မင်၊ ကျွန်တော့်စာချုပ်သားရဲ
Vol. 7 Ch. 137
လန်ချန်းမိုသည် ပေထင်းဟွမ်အား ကုန်သွယ်ရေးအဖွဲ့အစည်းရှိ အကောင်းဆုံးအခန်းသို့ခေါ်သွားသည်။ ထို့နောက် ပေထင်းဟွမ်အား ခစားရန် နူးညံ့ပြီးလှပသည့်မိန်းကလေးတစ်ယောက်ကို ရှာပေးလေသည်။ သူမ ရောက် လာသောအခါ အခန်းမှာအသင့်ဖြစ်နေပြီဖြစ်သည်။
အနက်ရောင်ဝတ်ထားသောလူငယ်သည် မျက်နှာကို နှင်းဖြူရောင် မျက်နှာဖုံးဖြင့် အုပ်ထားတုန်းပင်။ သူ၏ မည်းနက်နေသောမျက်လုံးများသည် ကြယ်ကဲ့သို့တောက်ပကာ အသက်အရွယ်နှင့်မလိုက်အောင်ပင် တည်ငြိမ်မှုနှင့် ထက်မြက်မှုကို ပြသနေသည်။ သူ၏နှာခေါင်းမှာ ရေခဲနှင့် နှင်းများဖြင့် ထွင်းထု ထားသကဲ့သို့ပင်။ နှုတ်ခမ်းများမှာလည်း ပန်းပွင့်ပန်းဖတ်နှင့်ဆင်တူကာ မေးစေ့ မှာလည်း ထူးခြားသည်။ မျက်နှာဖုံးနောက်မှ မျက်နှာသည် တောင်နှင့်မြစ်များ ထက် ပိုလှပသည်မှာ သံသယဝင်ဖွယ်ရာမရှိပေ။
“ကလေး ထိုင်လေ” လန်ချန်းမိုသည် ပေထင်းဟွမ်၏လက်ကိုဆွဲပြီး လက်ဖက်ရည်စားပွဲ၏ဘေးဘက်ရှိ ကုလားထိုင်ပေါ်သို့ ထိုင်ခိုင်းလေသည်။ သူ သက်ပြင်းချပြီးပြောလိုက်သည် “ကလေး စီရင်ချက်ဗိမာန်က အသေးအဖွဲ့ မဟုတ်ဘူးနော်”
ပေထင်းဟွမ်သည် တဒင်္ဂတော့ မှင်တက်မိသည်။ သည်တစ်ခေါက် သန့်စင်သောသားတော်ကို ပြစ်မှားမိပြီဟု သူမ တွေးနေခဲ့သည်။ အစက သူနှင့် ပွဲကြီးပွဲကောင်းနွှဲချင်သော်လည်း လန်ချန်းမို၏စကားများသည် ထိုတစ်ယောက် ကို လက်လျှော့သွားစေလိမ့်မည်ဟုထင်မထားပေ။ သူမသည် နောင်တမရဘဲ မနေနိုင်ပေ။
လန်ချန်းမို၏ စကားများသည် သူမ၏နှလုံးသားထဲတွင် တိုက်ခိုက်ရေး စိတ်ဓာတ်ကို တောက်လောင်စေသည်။ သူမသည် မျက်လုံးများကိုကျဉ်းမြောင်း ကာ နှာမှုတ်လေသည် “ကျွန်တော် သူ့ကိုကြောက်မယ်လို့ထင်နေလား”
သူမသည် စီရင်ချက်ဗိမာန်ကို တိုက်ခိုက်သည်မှာ သူမတစ်ယောက်တည်း အတွက်ကြောင့်သာမဟုတ်ဘဲ ယန်ယဲ့အတွက်လည်းပါသည်။ ဂူဟောက်သည် အဆင့် ၁ ဆင့်ကွာခြားခြင်းကြောင့် သူမကို လူအများရှေ့တွင် အနိုင်ကျင့်ခဲ့ သည်။ ဒီလိုလူကို ဘာလို့အကောင်းမှတ်ထားပြီး ရန်ငြိုးမထားဘဲနေနိုင်မလဲ။
လန်ချန်းမိုသည် ဖြည်းဖြည်းချင်းခေါင်းညိတ်လေသည်။ သူ့မျက်လုံးထဲမှ လေးစားမှုများသည် ပိုလေးနက်သွားသည်။ အကြောက်တရားကင်းမဲ့ခြင်းက သာ မည်သူမှမရောက်နိုင်သည့် ထိပ်ဆုံးအဆင့်ကိုရောက်နိုင်မည်ဖြစ်သည်။ သူ၏ ခွန်အားသည် ပေထင်းဟွမ်ထက် များစွာမြင့်မားသော်လည်း ဤကလေး ၏ စိတ်သဘောထားသည် အလွန်ပင်ထူးခြားသည်။
“ဂူဟောက်က ရွှေရောင်မျက်လုံးတွေနဲ့ မွေးဖွားလာတာ.. သူ့ မျက်လုံး တွေက စိတ်ကိုတိုက်ခိုက်နိုင်တဲ့ အစွမ်းအစရှိတယ်.. တစ်နေ့ မင်း သူနဲ့ တိုက်ခိုက်ရင် သူ့မျက်လုံးတွေကို မကြည့်မိအောင်ရှောင်ရမယ်.. သူ့ရဲ့ သန္ဓေ စာချုပ်သားရဲက အလင်းဒြပ်စင်နတ်သားရဲပဲ.. အဲကောင်လေးက မွေးကင်းစရှိ သေးတယ်ဆိုပေမဲ့ စိတ်ခွန်အားက အရမ်းကိုအားကောင်းတယ်.. သူ့မှာ အလင်း ဒြပ်စင်မွန်မြတ်တဲ့သားရဲတစ်ကောင်လည်းရှိသေးတယ်… ဒီနှစ် ၁၀,၀၀၀ မှာ သူ့ကျင့်ကြံရေးအရည်အချင်းက ထိပ်ဆုံးမှာရှိတယ်.. ပြီးတော့ သူ့မှာက စီရင် ချက်ဗိမာန်ရဲ့ အရင်းအမြစ်နောက်ခံရှိတယ်.. မင်း ကောင်းကင်အဆင့်ထိ မရောက်ခင် သူနဲ့ထိပ်တိုက်ရင်မဆိုင်တာကောင်းမယ်”
နတ်သားရဲတစ်ကောင်နဲ့ မွန်မြတ်တဲ့သားရဲတစ်ကောင်လား။
သူမတွင် အလွန်ကြီးမားသည့်သားရဲရှိနေပြီဟု ထင်ထားသော်လည်း သူမ သားရဲထက်ပင် သာလွန်သည့်အရာရှိနေဦးမည်ဟု ထင်မထားပေ။ ပေထင်းဟွမ် သည် အသက်ကိုပြင်းပြင်းရှိုက်လိုက်သည်။ ပထမဆုံးအကြိမ်အနေနှင့် သူမ၏ ကျောရိုးတွင် အေးစိမ့်မှုများ စီးဆင်းသွားသည်။ သူမ၏ စိတ်ထဲတွင် အကြောက် တရားတစိုးတစိမျှ ပေါ်လာသည်နှင့် သူမထက်ပင် အဆပေါင်းရာချီမောက်မာ သော အေးစက်သည့်အသံသည် ပြောလေသည် “ဟင်း အလင်းဒြပ်စင်သားရဲ လေးလောက်က ငါ့မျက်လုံးထဲမှာ ဘာမှမဟုတ်ဘူး.. သူကလည်း ဓား ၃ လက် ကြယ်ဝိညာဉ်သခင်ပဲမဟုတ်လား.. သူလာရဲရင် သူ့ကိုမီးလောင်တိုက်သွင်းပစ် မယ်”
ထိုအသံမှာအလွန် စိမ်းသက်သည်။ သို့သော် သူမ၏ ဝိညာဉ်အတွင်းထဲမှ တရင်းတနှီးထွက်လာသည်နှင့်တူသည်။ ပေထင်းဟွမ်သည် ပျော်သွားသည်။ သူမ၏ စာချုပ်သားရဲမှအပ သူမ၏ ဝိညာဉ်နှင့်ဆက်သွယ်နိုင်သူမရှိပေ “မင် မင်းလား နိုးလာပြီလား”
မင်သည် မွေးကင်းစအရွယ်ရှိသေးကာ အိပ်မောကျနေခဲ့သည်။ သူတို့ သည်လည်း မနှောင့်ယှက်ကြပေ။ သူ ရုတ်တရက်စကားပြောလာသောအခါ ပေထင်းဟွမ်သည် အတန်ကြာသည်အထိ မှင်တက်ပြီးမှ မင်ဖြစ်သည်ကို မှတ်မိ သွားတော့သည်။
“လောလောဆယ်တော့ မဟုတ်သေးဘူး နိုးထဖို့ဆိုရင် အသိစိတ်ခြေရာ ကို ခွဲလိုက်ရုံပဲ.. စာချုပ်သခင်.. မင်းက ငါ့ရဲ့စာချုပ်ပိုင်ရှင်ဆိုတာကို အမြဲမှတ် ထားရမယ်.. ဘယ်အချိန်မဆို ကြောက်စရာမလိုဘူး.. ဒီကမ္ဘာမှာ ငါရှိရင် ဘယ်သူမှ မင်းကိုထိခိုက်အောင် မလုပ်နိုင်ဘူး.. ငါ့ထက်အားနည်းတဲ့ အဲဒီ နတ်သားရဲလေးနဲ့ ဓား ၃ လက် ကြယ်ဝိညာဉ်သခင်တို့က မင်းကို ဘာအခွင့်ရှိလို့ ကြောက်အောင်လုပ်တာလဲ”
နတ်သားရဲလေးဟုတ်လား။ ဓား ၃ လက် ဝိကြယ်ညာဉ်သခင်က သူ့ထက် တောင်အားနည်းတာလား။
ပေထင်းဟွမ်သည် အော်ငိုလိုက်ချင်သော်လည်း မျက်ရည်ထွက်မလာပေ။ နတ်သားရဲနှင့် ဓား ၃ လက်ကြယ်ဝိညာဉ်သခင်တို့က အားနည်းတာလား။ ဒါဆို သူမ ကြယ် ၁ ပွင့်ဝိညာဉ်သခင်ကြီးက ပိုအားနည်းမှာပေါ့။ ဒါက သူမကို သွယ်ဝိုက်ပြီး စော်ကားလိုက်တာမဟုတ်ဘူးလား။
သို့သော် ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်၏ရောင်ဝါသည် ရုတ်တရက် ပျံတက်သွားသည်။ မင်သည် မည်သည့်မှော်သားရဲအမျိုးအစားဖြစ်သည်ကို သူမ မသိပေ။ သို့သော် အသက်နှင့်ဝိညာဉ်စာချုပ်သည် အညီအမျှပြင်းထန်သည်။ သူမကိုယ်သူမ ယုံသည်ထက် သူ့ကိုပိုယုံရမည်ဟု ခံစားရသည်။ ဟုတ်သည်။ သူသည် နတ်သားရဲလေးသာဖြစ်သည်။ ဘာများကြောက်စရာလိုဦးမည်နည်း။
***