သခင်ကတကယ် ကာမဂုဏ်လိုက်စားတာပဲ
Vol. 7 Ch. 132
နိုင်ထက်စီးနင်းလုပ်တတ်တဲ့ ကျား… ခန်းမထဲမှလူများသည် တံခါးဆီသို့ အရူးတစ်ပိုင်းပြေးကြသည်။ ထိုအခိုက်အတန့်တွင် နိုင်ထက်စီးနင်းကျားမည်သို့ ခံလိုက်ရမည်ကို အားလုံးသိချင်ကြသည်။ သူတို့၏စိတ်ထဲမှ သူရဲကောင်း ပေထင်းဟွမ်သည် သူ့ကို နည်းနည်းမှဂရုမစိုက်ပေ။ ထိုကောင်လေးသည် နိုင်ထက်စီးနင်းကျားကို မိုးပေါ်ထိရောက်သွားအောင် ကန်နိုင်မလားဟုပင် တချို့ကသိချင်နေကြသည်။
“သခင် ဒါက တိုက်ခိုက်ဖို့မလိုဘူးဆိုတဲ့ အဓိပ္ပာယ်လား” လျှပ်စီးသည် အနည်းငယ် ဆွံ့အမိသည်။ တိုက်ခိုက်ဖို့လိုတယ်လို့ပဲ ဆိုလိုတာမဟုတ်ဘူး လား။
ပေထင်းဟွမ်သည် နှာခေါင်းကိုပွတ်လိုက်သည်။ သူမသည် သူမ၏ စာချုပ်သားရဲများကို ကြင်နာလွန်းနေသည်။ သူတို့အားလုံးသည် သူမအပေါ်၌ အမြတ်ထုတ်ချင်ကြသည်။ ယခုအခါ သူတို့သည် သူမကို လှောင်ပြောင်နေကြ ပြန်ပြီ။ တခြားနည်းလမ်းမရှိပေ။ ပေထင်းဟွမ်သည် ခြိမ်းခြောက်ရုံသာတတ်နိုင် တော့သည် “ဘာလဲ မင်းနေရာမင်း ပြန်ချင်နေပြီလား”
မှော်သားရဲနေရာကို မင်မှ အမြဲတမ်း သိမ်းပိုက်ထားသည်။ သူသည် မွေးကင်းစသာရှိသေးကာ အိပ်ပျော်နေဆဲဖြစ်သည်။ လူသားများ၏ မှော်သားရဲ နေရာသည် သူကြီးထွားရေးအတွက် အလွန်အကျိုးရှိသည်။ ထို့ကြောင့် ပေထင်းဟွမ်သည် သူ့ကို အပြင်မထုတ်ပေ။ လျှပ်စီးနှင့်တခြားသူများ သူ့ကို မနှောင့်ယှက်ရန်အတွက် လျှပ်စီးနှင့်တခြားသူများကို သိုလှောင်လက်ပတ်တွင် နေခိုင်းထားသည်။
လက်ပတ်ထဲမှ နေရာမှာ မကျယ်ဝန်းပေ။ ဦးဆုံးအနေနှင့် သစ်သားအိမ် အနည်းငယ်သာရှိသည်။ သူမ ဝိညာဉ်သခင်ကြီးအဆင့်သို့တက်ပြီးနောက် နေရာလွတ်တစ်ခုပေါ်လာသည်ဟု မိုးကြိုးသွားဆီမှကြားရသည်။ သူမ အထဲ ဝင်ကြည့်ရန် အချိန်မရှိပေ။
သူ သားရဲနေရာသို့ ပြန်ရတော့မည်ဟု ကြားသည်နှင့် လျှပ်စီးသည် ပါးစပ်ပိတ်ကာ ခန္ဓာကိုယ်ကိုခါလသည်။ ၎င်းသည် လက်များအောက်တွင် ခေါင်းကိုဖွက်ထားပြီး လိပ်လိုဟန်ဆောင်လေသည်။
ပေထင်းဟွမ်သည် သူ့ကို ဂရုမစိုက်နိုင်သေးပေ။ ဖြေရှင်းစရာရှိနေသေး သည်။ သူမ လှည့်ကြည့်ရာ ကုန်သွယ်ရေးအဖွဲ့အစည်းမှ မိန်းကလေးနှင့် ယောက်ျားလေးနှစ်ယောက်တို့သည် သူမအား တစ္ဆေတစ်ကောင်ကဲ့သို့ ကြည့် နေကြသည်ကို မြင်လိုက်ရသည်။ ပေထင်းဟွမ်သည် မှင်တက်သွားသည် “ဘာဖြစ်လို့လဲ ပြဿနာရှိလို့လား”
“မဟုတ်ဘူး မဟုတ်ဘူး ပြဿနာမရှိပါဘူး” ဧည့်ကြိုမိန်းမလှလေးသည် အရင်ဆုံးသတိပြန်ဝင်လာသည်။ သူမ လက်တစ်ချက်ဝှေ့လိုက်ကာ စားပွဲထိုး နှစ်ယောက်ကို ပေထင်းဟွမ်၏အိတ်ကို ယူသွားခိုင်းလိုက်သည်။ သူမသည် ကောင်တာဆီသို့ ပြန်ပြေးလာပြီး ပေထင်းဟွမ် အခန်းငှားသည်ကို ကူညီပေး လိုက်သည်။
“တံခါးပျက်သွားပြီ.. အဲတော့ ငါ့မှော်အမြုတေရောင်းရငွေနဲ့ ပြန်ပြင်လိုက် ပါ.. တကယ်တောင်းပန်ပါတယ်” ပေထင်းဟွမ်သည် တံခါးအကျိုးအပဲ့များကို ညွှန်ပြလိုက်သည်။
“ဟုတ်ကဲ့ပါ…”
ဧည့်ကြိုမိန်းမလှလေး စကားမဆုံးခင်မှာပင် ကြည်လင်သောအသံက ကြားဖြတ်ဝင်လာသည် “မလိုပါဘူး.. ဒီနေ့ဖြစ်သွားတာက ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့အမှားပါ ကျုပ်တို့က အဲလိုကောင်ကို ဝင်ခွင့်မပေးလိုက်သင့်ဘူး”
ပေထင်းဟွမ်သည် အသံလာရာကိုကြည့်လိုက်၏။ လှေကားပေါ်မှ အဖြူရောင်ဝတ်ထားသော အမျိုးသားတစ်ယောက် ဖြည်းဖြည်းချင်းဆင်းလာ သည်။ ဝတ်ရုံ၏ အင်္ကျီလက်များကို ငွေရောင်တိမ်တိုက်ပုံစံ ပန်းထိုးထားသည်။ ၎င်းပေါ်သို့ မီးအိမ်ရောင်ခပ်ဖျော့ဖျော့ကျနေကာ မထင်မရှားအဆင့်အတန်းမြင့် ပုံပေါ်သည်။ ထိုလူသည် အသက် ၂၀ ခန့်ရှိသည်။ သူ့မျက်နှာသည် ၃ လပိုင်း တွင်ပွင့်သည့် မက်မွန်ပန်းကဲ့သို့ လှပလွန်းသည်။ ကံကောင်းစွာပင် သူ၏ ထူထဲ သောမျက်ခုံးများသည် ရဲရင့်မှုကို ထပ်ပေါင်းသလိုဖြစ်ရာ သူ့ကို မည်သူမှ မိန်းကလေးဟု ထင်မည်မဟုတ်ပေ။
သူ၏ နက်မှောင်နေသောဆံပင်ကို အနီရောင်ဖဲပြားဖြင့် ချည်နှောင်ထား ပြီး မြင့်မြတ်လှသောနဖူးကို ပေါ်လွင်စေသည်။ သူ၏ အပြာဖျော့ဖျော့ မျက်လုံး များသည် ကြည့်လိုက်သည်နှင့် ရေကဲ့သို့နူးညံ့သည်။ သို့သော် ချည်းကပ်မရ သည့် တသီးတခြားနေပုံကို ဖော်ပြသည်။ သူ၏နှာခေါင်းမှာ ၄ လပိုင်းတွင်ပွင့် သည့် သစ်တော်သီးပွင့်နှင့်တူသလို ပါးလွှာပြီး အညှာတာမဲ့သည့် နှုတ်ခမ်းသည် တွန့်ကွေးနေသည်။ သူ ပေထင်းဟွမ်ကို ကြည့်လိုက်ချိန်တွင် မသိမသာ နှုတ်ခမ်းတွန့်ပြီး ဖော်ရွေသော အပြုံးဖြင့်ပြုံးပြေလေသည်။
ထိုလူ၏မျက်နှာသည် ယန်ယဲ့နှင့်ပင် ယှဉ်နိုင်သည်။ ဟုတ်သည်.. သူ အမှန်တကယ်ကြည့်ကောင်းသည်။ ပေထင်းဟွမ်သည် သူ့ကို စိတ်ထဲမှ အမှတ် ၉၀ ပေးလိုက်သည်။ ချက်ချင်းပင် သားရဲနှစ်ကောင်သည် သူမကို ထပ်မံ အထင်သေးသွားပြန်သည်။
သခင်က တကယ် ကာမလိုက်စားတာပဲ။
ထိုလူကိုမြင်သည်နှင့် ဧည့်ကြိုမိန်းမလှလေးသည် ကောင်တာအနောက်မှ အလျင်အမြန်ထွက်လာပြီး အရိုအသေပြုလေသည် “သခင်လေး”
ကုန်သွယ်ရေးအဖွဲ့အစည်းရဲ့ ဦးစီးမှူးလား။ ပေထင်းဟွမ်သည် သူ့ကို အသာခေါင်းညိတ်ပြကာ ခပ်ပေါ့ပေါ့ပြောလိုက်သည် “ဟုတ်ပြီ ကျေးဇူးတင်ပါ တယ်” ထိုသို့ပြောပြီးနောက် လှည့်ကာ ကောင်တာပေါ်သို့ တံတောင်တင်လိုက် သည်။ သူမသည် ခပ်သာသာခေါက်ကာ ညွှန်ကြားလိုက်သည် “ဒါဆိုလည်း ကျွန်တော့်ကို မြန်မြန်လေး အခန်းပေးပါ”
သူမသည် ခန္ဓာကိုယ်မှထွက်သော အနံ့ကြောင့် သေတော့မည်။
**