန်ရဲ့ ယောက်ဖပဲ.. ငါ့ညီမက မြို့ဝန်အချစ်ဆုံး ကြင်ယာတော်ပဲ.. မင်း ဒီနေ့တော့သေပြီ”
မွန်မြတ်သောဝိညာဉ်အပျက်အစီးရှိ လေဟာနယ်သည် ပွင့်တော့မည်ဖြစ် သည်။ မှော်သားရဲတော၏ ဤနေရာတွင် အလွန်ပင် ရှုပ်ထွေးနေသည်။ သားရဲ အရွယ်အစားမျိုးစုံသည် ဒေါသထွက်ကာ လူသားများကို တိုက်ခိုက်ပြီး ရဲတိုက် များဆီကိုပါ ဝင်ရောက်လာကြသည်။
မှော်သားရဲခံတပ်သည် အကူအညီလိုနေချိန်ဖြစ်သည်။ လွန်ခဲ့သည့်လက ပင် မြို့ဝန်သည် သူတို့၏ ရဲတိုက်နှင့်အိမ်များကို ကာကွယ်ရန်အတွက် ပြိုင်ပွဲတွင် ပါဝင်ရန် ရာယာတိုင်းပြည်တစ်ခုလုံးရှိ အားကောင်းသည့် ဝိညာဉ် သခင်နှင့် ဓားသခင်တို့ကို အသနားခံခဲ့သည်။
ဤအဘိုးကြီးသည် မှော်သားရဲခံတပ်တွင် နဂိုကတည်းကပင် နိုင်ထက် စီးနင်းပြုမူတတ်သူဖြစ်သည်။ သူသည် သူ့ရာထူးကိုအမှီပြုကာ ပြင်ပကြေးစား များနှင့် စွန့်စားသူများကို အနိုင်ကျင့်ခဲ့သည်။ သည်တစ်ကြိမ်တွင် သူသည် သားရဲစီးကြောင်းကို အခွင့်ကောင်းယူကာ ဝိညာဉ်သခင်နှင့် ဓားသခင်တို့ကို ဆွဲခေါ်ပြီး မှော်သားရဲများကို အမဲလိုက်ရန် အဖွဲ့ဖွဲ့ခဲ့သည်။ တစ်ချိန်တည်းမှာပင် သူသည် အနီးအနားရှိ စွန့်စားသူများကို ခြိမ်းခြောက်ငွေညှစ်ခဲ့သည်။
ပေထင်းဟွမ်သည် လက်ပိုက်ပြီးရပ်နေသည်။ သူမ ထိုစကားကိုကြား သောအခါ အံ့ဩလွန်းသဖြင့် ပါးစပ်အဟောင်းသားဖြစ်နေသည်။ သူမ နောက်ထပ်ပြောလိုက်သည့်စကားသည် ထိပ်ပြောင်အဘိုးအိုကို ဒေါသကြောင့် မေ့လဲလုနီးပါးဖြစ်သွားစေသည်။ “ကြင်ယာတော်ဟုတ်လား.. ပြည့်တန်ဆာလို မျိုး အဆင့်အတန်းနဲ့များ.. ကျုပ် ခင်ဗျားကိုရိုက်မယ်.. ခင်ဗျားကိုသတ်ပြီးရင် ခင်ဗျားယောက်ဖ ဘာလုပ်နိုင်မှာလဲဆိုတာ ကြည့်ကြတာပေါ့”
ထိုသို့ပြောပြီးနောက် ပေထင်းဟွမ်သည် တစ်လှမ်းချင်းဆီလျှောက်လာ သည်။ တစ်ဖွဲ့လုံးသည် နောက်သို့ဆက်ဆုတ်နေသည်။ တစ်ခဏအတွင်း တိုက်ခိုက်လာမည်ကို စိုးရိမ်သဖြင့် မျက်လုံးဆယ်စုံသည် ပေထင်းဟွမ်အား စိုက်ကြည့်နေသည်။ သူမသည် မည်သူ့ကို ချိန်ရွယ်ထားသည်ကိုပင် သူတို့ မမြင် ရပေ။
***