← Chapters

မုယန်၏ ဖိတ်ကြားမှု

Vol. 7 Ch. 127

မုယန်၏ ဖိတ်ကြားမှု

Vol. 7 Ch. 127

နောက်ဆုံးတွင် ပေထင်းဟွမ် ခြေထောက်ကြွလိုက်သည်။ သူမ၏ ပြိုင်ဘက်ကို ချေပစ်သည့်လုပ်ငန်းစဉ်မှာ စက္ကန့်အနည်းငယ်သာကြာသည်။ သို့သော် ထိုနေရာမှလူများသည် သေရေးရှင်ရေးကို တွေ့ကြုံလိုက်ရသလိုပင်။

ပေထင်းဟွမ်သည် လက်ကိုခါလိုက်ကာ သူမ၏နှုတ်ခမ်းသည် အနည်း ငယ် ကွေးတွန့်သွားသည်။ သူမသည် မျက်လုံးများကိုပင့်ကာ မုယန်အား ဒေါသ ဆွသလိုကြည့်လေသည်။ အစက သူမသည် မုယန်၏ဒေါသဖြစ်နေသော မျက်နှာကိုမြင်ရလိမ့်မည်ဟု ထင်ထားသည်။ မထင်မှတ်စွာပင် မုယန်သည် သူမ အား အကူအညီမဲ့သောမျက်နှာထားဖြင့် ကြည့်နေသည်။ “ညီလေးပေယဲ့ နန်ကုန်းမိသားစုကို ကျွန်တော်ပဲ အကုန်ရှင်းပြလိုက်ပါမယ်.. သခင်ရှီတိဖူက မှော်သားရဲတောထဲမှာ မြူစားမြင်းသားရဲကို တစ်ယောက်တည်းအမဲလိုက်ရင်းနဲ့ မှော်သားရဲအုပ် တိုက်ခိုက်ခံရပြီး သေသွားပါပြီ.. ကျွန်တော်တို့ ခြေတစ်လှမ်း နောက်ကျသွားမယ်လို့ထင်မထားမိဘူး.. သခင့်ရဲ့ကံပဲပေါ့”

မုယန်သည် ပြောပြီးနောက် စူးရှသောအကြည့်ဖြင့် ဤနေရာထိ ရှီတိဖူ နောက်လိုက်လာသော ဝိညာဉ်သခင်နှင့် ဓားသခင်များကို ကြည့်လိုက်သည်။ သူ့စကားများကို ခိုင်မာစေရန် မြို့ကာကွယ်ရေးတပ်သားများသည် ခါးမှ လက်နက်များကို ထုတ်လိုက်သည်။ ဤလူများသည် ပေထင်းဟွမ်၏ လုပ်ရပ် ကြောင့် ကြောက်ရွံ့နေပြီးသားဖြစ်သည်ကို သူတို့မသိကြပေ။ သူတို့က မုယန်ရဲ့ စကားကို မနာခံဘဲနေရဲပါ့မလား။

“မြို့ဝန်ငယ်လေး သခင်ကြီးပေယဲ့က သခင်ကြီးရှီတိဖူကို ကယ်ဖို့ မြင်းသားရဲတွေနဲ့ အပြင်းအထန်တိုက်ခိုက်ခဲ့တာပါ ကျွန်တော်တို့ မြင်လိုက်ပါ တယ်.. ဒီနေ့အဖြစ်အပျက်ကို ဘယ်သူ့ကိုမှမပြောပါဘူးလို့ ကျွန်တော် ကျိန်ပါ တယ်” ရှန်းရန်သည် အလွန်ပင် သတိရှိသည်။ ထိုသို့ပြောပြီးနောက် သူ့လက်ကို မြှောက်ကာ ကျိန်ဆိုလေသည်။ ကောင်းကင်နှင့်မြေကြီးစည်းမျဉ်း ကျလာသည်။ သူ သစ္စာဖောက်သည်နှင့် သေလျှင် ငရဲသွားရမည်ဖြစ်သည်။

ငရဲသည် မည်သို့နေရာဖြစ်သည်ကို မည်သူမှမသိကြပေ။ ထိုနေရာသို့ အပို့ခံလိုက်ရသူသည် ဘယ်တော့မှ တက်မလာနိုင်တော့သည်ကိုသာ သိကြ သည်။

ကျန်ဝိညာဉ်သခင်နှင့် ဓားသခင်တို့လည်း တစ်ပုံစံတည်းပြုမူကြလေ သည်။ တစ်ယောက်ချင်းစီ သစ္စာဆိုပြီးသည်နှင့် လှပသော ငွေရောင်အလင်း တန်း အစီအရင်များ ကျလာသည်။ ထိုအခါမှ သူမ သူတို့ကိုလွှတ်ပေးလိုက်၏။

သူတို့ကို အသက်ရှင်ခွင့်ပေးမည်ဟု ကြားသည်နှင့် ကြောက်ရွံ့ပြီး စွမ်းအားမဲ့သွားကြသည်။ သူတို့၏ ကြောက်ရွံ့နေသောမျက်နှာထားသည် မုယန် ကို သိချင်စိတ်ပိုဖြစ်စေသည်။ ထိုလူများသည် ပေထင်းဟွမ်ကို ကြောက်ရွံ့နေ သည်မှာ ရှင်းသည်။ သူ့ကို ကပ်ရောဂါလိုမျိုးကြောက်သွားအောင် ဒီကောင်လေးက ဘာတွေများလုပ်ထားတာလဲ။

သူ့အကြည့်များ ပေထင်းဟွမ်၏ ပခုံးပေါ်မှ ငွေရောင်ခွေးပေါက်လေးဆီ သို့ ရောက်သွားသောအခါ မုယန်နားလည်လိုက်သည်။ မြောက်ပိုင်းတိုက်၏ အကြီးဆုံးခံတပ်မြို့ မြို့ဝန်၏သားတစ်ယောက်အနေနှင့် ထိုခွေးပေါက်လေး သည် မွန်မြတ်သောသားရဲ၏ ပုံစံငယ်ဖြစ်သည်ကို မုယန်သိသည်။

အဆင့်မြင့်ကြယ် မွန်မြတ်သောသားရဲနှင့်အတူ ပေထင်းဟွမ်၏ ခွန်အား မှာလည်း ကောင်းကင်အဆင့်ထက်မြင့်သည်ဟု ခွဲခြားနိုင်သည်။ ဤကဲ့သို့လူမျိုး မှသာ အားကောင်းသောဝိညာဉ်သခင်များနှင့် ဓားသခင်များအုပ်စုကို ကြောက်လန့်အောင် လုပ်နိုင်သည့်အစွမ်းအစရှိသည်။

“ညီလေးပေယဲ့.. မွန်မြတ်သောဝိညာဉ်အပျက်အစီးဖွင့်မယ်ဆိုတာ ကြားမိလားမသိဘူး”

ပေထင်းဟွမ်သည် မောက်မာကာ အကြောက်တရားကင်းသည်။ ထိုသို့ဆို ပင်လျှင် မုယန်သည် သူမနှင့်ရှိရသည်ကို ပျော်သည်။ သူသည် သူမနှင့် အကြောင်းအရင်းမရှိဘဲ ရင်းနှီးချင်သဖြင့် ဖိတ်ကြားလိုက်သည် “ဒီနေ့ည မြို့ဝန်အိမ်တော်က သားရဲစီးကြောင်းကာကွယ်ရေးမှာ ပါမယ့် စစ်သည်တွေ အကုန်လုံးကို ဖိတ်ပြီးအခမ်းအနားကျင်းပါမှာ.. ညီလေးပေယဲ့ တခြားအစီအစဉ် မရှိဘူးဆိုရင် ကျွန်တော်နဲ့အတူ မြို့ကိုလိုက်ပြီး ဒီအခမ်းအနားကို ဘာလို့ မပါဝင်နိုင်ရမှာလဲ”

သူမတွင် မွန်မြတ်သောသားရဲရှိနေသဖြင့် ပေထင်းဟွမ်သည် ဖိတ်ကြား သည့်စာရင်းထဲတွင် ဝင်သွားသည်။

“နှင်းဝံပုလွေကြေးစားအဖွဲ့ရော ဖိတ်ခံရလား.. အင်ပါယာတက္ကသိုလ်က ဆရာနန်စီရော လာမှာလား” ပေထင်းဟွမ်သည် သူမ အစိုးရိမ်ဆုံးလူများကို မေးလိုက်သည်။ သို့သော် ရှန်းယန်ဖိုနှင့် တခြားသူများနာမည်ကို မုယန်အား ပြောပြလျှင်လည်း သူတို့ကိုသိမည်မဟုတ်ပေ။ သူမသည် ဆရာနန်စီအကြောင်း ကိုသာ မေးလိုက်သည်။

“သေချာတာပေါ့ နှင်းဝံပုလွေကြေးစားအဖွဲ့ရဲ့ သခင်လေးဖြစ်တဲ့ သခင်ကြီးချင်ယွိလည်းလာမှာ.. ဒီတစ်ခါ သူတို့က အဓိကအင်အားစုပဲ.. ဆရာနန်စီကတော့ လွန်ခဲ့တဲ့သုံးရက်က ကျောင်းမှာကိစ္စတစ်ခုရှိလို့ လင်းယုန်၊ ခြင်္သေ့ပျံ*နဲ့ထွက်သွားတယ်” မုယန်သည် ရုတ်တရက် အမှတ်ရသွားသည် “ဖြစ်နိုင်တာက ညီလေးပေယဲ့က အင်ပါယာကျောင်းက ကျောင်းသားလား.. ဆရာနန်စီဦးဆောင်တဲ့အသင်းကများဖြစ်နေမလား”

(ခြင်္သေ့ကိုယ်၊ လင်းယုန်ခေါင်းနှင့် တောင်ပံများပါသည့် ဒဏ္ဍာရီလာ သတ္တဝါ)

***

All Chapters