← Chapters

မြို့သို့ဝင်ခြင်း

Vol. 7 Ch. 128

မြို့သို့ဝင်ခြင်း

Vol. 7 Ch. 128

ပေထင်းဟွမ်သည် အနည်းငယ်စိတ်ပျက်ကာ ခေါင်းခါလိုက်သည်။ အရင်တစ်ခေါက်က ရှန်းယန်ဖိုတို့သည် မွန်မြတ်သောဝိညာဉ်အပျက်အစီးဆီ သွားမည်ဟု ပြောခဲ့သည်။ သူတို့ ကိစ္စပေါ်လာခြင်းကြောင့် ထွက်သွားလိမ့်မည် ဟုထင်မထားပေ။ သူတို့သည် တွေ့နိုင်မည့်ပုံမပေါ်ပေ။ သို့သော် ခန္ဓာကိုယ်ပေါ် မှ နှင်းငှက်မွေးတံဆိပ်ပြားကို လက်ချောင်းနှင့်ထိလိုက်ချိန်တွင် ချောမောပြီး နွေးထွေးသည့်လူကို တွေးမိရာ စိတ်ထဲတွင် နွေးထွေးမှုကို ခံစားမိလိုက်‌လေ သည်။ အစ်ကိုကြီး ချင်ယွိက ဒီကိုရောက်နေတာပဲ။

“ဟုတ်ပြီ ကျွန်တော် ပါပါမယ်”

“ကောင်းတယ်” မုယန်သည် ပေထင်းဟွမ်အား မြို့သို့ဖိတ်ခေါ်သွားသည်။ မြို့တံခါးစောင့်သည် အလျင်အမြန်ပင် သူ၏စီးတော်ယာဉ်ဆိတ်သမင်ကို ပြေးယူကာ ပေထင်းဟွမ်အား ကြည့်သွားလေသည်။ မြို့ဝန်ငယ်သည် သီးခြားနေတတ်သူဖြစ်ကာ တခြားသူများကို ဂရုစိုက်သူမဟုတ်ပေ။ ဤကဲ့သို့ စိတ်ပါလက်ပါဖြစ် သည်ကိုမြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ဤလူငယ်သည် မည်သည့် နေရာတွင် ထူးခြားနေသည်ကို သူ မသိပေ။

သူသည် ကြည့်ကောင်းပုံပေါ်သည်။

သူ့မျက်နှာတစ်ဝက်ကိုသာ မြင်ရသော်လည်း သူ၏ထင်ရှားသောမေးရိုးမှ တစ်ဆင့် ဤလူငယ်၏ မျက်နှာသည် အလွန်အမင်းပြောင်မြောက်သည်ကို ပြောရန်မခက်ပေ။

မှော်သားရဲခံတပ်မှ မြို့တံခါးပေါက်ထိ ဘေးချင်းယှဉ် ဆတ်သမင်သားရဲ စီးလာရင်းနှင့် သူတို့နှစ်ယောက်သည် ရင်းနှီးသွားကြပြီဖြစ်သည်။ မုယန်သည် သူမအပေါ် ရည်ရွယ်ချက်ကောင်းများရှိသည်ကို အာရုံမခံမိစရာအကြောင်း မရှိပေ။ မုယန်သည် သူမကို အစ်ကိုဟုခေါ်စေလိုသဖြင့် သူမသည် အစ်ကိုကြီးမုယန်ဟု သဘာဝကျကျပင် ခေါ်ခဲ့သည်။

အဝေးမှ မြို့တံတိုင်းကြီးကို မြင်ရချိန်တွင် ပေထင်းဟွမ်သည် ပင့်သက် ရှိုက်မိသည်။ သူမ၏ အရင်ဘဝတွင် ဤကဲ့သို့ ခမ်းနားသောအဆောက်အဦးကို မမြင်ဖူးပေ။ ရွှေရောင်နေရောင်သည် မြို့တံတိုင်းပေါ်သို့ ဖြာကျနေပြီး ကြီးမား သော အပြာရောင်ကျောက်မြို့တံခါးကြီးသည် ရှေးဟောင်းအရှိန်အဝါဖြင့် ကြိုဆိုနေသည်။ ၎င်းတွင် ရှည်လျားသည့် သမိုင်းကြောင်းရှိခဲ့ရာ မြင်သည့်လူ တိုင်းကို မြင်မြင်ချင်းမှင်တက်မိစေသည်။

မြို့တံတိုင်းပေါ်တွင် “မှော်သားရဲ” ဆိုသည့် စာလုံးကြီးသည် မသိမသာ ပြတ်သားလှသည်။ မြင့်မားပြီး ကြီးမားသဖြင့် မြို့ထဲသို့ဝင်လာသူ၊ ထွက်သွားသူ များကို ငုံ့ကြည့်၍ရသည်။

ဤသည်မှာ နှစ်ပေါင်းသောင်းချီကြာအောင် လေဟာနယ်လွင့်ပြင်၏ သားရဲအန္တရာယ်ကို တွန်းလှန်ခဲ့သည့် မှော်သားရဲခံတပ်ဖြစ်သည်။ နှစ်စဉ်နှစ်တိုင်းတွင် သူရဲကောင်းတစ်ယောက် ဤနေရာတွင် မွေးဖွားသည်။ ထိုသူရဲကောင်းသည် မှော်သားရဲများကို တွန်းလှန်ရန်ဦးဆောင်ပြီး သူတို့၏ ဇာတိမြေကို ကာကွယ်ကြသည်။

ထိုအခိုက်တွင် ပေထင်းဟွမ်၏ စိတ်နှလုံးမှာ ထိန်းချုပ်မရသော သူရသတ္တိ များပြည့်နေသည်။ လူသားနှင့် မှော်သားရဲများအကြားမှ ရှုပ်ထွေးပြီး ကြီးမား သောတိုက်ပွဲ၏ မြင်ကွင်းကို တွေးကြည့်၍ပင်မရပေ။ သူမသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်မိသည်။ သူမသည် ဤမှော်သားရဲခံတပ်ကို လာခဲ့သည် မှာ မှန်ကန်သော ဆုံးဖြတ်ချက်ဖြစ်သည်။

သူတို့သည် ကြီးမားသောမြို့တံခါးပေါက်ကို ဖြတ်ပြီးသည်နှင့် ဖိနှိပ်သော ခံစားမှုမျိုး ခံစားရလေသည်။ မုယန်ဘေးမှာရှိနေသဖြင့် စိတ်ပူရန်တော့မလို ပေ။ ရှီတိဖူပြောသလိုပင် သူတို့ကိုသာ မြို့တံခါးစောင့်များမှ တားလိုက်လျှင် မြို့ထဲသို့ ဝင်နိုင်မည်မဟုတ်ပေ။

လမ်းမကျယ်ကြီးကို ကျောက်စိမ်းဖြူဖြင့် ခင်းထားပြီး ရထားလုံး ၁၆ စီး တစ်ပြိုင်နက်သွားနိုင်သည်။ လမ်းတစ်ဖက်တစ်ချက်တွင် ဆိုင်တန်းများရှိသည်။ ဤတခြားကမ္ဘာကဲ့သို့ ဆွဲဆောင်မှုရှိသော မြင်ကွင်းသည် ပေထင်းဟွမ်ကို ဖမ်းစားနေသလို သူမနှင့် မုယန်တို့သည်လည်း အားလုံး၏မျက်လုံးထဲတွင် ကြည့်စရာတစ်ခုဖြစ်နေလိမ့်မည်ဟု သူမ မသိခဲ့ပေ။

ဆိတ်သမင်နှစ်ကောင်၊ အနီရောင်ဝတ်ထားသော လူချောလေးနှင့် အနက် ရောင်ဝတ်ထားသော အေးစက်သည့်လူငယ်တို့သည် လမ်းတစ်လျှောက်တွင် မရေမတွက်နိုင်သောလူများ၏ အာရုံဖမ်းစားရာဖြစ်ခဲ့သည်။ အများစုသည် မုယန်ကိုသိကြသဖြင့် မြို့ဝန်ငယ်၏ အမြင်ကိုဖမ်းစားနိုင်ပြီး နွေးနွေးထွေးထွေး ဆက်ဆံခံရသည့်လူငယ်မှာ မည်သူမည်ဝါဖြစ်သည်ကို ခန့်မှန်းနေကြသည်။

လူငယ်သည် နှင်းဖြူရောင်မျက်နှာဖုံးဝတ်ထားပြီး မျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသော်လည်း သူ၏အနက်ရောင်မျက်လုံးတစ်စုံသည် ကြယ်များကဲ့သို့ တောက်ပါပြီး သူ၏ကျောက်စိမ်းနှင့်တူသောနှာခေါင်း၊ မတ်လတွင် ဖူးပွင့်သည့် မက်မွန်သီးရောင်နှုတ်ခမ်းနှင့် ထင်ရှားသည့်မေးရိုးတို့ကြောင့် ဤလူငယ်သည် မှင်တက်လောက်သည့် အသွင်အပြင်ရှိသည်ကို လူအများယုံကြည်ကြသည်။

သူမသည် အေးစက်သောစိတ်နေစိတ်ထားနှင့် ခြယ်လှယ်သည့် မောက်မာမှုရှိသည်။ ဤလူငယ်သည် မိသားစုကြီးတစ်ခုမှ သခင်လေးဖြစ်လိမ့် မည်ဟု အားလုံးယုံကြည်ထားသည်။ မျိုးဆက်ပေါင်းများစွာ အမွေဆက်ခံခဲ့ သော မိသားစုမျိုးရိုးဗီဇများသာ ထူးချွန်သည့်လူငယ်ကို ထွန်းပေါက်စေနိုင်၏။

***

All Chapters