ရူးလောက်အောင် အားကောင်းသောအရည်အချင်း
Vol. 7 Ch. 140
“အဆင့်တက်ပြီလား”
ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့်ကမ္ဘာမြေကြီး၏ ငွေရောင်ဥပဒေ ကျလာသည်။ ကောင်းကင်နှင့်ကမ္ဘာမြေကြီးမှဖြစ်ပေါ်လာသော ထောင့်လေးထောင့် ကြယ်အဖွဲ့အစည်းသည် ပေထင်းဟွမ်၏ခြေထောက် အောက်တွင်ပေါ်လာသည်။ ငွေရောင်သန့်ရှင်းသောဓားလေးချောင်းသည် သေးငယ်သော လေရဟတ်ပုံသဏ္ဍာန်အဖြစ်ပြောင်းပြီး ပေထင်းဟွမ်၏ ကြယ် ၄ ပွင့်ဝိညာဉ်သခင်ကြီး ခွန်အားကိုပြသလေသည်။
သူမသည် တစ်ခါတည်း ကြယ် ၃ ပွင့်တက်သွားသည်။
ထိုအခိုက်အတန့်တွင် ပေထင်းဟွမ်သည် ကြယ်တက်သွားခြင်းသာဖြစ်ပြီး အဆင့်မတက်သေးပေ။ စာချုပ်သားရဲသုံးကောင်သည် ကြယ်အဆင့်မတက်ကြ ပေ။ သို့သော် စိတ်ကျင့်ကြံရေးတစ်ခါကျင့်လိုက်သည်နှင့် ကြီးမားသောခွန်အား တိုးတက်သွားကြသည်။ ပေထင်းဟွမ်သည် ဤမထင်မှတ်သောအဖြစ်ကြောင့် မှင်တက်မိပြန်သည်။
ခန္ဓာကိုယ်ထဲမှ ဆူပွက်နေသောစွမ်းအားများကို အာရုံခံမိပြီးနောက် ပေထင်းဟွမ်သည် လက်သီးကို ဝှေ့ယမ်းလိုက်သည် “ငါ အဆင့်မြင့် ကြယ် ဝိညာဉ်သခင်ကြီးဖြစ်မယ်ဆိုရင် အဲကောင်ဂူဟောက်နဲ့တိုက်ခိုက်ဖို့ ခွန်အားရှိ သွားပြီ… မကြာခင် အဲနေ့ရောက်လာတော့မှာ”
စားပွဲထိုး၏လမ်းပြမှုနှင့် မုယန်းသည် ပေထင်းဟွမ်၏တံခါးရှေ့အရောက် တွင် ငွေရောင်ဒိုင်းကာကြောင့် အံ့ဩသွားလေသည်။ ဤနေရာမှ စွမ်းအား အတက်အကျသည် သန်မာလွန်းသဖြင့် လန်ချန်းမိုပင် ဆွဲဆောင်ခြင်းခံရလေ သည်။ သူတို့နှစ်ယောက်သည် တံခါးတွင်ရပ်ပြီး ပေထင်းဟွမ် အဆင့်တက် သည်ကို စောင့်နေကြသည်။
ပေထင်းဟွမ်၏ခြေထောက်အောက်မှ ကြယ်ပုံစံအဖွဲ့အစည်းကိုမြင်သော အခါ မုယန်းသည် ဘောင်းဘီထဲ သေးပေါက်ချမိတော့မလိုဖြစ်သည်အထိ ထိတ်လန့်သွားသည်။ “ငါ့ကိုလာနောက်နေတာလား.. ဒီလူက လူရောဟုတ်ရဲ့ လား… နေ့တစ်ဝက်ပဲရှိသေးတယ် တစ်ထိုင်တည်း အဆင့် ၃ ဆင့်တက်သွား တယ်.. ငါ ဘယ်လို အသက်ရှင်သွားရတော့မှာလဲ”
လန်ချန်းမိုသည် နှစ်ပေါင်းများစွာနေလာခဲ့သော်လည်း ပေထင်းဟွမ်၏ မူမမှန်သောအရည်အချင်းကြောင့် ထိတ်လန့်မိနေတုန်းပင်။ သူ၏ဤတပည့် သည် မရိုးရှင်းသည်ကို သူသိသည်။ သူမသည် အလွန်ထက်မြက်နေခြင်း ကြောင့် ဖြစ်နိုင်သည်။ သူမ၏ နားလည်စွမ်းသည် ထူးခြားနေလိမ့်မည်ဟု ထင် မထားပေ။
အရင်က ရှေးစာအုပ်များတွင် ဤစိတ်ကျင့်ကြံရေးနည်းပညာကို လူကြီး များက ပြောသွားသည်ကို မြင်ဖူးသည်။ ဤတိုက်တွင် နှစ်ပေါင်းသောင်းချီကြာ ပြီးမှ မည်သူမှ မအောင်မြင်ခဲ့ပေ။ သူ ပေထင်းဟွမ်ကို ဤစိတ်ကျင့်စဉ်ကို သင်ကြားပေးစဉ်က အသေးစိတ်ရှင်းပြခဲ့သော်လည်း ပေထင်းဟွမ်သည် နေ့တစ်ဝက်တည်းနှင့်တင် အောင်မြင်သွားလိမ့်မည်ဟု ထင်မထားပေ။
သူသည် ပေထင်းဟွမ်အား ကြောက်လန့်တကြားကြည့်လိုက်သည်။ ငွေရောင်အလင်းတန်း မှေးမှိန်သွားပြီး ပေထင်းဟွမ်သည် မတ်တတ်ရပ်ကာ လျှောက်လာသည်။ သူမ၏ အနက်ရောင်ဝတ်ရုံသည် ခြေထောက်နားတွင် လှုပ်ယမ်းကာ သူမ၏ဆံနွယ်ရှည်သည် လေထဲတွင် ဝေ့ယမ်းနေ၏။ လူငယ်၏ ပုံရိပ်သည် ပိုပိုပြီး ဖြောင့်မတ်လာသည်။ သူမ၏ခန္ဓာကိုယ်မှ စွမ်းအင်အတက် အကျသည် ပို၍ပင်ရှင်းလင်းလာသည်။ ထိုအခါမှပင် သူမ အောင်မြင်သွားသည် ကို လန်ချန်းမို ယုံသွားတော့သည်။ သူမသည် လျင်မြန်စွာပြီးဆုံးခဲ့သည်။
သူမ လုပ်နိုင်လိမ့်မည်ဟု သူသိသည်။ သို့သော် ဤမျှမြန်ဆန်လိမ့်မည်ဟု ထင်မထားပေ။ မြန်လွန်းသဖြင့် သူပင် မယုံနိုင်ပေ။
“မင်းလုပ်နိုင်သွားပြီလား ကြယ် ၄ ပွင့် ဝိညာဉ်သခင်ကြီးလား” လန်ချန်းမို သည် ခါးအနည်းငယ်ကိုင်းကာ သူမ၏ပခုံးကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်၏။ သူ၏အပြာနုရောင်မျက်လုံးများတွင် ပျော်ရွှင်မှု၊ အံ့အားသင့်မှုနှင့် လေးစားမှု များဖြင့် ပြည့်နှက်သွားသည်။ ရှုပ်ထွေးသောခံစားချက်မျိုးစုံသည် ပေထင်းဟွမ် ဆီသို့ ဦးတည်ခဲ့သည်။
“ဟုတ်ပါတယ် ဆရာ” လန်ချန်းမိုသည် အသက် ၅၀ မတိုင်ခင်တွင် တံလျှပ်ဂိုဏ်းအဆင့်ထိ ဘာကြောင့် တက်သွားခဲ့ကြောင်း ပေထင်းဟွမ် နားလည်သွားသည်။ ခန္ဓာကိုယ်ထဲမှ တိုက်ပွဲရောင်ဝါနှင့် ဝိညာဉ်စွမ်းအားများ အားလုံးကို အသွင်ပြောင်းပြီးနောက် ခန္ဓာကိုယ်တွင်းမှ အပြာနုရောင်စွမ်းအင် သည် ကောင်းကင်အဆင့်ဝိညာဉ်သခင်များတွင်သာရှိသည့် အသက်သွေးကြော သာဖြစ်သည်။
ကောင်းကင်အဆင့်နှင့် မြေကြီးအဆင့်တွင် စွမ်းအင်စုပုံခြင်းအတားအဆီး သာရှိခြင်းမဟုတ်ဘဲ မအောင်မြင်နိုင်သော အတားအဆီးလည်းရှိသည်။ ခန္ဓာ ကိုယ်ထဲမှ ဝိညာဉ်စွမ်းအင်သည် ကောင်းကင်အဆင့်ဝိညာဉ်သခင်များတွင်သာ ရှိသည့် အရေးကြီးသောစွမ်းအင်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်သည်။
မျိုးနွယ်ကြီးလေးခုကို “ဝိညာဉ်သခင်မျိုးနွယ်” ဟုခေါ်ရသည့်အကြောင်း အရင်းမှာ မျိုးနွယ်ကြီးတစ်ခုချင်းစီတွင် စိတ်ကျင့်စဉ်နည်းလမ်းများကို ပြောင်းလဲသည့် နည်းလမ်းများရှိနေခြင်းကြောင့်ပင်။ ဖခင်များသည် သားကို အမွေပေးကြသလို ဆရာများသည် တပည့်များကို သင်ကြားပေးကြသည်။ သို့သော် အပြင်လူများကို လက်ဆင့်ပေးခွင့်မရှိပေ။ တခြားသောဝိညာဉ်သခင် များသည် ပြောင်းလဲခြင်းနည်းလမ်းများကို မရသဖြင့် အဆင့်တက်ခွင့်မရှိပေ။
ကောင်းကင်အဆင့်သို့ တက်လှမ်းနိုင်မှသာ ဤတိုက်ကြီးတွင် ကျွမ်းကျင် သူအဆင့်သို့ အမှန်တကယ်ရောက်ရှိခြင်းဖြစ်သည်။
***