သန့်စင်သောသားတော်
Vol. 7 Ch. 133
သူ့ရှေ့တွင် မည်သူမှ ဤကဲ့သို့မတည်ငြိမ်ဖူးပေ။ ပေထင်းဟွမ်သည် ပထမဆုံးဖြစ်သည်။
လန်ချန်းမိုသည် ဧည့်ကြိုမိန်းမလှလေးဆီသို့ လက်ဝှေ့ယမ်းပြလေသည်။ “ဒီသခင်ကြီးရဲ့ ကိစ္စကို အမြန်လုပ်ပေးလိုက်”
“ဟုတ်ကဲ့ပါ” ဧည့်ကြိုမိန်းကလေးသည် ပို၍ပင် သတိထားလာသည်။ သူမသည် သခင်လေးကြောင့် နိုးကြားနေခြင်းဖြစ်သည်။ ဤသခင်သည် အလွန် ပင် အားကောင်းသည်။ အရင်ကကုန်သွယ်ရေးအဖွဲ့အစည်းတွင် ပြဿနာရှာသူ မရှိဖူးခြင်းမဟုတ်ပေ။ သို့သော် သခင်လေးသည် တစ်ခါမှပေါ်မလာဖူးပေ။
ပေထင်းဟွမ်ဆီသို့လာနေသော လန်ချန်းမို၏နှေးကွေးသော ခြေလှမ်း များရပ်တန့်သွားသည်။ တံခါးမှလူအုပ်သည် နောက်ဆုတ်ကာ အလယ်တွင် လမ်းဖော်ပေးလေသည်။ ထိုလူများသည် အလေးထားသောအပြုအမူဖြင့် ဒူးထောက်ကာ တညီတညွှတ်တည်း အော်ကြလေသည် “နှုတ်ဆက်ပါတယ် အရှင်”
ပေထင်းဟွမ်နှင့် လန်ချန်းမိုတို့သည် တံခါးဘက်သို့ တစ်ချိန်တည်း ကြည့်လိုက်ကြသည်။ သူသည် လန်ချန်းမိုထက်ပင် ပိုဖြူသန့်သည့် ဘုန်းတော်ကြီးဝတ်ရုံကို ဝတ်ထားသည်။ ၎င်းသည် မွန်မြတ်ပြီး တင့်တယ်လှ သည်။ ထိုလူလျှောက်လာသည်နှင့် သူ့ခြေထောက်မှ လှိုင်းဂယက်များထနေ သလိုပင်။ အသက် ၂၅၊ ၂၆ နှစ်အရွယ်ရှိ နောက်ထပ် ငေးလောက်စရာ လူငယ် ပင်။ ထိုလူသည် အမှန်တကယ် အေးစက်သည်။ အေးစက်မှုများသည် အရိုး အတွင်းပိုင်းမှ စိမ့်ထွက်လာသလိုပင်။ ကမ္ဘာပေါ်တွင် မိမိအသက်ကို ဂရုမစိုက် တတ်သူများ၏ အေးစက်မှုမျိုးဖြစ်သည်။
သို့သော် ဤအခိုက်အတန့်တွင် ရယ်စရာကောင်းနေသည်မှာ သူ့ရင်ဘတ် ပေါ်မှ ခြေရာနှစ်ခုဖြစ်သည်။ တစ်ခုမှာ ဘယ်ဘက်ခြေရာဖြစ်ပြီး နောက်တစ်ခု မှာ ညာဘက်ခြေရာဖြစ်သည်။ ၎င်းကို သူ၏ဖြူစွတ်သော ဝတ်ရုံပေါ်တွင် ရိုက်နှိပ်ထားခြင်းဖြစ်ပြီး သူ၏အေးစက်သောမျက်နှာနှင့်ယှဉ်ကြည့်လိုက်သော အခါ ကြည့်သူကို စိတ်လွတ်သွားစေသည်။
“ဒီမှာ ဘာတွေဖြစ်နေတာလဲ”
“ဟား”
တိတ်ဆိတ်သော လမ်းကြားထဲမှ ခန်းမထဲတွင် ရုတ်တရက် ရယ်သံ ထွက် ပေါ်လာသည်။ တကယ် ညှာတာမှုမရှိတာပဲ။ ချက်ချင်းဆိုသလိုပင် လူတိုင်း သည် စိုးရိမ်စိတ်များဖြစ်ပေါ်လာသည်။။ ဒူးထောက်နေသောလူများသည် ခေါင်းငုံ့ကာ မျက်လုံးထောင့်မှ ချောင်းကြည့်ကြသည်။ ထိုလူသည် မှော်သားရဲ အမြုတေရောင်းသည့် လူငယ်အပြင် တခြားလူ မဟုတ်ပေ။
သူ၏နာမည်ကို မည်သူမှမသိကြပေ။ သို့သော် ဤအခိုကအတန့်တွင် ဤလူငယ်သည် အားလုံး၏စိတ်ထဲတွင် ဖျောက်ဖျက်မရနိုင်သည့် စွဲလမ်းမှုကို ချန်ထားခဲ့သည်။
သူ့ကို ဤတစ်သက်တွင် မည်သူမှ မေ့နိုင်မည်မဟုတ်ပေ။ အေးစက်ပြီး မောက်မာကာ ရဲတင်းလွန်းသူ…
သူက စီရက်ချက်ခန်းမရဲ့ သန့်စင်သောသားတော်ကိုတောင် ရယ်ရဲတယ်။ သူ တကယ်သေချင်နေပြီလား။
ဘယ်လိုပြဿနာမျိုးရှာလိုက်လဲဆိုတာ သိရောသိရဲ့လား။ ကျိုးကျိုးနွံနွံ ဒူးထောက်ပြီး သန့်စင်သောသားတော်အရှင်ကို အသနားခံကန်တော့ရမယ့် အစား လှောင်ရယ်လိုက်သေးတယ်။ သန့်စင်သောသားတော်ရဲ့ ခန္ဓာကိုယ်က ခြေရာတွေက သူ့ကြောင့်ဖြစ်တယ်ဆိုတာ မသိဘူးလား။
သေချာပေါက် ပေထင်းဟွမ် မသိပေ။ သူမ သိသည်မှာ ဝမ်းချုပ်သလိုဖြစ် နေသော မျက်နှာ၊ ဘုန်းတော်ကြီးဝတ်ရုံနှင့် ကြီးမားသောခြေရာကြီးနှစ်ခုပင်။ သည့်ထက်ထူးဆန်းသည်မှာ မရှိနိုင်တော့ပေ။
ဤမြင်ကွင်းကိုမြင်သူတိုင်းသည် ရယ်ချင်စိတ်ကို အောင့်ထားရမည်ဟု သေချာပေါက်ပြောနိုင်သည်။
ပေထင်းဟွမ်အားကြည့်သည့် သူ၏ရွှေရောင်မျက်လုံးများသည် စူးရှနေ သည်။ သူ့အနောက်တွင် နိုင်ထက်စီးနင်းကျား၏ လက်အောက်ငယ်သားများ ရှိ နေသည်။ သူတို့သည် ထော့ကျိုးဖြစ်နေသည့် နိုင်ထက်စီးနင်းကျားကို တွဲထား သည်။ သူတို့ ပေထင်းဟွမ်ကိုမြင်သောအခါ နိုင်ထက်စီးနင်းကျားသည် အမြန် ပင်အော်လေသည် “အရှင် သူပဲ.. အဲကောင်ပဲ သူ ငါ့ကိုကန်ထုတ်လိုက်တာ.. ငါ မင်းကို နင်းတာမဟုတ်ဘူး ဒါငါ့အမှားမဟုတ်ဘူး ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ တရားခံက ဒီလူပါ”
ပေထင်းဟွမ်အား စိုက်ကြည့်နေသည့် သူ့အကြည့်များသည် လေးလံ သည့် ဖိအားပါသည့် မြားတစ်စင်းလိုပင်။ သူ၏ရွှေရောင်မျက်လုံးများသည် ရက်စက်လွန်းကာ ပေထင်းဟွမ်အား တစ်ကိုယ်လုံးဝါးမျိုချင်နေသည်ဟု ပြော နေသလိုပင်။ ကြယ် ၇ ပွင့်ဝိညာဉ်သခင်ကို ကန်ထုတ်ခဲ့သည်။ ဤကလေးတွင် အစွမ်းအစတချို့ရှိနေသည်။ သို့သော် သူသည် စီရင်ချက်ခန်းမကို ရန်စရဲသဖြင့် ဤကလေးသည် မိုက်မဲလွန်းသည်ဟု ပြောနိုင်သည်။
ပေထင်းဟွမ်၏ မျက်နှာကို မျက်နှာဖုံးဖြင့် ဖုံးကာထားသည်။ နှင်းဖြူ ရောင်မျက်နှာဖုံးသည် သူမမျက်နှာတစ်ဝက်ကို ဖုံးအုပ်ထားသည်။ ထိုရွှေရောင် အကြည့်အောက်တွင် ပေထင်းဟွမ် မည်မျှဖိအားများနေသည်ကို မည်သူမှ မသိ ကြပေ။ ခန်းမထဲတွင် ပေထင်းဟွမ်မှလွဲပြီး လူအများအပြားသည် ဒူးထောက် နေကြသည်။
***