မွန်မြတ်သောသားရဲ၊ ကြောက်ရွံ့ခြင်း
Vol. 7 Ch. 124
သူမ၏အနက်ရောင်ဝတ်ရုံသည် မနက်ခင်းလေပြေနှင့်အတူ လွင့်နေ သည်။ လူငယ်သည် နှင်းဖြူရောင်မျက်နှာဖုံးကို ဝတ်ဆင်ထားပြီး မျက်နှာ အမူအရာသည် လွန်စွာအေးစက်နေသည်။ သူ၏ရောင်ဝါသည် အားလုံးကို မှင်တက်သွားစေသည်။ အားလုံးသည် စည်းချက်တစ်ဝက်မျှ နှေးကွေးပြီးမှပင် အဖြစ်အပျက်များကို နားလည်သွားလေသည်။
အာ…
ရှီးရန်သည် ဒေါသထွက်လွန်းသဖြင့် ထခုန်ချင်သည်။ ရှီတိဖူ၏မျက်နှာမှာ မည်းနက်နေသည်။ ဒီကလေးက… ကောင်းကင်ဘုံကိုတင်ပေးတာကို မြင့်လို့ ငရဲကိုခုန်ချချင်နေတာပဲ။ သူသည် သူမ၏အသက်ကို သက်ညှာပေးလို သော်လည်း သူမသည် ကျေးဇူးမတင်ပေ။
အံကြိတ်ရင်းနှင့် ရှီတိဖူ၏ ရက်စက်သောမျက်လုံးများက အစီအစဉ်ကို ကြေညာလိုက်သည်။ ဒီကောင်လေး သေကိုသေရမယ်။
သို့သော် နောက်တစ်ခဏအတွင်း၌ သူတို့ရှေ့မှ မြင်ကွင်းကြောင့် အားလုံး ကြောက်လန့်သွားကြသည်။ သေဆုံးခြင်းအရိပ်သည် သူတို့ကို လွှမ်းခြုံလိုက် ကာ သူတို့၏စိတ်အတွင်းထဲတွင် နောင်တများကို စီးဆင်းသွားစေသည်။ အားလုံးသည် ရှီးရန်ကို အပိုင်းပိုင်းခုတ်ထစ်ချင်မိသည်။
အေးစက်သော အနက်ဝတ်လူငယ်၏ ခြေထောက်အောက်တွင် ခမ်းနား သော ငွေရောင်ဖွဲ့စည်းပုံပေါ်လာသည်။ သူတို့ ဘာမြင်လိုက်ရတာလဲ။ ကောင်းကင်နှင့် ကမ္ဘာမြေကြီး၏စည်းမျဉ်းမှ ဆွဲထားသည့် ထောင့်လေးထောင့် ပါ ကြယ်ဖွဲ့စည်းပုံအတွင်းတွင် သန့်စင်သောဓားရှည်သည် အလင်းရောက် အောက်တွင် တလက်လက် တောက်ပနေသည်။ လူငယ်ကို ငွေရောင်အလင်း တန်းမှ လွှမ်းမိုးထားပြီး စစ်နတ်ဘုရားသဖွယ်ဖြစ်နေသည်။ သူ၏ ဖန်နှင့်တူသော မျက်လုံးထဲတွင် ရုတ်တရက် အေးစိမ့်သောအလင်းပေါ်လာ၏။ ထိုအခိုက်အတန့်အတွင် တောတစ်ခုလုံး၌ တိတ်ဆိတ်နေသည်။
ကြယ် ၁ ပွင့် ဝိညာဉ်သခင်ကြီး.. အသက် ၁၄ နှစ်ကောင်လေးက ကြယ် ၁ ပွင့် ဝိညာဉ်သခင်ကြီးပဲ။ ဟာသကြီးတစ်ခုက လက်တွေ့အစစ်အမှန်အဖြစ် ပြောင်းသွားတာကို ဘယ်လိုခံစားရမှာလဲ။ ဒါသေသွားသလိုပဲ။
ထိုအခိုက်အတန့်တွင် ဤအရာကို အိပ်မက်ဖြစ်ရန် အားလုံးမျှော်လင့် ထားကြသော်လည်း အိပ်မက်သည် နိုးလာလျှင် ပျောက်ကွယ်သွားနိုင်သေး၏။ သို့သော် နောက်အခိုက်အတန့်တွင် ကြီးကျယ်ခမ်းနားသည့် မှော်သားရဲတစ် ကောင်သည် ငွေရောင်ဖွဲ့စည်းပုံမှထွက်လာသည်ကို မြင်သောအခါ လွတ်မြောက်လိုသော ဆန္ဒများ အလိုလိုပေါ်လာသည်။
“လျှပ်စီး မင်းရဲ့ ပုံစံအစစ်ကိုပြလိုက်”
၎င်းသည် အလွန်ရှားပါးသော လအရိပ်နတ်မိစ္ဆာဝံပုလွေဖြစ်သည်။ ၎င်း၏ သွေးနီရောင်မျက်လုံးများတွင် လူတစ်ဦ၏စိတ်ကို ရှုပ်ထွေးသွားစေနိုင်သည့် ဝိညာဉ်ပညာများရှိနေသည်။ ၎င်း၏ ငွေရောင်အမွေးများသည် နူးညံ့ပြီး အထက် အောက်လွင့်နေသည်။ ၎င်း၏ ခန္ဓာကိုယ်ကြီးလာသည်နှင့် ကြီးမားသော ဖိအား ထွက်လာပြီးအားလုံးကို ချဉ်းကပ်လေသည်။
ဝိညာဉ်သခင်များ၊ မှော်သားရဲများသည် တစ်ယောက်ပြီးတစ်ယောက် လဲပြိုတော့မလို ခံစားရလေသည်။ သူတို့သည် ခေါင်းကိုလက်ဖြင့်ကာထားကာ ငွေရောင်ဝံပုလွေရှိသည့်ဘက်သို့ ကြည့်ပြီး တုန်ယင်နေသည်။ ရှီးရန်၏ မြေကြီး ဝက်ဝံသည်လည်း ထိုနည်းတူစွာပင်။ ထိုအခိုက်အတန့်တွင် ရှီးရန်သည် မြေကြီး ဝက်ဝံဆီသို့ ဝိညာဉ်စွမ်းအင် ဆက်တိုက်ပို့နေသော်လည်း ၎င်း၏ ရပ်နေသည့် အနေအထားကို မထိန်းထားနိုင်ပေ။ ၎င်း၏ ခြေထောက်များသည် အားနည်း သွားကာ ငွေရောင်ဝံပုလွေအား အညံ့ခံလိုက်လေ၏။
မွန်မြတ်သောသားရဲရဲ့ ဖိအား..
ရှီးရန်သည် ကမ္ဘာတစ်ခုကို မြင်လိုက်ရသလိုခံစားလိုက်ရ၏။ မည်သို့ ဖြစ်သွားသည်ကို သူ မမှန်းနိုင်သော်လည်း နှစ် ၄၀ ကျော်နေလာခဲ့သည်မှာ အချည်းနှီးဖြစ်သွားသလိုပင်။ ဒဏ္ဍာရီလာမွန်မြတ်သောသားရဲ၏ ဖိအားမှာ သူ့ ရှေ့သို့ရောက်လာလိမ့်မည်ဟု ထင်မထားမိပေ။ ဒီမြင်ကွင်းက အရမ်းကို ဘဝင် ခိုက်စရာကောင်းနေတာ မဟုတ်ဘူးလား။
ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးနှင့် အထွတ်အမြတ်သားရဲ တစ်ကောင်။ ရှီးရန်သည် ရှီတိဖူကို တစ်စစီဆွဲဖြဲချင်မိသည်။ သူသည် သေချင်ရုံသာမက သူ့ကိုပါ အတူလိုက်သေခိုင်းသည်။
ချွေးအေးများသည် သူ့ခေါင်းနှင့် မျက်နှာမှ လှိမ့်စီးကျလာသည်။ တစ်ခဏ အတွင်းမှာပင် သူ့အင်္ကျီများအားလုံးသည် ရေစိုရွှဲသွားသကဲ့သို့ဖြစ်သွားသည်။ ငွေရောင်ဝံပုလွေ၏ တောင်ကဲ့သို့ကြီးမားသော ခန္ဓာကိုယ်ရှေ့တွင် ရှီးရန်သည် တုန်ယင်နေသည်။ နောက်ဆုံးတွင် သူ တောင့်မခံနိုင်တော့ပေ။ သူ့ခြေထောက် များ အားနည်းသွားပြီး မြေကြီးဝက်ဝံနှင့်အတူ ဒူးထောက်မိသွားသည်။
တကယ်တော့ သူသည် ပေထင်းဟွမ်ကို တိုက်ခိုက်ရန် သတ္တိမရှိပေ။ သူသည် ရှီတိဖူကဲ့သို့ တုံးအသူမဟုတ်ပေ။ မွန်မြတ်သောသားရဲတစ်ကောင်၏ ခွန်အားသည် လူသားကောင်းကင်အဆင့်ဝိညာဉ်သခင်နှင့် ညီမျှသည်။ ထို့အပြင် ၎င်းသည် အဆင့်မြင့်မွန်မြတ်သောသားရဲဖြစ်သည်။ သူတို့အားလုံးမှာ ဤလူနှင့်သားရဲ၏ တိုက်ခိုက်မှုကို တစ်ခါပင်ခံနိုင်မည်မဟုတ်ပေ။
“အဘိုး အဘိုး အဘိုး အသက်ကိုချမ်းသာပေးပါ” ရှီးရန်သည် ပေထင်းဟွမ် ရှေ့၌ ကျိုးနွံစွာပင် သုံးကြိမ်သုံးတိုင်ကန်တော့ကာ “အဘိုး” ဟုသုံးခါခေါ်ပြီး မြေပြင်တွင် လဲလျောင်းကာ သေချင်ယောင်ဆောင်နေလေသည်။
ပေထင်းဟွမ်သည် ရှီးရန်အား ဂရုမစိုက်သလိုစိုက်ကြည့်ကာ သူ့ကို လျစ်လျူရှုလိုက်သည်။ ဒီလောက် အားနည်းတဲ့သူအတွက် အားစိုက်စရာကို မလိုတာ။ ချပ်ဝတ်တန်ဆာနှင့် အသွင်ပြောင်းထားသည့် ပေထင်းဟွမ်သည် ရပ်ပြီး လူအုပ်ထဲသို့ လျှောက်လာသည်။ ထိုလှုပ်ရှားမှုသည် ချက်ချင်းဆိုသလို ပင် အားလုံးကို ကြောက်လန့်စေသည်။ သူတို့အားလုံးသည် ရှီးရန်ကဲ့သို့ ဒူးထောက်လိုက်ကြသည်။
***