မှော်အမြုတေကို ခိုးတဲ့ကောင်
Vol. 7 Ch. 130
“အကောင်းဆုံးအခန်းပေးပါ ပြီးတော့ ဒါတွေကိုတွက်ပေးပါ… ဘယ်လောက်ကျလဲ” ပေထင်းဟွမ်သည် ကောင်တာအား လက်ဖြင့်သုပ်ကာ အိတ်တစ်လုံးပစ်ချလိုက်သည်။ ၎င်းအိတ်ထဲမှာဖောင်းကားပြီး အထဲတွင် ပစ္စည်းအပြည့်ရှိနေသည်။ ချည်များအကြားမှ ထူးဆန်းသောအရောင်များကို မြင်နေရသည်။
အိတ်ထဲမှအရာကို မြင်လိုက်ရချိန်တွင်တော့ အားလုံး၏ မျက်လုံးများ ပြူးကျယ်သွားလေသည်။ တဒင်္ဂအတွင်းမှာပင် သူတို့၏မျက်နှာထားများ အေးခဲ သွားလေသည်။
“မိုးနတ်မင်းရေ ဘာတွေဖြစ်ကုန်တာလဲ ဒါက.. ဒါက ဝိညာဉ်သားရဲရဲ့ မှော်အမြုတေတွေမဟုတ်ဘူးလား”
သာမန်မှော်သားရဲများ၏ မှော်အမြုတေသည် တောက်ပြောင်ခြင်းမရှိပေ။ ဝိညာဉ်သားရဲများ၏ မှော်အမြုတေသည် မှော်သားရဲများ၏ အရည်အချင်းများ အလိုက် တောက်ပမှုအရောင်မျိုးစုံကို ပြသနိုင်သည်။ ဤအိတ်ထဲမှာ မှော်အမြုတေဘယ်လောက်တောင်ရှိနေသနည်း။ ရာချီရှိမယ်လို့ မှန်းလို့ရနေပြီ ဖြစ်၏။ ထူထဲသောအိတ်ကပင် အထဲမှတောက်ပမှုကို မဖုံးအုပ်နိုင်ပေ။ မည်သို့ မအံ့ဩဘဲနေမည်နည်း။
ဒီကောင်လေး.. အားလုံး၏အကြည့်များသည် လူငယ်အပေါ်ကျရောက် ကာ ခေါင်းအစခြေအဆုံး အကဲခတ်ကြလေသည်။ နောက်ဆုံးတွင် သူတို့သည် တညီတညွှတ်တည်း ကောက်ချက်ချလိုက်ကြသည်။ အသက် ၁၄၊ ၁၅ နှစ် အရွယ်ကောင်လေးမှာ ဘယ်လိုလုပ် ဒီလောက်ကောင်းတဲ့ အစွမ်းအစရှိမှာလဲ။ သူက အမြင့်ဆုံးအဆင့်ထိကျင့်ကြံနိုင်တဲ့ နတ်ဆိုးအိုကြီးတွေထဲက တစ်ယောက်လား။
သူတို့၏အကြည့်များသည် အံ့ဩရာမှ ကြောက်လန့်မှုအဖြစ်ပြောင်းသွား သည်။
အယောက် ၄၀ မှ ၅၀ ပါသော သူတို့၏ကြေးစားအဖွဲ့မှာ တစ်နေကုန် ခက်ခက်ခဲခဲ အလုပ်လုပ်ရသည်။ အဆင့်မြင့် မှော်အမြုတေ နှစ်ခုသုံးခုရလျှင် တောင် ကြီးမားသောအကျိုးအမြတ်ပင်။ သို့သော် ဤကလေးတွင် မှော်အမြုတေ အိတ်အပြည့်ရှိနေသည်။ အရောင်အဆင်းကိုကြည့်လျှင်လည်း ကြယ်အဆင့်မြင့်မှော်သားရဲများ၏ အမြုတေများဖြစ်ကြောင်းကို သိနိုင်သည်။
သူက မှော်သားရဲတောမှာ ကြယ်အဆင့်မြင့်မှော်သားရဲအကုန်လုံးကိုများ ရှင်းခဲ့လေသလား။
“ဟုတ်ကဲ့ ဟုတ်ကဲ့ ဟုတ်ကဲ့ သခင်ကြီး ခဏလောက်စောင့်ပေးပါ.. ချက်ချင်းပဲ ဖြေရှင်းပေးပါမယ်” ဧည့်ကြိုကောင်မလေး၏ နဂိုနွေးထွေးသော သဘောထားသည် တုန်တုန်ယင်ယင်ဖြစ်လာသည်။ သူမ သူ့ကို ခေါ်သည့် အခေါ်အဝေါ်မှာလည်း “သခင်လေး” မှ “သခင်ကြီး” ဖြစ်သွားလေသည်။
ဧည့်ကြိုကောင်မလေးသည် အလျင်အမြန်ပင် စားပွဲထိုးနှစ်ယောက်ကို ခေါ်လိုက်သည်။ သူမ မှော်အမြုတေအထုပ်ကို ဖြေရှင်းရန် ပေးတော့မည်အပြု တွင် တံခါးပေါက်၌ လေအဝှေ့နှင့်အတူ လူတစ်စုဝင်လာသည်။ ခေါင်းဆောင် သည် ခါးတိုအင်္ကျီကိုဝတ်ဆင်ထားပြီး ရင်ဘတ်မှ အမည်းရောင်အမွေးအမျှင် များကို ထုတ်ဖော်ထားသည့် ထွားကြိုင်းသောလူဖြစ်သည်။ သူ့မျက်နှာတွင် အနာရွတ်တစ်ခုရှိသည်။ သူသည် ရက်စက်ပြီး ကြမ်းကြုတ်ပုံပေါ်သည်။
သူ့အနောက်တွင် လူအယောက် ၁၀ ယောက် အယောက် ၂၀ ခန့်ပါသည်။ သူတို့အားလုံးသည် ဆိုးသွမ်းသောအပြုအမူဖြင့် ကောင်တာဆီသို့ ဝင်လာကြ သည်။
“နေဦး” နွားထီး၏ခြေထောက်ကဲ့သို့ သန်မာလှသည့် အနာရွတ်နှင့်လူ၏ လက်သည် ဆန့်ထွက်လာပြီး ပေထင်းဟွမ်၏ မှော်အမြုတေအထုပ်ကို ယူသွား သည့် စားပွဲထိုးနှစ်ယောက်ကို ဟန့်တားလေသည်။ သူသည် ပေထင်းဟွမ်အား ရက်စက်သောအကြည့်ဖြင့်ကြည့်လေသည် “ဒီမှော်အမြုတေအိတ်က ငါ့ဟာပဲ ဒီကလေးကခိုးသွားတာ”
“ဟုတ်တယ် ဒီကလေးကသူခိုးပဲ” ပိန်ပါးပြီးအားနည်းသည့် ကောင်ချော လေးသည် အနာရွတ်နှင့်လူခေါ်လာသည့် လူအုပ်ထဲမှထွက်လာသည်။
“ဒါက..” ဧည့်ကြိုမိန်းမလှလေးသည် လမ်းပျောက်သွားလေသည်။ သူမသည် ပေထင်းဟွမ်အား နေရခက်စွာဖြင့် ကြည့်လိုက်သည်။ ပစ္စည်းများကို အလဲအလှယ်လုပ်ပြီးဖြစ်ကာ ဤပစ္စည်းပိုင်ရှင်မှာလည်း အနက်ရောင်ဝတ်ထား သည့် လူငယ်သာဖြစ်သည်။ ကုန်သွယ်ရေးအဖွဲ့အစည်းမှ ကိုင်တွယ်ရန် အဆင် မပြေတော့ပေ။
နဂိုက တိတ်ဆိတ်နေသော ခန်းမသည် ထိတ်လန့်မှုကြောင့် မျက်စိရှေ့မှ မြင်ကွင်းကို ဆွေးနွေးသံများ ညံသွားသည်။ ၎င်းမှာ မွှေလိုက်ခြင်းကြောင် လှိုင်းဂယက်များထသွားသည့် ရေကန်နှင့်တူသည်။
“နိုင့်ထက်စီးနင်းလုပ်တတ်တဲ့ ကျားပဲမလား.. ဒီလူတွေက ဘာလို့ ဒီကို ရောက်လာပြန်တာလဲ”
“သူတို့က ဒီသခင်ကြီးရဲ့ မှော်အမြုတေနောက်လိုက်လာတာဖြစ်မယ်.. ဒီကောင်တွေက သူများဟာကို ဓားပြတိုက်တာထက် ဘာများလုပ်တတ်သေး လို့လဲ”
“နိုင်ထင်စီးနင်းကျားကို ကြယ် ၇ ပွင့်ဝိညာဉ်သခင်ဖြစ်ပေးပါလို့ ဘယ်သူ ပြောလိုက်တာလဲ.. ဒီလူတွေက ဘာလို့ငရဲကိုမသွားကြတာလဲ”
ခန်းမထဲမှ ကျွက်ကျွက်ညံနေသည့်ဆွေးနွေးချက်များကို နားထောင်ပြီး ပေထင်းဟွမ်သည် ဤလူများ၏ သရုပ်မှန်ကို အလိုလိုနားလည်သွားသည်။ သူမ သည် အခက်တွေ့နေသကဲ့သို့ ဘာမှမရှိသည့်မေးစေ့ကို ပွတ်နေသည်။ ကြယ် ၇ ပွင့် ဝိညာဉ်သခင်လား။ သူမက တိုက်ခိုက်ရတာကို စိတ်မှမဝင်စားတော့တာ။ ဘယ်လိုလုပ်သင့်လဲ။
ဟုတ်သားပဲ ပေထင်းဟွမ်။ အနက်ရောင်ဝတ်ထားတဲ့ လူငယ်က ပေထင်းဟွမ်ပဲ။ သူမ ပခုံးပေါ်မှ ငွေရောင်ခွေးပေါက်လေးသည် မောက်မာပြီး ချစ်စရာကောင်းသည့် သတ္တဝါလျှပ်စီးဖြစ်သည်။
***