← Chapters

သူ့အသက်ကိုလိုချင်တယ်

Vol. 7 Ch. 126

သူ့အသက်ကိုလိုချင်တယ်

Vol. 7 Ch. 126

“ညီလေး ကျေးဇူးပြုပြီး သနားပေးပါ”

ဦးဆောင်လာသောလူငယ်သည် အနက်ရောင်ချပ်ဝတ်တန်ဆာနှင့် အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သားရဲရိုင်းရပ်လိုက်သည်နှင့် သူသည် မြင်းပေါ်မှခုန်ဆင်းကာ ပေထင်းဟွမ်ဆီသို့ သွားလေသည်။

“မြို့ဝန်ငယ်လေး ကျုပ်ကိုကယ်ပါ ကျုပ်ကိုငယ်ပါ” ရှီတိဖူသည် ခါးသက် စွာ အော်လေသည်။ သူသည် အရင်ကလို မရက်စက်တတ်တော့ပေ။ သူသည် ပေထင်းဟွမ်ကို မည်သူမှမသတ်စေချင်သလို သူမကို တစ်စစီလည်းမလုပ်ချင် တော့ပေ။

လူငယ်သည် သူ့ကို မျက်စိထောင့်မှပင် မကြည့်ပေ။ သူသည် ပေထင်းဟွမ်ကိုသာ လက်အုပ်ချီလိုက်သည်။ သူ၏ထူထဲသော မျက်ခုံးနှင့် မျက်လုံးကြီးများအောက်ရှိ တောက်ပသောမျက်လုံးများသည် ပြုံးနေကာ သူ၏ ဖြောင့်မတ်ပြီး ချောမောသာမျက်နှာကို ပို၍ပင်တင့်တယ်သွားစေသည်။ သူသည် နောက်ကျောတွင် လေးလံသောဓားကြီးကို သယ်ထားသည့် ဓားသခင် ဖြစ်သည်မှာသေချာသော်လည်း သူ့ကိုယ်ပေါ်တွင် လူသတ်မည့်ရောင်ဝါမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် သူသည် ဗျူဟာမြောက်သည် စစ်သူကြီးတစ်ဦးဖြစ် ကြောင်း အလွယ်တကူယုံကြည်စေသည်။

“မင်္ဂလာပါ ညီလေး” ထိုလူငယ်သည် ထင်ထားသလိုပင် ယဉ်ကျေးသည်။ ပေထင်းဟွမ်သည် သူ့ထက်ငယ်သည်မှာ ထင်ရှားနေသော်လည်း သူသည် တလေးတစားဆက်ဆံသည်။ သူသည် မလေးမစားမပြုမူပေ။ တခြားတစ်နည်း နှင့် ဂရုစိုက်သည်ဟုပင် ပြော၍ရသည်။ “ကျွန်တော်က မှော်သားရဲခံတပ်ရဲ့ မြို့ဝန်ငယ်လေးပါ ကျွန်တော့်နာမည်က မုယန်ပါ”

ပေထင်းဟွမ်သည် ဘာမှမပြောပေ။ သူမသည် သူ့ကို အလေးမထားသလို ကြည့်လေသည်။ သူမခြေဖျားကို အားထည့်လိုက်သည်နှင့် ရှီတိဖူသည် ထပ်မံ အော်ပြန်သည်။ သူ၏တပ်ကူရောက်လာခြင်းကြောင့် သူ့အော်သံသည် အနည်း ငယ် ပိုလွန်းနေခြင်းလည်းဖြစ်မည်။ ပေထင်းဟွမ်သည် အေးစက်စွာ ပြုံးလိုက် သည်။ မုယန်၏မျက်နှာမှာ မလှုပ်မယှက်နှင့် လျစ်လျူရှုထားသည်ကိုမြင်သည် နှင့် သူမ သဲ့သဲ့ပြုံးပြီးပြောလိုက်သည် “ပေယဲ့”

ပေယဲ့သည် သူမ၏ နာမည်ဖြစ်သည်။

ဘယ်လောက်တောင် ဂုဏ်မောက်လိုက်တဲ့ ကောင်လေးလဲ။ မုယန်သည် ပြုံးပြီးခေါင်းခါလိုက်သည်။ သူ့မျက်လုံးထဲမှနွေးထွေးမှုမှာ ပိုပြင်းထန်လာသည်။ သူသည် လက်ကိုမြှောက်ကာ ပေထင်းဟွမ်၏ ခြေထောက်အောက်တွင် ရှိနေသော ရှီတိဖူကိုညွှန်ပြလေသည် “ဒါက ကျွန်တော့်မှော်သားရဲခံတပ်က အပုပ်အသိုးပဲ.. ညီလေးပေယဲ့ သူ့ကို ကျွန်တော်တို့ မှော်သားရဲခံတပ်ကို လက်လွှဲပေးပြီး ရှင်းခိုင်းလိုက်ပါလား”

“ကျုပ်ကို အရူးလုပ်ရလွယ်တဲ့ ၃ နှစ်အရွယ်ကလေးလို့ထင်နေတာလား” ပေထင်းဟွမ်သည် မျက်ခုံးများကိုပင့်ကာ နှာမှုတ်လိုက်သည်။

မုယန်သည် ခေါင်းခါပြီး စိတ်ရင်းနှင့်ပြောလေသည် “ညီအစ်ကိုထင်သလို မဟုတ်ပါဘူး” သူသည် အနောက်မှ မြို့ကာကွယ်ရေးတပ်ကိုညွှန်ပြလိုက်သည် “ဒီတစ်ခေါက် လူတွေခေါ်လာတယ်ဆိုတာက ဒီလူက သူ့ရာထူးကို အမှီပြုပြီး မှော်သားရဲစီးကြောင်းကို ဖိနှိပ်ဖို့လာကူညီတဲ့ စစ်သည်တွေကို အနိုင်ကျင့်နေ တယ်လို့ မြို့ဝန်အိမ်တော်ကို လာတိုင်တဲ့သူရှိလို့ပါ.. ဒီလူ့ကို ပြန်ခေါ်ပြီး မြို့ဝန် အိမ်တော် ကိုယ်တိုင်ဖြေရှင်းခိုင်းမှာပါ”

“အဲလိုလား” ပေထင်းဟွမ်သာ ရှီတိဖူ၏ သရုပ်မှန်ကိုမသိလျှင် ဤလူငယ် ၏စကားကို ယုံမည်ဖြစ်သည်။ သူမသည် သူဉာဏ်ထက်ခြင်းအတွက် ချီးကျူးမိ သည်။ သို့သော် ဤအခိုက်အတန့်တွင် ပေထင်းဟွမ်သည် နှာမှုတ်လိုက်သည် “ခင်ဗျားက မြို့ဝန်ငယ်ဆိုတော့ ဒီလူက ခင်ဗျားဦးလေးမဟုတ်ဘူးလား”

“ဦးလေးဟုတ်လား” မုယန်သည် ထိတ်လန့်သွားသည်။ ထို့နောက် သူ ငိုရမည်လား ရယ်ရမည်လားမသိတော့ပေ။ ဘယ်လောက်တောင် စိတ်ရှုပ်ဖို့ ကောင်းလိုက်တဲ့ ကောင်လေးလဲ။ လူငယ်သည် နှာခေါင်းကိုပွတ်ကာ သူ့မျက်လုံးမှ မှင်တက်သောအမူအရာပြရုံမှတစ်ပါး မတတ်နိုင်ခဲ့ပေ “ညီလေး သူက ဒါလည်းပြောပြတာပဲလား”

“ဟုတ်တယ်” ပေထင်းဟွမ်သည် မေးစေ့ကို အသာမော့ကာ အလွန် မောက်မာစွာကြည့်လိုက်သည်။ သို့သော် ဤအရာကပင် မုယန်ကို ရယ်မောစေ သည် “ဒါဆို သူ့ကို ကျွန်တော့်လက်ထဲထည့်ဖို့ ပိုပြီးတောင်အကျိုးအကြောင်း သင့်သွားပြီ.. သူနဲ့သူညီမက နန်ကုန်းမိသားစုခွဲကပဲ.. သူ့ညီမက အဖေ့ကိုပေးခဲ့ တဲ့ နန်ကုန်းမိသားစုက ကြင်ယာတော်ပဲ.. ကျွန်တော့်အမေက မြို့ဝန်ရဲ့ တရားဝင်ဇနီးပဲ.. သူက ဘယ်လိုလုပ် ကျွန်တော့်ဦးလေးဖြစ်ရမှာလဲ”

ပေထင်းဟွမ်၏ မျက်နှာမှာ နီရဲသွားသည်။ ဤနေရာသည် ၂၁ ရာစုနှင့် မတူသည်ကို သူမ မေ့သွားခဲ့သည်။ ဤနေရာမှလူများသည် ဇနီးနှင့် ကြင်ယာ တော်အများအပြားထားရှိကြသည်။ ဒေါသထွက်လာသဖြင့် ပေထင်းဟွမ် ကပျာကယာငြင်းဆန်လေသည် “အဲဒါလည်းမဖြစ်ဘူး ကျွန်တော် သူ့အသက် လိုချင်တယ်.. ကျွန်တော့်ကို အပြစ်လုပ်ဖို့ သူ့ကို ဘယ်သူပြောလို့လဲ.. သူ့ကို ခင်ဗျားလက်ထဲအပ်ရမယ်ဟုတ်လား.. ခင်ဗျားက ဆွေမျိုးဆိုတာကို ထောက်ထားပြီး သူ့အသက်ကို သက်ညှာပေးရင်သက်ညှာပေးနေမှာ”

သူမ မုယန်၏ စကားများကို နားမလည်သောကြောင့်မဟုတ်ပေ။ ရှီတိဖူ သည် နန်ကုန်းမိသားစု၏ အဖွဲ့ဝင်ဖြစ်သည်။ သူမသည် သူ့နောက်ခံကို မသိ သဖြင့် နန်ကုန်းမိသားစုကို ရန်စမိမည်ကို ကြောက်သဖြင့် ရပ်ရန်ပြောခြင်းဖြစ် သည်။ သို့သော်… သူက နန်ကုန်းမိသားစုကဆိုလည်းဘာဖြစ်လဲ။ သူမကို သေစေချင်သည့် မည်သူမဆို ဤကမ္ဘာတွင် အသက်ရှင်ခွင့်မရှိပေ။

ခြေဖဝါးထဲသို့ ဝိညာဉ်စွမ်းအားကို အရှိန်အဟုန်ပြင်းပြင်းဖြင့် ထည့်လိုက် သည်။ ပေထင်းဟွမ်၏ ခြေဖျားထိပ်သည် ရှီတိဖူ၏နှလုံးထဲသို့ ဝင်တော့မည့် အတိုင်းပင်။ တစ်ချက်တွန်းလိုက်သည်နှင့် ရှီတိဖူသည် ပုစွန်ကဲ့သို့ကွေးသွား သည်။ သူ့ခန္ဓာကိုယ်သည် မခံနိုင်သော နာကျင်မှုကြောင့် တုန်ယင်နေသည်ကို အားလုံးမြင်နိုင်ကြသည်။ အားလုံး၏အမြင်တွင် ပေထင်းဟွမ်သည် အရာ အားလုံးထက်ကြောက်စရာကောင်းသည့် သေဆုံးခြင်းနတ်ဘုရားဖြစ်သည်။

***

All Chapters