မောက်မာလိုက်တာ
Vol. 7 Ch. 123
“ရှီးရန် မင်းက ကြယ် ၇ ပွင့်ဝိညာဉ်သခင်မဟုတ်ဘူးလား.. ဒီကလေးကို မြန်မြန်သတ်ပေးကြ.. မင်းတို့ကို ဆုအများကြီးပေးဖို့ ငါ့ယောက်ဖကို ပြောပေးမယ်” ထိပ်ပြောင်အဘိုးကြီးသည် ဒေါသထွက်လွန်းသဖြင့် သတိ ပြန်လည်လာသည်။ သူသည် ထခုန်ချင်သော်လည်း သူ့ကိုယ်သူပင် မနိုင်တော့ ပေ။ သူသည် အဆင့် ၇ ပွင့်ဓားသခင်ကို တွဲပြီး ပေထင်းဟွမ်အား လက်ညှိုးထိုး ပြလေသည်။
အထွတ်အမြတ်ဝိညာဉ်အပျက်အစီးဖွင့်ခြင်းသည် ပိုက်ဆံရှာရန် ကောင်း သောအခွင့်အရေးဖြစ်သည်။ မှော်သားရဲအုပ်ကြီးသည် ဟနေသော လေဟာပြင် ထဲမှ ထွက်လာကြသည်။ စွန့်စားမှုမှာ ကြီးမားသော်လည်း ပါဝင်သော လူသား များကလည်း အဖွဲ့ကြီးများဖွဲ့စည်းထားကြသည်။ ထိုကျွမ်းကျင်သူများသည် မှော်သားရဲများကိုတိုက်ခိုက်ရန် လိုက်ခဲ့သော်လည်း ကံကောင်းလျှင် ပစ္စည်း ကောင်းရတတ်ကြသည်။
ထို့ကြောင့် နှစ်စဉ် ဤအချိန်တွင် ကြယ် ၇ ပွင့်အထက်ရှိ ဝိညာဉ် ကျင့်ကြံသူများနှင့် ဓားသမားများ အပြေးလာတတ်ကြသည်။ သူတို့သည် ဤ အခွင့်အရေးကောင်းကို လက်လွှတ်ခံမည်မဟုတ်ပေ။
ထိပ်ပြောင်ကြီးကို အားအနည်းဆုံးကြယ် ၇ ပွင့်ဓားသမားများမှ ဝန်းရံ ထားသည်။
ထိုအရာကြောင့်ပင် ထိပ်ပြောင်ကြီးမှာ ယုံကြည်ချက်ရှိနေခြင်းပင်။ ဤကလေး၏ အရည်အချင်းမှာ မြန်ဆန်သော်လည်း သူတို့သည် လူများသည်။ ရှီးရန်သည်လည်း မြို့ဝန်မှကိုယ်တိုင် ချီးမြင့်ထားသည့် ကြယ် ၇ ပွင့် ဝိညာဉ် သခင်ဖြစ်သည်။ ဤကောင်လေးသည် ၁၄၊ ၁၅ နှစ်အရွယ်သာရှိသေး၏။ သူ့မိခင်ဗိုက်ထဲမှစပြီး ကျင့်ကြံလျှင်တောင် ရှီးရန်ထက် အဆင့်မြင့်နိုင်ပါဦး မလား။
အစောက သူမ အောင်မြင်သွားသည်ဆိုသည်မှာ သူ မပြင်ဆင်လိုက်နိုင် ခြင်းကြောင့်ဖြစ်သည်။
သည်ကောင်လေး ယနေ့ဤနေရာမှ အသက်ရှင်လျက်ထွက်သွားနိုင်လျှင် သူ့နာမည်သည် ရှီတိဖူမဟုတ်တော့ပေ။
ရှီးရန် အော်လိုက်သည်။ လူအများပြောကြသလိုပင်.. အရည်အချင်းရှိသူ သည် သတ္တိရှိကြသည်။ သူ့အတွေးသည် ရှီတိဖူနှင့် တူသည်။ ဤကလေးသည် ငယ်ရွယ်ပုံပေါက်သည်။ အရင်က ပါရမီရှင်ဖြစ်သည့် ညအရှင်သည် ၁၄ နှစ်သားအရွယ်တွင် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဖြစ်ခဲ့သည်။ ဒီကောင်လေးက ညအရှင်ထက်ပိုပြီး အစွမ်းထက်ပါဦးမလား။
ထိုသို့သာဆိုလျှင် သူမနာမည်သည် တစ်တိုက်လုံးတွင် ပျံ့နှံ့နေမည်ဖြစ် သည်။
အမည်နာမမဲ့သောကလေးသည် အလွန်ပင် မောက်မာလွန်းနေသည်။
ရှီးရန်သည် အားလုံးရှေ့တွင် သူ့ခွန်အားကို ပြသရန် လူအုပ်ရှေ့သို့ တမင်ထွက်ခဲ့လေသည်။ သူသည် ကျောက်တုံးကဲ့သို့ မာကြောသော ခန္ဓာ ကိုယ်တည်ဆောက်ပုံရှိကာ ဝက်ဝံတစ်ကောင်အရွယ်အစားရှိသည်။ သူ၏ ဝိညာဉ်စွမ်းအင်ကို လှုပ်နှိုးပြီးနောက် အဖြူရောင်စွမ်းအားသည် ခန္ဓာကိုယ်တွင် တောက်ပလာခဲ့သည်။ သူ့အနောက်တွင် ကြယ် ၃ ပွင့်ဝိညာဉ်သားရဲ မြေကြီး ဝက်ဝံသည် အနောက်မှထွက်လာပြီး သူ၏သွားကို ပေထင်းဟွမ်အား ကြွားဝါ လေသည်။
ကြယ် ၇ ပွင့်ဝိညာဉ်သခင်မှာ ကြယ် ၃ ပွင့်ဝိညာဉ်သားရဲရှိနေတာလား။ ထင်ထားသည့်အတိုင်းပင် သူသည် မောက်မာရန် အစွမ်းအစတချို့ရှိနေခဲ့၏။
ပေထင်းဟွမ်သည် ဘာမှမရှိသောမေးစေ့ကိုပွတ်ကာ ခေတ္တမျှစဉ်းစားနေ လေ၏။ သူမ၏ ထိုပုံစံကိုကြည့်ပြီး သူခွန်အားပြလိုက်သဖြင့် ပေထင်းဟွမ် ကြောက်သွားသည်ဟု ရှီးရန်ထင်နေသည်။ သူသည် ထိုအရာကို အရေးတယူ မလုပ်လိုပေ။ သူသည် နောက်ကျောမှ သူ၏နာမည်ကျော်လက်နက် တိုက်ပွဲ ပုဆိန်ကိုထုတ်ကာ ပေထင်းဟွမ်အား ညွှန်ပြလေသည်။ “ကလေး မင်းအတွက် ဘာကကောင်းလဲဆိုတာသိရင် မြန်မြန်ဒူးထောက်ပြီး သခင်ကြီးရှီတိဖူကို တောင်းပန်လိုက်.. ငါ့မျက်နှာထောက်ပြီး မင်းအသက်ကို ကယ်ပေးဖို့ သူ့ကို တောင်းဆိုပေးမယ်”
အစပိုင်းက ထင်မြင်ချက်မှာ အထင်လွဲမှုသာဖြစ်သည်။ သူ့ကို မြို့ဝန်မှ ကိုယ်တိုင်ဆင့်ခေါ်ခဲ့သည်။ ရှီတိဖူသည် သူ့ကိုမျက်နှာသာပေးလိမ့်မည်ဟု ရှီးရန်ယုံကြည်ထားသည်။
“ဟင်း သခင်ကြီးရှီးရန်က ညှာတာဖို့တောင်းဆိုမှတော့ မတွန့်ဆုတ်ဘဲ သဘောတူရမှာပေါ့.. ဒီကလေး လိုလိုလားလားနဲ့ ဒူးထောက်ပြီး ငါ့ကို သုံးခါ ကန်တော့ပြီး အဘိုးလို့သုံးခါခေါ်ရင် သူ့အသက်ကို သက်ညှာပေးလိုက်မယ်” ရှီတိဖူသည် ရင်ဘတ်မှသွေးများကို ကြံ့ကြံ့ရပ်ခံကာ အံကြိတ်ထားသည်။ သူသည် ပေထင်းဟွမ်၏အသက်ကို သက်ညှာလိုခြင်းမရှိပေ။ သို့သော် သူ့ စိတ်ထဲတွင် အပြင်းအထန်တွေးထားသည် “ကောင်လေး မင်းက မှော်သားရဲ ခံတပ်ကိုဝင်ရင် မင်းကို ငါလွှတ်ပေးမယ်”
“ဒူးထောက်ရမယ်ဟုတ်လာ… သုံးခါကန်တော့ရမယ်တဲ့လား.. အဘိုးလို့ တောင်သုံးခါခေါ်ရဦးမယ်” ပေထင်းဟွမ်သည် ကျယ်လောင်စွာ အော်ရယ်လေ သည်။ သူမ၏ ရယ်သံသည် အလွန်မာနကြီးပြီး အလွန်မောက်မာလွန်းသည်။ သူမသည် အတောင်ပံခတ်ကာ လျင်မြန်စွာပင် ထိုနေရာမှပျံထွက်လာခဲ့လိုက် သည် “မြေးလေး ငါ့ကိုအမှိုက်လို့ခေါ်တဲ့သူတွေအတွက် ရလဒ်ကတစ်ခုပဲရှိ တယ်လို့ ပြောပြီးပြီ.. အဲဒါက သေလမ်းပဲ.. ဒါပေမဲ့ ခင်ဗျားကတော့ ခြွင်းချက်ပဲ.. ငါ့ကို ဒူးထောက်ပြီး သုံးခါကန်တော့၊ အဘိုးလို့သုံးခါခေါ်ရင် ခင်ဗျား အသက်ကို သက်ညှာပေးလိုက်မယ်”
***