ပေါက်ကွဲပြီးမသေဘူးမလား
Vol. 7 Ch. 139
မည်သို့ပင်ဖြစ်စေ လန်ချန်းမိုသည် ပေထင်းဟွမ်အား တိုက်ပွဲရောင်ဝါနှင့် ဝိညာဉ်စွမ်းအင်ကို အလဲအလှယ်လုပ်သည့် အကြောင်းများကို သူသိသမျှ သင်ပေးသည်။ တစ်ချိန်က ပင်မတိုက်ကြီးရှိ ထောင်ပေါင်းများစွာသော ကျွမ်းကျင်သူများကို ကြောက်လန့်စေခဲ့သည့် သူ အရင်ကဖန်တီးခဲ့သော နတ်ဆိုးဓားချက်တစ်ထောင် ဓားပညာကိုလည်း သင်ပေးသည်။
ဓားကိုထိန်းချုပ်သည့် တိုက်ပွဲရောင်ဝါနှင့် ဝိညာဉ်ချီ အသွင်ပြောင်းခြင်း သည် ကျင့်ကြံခြင်းစနစ်နှစ်ခုဖြစ်သည်။ ဤစနစ်နှစ်ခုကို ချိတ်ဆက်ပြီး အလဲအလှယ်လုပ်ပြီး အသုံးပြုသည့်သူရှိလိမ့်မည်ဟု ထင်မထားခဲ့ပေ။
“စွမ်းအင်တွေအကုန်လုံးက အရင်းအမြစ်တစ်ခုတည်းကနေလာတယ်.. နည်းပညာအကုန်လုံးက တစ်သားတည်းပေါင်းစည်းကြတယ်.. အဲတုန်းက ငါ့မှာ ဒီလိုစိတ်ထားရှိလို့ ဒီပညာတွေရခဲ့တာပဲ.. မင်းစိတ်ထဲမှာ ခိုင်မာတဲ့ ယုံကြည်ချက်ရှိရင် အနာဂတ်မှာ သူများတွေထက် မြင့်တဲ့နေရာမှာ သေချာ ပေါက်ရပ်တည်နိုင်မှာ” လန်ချန်းမိုသည် သူ့ဘဝ၏ တစ်ဦးတည်းသောတပည့် လေးကိုကြည့်ကာ စိတ်အားထက်သန်စွာပြောလေသည်။
ပေထင်းဟွမ်သည် အသက်ပြင်းပြင်းရှိုက်မိသည်။ တကယ့် မကောင်းဆိုး ဝါးကြီးက သူမဆရာပဲဖြစ်မယ်ထင်တယ်။ ဟုတ်တယ်မလား။
နေဝင်ရီတရောအချိန်တွင် မှော်သားရဲခံတပ်တစ်ခုလုံးကို မီးအိမ်များနှင့် အရောင်စုံသော နဖူးစည်းစာတန်းများဖြင့် အလှဆင်ထားသည်။ ကျယ်ပြန့် သောလမ်းမပေါ်တွင် ကြေးစားများနှင့် စွန့်စားသူများ သွားသွားလာလာလုပ်နေ ကြသည်။ သူတို့အားလုံးသည် စိတ်လှုပ်ရှားစွာဖြင့် မြို့အလယ်တွင်ရှိသော မြို့စားအိမ်တော်သို့ အလောတကြီးသွားနေကြသည်။
ယနေ့ည မြို့စားအိမ်တော်တွင် ကြီးမားသောအခမ်းအနားပွဲရှိသည်။ မနက်ဖြန်တွင် ကြယ်လွင့်ပြင်ပွင့်ပြီး သန့်စင်သောဝိညာည်အပျက်အစီးပေါ်လာ ကာ နှစ်စဉ်ဖြစ်နေကျ မှော်သားရဲစီးကြောင်း စတင်တော့မည်။
ဒီနှစ် သူရဲကောင်းက ဘယ်သူလဲ။ ဒီကာကွယ်ရေးစစ်ပွဲမှာ ဘယ်သူ ကျော်ကြားမလဲ။
ပါဝင်ကြသော ဝိညာဉ်သခင်နှင့် ဓားသခင်များသည် မျှော်လင့်ထားကြ သည်။
နေဝင်တော့မည့်အချိန်တွင် မုယန်းသည် ကုန်သွယ်ရေးအဖွဲ့အစည်းသို့ ကိုယ်တိုင်သွားကာ ပေထင်းဟွမ်အား ကြိုရန်ဆုံးဖြတ်ထားသည်။ ထိုလူငယ် သည် သူ၏ညီငယ်တစ်ယောက်လိုပင်။ သူ့ကိုကောင်းကောင်း ကာကွယ်ရန် သူ အမြဲတွေးနေခဲ့သည်။
ပေထင်းဟွမ်သည် နေ့လယ်ခင်းတစ်ခုလုံး ဆရာလန်ချန်းမိုသင်ပေးသည့် စိတ်သဘောထားနည်းပညာနှင့် ဓားနည်းပညာများကို နားလည်အောင်သင်ယူ နေရသည်။ အခန်းထဲရှိ ကော်ဇော်အနီပေါ်တွင် ပေထင်းဟွမ်သည် တင်ပျဉ်ခွေ ထိုင်နေသည်။ သူမသည် ရှုပ်ထွေးသောလက်အမူအရာများကို ဆက်တိုက်လုပ် ပြီး ရေရွတ်နေသည်။ သူမသည် မျက်စိမှိတ်ထားပြီး သင်ယူခဲ့သည့် စိတ်ကျင့်ကြံရေးပညာများ ကို နားလည်အောင်လုပ်နေသည်။ “စွမ်းအင်တွေ အကုန်လုံးက အရင်းအမြစ်တူတယ်.. နည်းပညာအကုန်လုံးက တစ်သားတည်း ပေါင်းစည်းတယ်.. ဒီအယူအဆက…”
သူမ၏ ရင်များရုတ်တရက် ကဆုန်ပေါက်လာသည်။ ခန္ဓာကိုယ်ထဲမှ အကြောများအားလုံး၊ ဝိညာဉ်စွမ်းအင်နှင့် တိုက်ပွဲရောင်ဝါများသည် ရုတ်တရက် အထိန်းအကွပ်မဲ့လာသည်။ သောင်းချီသောမြင်းများ ခုန်ပေါက်နေ သကဲ့သို့ဖြစ်နေသဖြင့် ပေထင်းဟွမ် မထိန်းချုပ်နိုင်တော့ပေ။ သူမကိုယ်သူမ တွေးနေမိသည် “မဖြစ်တော့ဘူး ငါ ဒီမတူညီတဲ့ စွမ်းအားနှစ်ခုကို ထိန်းချုပ်ဖို့ အရမ်းကြိုးစားလိုက်မိသွားပြီ.. ကံမကောင်းတော့ ငါ့စကားကို နားမထောင် တော့ဘူး”
“ငါ ပေါက်ကွဲပြီးသေမှာတော့ မဟုတ်လောက်ပါဘူးနော်” ပေထင်းဟွမ် သည် ခါးသက်စွာပြုံးလိုက်သည် “ဒီလိုဆိုရင်တော့ ငါက သူများတွေထက် အသေဆိုးနဲ့သေရမှာပဲ”
ဆူပွက်နေသော စွမ်းအားနှင့် သွေးများကြောင့် ပေထင်းဟွမ်၏ တစ်ကိုယ် လုံးသည် အနီရောင်ပြောင်းသွားသည်။ သူမ၏အကြောများသည် ဖိအားများ ကာ အရေပြားမျက်နှာပြင်ပေါ်သို့ ပေါက်ကွဲထွက်လာသည်။ ၎င်းခန္ဓာကိုယ်အား ပိုက်ကွန်ဖြင့် ရစ်ပတ်လိုက်သလိုပင်။ ပေထင်းဟွမ်သည် အခန်းထဲရှိ ကြေးမုံမှတစ်ဆင့် သူမကိုယ်သူမ မြင်လိုက်ရသည်။ သူမသည် ရုပ်အဆိုးဆုံး နတ်မိစ္ဆာသားရဲထက်ပင် အဆပေါင်း ၁၀၀ ရုပ်ဆိုးနေသည်။
“ဆရာ ငါ့ကို မမှတ်မိမှာတောင် ကြောက်နေပြီ”
သူမ၏ ခန္ဓာကိုယ်သည် ဖြည်းဖြည်းချင်း ကျယ်လာသည်။ နောက်ဆုံး အခိုက်အတန့်တွင် ခန္ဓာကိုယ်ထဲမှ ကစဥ့်ကလျားအရင်းအမြစ်သည် လျင်မြန် စွာ စတင်လည်ပတ်လာသည်။ စုပ်ခွက်ကြီးတစ်ခုကဲ့သို့ ၎င်းသည် သူမ၏ အကြောထဲတွင် ပျံ့နှံ့နေသည့် ဝိညာဉ်စွမ်းအင်နှင့် တိုက်ပွဲရောင်ဝါများအားလုံး ကိုစုပ်ယူလေသည်။ သူမ၏ခန္ဓာကိုယ်မှာ ဟာလာဟင်းလင်းဖြစ်သွားသည်။ ပေထင်းဟွမ်သည် သက်ပြင်းကြီးချလိုက်ကာ သူမကိုယ်သူမတွေးလိုက်မိသည်။ သေတော့မလို့ပဲ။
ကစဥ့်ကလျားအရင်းအမြစ်သည် အပြာနုရောင်ဝိညာဉ်စွမ်းအင်သို့မဟုတ် တိုက်ပွဲရောင်ဝါကို စုပ်ယူလေသည်။ ကစဥ့်ကလျားအရင်းအမြစ်အထက်တွင် တဖြည်းဖြည်းချင်းစုဆောင်းလိုက်ရာ ယခင်အဖြူရောင်ဝိညာဉ်စွမ်းအင်အလုံး ထက် ပိုထင်သာမြင်သာရှိသည့် အလုံးဖြစ်ပေါ်လာသည်။ လေလုံးသည် ပိုပိုပြီး ကြီးလာသည်။ နောက်ဆုံးတွင် မူလအရွယ်အစားနှင့်နီးစပ်လာချိန်တွင် ပြောင်းလဲမှုရပ်ကာ သူမ၏အကြောထဲတွင် အဆက်မပြတ်လည်ပတ်တော့ သည်။
လှည့်ပတ်ခြင်းလုပ်ငန်းစဉ်သည် ကျုံ့သည့်လုပ်ငန်းစဉ်လည်းဖြစ်သည်။ အချိန်မည်မျှကြာသွားသည်မသိပေ။ အရှိန်နှေးလာချိန်တွင် အပြာရောင် လေလုံးသည် ပြားသွားကာ အရွယ်အစားလည်းသေးသွားသည်။ သို့သော် အထဲမှစွမ်းအင်သည် အရင်ကထက်ကြီးမားလာသည်ကို ပေထင်းဟွမ် ခံစားမိ သည်။
***