← Chapters

ဒီကောင်လေးကို အရမ်းသဘောကျနေပြီ

Vol. 7 Ch. 135

ဒီကောင်လေးကို အရမ်းသဘောကျနေပြီ

Vol. 7 Ch. 135

လန်ချန်းမိုသည် ဖြည်းဖြည်းချင်းလှည့်လာသည်။ သူ၏ လှုပ်ရှားမှုတိုင်း သည် အလွန်လှပသည်။ သူ၏နူးညံ့ပြီး စူးရှသည့်အကြည့်များသည် ပေထင်းဟွမ်ဆီ ကျရောက်လာသည်။ ထိုအခိုက်အတန့်တွင် သူမသည် အာရုံစိုက်စရာဖြစ်လာပြန်သည်။ သို့သော် သူမသည် လက်ပိုက်ကာ ခြေထောက်တစ်ချောင်းကို အေးအေးလူလူလိမ်ပြီး ကောင်တာကိုမှီထားသည်။ လူအားလုံး သူမကို ကြည့်နေသည်ကိုမြင်သောအခါ အလျင်အမြန်ပင် မတ်တတ်ရပ်ကာ ပြုံးပြီးမေးလိုက်သည် “ကျုပ်ကိုခေါ်သွားမယ်ဟုတ်လား”

သူမသည် မယုံနိုင်လောက်သည့် ဟာသတစ်ပုဒ်ကိုကြားလိုက်ရသကဲ့သို့ သူမကိုယ်သူမ လက်ညှိုးထိုးလေသည် “ဘာလို့ခေါ်သွားမှာလဲ.. ကျုပ်က ခင်ဗျားခန္ဓာကိုယ်ပေါ်ကို ခြေရာနှစ်ခုထင်အောင်လုပ်မိလို့လား”

“မင်းက တရားခံမဟုတ်ရင် ဘယ်သူဖြစ်နိုင်ဦးမှာလဲ” သူ၏တစ်ကိုယ်လုံး သည် နာကျင်နေကာ ထိုအရာသည် သေသွားသည်ထက်ပင်ဆိုးသည်။ သို့သော် ဤကိစ္စသည် သေရေးရှင်ရေးနှင့်ပတ်သက်နေသဖြင့် နိုင်ထက်စီးနင်းကျားသည် အတင်းပြောနေပြန်သည် “ဒါ မင်းငါ့ကို ကန်ထုတ်လိုက်လို့ မတော်တဆ… သန့်စင်သောသားတော်အရှင့်ကို နင်းမိတာလေ”

နောက်ဆုံးစကားများသည် ခြင်သံကဲ့သို့ပင် တိုးညင်းသွားသည်။ သို့သော် ခန်းမထဲမှလူများသည် ကျင့်ကြံသူများဖြစ်သည်။ ရှင်းလင်းစွာမကြားဘဲ မည်သို့ နေမည်နည်း။

သူသာ အမှန်တကယ် တခြားတစ်ယောက်ကို အနိုင်ကျင့်ချင်လျှင် အကြောင်းအရင်းများစွာရှာနိုင်သည်။ ပေထင်းဟွမ်သည် သေလူတစ်ယောက် နှင့် စကားများနေမည်မဟုတ်ပေ။ သူမသည် လျစ်လျူရှုစွာဖြင့် မျက်ခွံကိုပင့် ကာ ဂူဟောက်အား မောက်မာစွာပြောလိုက်သည် “အနင်းမခံချင်ရင် လမ်းပေါ် မလျှောက်နဲ့လေ”

လန်ချန်းမိုပင် မှင်တက်သွား၏။ ဒီကောင်လေးက မောက်မာကြောင်း အလွန်အမင်းဖော်ပြနေတာပဲ။ သူ့အမှာမးဟုတ်ရင်တောင် တစ်ဖက်လူက စီရင်ချက်ဗိမာန်ရဲ့ အဖွဲ့ဝင်လေ။ အသံအနေအသံထားကိုတော့ ပိုဂရုစိုက်ရမှာ ပေါ့.. အခု သူဘယ်လိုပြောလိုက်တာလဲ။

ဂူဟောက်သည် လန်ချန်းမို၏ခွန်အားကို ကြောက်ရွံ့သဖြင့် ဒေါသကို ချုပ်တည်းထားခြင်းဖြစ်၏။ ထိုစကားနှင့်အတူ သူ့ဒေါသများပေါက်ကွဲလာပြန် သည်။ သူ၏နှင်းဖြူရောင်မျက်နှာသည် နီရဲလာကာ မျက်လုံးမှာ မီးတောက်များ တောက်လောင်နေသကဲ့သို့ ပြူးကျယ်လာသည်။ ဒီကောင့်ကို ဒီနေ့ခေါ်မသွားရ ဘူးဆိုရင် သူက စီရင်ချက်ဗိမာန်တော်က သန့်စင်သောသားတော်မဟုတ်တော့ ဘူး။

မပြောမဆိုနှင့် ဂူဟောက်တိုက်ခိုက်လေသည်။ ကောင်းကင်အဆင့် ဝိညာဉ်သခင်၏ခွန်အားသည် အလွန်တရာသာလွန်သည်။ ပေထင်းဟွမ်အား ဆုပ်ကိုင်လိုက်သည့် သူ၏ပုံရိပ်သည် အလွန်မြန်ဆန်လှသည်။ သူ၏ဝိညာဉ်စွမ်း အားသည် ပေထင်းဟွမ်အား သေချာပစ်မှတ်ထားခဲ့သော်လည်း လွဲချော်သွားခဲ့ သည်။ တစ္ဆေကဲ့သို့ ဘေးသို့ရွှေ့သွားသည့် ပေထင်းဟွမ်ကို သူ ကြည့်နေခဲ့သည်။ သူမ၏ ထူးဆန်းသောခြေလှမ်းများနှင့်အတူ လန်ချန်းမိုနောက်သို့ရောက်သွား သည်။

သည်လိုနှင့် လန်ချန်းမိုသည် ဂူဟောက်နှင့် ပေထင်းဟွမ်တို့အကြား ရောက်သွားလေသည်။

ထိုအချိန်တွင် သူ မျက်နှာပျက်သွား၏။ ဂူဟောက်၏မျက်နှာသည် နီရဲ နေရာမှ ခရမ်းစိမ်းရောင်ပြောင်းသွားသည်။ သူ ဒေါသထွက်နေသည်ကို မြင်နိုင် သည်။ သို့သော် စီရင်ချက်ဗိမာန်၏ကိုယ်စားပြုအနေနှင့် သူသည် ၂၅၊ ၂၆ နှစ်နှင့် ဓား ၃ လက် ကြယ်ဝိညာဉ်သခင်အဆင့်သို့ ရောက်ခဲ့သည်။ သူ၏ အရည်အချင်းဖြစ်စေ၊ စိတ်သဘောထားဖြစ်စေ အလွန်ပြောင်မြောက်နေပြီဖြစ် သည်။

တကယ်တော့ ယန်ယဲ့သာမရှိလျှင် ဂူဟောက်ကို ဤတိုက်ကြီးတွင် ပါရမီရှင်ဟု သတ်မှတ်နိုင်သည်။ သူသည် အသက် ၂၂ နှစ်အရွယ်တွင် ကောင်းကင်အဆင့်ကို ကျော်ဖြတ်ကာ ၃ နှစ်အတွင်း ဓား ၂ လက်အဆင့်ထိ တက်လာခဲ့သည်။ သူသည် ယန်ယဲ့မှလွဲပြီး ထိပ်တန်းလူတစ်ယောက်ဖြစ်သည်။

လန်ချန်းမို၏ ပြုံးစိစိဖြစ်နေသော မျက်နှာကိုကြည့်ပြီး ဂူဟောက် စိတ်ငြိမ် သွားသည်။ ယနေ့ကိစ္စကို အေးအေးဆေးဆေးဖြေရှင်းရန် နည်းလမ်းမရှိတော့ သည့်ပုံပင်။ “သခင်ကြီးလန်ချန်းမို ကျေးဇူးပြုပြီး ဒီကိစ္စကို ဝင်မပါပါနဲ့.. ဒီလို ကိစ္စလေးတစ်ခုကြောင့် ရှန်းမျိုးနွယ်က စီရင်ချက်ဗိမာန်နဲ့ မလိုတဲ့ပြဿနာတွေ ဖြစ်လာမှာကို မမြင်ချင်ဘူး”

‘ပြဿနာ’ ဆိုသည့်စကားလုံးမှာ ခြိမ်းခြောက်မှုကြီးပါဝင်နေသည်။ လန်ချန်းမိုသည်လည်း လွန်ခဲ့သည့်အနှစ် ၂၀ က ပင်မတိုက်ကြီးတွင် ထူးချွန်သူ ဖြစ်သည်။ ဂူဟောက်က အသက်ဘယ်လောက်ရှိသေးလို့လဲ။ သူက လန်ချန်းမို ရဲ့ ခွန်အားကိုမယှဉ်နိုင်ပေမဲ့ စီရင်ချက်ဗိမာန်ကတော့ယှဉ်နိုင်တယ်။

လန်ချန်းမို မည်မျှပင်သန်မာစေကာမူ ရှန်းမျိုးနွယ်ထဲမှလူတိုင်း အားကောင်းနေသည်မဟုတ်ပေ။

လန်ချန်းမို၏မျက်နှာမှ အပြုံးသည် မပျောက်ကွယ်သွားပေ။ သူသည် ပေထင်းဟွမ်အား နွေးထွေးမှုအပြည့်ဖြင့်ကြည့်လေသည် “တောင်းပန်ပါတယ် ငါ ဒီကောင်လေးကို အရမ်းသဘောကျနေပြီ.. သူ့ကို တစ်ယောက်ယောက်က ရှင်းခိုင်းနေရင်တောင် မင်းကိုမပေးနိုင်မှာစိုးပါတယ်”

ဆိုလိုသည်မှာ ရှန်းမျိုးနွယ်ကိုပင် စတေးမည်။

***

All Chapters