မြို့ကာကွယ်ရေးတပ်
Vol. 7 Ch. 125
ပေထင်းဟွမ်ဖြတ်သွားသည့်နေရာတိုင်းတွင် လူတိုင်းသည် ဒူးထောက်ပြီး နောက်ဆုတ်ကြရသည်။ သူတို့သည် ရှီတိဖူအတွက် အလိုလိုလမ်းရှင်းပြီးသား ဖြစ်သွားသည်။ ရှီတိဖူ၏ သနားစရာပုံရိပ်သည် အားလုံးရှေ့တွင် ပေါ်လာသည်။ ပေထင်းဟွမ်၏ ထိုးနှက်ချက်သည် အလွန်ပင်ညှာတာမဲ့လှသည်။ သူ၏ အဝတ်အစားများမှာ သားရဲရိုင်းကိုက်ထားသကဲ့သို့ စုတ်ပြဲသွားလေ၏။ သူ ဒဏ်ရာအပြင်းအထန်ရသွားသည်နှင့် ခန္ဓာကိုယ်မှာလည်း ရွံ့ကန်ထဲသို့ လဲကျ သွားလေသည်။ သူ၏မျက်နှာနှင့် ရင်ဘတ်မှာ သွေးများပေကျံနေသည်။ သူ၏ စွမ်းအားများ ကုန်သွားသော်လည်း ပေထင်းဟွမ်လာနေသည်ကိုမြင်သောအခါ ရုန်းကန်ပြီး နောက်ပြန်ဆုတ်လေသည်။ သူရေရွတ်လေ၏ “မင်း ငါ့ကို သတ်လို့ မရဘူး.. မင်း ငါ့ကိုသတ်လို့မရဘူး.. ငါက မြို့ဝန်ရဲ့ ယောက်ဖပဲ.. မင်း ငါ့ကို သတ်လို့မရဘူး..”
“ဟုတ်လား”
ပေထင်းဟွမ်သည် နှုတ်ခမ်းကိုတွန့်ကာ ပြုံးလိုက်သည်။ လူအုပ်၏ အမြင် တွင် သူမ၏မူလကအေးစက်ပြီး ရက်စက်သည့်ရောင်ဝါသည် ပို၍ပင် ဆိုးယုတ် လာသည်။ ၎င်းအဖြစ်မှာ ကြောင်တစ်ကောင်သည် ကြွက်ကို အချိန်တစ်ခုကြာ သည်အထိ မစားသည်နှင့်တူသည်။ သူသည် အပျော်ကစားနေသည်။ ထိုအရာ မှာ ပို၍ကြောက်ဖို့ကောင်းသည်။ သေမင်း၏တံစဉ်သည် သူမ၏ခေါင်းတွင် ချိတ်ဆွဲထားသလိုပင်။ မည်သည့်အချိန် ကျလာမည်ကို မည်သူမှမသိကြပေ။ ထိုကြောက်ရွံ့မှုလွန်ကဲသော ခံစားချက်သည် လူအများကို အချိန်မရွေး လဲကျ သွားစေနိုင်သည်။
ပေထင်းဟွမ်သည် ရှီတိဖူ၏ရင်ဘတ်ကို တက်နင်းပြီး ခြေဖျားကို အား အနည်းငယ်ထည့်လိုက်သည်။ သူသည် ပါးစပ်မှ သွေးများအန်ထွက်တော့သည်။ ရှီတိဖူသည် ချောင်းအပြင်းအထန်ဆိုးကာ သူ၏ခွန်အားမှာလည်း ကုန်ခမ်းနေ ပြီဖြစ်သည်။ သူ့မျက်နှာသည် စက္ကူသဖွယ်ဖျော့တော့နေပြီး ရေထဲမှထွက်လာ သည့် ငါးကဲ့သို့ ရုန်းကန်နေရသည်။ သူ ပါးစပ်ဟလိုက်သော်လည်း တောင်းပန် ခြင်းမပြုပေ။
ပေထင်းဟွမ်သည်လည်း အဘိုးဟု ခေါ်သံကို ကြားချင်သည်မဟုတ်ပေ။ ရှီတိဖူသည် သေဖို့သာထိုက်တန်သည်။
သူမသည် ခြေထောက်ကို အားပိုထည့်လိုက်သည်။ ဂျွတ်ကနဲ မြည်သံနှင့် အတူ နံရိုးတစ်ချောင်းကျိုးသွားသည်။ နာကျင်မှုသည် ခန္ဓာကိုယ်ထဲသို့ တက် လာသည်။ ရှီတိဖူသည် နာကျင်မှုကြောင့် အော်နေသည်။ ချက်ချင်းဆိုသလိုပင် ငှက်များသည် တောမှထွက်သွားပြီး သားရဲများပျံသွားကြသည်။ ကမ္ဘာတစ်ခုလုံး ပဲ့တင်သံထပ်သွားရာ ငရဲရောက်သွားသလို အားလုံးကို ထင်သွားကြစေသည်။
အားလုံးသည် တုန်ယင်နေသည်။ ဆောင်းရာသီတွင် အေးသည်မှာ ဓမ္မတာပင်။ သို့သော် ဤအခိုက်အတန့်တွင် သေမင်းသည် သူတို့ရှေ့သို့ရောက် နေပြီဖြစ်သည်။ သူတို့ တုန်ယင်နေသည်မှာ အံရိုက်သံများကိုပင် ကြားရလေ သည်။ ရှီးရန်နှင့်တခြားသူများသည် ရှီတိဖူ၏ဘိုးဘေးများထံ အကြိမ်ပေါင်းများ စွာ ဆုတောင်းပြီးဖြစ်သည်။ ဒီအရူး… ဒီတစ်ခါမှ ဘာလို့ဒီလောက် ခေါင်းမာနေ တာလဲ။ သူ့ကိုသတ်ပြီး ဒီကလေးကို အဘိုးလို့ခေါ်လိုက်ရမလား။
လက်ရှိ သူတို့အားလုံးဖြစ်စေချင်နေသည်မှာ သတ်ဖြတ်ခြင်းနတ်ဘုရား ပေထင်းဟွမ်ကို ဖြစ်နိုင်သလောက် မြန်မြန်အဝေးသို့ ထွက်သွားစေလိုခြင်းဖြစ် သည်။ ထိုလူများသည် ဆယ်စုနှစ်များစွာ နေခဲ့ကြကာ တစ်နှစ်ပတ်လုံး ခြေဦးတည့်ရာ ပတ်သွားနေသူများဖြစ်ကြသည်။ အရင်က သေရေးရှင်ရေးကို မကြုံဖူးသူမရှိပေ။ သို့သော် ယခုကဲ့သို့ ကြောက်ရွံ့အောင် မည်သူမှမလုပ်နိုင်ခဲ့ ပေ။ ထိုလူများသည် ပေထင်းဟွမ်ဆီမှ ထွက်လာသည့် လူသတ်နိုင်သည့် ရောင်ဝါကို ရှင်းရှင်းလင်းလင်းမြင်နေရသည်။ အကယ်၍ သူသာ အလောင်းအပုံ မှထွက်မသွားပါက ဤကဲ့သို့ ထူထဲသောလူသတ်ရောင်ဝါကို ဖိနှိပ်နိုင်မည် မဟုတ်ပေ။
ဒီကလေး ဘယ်လောက်တောင် ရက်စက်မလဲကြည့်ကြတာပေါ့။
ချွတ်…
ဒုတိယမြောက်နံရိုးကျိုးသံအနောက်တွင် နာကျင်စွာ အော်ဟစ်သံ လိုက်ပါလာသည်။ အားလုံး၏ အာရုံကြောများသည် တောင့်တင်းသွားကာ မတုံ့ပြန်နိုင်ကြတော့ပေ။ ၎င်းသည် အကန့်အသက်ရှိသည်။ ဝိညာဉ်သခင်နှင့် ဓားသခင်များအကြားတွင် အမျိုးသမီးတစ်ယောက်မှမပါသော်လည်း ယခု အချိန်တွင် တစ်စုံတစ်ယောက်သည် အော်ငိုနေရသည်။
ဤသည်းမခံနိုင်သည့် ဖိအားကို အော်ငိုခြင်းကသာ သက်သာစေသည်။
ပေထင်းဟွမ်သည် လှည့်ကာ အနောက်မှဒူးထောက်နေသောလူများကို ကြည့်လိုက်သည်။ သူတို့ကို သွားရန်ပြောတော့မည့်ဆဲဆဲတွင် သူမ၏ နားရွက် သည် အနည်းငယ်လှုပ်ခါသွားပြီး နှုတ်ခမ်းတွင် အကြံအစည်ကြီးသည့် အပြုံး ပေါ်လာသည်။ သူမ၏မျက်လုံများသည် ပိုပိုပြီးအေးစက်လာသော်လည်း သူမ သည် အရှိန်လျှော့ချလိုက်သည်။ သားရဲရိုင်းအုပ်ကြီးသည် သူမ၏ ခြေထောက်အောက်မှ ဤသားရဲကိုကယ်တင်ရန် မြို့ဝန်အိမ်တော်မှ လွှတ်လိုက်သည်လားဟု သူမ သိချင်သည်။
ထိုလူများသည် မီတာရာအနည်းငယ် ကွာဝေးသေးသည်။ ပေထင်းဟွမ် သူတို့ကို သတိထားမိသည့်တစ်ချိန်တည်းမှာပင် မိုးကြိုးသွားသည် သူတို့ကို အာရုံခံမိကာ လျင်မြန်စွာပင် ချစ်စရာခွေးလေးတစ်ကောင်အသွင်ပြောင်းလိုက် သည်။ ၎င်း၏ ပတ္တမြားနှင့်တူသော မျက်လုံးများသည် ညင်သာစွာလှည့်လာပြီး ပေထင်းဟွမ်အားခုန်အုပ်ပြီး သူမပခုံးပေါ်သို့ဆင်းသက်လိုက်သည်။
ထိုလူများသည် လျင်မြန်စွာပင်ရောက်လာသည်။ သူတို့သည် အယောက် ၃၀ ခန့်ရှိကာ စစ်သည်ချပ်ဝတ်တန်ဆာများဝတ်ထားပြီး တူညီသောလက်နက် များကို ကိုင်ဆောင်ထားသည်။ သူတို့သည် မှော်သားရဲခံတပ်၏ မြို့ကာကွယ် ရေးတပ်ဖြစ်တန်ရာသည်။ အသက် ၂၀ အရွယ်လူငယ်တစ်ဦး၏ ဦးဆောင်မှုနှင့် အတူ လူတိုင်း၏ မြင်ကွင်းထဲသို့ တိုးဝင်လာခဲ့သည်။ ဤနေရာသို့ ရောက်လာ သည့်သူကိုမြင်သောအခါ ပေထင်းဟွမ်၏ ခြေထောက်အောက်တွင် သေအံ့ဆဲဆဲဖြစ်နေသည့် ရှီတိဖူအပါအဝင် အားလုံးသည် စိတ်သက်သာရာရ စွာဖြင့် သက်ပြင်းချလိုက်သည်။
***