အရေးမယူရင် ဘာလုပ်မှာလဲ
Vol. 7 Ch. 131
သို့သော် ပေထင်းဟွမ်တွေဝေနေတုန်းမှာပင် နိုင်ထက်စီးနင်းကျားသည် လက်မြှောက်ကာ လက်ညှိုးထိုးလေသည်။ သူသည် အနောက်မှလက်အောက် ငယ်သားများကို ညွှန်ကြားလေသည် “ငါတို့မှော်အမြုတေကို ခိုးတဲ့ဒီကောင်ကို ကြိုးတုပ်ပြီး တံခါးအပြင်မှာ သွားပစ်လိုက်ကြ”
ပင့်သက်ရှိုက်သံများထွက်လာသည်။ ခန်းမထဲမှလူများအားလုံးသည် လမ်းပျောက်ကုန်သည်။ သူတို့၏မျက်နှာထားများမှာ ရှုပ်ထွေးလာသည်။ ယုတ္တိ ကျကျပြောရလျှင် ကြယ် အဆင့်မြင့်မှော်သားရဲအမြုတေကို ရသူသည် အားနည်းသူမဖြစ်နိုင်ပေ။ သို့သော် ပေထင်းဟွမ်သည် ငယ်လွန်းသည်။ သူသည် ၁၄၊ ၁၅ နှစ်အရွယ်သာရှိဦးမည်။ သူသာ မိခင်၏ဝမ်းဗိုက်ထဲတွင် စတင်ကျင့်ကြံ ပါက ကြယ် ၇ ပွင့်ဝိညာဉ်သခင်အဆင့်ပင် ရောက်နိုင်မည်မဟုတ်ပေ။
အားလုံးသည် ပေထင်းဟွမ်အတွက် ချွေးအေးများပြန်ပြီး စိတ်မကောင်း ဖြစ်နေကြသည်။ ထို့ကြောင့်ပင် လူတစ်ယောက်သည် ကိုယ်၏ကြွယ်ဝမှုကို ထုတ်ဖော်မပြသင့်ဟု ဆိုကြခြင်းပင်။ ဤလူငယ်သည် ငယ်ရွယ်လွန်းကာ မှော်သားရဲခံတပ်ကို မရောက်ဖူးခြင်းဖြစ်မည်။ မှော်သားရဲခံတပ်တွင် နိုင်ထက် စီးနင်းကျားကဲ့သို့လူများ အများအပြားရှိသည်ကို သူသိပုံမပေါ်ပေ။ တစ်ဦးတည်းစွန့်စားသူများရှိသဖြင့် တချို့လူများသည် ထိုအရာပေါ် အခွင့်အရေးယူကာ အမြတ်ထုတ်ကြသည်။
အပြစ်တင်ရမည်ဆိုလျှင် ပေထင်းဟွမ်ကိုသာ အပြစ်တင်ရမည်။ သူသည် ငယ်ရွယ်ကာ အားနည်းသည့်အပြင် ရတနာများစွာကို ကြွားဝါခဲ့သည်။
“ဟူး နှမြောစရာပဲ.. ဒီမှော်အမြုတေအိတ်လောက်ဆို ရောင်းရင် အနည်းဆုံး ပတ္တမြားတစ်ထောင်လောက်တော့ရမှာပဲ ဟုတ်တယ်မလား”
“ဟုတ်တယ် ငါတို့တွေ နှစ်ပေါင်းများစွာ ကြိုးစားလုပ်တာတောင် ဒီလောက် မရဘူး”
မှော်သားရဲအမြုတေများသည် အသက်တစ်သက်ကို စွန့်စားလိုက်ရုံနှင့် ရလာနိုင်သည်မဟုတ်ပေ။ ထိုလူ၏ ခွန်အားပေါ်လည်းမူတည်သေးသည်။ တချို့လူများသည် တစ်ဘဝလုံး ကျင့်ကြံပြီးနောက် ဝိညာဉ်သခင်လောကတွင် လှည့်လည်သွားလာကြသည်။ သူတို့၏ဘဝတွင် ဝိညာဉ်သခင်ကြီးလောကကို ပင် မကျော်ဖြတ်နိုင်ကြပေ။ ထို့ကြောင့် ဝိညာဉ်သားရဲကို တိုက်ခိုက်ပြီး အသက် စွန့်စားရန် အရည်အချင်းမည်သို့ရှိမည်နည်း။
ဝိညာဉ်သားရဲမှော်အမြုတေမှာ များပြားလှသည်။ ထိုအရာကို နိုင်ထက် စီးနင်းကျားတို့က မည်သို့များ ပိုင်ဆိုင်နိုင်မည်နည်း။ အားလုံးသည် မလိုလားခဲ့ ကြပေ။ ပေထင်းဟွမ်၏ အသွင်အပြင်ကို စွဲလမ်းနေသော မိန်းကလေးတချို့ သည် အံကြိတ်ကြသည်။ ပေထင်းဟွမ်ကို သူခိုးဟု သူတို့ကိုယုံခိုင်းလျှင် နိုင်ထက်စီးနင်းကျားကသာ အရင်ဘဝက တိုင်းပြည်ကိုကယ်ခဲ့သည်ဟု ပြောသည်ကိုပင် ယုံလိုက်မည်။
“ကောင်စုတ်တွေ ကောင်းကင်ဘုံက ဒီလိုကောင်တွေကို ဘာလို့မိုးကြိုး မပစ်တာလဲမသိဘူး”
“ဘယ်လိုလုပ်ရမလဲ ဘယ်လိုလုပ်ရမလဲ ငါသွားပြီးကူညီချင်လိုက်တာ”
နိုင်ထက်စီးနင်းကျား၏ လက်အောက်ငယ်သားများ အညှာတာမဲ့စွာ ပေထင်းဟွမ်အား ဝိုင်းလိုက်ကြသည်ကို ကြည့်ပြီး ခန်းမထဲတွင်ထိုင်နေကြ သည့် မိန်းကလေးများသည် အလွန်ပူပန်လျက်ရှိသည်။ သူတို့သည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး နိုင်ထက်စီးနင်းကျားကို သေသည်အထိ တိုက်ခိုက်ချင်မိသည်။ သူတို့သည် ဤနှင်းဖြူမျက်နှာဖုံးတပ်ထားသည့် လူငယ် ကို အမှန်တကယ်သဘောကျသည်။ သူတို့ ဘာလုပ်သင့်သနည်း။
သူ၏ပခုံးပေါ်တွင် ငွေရောင်ခွေးပေါက်လေးလည်းရှိသည်။ ၎င်း၏ ပတ္တမြားရောင်မျက်လုံးများသည်လုံးဝန်းကာ မျက်လုံးထဲမှအထင်သေးမှုများ သည် သူတို့ကို နွေးထွေးစေသည်။
“သခင် ငါ့ကို လှုပ်ရှားစေချင်လား” လျှပ်စီးသည် မိုးကေင်းကင်ကို ကြည့် ပြီး သုံးကြိမ်တိုင်တိုင်ရယ်မောလေသည်။ ဤကမ္ဘာသည် ထူးခြားဆန်းပြားလှ သည်။ အမှန်တကယ်ပင် ထူးခြားဆန်းပြားသည်။ သူသည် အခုလေးတင် ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကို ချေမှုန်းပြီးသော်လည်း နောက်တစ်ယောက် ထပ်ထွက် လာသည်။ ကြယ် ၇ ပွင့်ဝိညာဉ်သခင်တွေအကုန်လုံးက သခင့်ကို ရန်ငြိုးထား နေကြတာလား။
ပြောရရင် ဝိညာဉ်သခင်ကြီးတွေလာရင်တောင် သူတို့သခင်နဲ့ ယှဉ်နိုင်ရုံပဲ ရှိမယ်။
“မလိုဘူး ဒီလိုအမှိုက်ကောင်တွေဆို ဘာမှတောင်မလိုဘူး” ပေထင်းဟွမ် သည် သူမအသိစိတ်ပင်လယ်ထဲမှ လျှပ်စီးနှင့် ဆက်သွယ်နေသည်။ သူမသည် ဝှက်ဖဲများကို တစ်ခါတည်းထုတ်မသုံးချင်ပေ။ ထို့အပြင် သူသည် ကြယ် ၇ ပွင့် ဝိညာဉ်သခင်အဆင့်သာရှိသည်။ သူမ လုပ်စရာဘာလိုလဲ။
နိုင်ထက်စီးနင်းကျား၏လက်အောက်ငယ်သားသည် သူမကို ဝိုင်းလိုက် သည်။ အားလုံးသည် မျက်စိရှေ့တွင် ဝေဝါးသွားကြသည်။ မည်သို့ဖြစ်ပျက်မည် ကို မည်သူမှမသိကြပေ။ နိုင်ထက်စီးနင်းကျား၏ရှေ့တွင် ပေထင်းဟွမ်သည် အဝိုင်းခံနေရသည်မှာ ရှင်းလင်းနေသည်။ သူမသည် ခြေထောက်မြှောက်ပြီး နိုင်ထက်စီးနင်းကျား လက်မြောင်းကိုချိတ်လိုက်သည်။ ခြေထောက်ဝှေ့ယမ်း လိုက်သည်နှင့် နိုင်ထက်စီးနင်းကျား၏ ကြီးမားသောခန္ဓာကိုယ်သည် ကုန်သွယ် ရေးအဖွဲ့အစည်း၏ ဖန်တံခါးမှလွင့်ထွက်သွားသည်။
သူမ၏ လှုပ်ရှားမှုတိုင်းသည် ခမ်းနားကာ အလွန်ပင် ကြမ်းတမ်းသည်။ ၎င်းလှုပ်ရှားမှုများသည် ရေစီးဆင်းနေသလိုပင်။ သို့သော် လှုပ်ရှားမှုတိုင်းမှာ အလွန်မြန်ဆန်သည်။ မြန်ဆန်လွန်းသဖြင့် ကျန်ခဲ့သည့်ပုံရိပ်ကိုပင် မြင်ရလေ သည်။ နောက်အခိုက်အတန့်တွင် ကျယ်လောင်သောအသံကိုကြားလိုက်ရ သည်။ ကုန်သွယ်ရေးအဖွဲ့အစည်း၏ ဖန်တံခါးသည် ယခုအခါ ဖန်အပိုင်းအစ အပုံလိုက်အဖြစ်သို့ ဘဝပြောင်းသွားလေပြီ။
***