ဉာဏ်အလင်းနတ်ဘုရားကနေရာတိုင်းမှာ
Vol. 7 Ch. 134
တစ်ဖက်တွင် လန်ချန်းမိုသည် လှေကားနောက်ဆုံးအဆင့်တွင် ရပ်ပြီး လက်ရန်းကိုမှီနေကာ ဘာမှမဖြစ်သလိုကြည့်နေသည်။
သန့်စင်သောသားတော်သည် စီရင်ချက်ဗိမာန်၏ ကိုယ်စားပြုဖြစ်သည်။ သန့်စင်သောသားတော်ကို တွေ့သည့်ကြားက ဒူးမထောက်လျှင် စီရင်ချက် ဗိမာန်ကို မလေးမစားလုပ်ခြင်းဖြစ်သည်။ ပင်မတိုက်တွင် စီရင်ချက်ဗိမာန်ကို မည်သူမှ ပေါ်တင်မခုခံရဲပေ။
သန့်စင်သောသားတော်အနေနှင့် လူအများရှေ့တွင် အားနည်းသူတစ် ယောက်က စီရင်ချက်ဗိမာန်ကို စိန်ခေါ်နေသည်ကို သူ မည်သို့ခွင့်ပြုနိုင်မည် နည်း။
ဖိအားသည် ပိုပိုပြီးလေးလံလာသည်။ ကောင်းကင်အဆင့ဖိအားသည် ပေထင်းဟွမ်ပေါ်သို့ တိုက်ရိုက်ကျရောက်ကာ သူမကို ကျိုးနွံစေရန် ဖိအားပေး နေသည်။ သူမမျက်နှာတွင် ချွေးများလှိမ့်ကျလာသည်။ သူမ၏ အနက်ရောင် ဝတ်ရုံသည် ချွေးများစိုရွဲနေသော်လည်း သေချာမမြင်ရပေ။ ၎င်းသည် အနက် ရောင်၏ အားသာချက်ဖြစ်သည်။ သူမ သွေးထွက်သည်ဖြစ်စေ၊ ချွေးထွက်သည် ဖြစ်စေ မည်သူမှ မသိနိုင်ပေ။ သူမသည် နောက်ဆုံးမာနကို ထိန်းထားရမည်။
“ဟားဟား”
တောင်များအကြားတွင် စီးဆင်းနေသည့် ချောင်းရေကဲ့သို့ ကြည်လင်သောအသံတစ်ခုသည် ခန်းမထဲတွင်ထွက်ပေါ်လာသည်။ တင်းမာ သောလေထုသည် နှင်းများအရည်ပျော်သွားသကဲ့သို့ ပျောက်ကွယ်သွားလေ သည်။ သူသည် လှေကားမှဆင်းလာပြီး ကြမ်းပြင်ပေါ်သို့ခြေချလိုက်သည်နှင့် ကျယ်လောင်သောအသံထွက်ပေါ်လာသည်။ သူသည် သူ၏နှင်းကဲ့သို့ဖြူသော အသားအရေနှင့်လိုက်ဖက်သည့် သစ်သားဖိနပ်စီးထားသည်။
သူသည်ရှေ့တိုးလာကာ မရည်ရွယ်သလိုပင် ပေထင်းဟွမ်နှင့် သန့်စင် သောသားတော်တို့အကြားတွင်ရပ်လိုက်၏။ သူ့ရယ်သံမှာနွေဦးလေပြေကဲ့သို့ နွေးထွေးလှသည်။ “လူကြီးမင်းဂူဟောက်.. ကျွန်တော့်ကို တိုက်ခိုက်ချင်နေ တယ်လို့တော့ မပြောနဲ့နော်”
ဖိအားသည် ရုတ်တရက်လျော့ကျသွားရာ ကြီးမားသောခြားနားချက် သည် ပေထင်းဟွမ်ကို ပြင်းထန်စွာဖိနှိပ်ထားသလိုဖြစ်ကာ သွေးများလှိမ့်တက် လာစေသည်။ သူမ ပါးစပ်ထဲတွင် သွေးအရသာခပ်ဖျော့ဖျော့ခံစားမိသော်လည်း အစောက သေဆုံးတော့မည့်ခံစားချက်ထက်တော့ သာလွန်သည်။ သူမ၏ စိတ် ထဲတွင် မျက်စိရှေ့မှ အဖြူရောင်ဝတ်ထားသော အမျိုးသားကို ကျေးဇူးတင်မိ သည်။ တစ်ချိန်တည်းမှာပင် အလွန်ချဲ့ကားလွန်းသည့် စီရင်ချက်ဗိမာန်ကို လည်း မုန်းတီးမိသည်။
တစ်နေ့တော့ စီရင်ချက်နတ်ဗိမာန်ကို ပြာကျအောင်လုပ်မည်။
ပေထင်းဟွမ်သည် ဒေါသထွက်ကာ စိတ်ထဲမှတိတ်တိတ်လေး ကျိန်ဆဲမိ သည်။ သူမသည် စီရင်ချက်နတ်ဗိမာန်နှင့် ဆန့်ကျင်ဘက်ဖြစ်ရန် မွေးဖွားလာခဲ့ သည်။ သူမ စီရင်ချက်ဗိမာန်မှ လူများနှင့်တွေ့သည့်အခါတိုင်းတွင် ဘယ်သော အခါမှ ရလဒ်ကောင်းမရခဲ့ပေ။ သည်တစ်ကြိမ်တွင် သူမ၏ အမှားမဟုတ်ပေ။ နိုင်ထက်စီးနင်းကျားလိုလူမျိုးကို ကန်ထုတ်တာ သူမမှားလား။ ဒီသန့်စင်တဲ့ သားတော်ကို တံခါးကနေဖြတ်သွားဖို့ ဘယ်သူပြောလို့လဲ။ ပြီးတော့ သူ့ ခွန်အား က သူမထက်တောင် တစ်ဆင့်မြင့်သေးတယ်။ သူ သူမကိုရှောင်ရမှာမဟုတ်ဘူး လား။
သူတို့တွေ့ရန် ကံကိုပါနေခြင်းပင်။
သန့်စင်သောသားတော်ဂူဟောက်က ရထားလုံးမှာထိုင်နေလိမ့်မယ်လို့ ပေထင်းဟွမ်က ဘယ်လိုသိပါ့မလဲ။ သူသည် လေလံအိမ်မှ အဆင့် ၄ အဆီအနှစ် စုဆေးကို ရလာခဲ့သည်။ အဆီအနှစ်စုဆေးသည် သူ့ကို ဓား ၁ လက် ကြယ် ဝိညာဉ်သခင်မှ ဓား ၃ လက်ကြယ်ဝိညာဉ်သခင်အဖြစ်သို့ အဆင့်တက်စေသည်။ ၎င်းသည် ယခုနှစ်လေလံပွဲတွင် လူကြိုက်အများဆုံးရတနာဖြစ်သည်။ စီရင်ချက်ဗိမာန်၏ ခွန်အားကြောင့်သာမဟုတ်လျှင် အဆီအနှစ်စုဆေးကို မည်သို့ရမည်နည်း။
မြေကြီးအဆင့်ဝိညာဉ်သခင်သည် ကြယ် ၉ ပွင့်ကျော်လွန်ပြီး ကောင်းကင်အဆင့်သို့ရောက်သည်နှင့် “ကြယ်” ဆိုသည့်စကားလုံးကို ရှောင်ရှားနိုင်ကာ ကြယ်ဓားသခင်များဟု ခေါ်ဆိုကြသည်။ ပင်မတိုက်ကြီးတွင် ပထမအဆင့်ကို ဓား ၉ လက်အဆင့်ဟု အမည်ပေးခဲ့သည်။ ဓား ၇ လက်သည် တာအို၏ အပြောင်းအလဲအဆင့်ဖြစ်သည်။ ဓား ၇ လက်ကို ကျော်လွန်ပါက အဆင့်မြင့်ဓား သို့မဟုတ် ထိပ်ပိုင်းသို့ရောက်သည်။
ဂူဟောက်သည် ထိုအဆင့်ကိုရောက်ရန် မစောင့်နိုင်တော့ပေ။ စီရင်ချက် ဗိမာန်၏ ရထားလုံးကို ချဉ်းကပ်ရဲသူရှိလိမ့်မည်မဟုတ်ဟု သူ ထင်ထားခဲ့၏။ သူသည် ရထားလုံးထဲတွင်ထိုင်ပြီး ဝန်ထုတ်ဝန်ပိုးမရှိ အဆင့်တက်နေခဲ့သည်။ အဲဒီအချိန်မှာ ဒီညစ်ပတ်တဲ့ခြေထောက်နှစ်ချောင်းက သူ့ကိုလာတက်နင်းမယ် လို့ ဘယ်ထင်မှာလဲ။
ဂူဟောက်၏ စိတ်ခွန်အားမှာ သန်မာနေခြင်းကြောင့်သာမဟုတ်လျှင် သူ အဆင့်တက်သည့် နောက်ဆုံးအခိုက်အတန့်တွင် ခြေရာနှစ်ခုလောက်နှင့် ပြီးသွားမည်မဟုတ်ဘဲ အသက်ပါဆုံးရှုံးနိုင်သည်။
သေရေရှင်ရေးတိုက်ပွဲကို ကြုံတွေ့ပြီးနောက်တွင် သန့်စင်သော သားတော် ဂူဟောက်မဆိုထားနှင့် သူတော်စင်ပင်လျှင် ဒေါသမထွက်ဘဲမနေ ပေ။
“သခင်ကြီးလန်ချန်းမို ဉာဏ်အလင်းနတ်ဘုရားက နေရာတိုင်းမှာရှိပါ တယ်.. ဒါက ကုန်သွယ်ရေးအဖွဲ့အစည်းဆိုပေမဲ့ ကျုပ်လူတွေကို မထိခိုက်စေ ဘူးဆိုရင် ဒီနေရာကို ဘာမှမလုပ်ဘူးလို့ အာမခံတယ်.. ဒီလူကိုတော့ သည်းမခံ နိုင်ဘူး.. သူ့ကို ကျုပ်ခေါ်သွားချင်တယ် ကျုပ်ကို အဆင်ပြေအောင်လုပ်ပေးပါ သခင်ကြီးလန်ချန်းမို” ဂူဟောက်သည် ပေထင်းဟွမ်အား လက်ညှိုးထိုးပြလေ သည်။ သူ၏ ချောမောလှသောမျက်နှာမှာ နှင်းများပေကျံနေသဖြင့် ပေထင်း ဟွမ်သည် “ဖုတ်ကောင်မျက်နှာ” ကိုပင် သွားအမှတ်ရမိသည်။
***