← Chapters

လူသားတာအို

Vol. 82 Ch. 1146

လူသားတာအို

Vol. 82 Ch. 1146

သူက ကန့်သတ်ချက်အထိ ဖိနှိပ်ခံထားရပြီး ကြေမွပျက်စီးလုနီးပါးတွင် အဆုံးမဲ့ တာအိုအငွေ့အသက်များ အရှိန်ပြင်းပြင်း ထွက်ပေါ်လာသည်။

သူ မပျောက်ကွယ်ခင် တာအို ထွက်ပေါ်လာတာလား ….

မိုဝူကျိ မျက်ဝန်း၌ သတ္တိနှင့်အတူ ဆုံးဖြတ်ချက် ပြတ်သားမှုများနှင့် ပြည့်နှက်သွားသည်။ သူ့တာအို ပျက်စီးသွားလျှင်ပင် ထိုအဝါရောင်ဝတ်စုံနှင့် အမျိုးသားအား အကောင်းအတိုင်း ထွက်သွားခွင့် မပြုနိုင်ပေ။

ငါက သာမာန်ကနေ တက်လာခဲ့တယ် ….. ငါက သေမျိုးလောကက သာမာန်လူတွေထဲက တစ်ယောက် … သေမျိုးတစ်ယောက်အနေနဲ့ ငါ့လူသားတာအိုကို ဖန်တီးထုဆစ်နိုင်ခဲ့တယ်

ငါ လူသားဂိုဏ်းကို တည်ထောင်ခဲ့ပြီးတော့ ချီသွေးကြော ကျင့်စဉ်ကို ဖန်တီးခဲ့တယ် ….

 “တာအိုတွေက ကွဲပြားပေမဲ့ လူသားတိုင်းက အတူတူပဲ” ဆိုတဲ့ ဆောင်ပုဒ်ကိုလည်း ချန်ထားခဲ့တယ်

ဒါက ငါ့တာအို လူသားတာအို … လူသားတာအိုက ဒီစကြဝဠာကြီးထဲ တခြားတာအိုတွေထက် နောက်ကောက်မကျဘူးဆိုတာ ယုံကြည်ချက် ရှိတယ်

မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းမှ တာအိုမျိုးစေ့လေးက စတင် ပေါက်ဖွားကာ ကြီးထွားလာသည်။ ထိုအရာက ကောင်းကင်တမျှ မြင့်သည့် ဧရာမ သစ်ပင်ကြီး ဖြစ်လာသည်။

သူ့တာအိုအသိဉာဏ်ပွင့် လမ်းကြောင်းက စတင် တုန်ခါလာပြီး မိုဝူကျိ စိတ်အတွင်း အလင်းတန်းတချက် ဖြတ်ခနဲ ပေါ်လာသည်။

ဤသို့သော ဉာဏ်အလင်းပွင့်မှုမျိုး … ဆင့်ကဲဖြစ်စဉ်မျိုး … အသွင်ပြောင်းလဲရေးမျိုး

ထိုစဉ် တာအိုစည်းမျည်းလှိုင်းများက အရွယ်ရောက်လာသည်။ ထိုအခိုက်အတန့်လေး၌ အရွယ်မရောက်သေးသည့် သူ့လူသားကမ္ဘာကား သူ့စည်းမျည်းများကို ပြီးပြည့်စုံသွားစေသည်။

ကြီးကျယ်ခမ်းနားသည့် စွမ်းအား ထွက်ပေါ်လာသည်။ မိုဝူကျိ၏ နောက်ကျောသည်လည်း စတင်၍ တည့်မတ်လာသည်။

“ ငါ မိုဝူကျိက ဒီနေ့ လူသားတာအိုကို တည်ထောင်လိုက်ပြီ။ ငါ့ဆီက တာအို ထွက်ပေါ်လာပြီး သေမျိုး ဖြစ်လာတယ် ”

“ ငါ့လူသားတာအိုက ဖန်ဆင်းမှုအားလုံး၏ ဘဝတွေကနေ မွေးဖွားလာတယ် ”

“ ငါ့လူသားတာအိုက ဒီစကြဝဠာကြီးထဲမှာ စည်းမျည်းအသစ်ကို ဖန်တီးမယ် ”

“ ငါ့လူသားတာအိုက သေမျိုးနဲ့ အင်မော်တယ်ကြား ခြားနားချက် မရှိဘူးဆိုတာကို အာမခံတယ်”

“ လူသားတာအို  တည်တံ့လော့  ”

…………..…

စကားတစ်ခွန်းချင်းစီက လေထုကို ဖြတ်ကာ မနက်ခင်း ခေါင်းလောင်းလေးကဲ့သို့ တုန်ခါထွက်ပေါ်လာသည်။ အာကာပြင်မှာ စတင်၍ တုန်ခါလာကာ မိုးမြေ စည်းမျည်းများကလည်း ကြည်လင်လာလေ၏။ ကြည့်ရသည်မှာ ထိုအခိုက်အတန့်လေး၌ ခေတ်အသစ် စတင်တော့မည့်ဟန် ပေါ်နေသည်။

ရွှေရောင်အလုံးမှ ရွှေရောင်စွမ်းအားများက မိုဝူကျိကို ရစ်ပတ်သွားလေ၏။ ထိုစဉ် မိုဝူကျိ၏ အငွေ့အသက်တို့က ချက်ချင်း မြင့်တက်လာသည်။

သူ့အရိုးများနှင့် ခန္ဓာကိုယ်ပင် ချက်ချင်းဆိုသလို ပြန်ကောင်းမွန်သွားသည်။

“ ဝုန်း ဝုန်း ဝုန်း ” ကြောက်မက်ဖွယ် မိုးကြိုးဆယ်ချက် ကျဆင်းလာသည်။ မိုဝူကျိက အဝါရောင်ဝတ်စုံနှင့် အမျိုးသားကို ဆက်ဂရုမစိုက်နိုင်တော့ဘဲ ထိုမိုးကြိုးချက်များဆီ လက်သီးပစ်ခွင်းလိုက်သည်။

“ သူက ကိုယ်ပိုင်တာအိုစည်းမျည်းကို တကယ်ကြီး အသိအမှတ်ပြုနိုင်ခဲ့တယ် … မဟုတ်သေးဘူး သူ့စည်းမျည်းတင် မဟုတ်သေးဘူး ဒါက …. ” အဝါရောင်ဝတ်စုံနှင့် အမျိုးသားက မိုဝူကျိအား ကြောင်အမ်းအမ်း ကြည့်မိသွားသည်။ သူ့တစ်ကိုယ်လုံးကား အလင်းဖောက်နိုင်လောက်အောင်အထိ ပြောင်းလဲသွားလေပြီ။

သူက ကြောက်ကြောက်လန့်လန့်ဖြင့် သူ့နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ကို ပြန်သိမ်းဖို့ ကြိုးစားလိုက်၏။ သို့သော်လည်း စကြဝဠာတစ်လျှောက် ဖြတ်သန်းလာဟန်ပေါ်သော ထိုဖိအားပြင်းပြင်းက သူ့အား မယူနိုင်အောင် တားဆီထားသလို ဖြစ်နေသည်။

အဝါရောင်ဝတ်စုံနှင့် အမျိုးသားက ဘယ်လိုလုပ် ဒီမှာ နေရဲမှာလဲ …. သူ့မှော်ရတနာကိုပင် ပြန်မယူရဲတော့ပေ

သူ့ပုံရိပ်လေးက အလင်းတန်းအဖြစ် ပြောင်းသွားကာ ထွက်ပြေးသွားတော့သည်။

“ ဝုန်း ” မိုးကြိုးချက်က မိုဝူကျိ၏ လက်သီးချက်နှင့် ထိပ်တိုက် တွေ့သွားကာ ဘေးပတ်လည်လည်အား တုန်ခါသွားစေသည်။

ထိုမိုးကြိုးဆယ်ချက်အပြီးတွင် မိုးကြိုးချက်များစွာက အားပြင်းပြင်း ဆက်တိုက် ကျဆင်းလာသည်။ မျက်စိတစ်မှိတ်အတွင်း မိုဝူကျိက ထိုအရှုပ်ကြား ရောက်ရှိသွားလေ၏။

ထိုစဉ် မိုဝူကျိကို သူ့ကိုယ်ပိုင် တာအိုအငွေ့အသက်များ ဝန်းရံထားခြင်းသာ မကတော့ပေ။ စည်းမျည်းများက ဆက်တိုက် ကြည်လင်ပြတ်သားလာပြီး ရွှေရောင်အလုံးသည်လည်း ခရမ်းမိုးကြိုးချက်များနှင့် ပေါင်းစပ်သွားကာ မိုဝူကျိအား ခိုင်မာစွာ ကာရံပေးထားသည်။

မိုးကြိုးချက်များ တစ်ချက်ပြီး တစ်ချက် ကျဆင်းလာသည်နှင့် မိုဝူကျိ၏ အငွေ့အသက်များမှာ ပို၍ အားကောင်းလာသည်။ တစ်ချိန်တည်းဆိုသလို သူ့အောက်ရှိ  ရွှေရောင်အလုံးသည်လည်း အပြင်းအထန် တုန်ခါလာပေသည်။

…………….

“ ဝုန်း ” ဟွမ်တိနှင့် ထုံမင်တို့ရှေ့ရှိ  လျိုကြီး မီတာ သုံးသိန်းလောက် ကျယ်ပြန့်လာသည့်အခါ ကြောက်မက်ဖွယ် သိပ်သည်းလှသော နတ်ဝိညာဉ်စွမ်းအားများနှင့် ကြည်လင်ပြတ်သားလှသော ဂြိုလ်စည်းမျည်းများ စိမ့်ထွက်လာသည်။

ထိုနို့နှစ်ရောင် အဖြူရောင်အလင်းတန်းက ကောင်းကင်တခွင် တဟုန်ထိုး တက်သွားသည်။ မိုင်သန်းပေါင်းများစွာ ကွာဝေးနေလျှင်ပင် ထိုအရာကို မြင်နိုင်ဦးမည် ဖြစ်၏။

ထုံမင်နှင့်ဟွမ်တိတို့က ထိုအဖြူရောင်အလင်းဆီ စိတ်လှုပ်ရှားစွာ  ဦးတည်လိုက်ကြသည်။ သူတို့အမြန်ဆုံးနှုန်းဖြင့် ကာကွယ်ရေး အစီအရင်များ လုပ်ကာ အမြန်ဆုံး စတင်ကျင့်ကြံလိုက်ကြသည်။

ထိုစဉ် အပြိုအပျက်ကမ္ဘာ တစ်ခုလုံးမှာ ထိုမိုးထိလုမတတ် ထွက်ပေါ်လာသော စွမ်းအားကို ခံစားမိလိုက်ကြသည်။ မြောက်များစွာသော ကမ္ဘာဦး စိတ်ဝိညာဉ်နှင့် သက်ရှိ ကျင့်ကြံသူတို့လည်း အပြေးအလွှား ရောက်လာကြသည်။

“ စီနီယာ ဒါက …” မိုဝူကျိအား ရှာရန် တာအိုအုပ်စိုးသူအရှင် မြစ်ဝါနောက် လိုက်လာသည့် ကျီလီလည်း ထိုအလင်းတန်းကို သတိပြုမိလိုက်သည်။ သူမက မူလဇာစ်မြစ်၏ စည်းမျည်းများကို ရှင်းရှင်းလင်းလင်း ခံစားမိနေသည်။

“ ဒီကမ္ဘာရဲ့ မူလဇာစ်မြစ် စွမ်းအားက ထွက်လာပြီ။ မြန်မြန် ကျင့်ကြံ  ” တာအိုအုပ်စိုးသူအရှင် မြစ်ဝါက စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။

သူက ခန္ဓာကိုယ်ကို ထိုရွှေရောင်ကန်ထဲ ပြန်လည် တည်ဆောက်နိုင်ခဲ့သည်။ သို့သော်လည်း သူ့ဝိညာဉ်လမ်းကြောင်းများနှင့် အသိစိတ်ပင်လယ်က အပြည့်အဝ ပြန်ကောင်းမလာသေးပေ။ လက်ရှိ သူ့အတွက် ကမ္ဘာတစ်ခု၏ မူလဇာစ်မြစ် စွမ်းအားက ကျင့်ကြံဖို့အတွက် အကောင်းဆုံးအရင်းအမြစ် ဖြစ်ပေသည်။

“ ဒါပေမဲ့  …” ကျီလီက တုံ့ဆိုင်းနေလေ၏။ သူမက မိုဝူကျိအား မြင်တွေ့လိုသော်လည်း တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက ကျင့်ကြံလိုနေသည်။ ထို့အပြင် သူမက သူ့အား သူမကို အတင်းကျပ် အဖော်ပြုပေးဖို့ရာ မပြောနိုင်ပေ။

တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက အနည်းငယ် စိတ်ပူပင်စွာဖြင့်

“ ဘယ်လိုလုပ် တုံးအနေရတာလဲ။ အခု ဒီကမ္ဘာရဲ့ မူလဇာစ်မြစ် စွမ်းအား ထွက်လာပြီဆိုတော့ တာအိုရောင်းရင်းမိုလည်း သေချာပေါက် သတိထားမိမှာပဲ။ သူလည်း အဲဒီကို ကျင့်ကြံဖို့ ရောက်လာမှာပါ … ငါတို့တွေ သွားရင် သေချာပေါက် သူနဲ့ တွေ့ရလိမ့်မယ်။

ပြီးတော့ သူ မရှိရင်တောင် ပြဿနာ မဟုတ်ဘူး။ မင်း အားကောင်းလာရင် မင်းရဲ့ တာအိုလက်တွဲဖော်ကို ရှာဖို့ ခက်ခဲနေဦးမှာလား။ ပြီးတော့ ဒီကမ္ဘာရဲ့ မူလဇာစ်မြစ် စွမ်းအား အပြီးအပိုင် ကုန်ဆုံးသွားတာနဲ့ ဒီကမ္ဘာလည်း ပျက်စီးသွားလိမ့်မယ် ”

ကျီလီက နေရခက်စွာ ပြောလိုက်သည်  “ စီနီယာ စကားကို နားထောင်ပါ့မယ် ”

………..…

နောက်ဆုံး မိုးကြိုးချက် ကျဆင်းလာပြီးနောက် မိုဝူကျိ၏ ခန္ဓာကိုယ်မှ ရွှေရာင်ခပ်ဖျော့ဖျော့ အလင်းတန်း ထွက်ပေါ်လာသည်။ မိုဝူကျိက အပြည့်အဝ ဆင့်ကဲတိုးတက်သွားပြီ ဖြစ်၏။ သူက ဝိဇ္ဇာတပိုင်း အဆင့် ၁ သို့ ရောက်ရှိသွားလေပြီ။

မိုးကြိုးချက် ပြီးဆုံးသွားသည့်အခါ မိုဝူကျိက ထိုရွှေရောင်အလုံးကို ချက်ချင်း မယူသေးပေ။ ထို့အစား သူက အဝါရောင်ဝတ်စုံနှင့် အမျိုးသား ချန်ထားခဲ့သည့် နတ်ဘုရား သတ်ဖြတ်ရေး အစီအရင်ကားချပ်ကို  သူ့လူသားကမ္ဘာထဲ ပို့လွှတ်လိုက်သည်။ ထို့နောက် သူက ရွှေရောင်အလုံးထက် ကြာပန်းသဏ္ဍာန် ခြေချိတ်ထိုင်ကာ သူ့ကျင့်ကြံဆင့် အခြေကျဖို့ ကြိုးစားလိုက်သည်။

ထိုစဉ် မိုဝူကျိ၏ ဝိဇ္ဇာတပိုင်းအဆင့် အငွေ့အသက်မှာ ထွက်ပေါ်လာပြီး သူ့တာအိုလှိုင်းတွန့်များသည်လည်း နေရာတစ်ခုလုံး၌ ပြည့်နှက်သွားသည်။ တစ်ယောက်ယောက် အဝေးတစ်နေရာ၌ ရှိနေလျှင်ပင် ထိုအရာကို အာရုံခံမိကြမည် ဖြစ်၏။

မိုဝူကျိက ဤနေရာ၌ ကျင့်ကြံဆင့် အခြေကျအောင် လုပ်ဖို့ လိုအပ်နေကြောင်း သိပေသည်။ မဟုတ်လျှင် ပညာရှင်တစ်ယောက်ယောက်နှင့်သာ တွေ့သွားလျှင် သူ့လူသားတာအိုက ကျိုးပျက်သွားနိုင်ပေသည်။

……..…

တစ်ချိန်တည်းဆိုသလို  မြောက်များစွာသော ကမ္ဘာဦး စိတ်ဝိညာဉ်များက နေရာလွတ်တစ်နေရာ၌ စုစည်းနေကြပြီ ဖြစ်၏။ တာအိုအုပ်စိုးသူအရှင် မြစ်ဝါက ထိုနေရာကို မြင်လိုက်သည့်အခါ ချက်ချင်း ပြေးဝင်သွားကာ နေရာတစ်ခု ရှာလိုက်ရင်း ကာကွယ်ရေး အစီအရင်တစ်ခု လုပ်ကာ ချက်ချင်း ကျင့်ကြံလိုက်သည်။

ကျီလီလည်း သူမ စိတ်စွမ်းအားနှင့် ချက်ချင်း စစ်ဆေးကြည့်လိုက်သည်။ သူမက ကမ္ဘာဦး စိတ်ဝိညာဉ်များသည် သူတို့၏ ခန္ဓာကိုယ်ကို ဖွဲ့စည်းဖို့ရာ ကြိုးစားနေကြောင်း သတိထားမိလိုက်၏။ တစ်ချိန်တည်းတွင် သူမက ထုံမင်၊ ဟွမ်တိနှင့် လျန်ကျီတို့ကိုလည်း မြင်လိုက်ရသည်။ သူမ မတွေ့သည့် တစ်ဦးတည်းသောသူမှာ မိုဝူကျိသာ ဖြစ်၏။

သူမက သက်ပြင်းချလိုက်သည်။ ယခု သူမက ကျင့်ကြံဖို့ နေရာရှာတွေ့ပြီ ဖြစ်၏။ သူမ ကျင့်ကြံဆင့် မြင့်လာသည်နှင့် တာအိုအုပ်စိုးသူအရှင် မြစ်ဝါအား မိုဝူကျိကို ရှာရန် ခေါ်သွားပေးဖို့အတွက် တောင်းဆိုရမည်။

ဤနေရာ၌ မည်သည့် ရုန်းဆန်းဆန်ခတ်မှုမျိုးမှ ဖြစ်မနေပေ။ ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်စေ၊ သက်ရှိ ကျင့်ကြံသူ ဖြစ်စေ  ကျင့်ကြံသူအားလုံးက မူလဇာစ်မြစ် စွမ်းအားကို အသည်းအသန် စုပ်ယူနေကြပြီး သူတို့ကျင့်ကြံဆင့်နှင့် ခန္ဓာကိုယ်ကို ဖွဲ့စည်းနိုင်ဖို့ ကြိုးစားနေကြသည်။

ကျီလီ၏ မွေးရာပါ အလားအလာမှာ အမြဲတမ်း အံ့ဖွယ် ဖြစ်ခဲ့၏။ ထို့အပြင် သူမက ဤသို့ပြီးပြည့်စုံသည့် ကျင့်ကြံရေးပတ်ဝန်းကျင်မျိုးနှင့် တစ်ခါမှ မကြုံတွေ့ဖူးသေးပေ။ ထို့ကြောင့် လပိုင်းလေးအတွင်း သူမက ကျင့်ကြံရေးအတားအဆီးများကို ဖြတ်ကျော်ကာ သဟဇာတ နတ်ဘုရားအဆင့် ၆ သို့ ရောက်ရှိသွားတော့သည်။

သဟဇာတ နတ်ဘုရား အဆင့် ၆ သည် နောက်ဆုံး မဟုတ်သေးပေ။ အချိန်တိုင်း သူမ ကျင့်ကြံဆင့်က ဆက်လက် မြင့်တက်နေဆဲ ဖြစ်၏။

ထိုနေရာဝန်းကျင်တစ်လျှောက်၌ အားရပါးရ ဟစ်ကြွေးသံများကို ဆက်တိုက် ကြားနေရသည်။ ထိုဟစ်ကြွေးသံများမှာ ကမ္ဘာဦး စိတ်ဝိညာဉ်များ ခန္ဓာကိုယ် ဖွဲ့စည်းပြီး၍ ဖြစ်စေ သို့မဟုတ် ကျင့်ကြံသူများ အဆင့်တက်လှမ်းသွား၍ ဖြစ်စေ ထွက်ပေါ်လာကြသည်။

အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားလေ၏။ မည်သူကမှ ထိုနေရာမှ ထွက်မသွားကြပေ။ ထိုနေရာ၌ ကျင့်ကြံသူများ၏ အရှိန်အဝါမှာ အချိန်နှင့်အမျှ ပို၍ အားကောင်းလာကြသည်။

အားလုံးက ဤနေရာရှိ မူလဇာစ်မြစ် စွမ်းအားမှာ ကန့်သတ်ချက် ရှိကြောင်း နားလည်ထားကြသည်။ ဤနေရာ၌ လူများစွာ ရှိနေလေရာ စွမ်းအားက ဖြည်းဖြည်းချင်း ကုန်ဆုံးသွားမည် ဖြစ်၏။

နောက်တစ်မျိုးတွေးကြည့်လျှင် မူလဇာစ်မြစ် စွမ်းအားက မကုန်ခမ်းသွားလျှင်ပင် အပြိုအပျက်ကမ္ဘာမှာ အုတ်မြစ်ကို ဆုံးရှုံးသွားမည် ဖြစ်ကာ အပိုင်းအပိုင်း အစစ ဖြစ်သွားဦးမည်သာ ဖြစ်ပေသည်။

သူတို့အတွက် ကျင့်ကြံဖို့ရာ  စွမ်းအား အသည်းအသန် စုပ်ယူခြင်းက သူတို့လုပ်နိုင်သည့် အကောင်းဆုံးအရာ ဖြစ်၏။

……………

တစ်နှစ်၊ နှစ်နှစ်၊ ဆယ်နှစ် ….

မျက်စိတစ်မှိတ်အတွင်း နှစ်ပေါင်း ၁၇၁ နှစ် ကုန်လွန်သွားလေသည်။

နောက်ဆုံး၌ မိုဝူကျိအောက်ရှိ ရွှေရောင်အလုံး၏ ရွှေရောင်မှာ မှိန်လျော့လာလေပြီ။ ထိုအလုံးက လေထဲ မျှောလွှင့်နေသည် သာမာန်အလုံးအဖြစ် ပြောင်းလဲလာလေပြီ။

ထိုစဉ် မိုဝူကျိတွင် အားကောင်းကောင်း အရှိန်အဝါလည်း မရှိနေတော့ချေ။ သူက ယခင်ထက်ပင် သာမာန်နှင့် ပိုတူသွားသေး၏။ အကယ်၍ သူသာ သေမျိုးမြို့ထဲ လမ်းလျှောက်သွားလျှင် မည်သူကမှ သူ့ဆီကနေ ထူးခြားသည့်အချက်ကို သတိထားမိကြမည် မဟုတ်ပေ။

မိုဝူကျိက မျက်လုံးဖွင့်ကာ ထရပ်လိုက်သည်။ နှစ်တစ်ရာကျော် ကျင့်ကြံပြီးနောက် သူ့ကျင့်ကြံဆင့်မှာ ဝိဇ္ဇာတပိုင်း အဆင့် ၁ ၌ အခြေကျသွားလေပြီ။

ဤတစ်ကြိမ် သူက  ကိုယ်ပိုင်တာအိုကို အတည်ပြုနိုင်ခဲ့ရုံသာမက သူ့လူသားကမ္ဘာသည်လည်း အစစ်အမှန်ကမ္ဘာအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။

 ထိုအထဲတွင် တောင်တန်းများ၊ တောင်ကြား၊ မြစ်များ၊ ပင်လယ်များ၊ ကုန်းမြေများ  …. ပါရှိနေလေပြီ။

အရာအားလုံးက ကြီးကြီးကျယ်ကျယ် ခံစားနေရ၏။ သူ့ကမ္ဘာတွင် စကြဝဠာ ဦးဆုံးဖြစ်တည်လာခါစက အငွေ့အသက်တို့ သယ်ဆောင်ထားဟန် ပေါ်သည်။ ဤကမ္ဘာရှိ ကောင်းကင်တာအိုသည် သူ့ မိုဝူကျိ၏ လူသားတာအို ဖြစ်၏။

ဤနေရာတွင် သူက မိုးမြေ ဖြစ်သလို အရာအားလုံး ဖြစ်ပေသည်။

မိုဝူကျိက အဝေးတစ်နေရာကို ကြည့်လိုက်မိ၏။ ပြိုကျပျက်စီးတော့မည့် အငွေ့အသက်တစ်ခုက သူ့အာရုံဆီ ဝင်ရောက်လာ၏။

ဤသည်က အပြိုအပျက်ကမ္ဘာလား …. မိုဝူကျိ၏ စိတ်ထဲ တုန်လှုပ်မိသွားသည်။ သူ ရောက်လာခါစက ကမ္ဘာသည် စည်းမျည်းများ အစီအစဉ်မကျ ဖြစ်နေသော်လည်း ကမ္ဘာတစ်ခု ဖြစ်နေဆဲ ဖြစ်၏။ သို့သော် ယခုတွင် ကျင့်ကြံသူ မဟုတ်သည့်သူပင် ဤနေရာ၏ ပျက်စီးမှုနှင့် ပြိုလဲမှုများကို ခံစားမိနိုင်သည်။

မိုဝူကျိက သူ့ခြေထောက်အောက်ရှိ မှိန်ဖျော့ဖျော့ ရွှေရောင်အလုံးကို ကြည့်လိုက်ပြီး သက်ပြင်းချကာ လက်တစ်ချက် ဝေ့လိုက်၏။

တာအိုလှိုင်းတွန့်များ ထွက်ပေါ်လာသည်။ ယခင်နှစ်များဆီက သူ မည်မျှ ကြိုးစားစေကာမူ ထိုရွှေရောင်အလုံးကို လုံးဝ မရွေ့လျားနိုင်ပေ။ သို့သော် ယခုတွင် သူ့တာအိုလှိုင်းအောက်၌ ထိုအရာကို သူ့လူသားကမ္ဘာထဲ လွယ်လင့်တကူ ထည့်လိုက်နိုင်သည်။

သူက ထုံမင်ကို ရှာရမည်ဖြစ်ကာ ဤသို့သော နေရာမျိုး၌ ဆက်နေရန် မလိုအပ်တော့ပေ။

မိုဝူကျိက ထိုရွှေရောင်အလုံးကို သိမ်းယူလိုက်သည်နှင့် တစ်ပြိုင်နက် ထိုနေရာတစ်ဝှက်၌ ကျယ်လောင်သော အက်သံကြီး ထွက်ပေါ်လာသည်။ ထိုစဉ် မူလဇာစ်မြစ် စွမ်းအားက အစအနမကျန် ပျောက်ကွယ်သွားပြီ ဖြစ်သည်။ ဘေးပတ်ဝန်းကျင် အာကာပြင်မှာ စတင် ပြိုကျလာပြီး ထိုနေရာလွတ်သည်လည်း စတင် ပျက်စီးလာသည်။

ကျင့်ကြံသူအားလုံးလည်း အသည်းအသန် ထွက်သွားကြသည်။ အားလုံးက အပြိုအပျက်ကမ္ဘာ စတင် ပျက်စီးလာတော့မည် ဖြစ်ကြောင်း သိကြပေသည်။

***

All Chapters