← Chapters

ကုန်သွယ်ရေးအဖွဲ့အစည်း

Vol. 7 Ch. 129

ကုန်သွယ်ရေးအဖွဲ့အစည်း

Vol. 7 Ch. 129

သူတို့ လျှောက်လာရင်းနှင့် မုဘန်သည် မှော်သားရဲခံတပ်ကို ပေထင်းဟွမ် အား မိတ်ဆက်ပေးနေသည်။ “ဒီလမ်းအတိုင်းတည့်တည့် လိုက်သွားလိုက်ရင် လမ်းအလယ်ပေါ်မှာ ဗဟိုရင်ပြင်ကိုဖြတ်ပြီးရင် မြို့ဝန်ရဲ့အိမ်တော်ရှိတယ်.. ဒီနေ့ အခမ်းအနားကို မြို့ဝန်ရဲ့အိမ်တော် ခန်းမမှာလုပ်မှာ.. ငါနဲ့လိုက်ခဲ့လေ.. နှင်းဝံပုလွေကြေးစားအဖွဲ့က နေဝင်ချိန်လောက် ရောက်နိုင်တယ် အဲအချိန်ကျ ရင် မင်း…”

ပေထင်းဟွမ်၏ အကြည့်သည် ကုန်သွယ်ရေးအဖွဲ့အစည်းပေါ်သို့ ရောက် နေသည်ကို သူမြင်သည်နှင့် မျက်လုံးအရောင်တောက်ကာ ဆိတ်သမင်၏ ဇက်ကြိုးကိုဆွဲလိုက်သည်။ မုယန်သည် အံ့ဩမိသည်။ သူ၏အကြည့်များသည် နူးညံ့လွန်းသဖြင့် အရည်ရွှန်းလဲ့နေသည်။ သူသည် ချင်ယွိထက်ပင် နူးညံ့သိမ်မွေ့သော်လည်း ယောက်ျားပီသမှုကိုတော့ ထိန်းသိမ်းထားနိုင်သည်။ သူသည် အစက တသီးတခြားနေတတ်သူဖြစ်သည်။ ပေထင်းဟွမ်နှင့် တွေ့မှ သာ ဤကဲ့သို့နူးညံ့မှုကို ပြသခြင်းဖြစ်မည်။

“ညီလေးပေယဲ့ ရောင်းစရာများရှိလို့လား” ပေထင်းဟွမ် မှော်သားရဲတော ထဲတွင် အချိန်အတော်ကြာအောင် နေခဲ့သည်ကိုတွေးပြီး တစ်စုံတစ်ရာရလာ မည်ဟု ထင်သည်။ စွန့်စားသူများနှင့် ကြေးစားအဖွဲ့များသည် မှော်သားရဲတော မှပြန်လာသည်နှင့် ကုန်သွယ်ရေးအဖွဲ့အစည်းသို့သွားကာ ရလာသောရတနာ များကို ပတ္တမြားနှင့်လဲလှယ်ကာ သူတို့ကိုယ်သူတို့ ဆုချကြသည်။

ထိုနေရာတွင် အကောင်းဆုံးသေရည်များ၊ အရသာရှိသော အစားအသောက်များနှင့် အလှပဆုံးမိန်းကလေးများရှိသည်။ ၎င်းသည် ငွေဖြုန်းတီးရာ တွင်းကြီးတစ်တွင်းသာဖြစ်သည်။ ထို့ကြောင့်ပင် မှော်သားရဲ တောတွင် စိတ်ပျက်လက်ပျက်ဖြစ်သည်နှင့် ဤအရာကပင် စွန့်စားသူများ အတွက် အသက်ရှင်ရန် မျှော်လင့်ချက်လည်းဖြစ်သည်။

ပေထင်းဟွမ်သည် ငယ်ရွယ်သော်လည်း ယောက်ျားသားဖြစ်နေသေး သည်။ မုယန်သည် ပေထင်းဟွမ်၏ အတွေးများကို သိနေသည့်အတိုင်း ဝိုးတိုး ဝါးတားမေးလေသည်။ သူသည် အထူးတလည်စဉ်းစားကာ ပြောလေသည် “ညီလေးပေယဲ့ မင်းသွားချင်ရင် ငါ လိုက်ပို့ပေးမယ် နောက်မှပြန်လာခေါ်မယ်”

ပေထင်းဟွမ်သည် ခေါင်းခါလိုက်သည် “အစ်ကိုကြီး မလိုပါဘူး.. နေဝင် ရင် မြို့ဝန်အိမ်တော်ကို ကျွန်တော့်ဘာသာသွားပါမယ်.. ကျွန်တော် ကုန်သွယ် ရေးအဖွဲ့အစည်းမှာ သေရည်တစ်ခွက်လောက် ဝင်သောက်ချင်လို့”

ထို့အပြင် သူမသည် မှော်သားရဲတောတွင် တစ်လကျော်ကြာအောင် လျှောက်လာခဲ့သည်။ ကောင်းကောင်းကြီး ရေမချိုးရသည်မှာ မည်မျှပင် ကြာခဲ့ ပြီနည်း။ သူမ အခမ်းအနားသို့ တက်မည်ဖြစ်သဖြင့် အနားယူပြီးမှ သွားသင့် သည်။

စောနေသေးသဖြင့် ကုန်သွယ်ရေးအဖွဲ့အစည်းတွင် စိတ်လှုပ်ရှားစရာများ နည်းနေသေးသည်။ ထူထဲသောခန်းဆီးများသည် တင်းကြပ်စွာချထားပြီး မျက်နှာကျက်တွင် အရည်အသွေးမြင့်ဖန်မီးအိမ်များသည် အဝါရင့်ရောင် တောက်ပနေသည်။ လေထုသည် နွေးထွေးပြီး မပြတ်မသားရှိလှသည်။ ကြေးစားအဖွဲ့များသည် အတူတကွစုဝေးပြီး မိန်းမလှလေးများကို ပွေ့ဖက်ကာ သေရည်များသောက်နေကြသည်။ ထောင့်တွင်ထိုင်ပြီး ခန်းဆီးများဟနေသည့် အကြားမှ လမ်းအပြင်ဘက်မြင်ကွင်းကိုငေးပြီး အတွေးထဲနစ်မြောနေသည့် တစ်ကိုယ်တည်းလှည့်လည်သွားလာသူများလည်းရှိသည်။

ကျယ်ဝန်းသော ဖန်တံခါးကိုတွန်းဖွင့်သံ၊ စားပွဲထိုး၏ စိတ်အားထက်သန် သော ကြိုဆိုမှုနှင့်အတူ အနက်ရောင်ဝတ်ထားသော လူငယ်သည် အထဲသို့ လျှောက်ဝင်လာသည်။ ခန်းမတစ်ခုလုံးသည် ရုတ်တရက်တိတ်ဆိတ်သွား၏။ ထို့နောက်မှ တက်ကြွသောလေထု ပြန်ရလာသည်။

လူငယ်သည် အသက် ၁၄၊ ၁၅ နှစ်အရွယ်သာရှိသေးသည်။ သူ့မျက်နှာကို ထူးဆန်းသောနှင်းဖြူရောင်မျက်နှာဖုံးဖြင့် အုပ်ထားပြီး နှာခေါင်းအောက်ရှိ မျက်နှာတစ်ခြမ်းကိုသာ ပြသထားသည်။ သူ့ကြည့်ရသည်မှာ အေးစက်ပြီး သူ၏ ကိုယ်လုံးကိုယ်ပေါက်မှာ ပိန်ပါးသော်လည်း အားမနည်းပေ။ သူ့ခြေထောက် ဘေးတွင် ကျားသစ်နက်ပါလာသည်။ အရောင်နှစ်မျိုး၏ ပေါင်းစပ်မှုသည် သန်မာသောအသွင်အပြင်ကို ပေးစွမ်းသည်။

ထိုအခိုက်အတန့်တွင် ခန်းမထဲမှာ ယောက်ျားမိန်းမအားလုံးသည် ထိုလူငယ်ဆီမှ အကြည့်ကို ပြန်မရုတ်နိုင်ကြပေ။ ထိုအခန့်အတန့်တွင် မိန်းကလေးများ၏ ရင်ခုန်သံများမြန်လာသည်။ သူ၏မျက်လုံးနှင့် ထင်ရှားသော မေးစေ့တို့သည် သူတို့၏စိတ်ထဲတွင် မရေမတွက်နိုင်သော အတွေးများဖြစ်ပေါ် လာစေသည်။

လူငယ်သည် ကောင်တာဆီလျှောက်သွားရာ လှပသောဧည့်ကြို မိန်းကလေးသည် အလောတကြီးမေးလေသည် “သခင်လေး ဘာများကူညီရ မလဲ”

ပင်မတိုက်တွင် တိုက်ပွဲကျွမ်းကျင်ပြီး ပညာရှင်တံဆိပ်ရသူကို အားလုံးက “သခင်လေး” ဟုခေါ်ကြရသည်။ ကောင်းကင်အဆင့်ကျွမ်းကျင်သူဖြစ်ပါက “သခင်ကြီး” ဟု တလေးတစားခေါ်ရသည်။

အနက်ရောင်ဝတ်လူငယ်၏ ရင်ဘတ်တွင် ဘာမှမရှိသော်လည်း ကြယ် ၇ ပွင့်ဓားသမားတံဆိပ်ရှိသည်။ သူသည် အရင်ကဝတ်ခဲ့သည်ကိုပင် မေ့မေ့ပျောက်ပျောက်ဖြစ်ခဲ့သည်။ သို့သော် ယခုအခါ ဤအရာသည် မလိုတော့ သလိုခံစားရသည်။ ဤလှပသောမိန်းကလေးမှ သူ့ကို “သခင်လေး” ဟုခေါ် သည်မှာ တစ်စုံတစ်ရာမှားယွင်းသည်ဟု မခံစားရပေ။

***

All Chapters