မင်းမှာ အစွမ်းအစရှိရင် စောင့်ကြည့်နေလိုက်
Vol. 7 Ch. 136
ဒီကောင်လေးကို အရမ်းသဘောကျနေပြီဟုတ်လား။ လန်ချန်းမို၏ နာမည်သည် လွန်ခဲ့သည့်အနှစ် ၂၀ ကပင် ပင်မတိုက်တစ်ခွင် ပျံ့နှံ့ခဲ့သည်။ သူသည် အသက် ၅၀ မတိုင်ခင်တွင် တံလျှပ်ဂိုဏ်းကိုကျော်ဖြတ်နိုင်သည့် ကျွမ်းကျင်သူဖြစ်သည်။ နှစ်ပေါင်းများစွာကြာပြီးနောက် သူ၏ကျင့်ကြံခြင်း အရည်အချင်းနှင့် သူသည် အဆင့်မြင့်ဓား တံလျှပ်ဂိုဏ်းသတ်မှတ်အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့သည်။ ဤတိုက်တွင် ထိပ်ဆုံးတွင်ရပ်တည်နေသည့် လူတစ်ဦး သည် လူအများရှေ့တွင် ဤလူငယ်ကို သဘောကျသည်ဟု ပြောနေသည်။
ချက်ချင်းဆိုသလိုပင် သူ ထင်ယောင်ထင်မှားဖြစ်နေသည်ဟု ဂူဟောက် တွေးလိုက်သည်။
ပြီးတော့ သူ ဘာကြားလိုက်တာလဲ။ တံလျှပ်ဂိုဏ်းဝင် ကျွမ်းကျင်သူ တစ်ယောက်က ဒီလူငယ်ကို ကာကွယ်နေတာပဲ။ ဘယ်လိုလူက တံလျှပ်ဂိုဏ်း က ကျွမ်းကျင်သူကို အကူအညီတောင်းနိုင်မှာလဲ။ ထိုအခိုက်အတန့်တွင် အားလုံးသည် ပေထင်းဟွမ်အား မတူကွဲပြားစွာကြည့်ကြသည်။ ဤကဲ့သို့လူမျိုး တွင် လျှို့ဝှက်ချက်များစွာရှိတတ်သည်။ ထို့ကြောင့်ပင် သူသည် ဝိညာဉ်သားရဲ အမြုတေများကို အမဲလိုက်နိုင်ခြင်းဖြစ်သည်။
သူမပခုံးပေါ်မှ ခွေးပေါက်လေးသည် မှော်အိမ်မွေးတိရစ္ဆာန်မဟုတ်ဘဲ မွန်မြတ်သောသားရဲသာဖြစ်နိုင်သည်။
ဂူဟောက်၏ မောက်မာမှုမှာ တဖြည်းဖြည်းပြေလျော့သွားသည်။ သူသည် ရွေးချယ်စရာမရှိတော့ဘဲ ဒေါသကိုထိန်းလိုက်ရသည်။ တံလျှပ်ဂိုဏ်းကျွမ်းကျင် က အသက်ကိုစွန့်စားပြီး ကာကွယ်နေတာကို သူ ဘာလုပ်နိုင်ဦးမှာလဲ။
လူသတ်နိုင်သည့်အကြည့်များသည် သူ၏ရွှေရောင်မျက်အိမ်မှထွက်လာ ပြီး ပေထင်းဟွမ်၏မျက်နှာကို ခပ်မာမာစိုက်ကြည့်လေသည်။ သူသည် နှင်းဖြူ ရောင်ဘုန်းတော်ကြီးဝတ်ရုံကို ခါကာ သနားစဖွယ်ပုံစံနှင့် လှည့်ထွက်လေ၏။
သူ ဘာမှမပြောသော်လည်း ပေထင်းဟွမ်သည် သူ့မျက်လုံးထဲမှ အကြည့် ကိုနားလည်သည်။ သူသည် သူမကို အလွတ်ပေးမည်မဟုတ်ပေ။
ပေထင်းဟွမ်သည် မပျော်ရွှင်သလိုခံစားရသဖြင့် နှာခေါင်းကိုပွတ်လိုက် သည်။ သူမက ခံရတဲ့သူပါနော် ဟုတ်ပြီလား။ သူမသည် ရွံရှာဖွယ်ကောင်းသည့် ယင်ကောင်ကို လှမ်းရိုက်ရုံသာဖြစ်သည်။ နတ်ဘုရားကို အမှာသတင်းပါးပေး တဲ့ လူပေါ်ကယင်ကောင်ကို ရိုက်မိမယ်လို့ ဘယ်သူထင်မိမှာလဲ။
အပြစ်တင်ရမည်ဆိုလျှင် ထိုအရာနှင့်ထိုက်တန်သော သူ့ကိုသာအပြစ် တင်ရမည်။
လက်ရှိတယ် သူ သူမကိုတိုက်ခိုက်လာမည်ကိုလည်း သူမ မကြောက်ပေ။ အနာဂတ်မှာရော ကြောက်မှာလား။ သူမမှာ အစွမ်းအစရှိလာတဲ့အခါမှ စောင့်ကြည့်လိုက်ပေါ့။
လန်ချန်းမို၏မျက်လုံးများသည် ပေထင်းဟွမ်ဆီမှ မခွာပေ။ သူမ၏ မျက်နှာထားမှ သူမ၏အတွေးကို သူ ခန့်မှန်း၍ရနေသည်။ သူသည် မရယ်ဘဲ မနေနိုင်တော့ပေ။ သူသည် ဤကဲ့သို့ စိတ်ဝင်စားစရာကောင်းသည့်မိန်းကလေး မျိုးကိုမတွေ့ရသည်မှာ နှစ်ပေါင်းများစွာကြာပြီဖြစ်သည်။ ထို့ကြောင့်ပင် သူမ မှော်သားရဲခံတပ်တွင်ရှိစဉ် သူမကို ကောင်းကောင်းဂရုစိုက်ပေးရန် ထိုလူမှ ထပ်ခါတလဲလဲမှာနေခြင်းဖြစ်သည်။
နှစ်တစ်ရာကျော်ကြာအောင် အတက်အကျမရှိခဲ့သည့် ထိုလူ၏နှလုံးသား ကို မည်သူကများ လှုပ်ရှားအောင်လုပ်ခဲ့သလဲဆိုသည်ကို သူ အမြဲတမ်းသိချင်ခဲ့ သည်။ အစက သူသည် ဤကလေးကို သူ၏တပည့်ဖြစ်လာရန်အတွက် အာရုံ စိုက်ခဲ့သည်။ ယခုအခါ သူမကို ခေါ်ထားရန်ပင် တွေးနေပြီဖြစ်သည်။
“လာခဲ့ ငါနဲ့လိုက်ခဲ့ မင်းအခန်းကိုခေါ်သွားပေးမယ်”
လန်ချန်းမိုသည် ပေထင်းဟွမ်ဘက်သို့ လက်ဆန့်ထုတ်လိုက်သည်။ သူ၏ အပြာရောင်မျက်လုံးများသည် ကမ္ဘာပေါ်ရှိအရာအားလုံးကို ဖြည့်ဆည်းပေးနိုင် သည့် ငြိမ်သက်နေသောပင်လယ်နှင့်တူသည်။ ပေထင်းဟွမ် မည်မျှပင် မာနကြီး ပြီး မောက်မာစေကာမူ သူသည် သူမကိုမထိမခိုက်အောင် ကာကွယ်ပေးနိုင် သည်။
ဤခံစားချက်သည်.. ပေထင်းဟွမ်အား အကြောင်းအရင်းမရှိ ရင်နာစေ သည်။ သူမသည် ဆန့်ထုတ်လာသောလက်ကို ငေးငိုင်စွာကြည့်မိသည်။ သူမကို လူကြီးတစ်ယောက်မှ ကာကွယ်နေသည်မှာ သူမ၏နှလုံးသားကို အချစ်များဖြင့် ပြည့်သွားစေပြီး မျက်လုံးများကို ပူလောင်စေခဲ့သည်။ သူမသည် အံကြိတ်ကာ လက်သီးကိုဆန့်ထုတ်လိုက်သည်။
သူမ၏ထိုပုံစံကိုကြည့်ပြီး လန်ချန်းမိုသည် ပို၍ပင်သဘောကျလာသည်။ သူသည် သူမ၏လက်ကိုဆုပ်ကိုင်ပြီး သာသာလေးဖျစ်ညှစ်မိသည်။ ထို့နောက် သူမကို အပေါ်ထပ်သို့ ခေါ်သွားခဲ့သည်။ သူ၏သစ်သားဖိနပ်မှာ လှေကားပေါ် တက်လိုက်သည်နှင့် သာယာနာပျော်ဖွယ်အသံထွက်လာသည်။ ခြေလှမ်းတစ် လှမ်းချင်းစီသည် လန်ချန်းမို၏ ကြည်လင်သောအသံကဲ့သို့ နှလုံးသားထဲသို့ စိမ့်ဝင်ကာ အေးချမ်းသောခံစားချက်မျိုးရစေသည်။
ဤကဲ့သို့ရောင်ဝါမျိုးမှာ လူတစ်ဦးတည်းတွင်သာရှိနိုင်သည်။
သို့သော် မိန်းကလေး၏လက်ထက်ပို နူးညံ့ပြီးဖြူစွတ်သည့်လက်သည် လန်ချန်းမို၏လက်ထဲတွင် တင်းကြပ်စွာဆုပ်ကိုင်ခံထားရသည်ကိုမြင်သော အခါ အားလုံး၏ စိတ်မှာ မငြိမ်သက်နိုင်တော့ပေ။ အားလုံးသည် သိချင်သွား ကြသည်။ ဒီသခင်လေးရဲ့ သရုပ်မှန်ကဘာမို့လို့ ဒီတိုက်က ထိပ်တန်း ကျွမ်းကျင်သူနှစ်ယောက်ရဲ့ ကာကွယ်တာကိုခံနေရတာလဲ။ ထိုကဲ့သို့လူမှာ လည်း သူတို့ရှေ့မှလူငယ်အပြင် တခြားတစ်ယောက်မရှိနိုင်တော့ပေ။
***