← Chapters

နမ်းတဲ့သူနဲ့ တစ်ညတာကုန်ဆုံးမယ်

Vol. 72 Ch. 1000

နမ်းတဲ့သူနဲ့ တစ်ညတာကုန်ဆုံးမယ်

Vol. 72 Ch. 1000

အန်လင်းမှာ ရှောင်ချိုး၏ ဆုံးဖြတ်ချက်အား လေးစားစွာ လက်ခံလိုက်သည်။

ရှောင်ချိုးသည် မင်္ဂလာဆောင်သို့သွားကာ ပိုင်ယောင်၏ ပျော်ရွှင်မှုအား ကိုယ်တိုင်အတည်ပြုချင်နေသည် မဟုတ်လော။

၎င်းတို့အနေဖြင့် သတို့သမီးအား ပြန်ပေးဆွဲစရာ မလိုတော့ပေ။ ရှောင်ချိုးသည် ခံစားချက်များအား လွှတ်ချနိုင်ရန် နောက်ဆုံးအနေဖြင့် ကိုယ့်ကိုယ်ကို နှိပ်စက်ခြင်းသာ ဖြစ်သည်။

မင်္ဂလာပွဲ မတိုင်မီ ချင်ဟုမြို့တော်တွင်သာ နေထိုင်ရန် အန်လင်း ဆုံးဖြတ်လိုက်သည်။

အချိန်မှာ တစ်ရက်ပြီးတစ်ရက် ကုန်ဆုံးသွားလေသည်။

ချင်ဟုမြို့တော်မှာလည်း ပို၍ပို၍ စည်ကားလာသည်။

ပိုင်ယောင်၏ မင်္ဂလာပွဲသည် မြေခွေးဖြူမျိုးနွယ်မှ မင်းသမီးလေးနှင့် မြေခွေးနက်မျိုးနွယ် မင်းသားလေး၏ လက်ထပ်ပွဲ ဖြစ်နေသောကြောင့် မြေခွေးမျိုးနွယ်စုများအားလုံး မျှော်လင့်တောင့်တနေရသော နတ်သမီးပုံပြင်လေးတစ်ပုဒ်ဟုလည်း ဆိုနိုင်သည်။

ဖန်ဆင်းခြင်းနယ်မြေ၏ အရေးကြီး အခမ်းအနားတစ်ခု ဖြစ်သည်နှင့်အညီ မျိုးနွယ်စုများအားလုံးမှာ ချင်ဟုမြို့တော်သို့ ရောက်လာကြသည်။ ဂိုဏ်းများမှာလည်း မင်္ဂလာပွဲအား ဂုဏ်ပြုပေးရန်အတွက် ကိုယ်စားလှယ်များကို စေလွှတ်ကြသည်။

မင်္ဂလာပွဲအား ဆင်နွှဲရန် ချင်ဟုမြို့တော် တစ်ခုလုံး စောင့်ဆိုင်းနေကြလေပြီ။

.......

မင်္ဂလာပွဲမတိုင်မီည၌

ကောင်းကင်ထက်တွင် အရောင်စုံသော မီးရှူးမီးပန်းများ ပြည့်နှက်လို့နေသည်။

အန်လင်းသည် တီနာအား အကြောင်းပြချက်ပေးကာ တပိုင်နှင့် ရှောင်ချိုးအား ယောက်ျားတို့အတွက် မဟာနယ်မြေကြီးထံ ခေါ်ဆောင်လာခဲ့သည်။

မာယာမြေခွေးအိမ်တော်......

ထိုသည်မှာ လောကနိဗ္ဗာန်တစ်ခုပင်။

မာယာမြေခွေးအိမ်တော်၏ အဘယ်တွင် အပြာရောင် ကြာပန်းစင်မြင့်တစ်ခု ရှိသည်။

ထိုစင်မြင့်တွင် ဆွဲဆောင်မှုအားကောင်းလွန်းသော မြေခွေးမလေးများ မလုံ့တလုံဝတ်ကာ ကပြဖျော်ဖြေနေကြသည်။ ၎င်းတို့၏ လှုပ်ရှားမှု တစ်ခုချင်းစီမှာ ယောက်ျားသားများကို သွေးဆူစေနိုင်၏။

စင်မြင့်အား အကောင်းဆုံး ကြည့်ရှုခံစားနိုင်သော လသာဆောင် တစ်ခု၌

ယောက်ျားတစ်ဦးနှင့် ခွေးတစ်ကောင်သည် အကအလှများအား ခံစားနေပြီး ၎င်းတို့ဘေးတွင် ပြုစုနှိပ်နယ်ပေးနေသော မြေခွေးမလေးများ ဝိုင်းရံနေသည်။

မျက်နှာဖုံး တပ်ထားသော မျောက်တစ်ကောင်လည်းရှိပြီး ၎င်းသည် ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်နေသလို ငေးကြောင်လို့နေသည်။

“ရှောင်ချိုး အတွေးမများပဲ အပျော်လေးတွေ ခံစားပါဦးကီ။ စင်ပေါ်က မြေခွေးမလေးတွေကို စိတ်မဝင်စားဘူးလား။”

အန်လင်း မေးမြန်းလိုက်သည်။

“ဟုတ်တယ်။ အနားမှာရှိနေတဲ့ ကောင်မလေးတွေကိုရော ပစ်ထားတော့မလို့လား။ ကြည့်ပါဦး သူတို့ရဲ့ ကောက်ကြောင်းလှလှလေးတွေကို။”

တပိုင်မှာ မြေခွေးမလေးတစ်ကောင်အား ခါးဖက်ထားသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ချိုးမှာ အမူအရာ ကင်းမဲ့စွာသာ ရှိနေလေသည်။

၎င်းတို့အနားတွင် ရှိနေသော မြေခွေးမလေးများမှာ ရှက်ရွံတတ်သော ကောင်မလေး၊ အပြစ်ကင်းစင်သော ညီမလေး၊ လိုလီမလေး၊ တည်ငြိမ်သောမမ၊ ရင့်ကျက်သော အမျိုးသမီး၊ ရင်သားထွားသော မမကြီး စသည်ဖြင့် အမျိုးအစား စုံလင်လှသည်။

ထိုမြေခွေးမလေးများသည် ရှောင်ချိုးအား ရူးသွပ်ချင်စရာ ကောင်းလောက်အောင် ဆွဲဆောင်နေကြသည်။

ရှောင်ချိုးအား ဆွဲဆောင်နိုင်သူကို စိတ်ဝိဥာဥ်ကျောက်တုံး ငါးသောင်း ဆုချမည်ဟု သူဋ္ဌေးကြီးမှ ကြေညာထားလေသည်။

မာယာမြေခွေးအိမ်တော်မှ မြေခွေးမလေးများအတွက် ထိုသည်မှာ များပြားလှသော ပမာဏ ဖြစ်သည်။

“ကိုကြီး..... သောက်ကြရအောင်လေ။”

“အသီးလေး မစားချင်ဘူးလား.... အာ.....”

“ညီမလေးကို ဖက်ထားပေးပါလားဟင်....”

“ဘာလို့ မျက်နှာဖုံး တပ်ထားရတာလဲဟင်။ ကိုကြီးရဲ့ မျက်နှာလေးကို မြင်ချင်တာပေါ့လို့။”

ရှောင်ချိုး သက်ပြင်းချလိုက်သည်။

“မင်းတို့ ကြောက်သွားမှာစိုးလို့ပါ။”

ရင်သားထွားထွားနှင့် မြေခွေးနီမလေးမှာ ဂရုပင် မစိုက်ပေ။

“မဖြစ်နိုင်ဘူး။ ကိုကြီး ခန္ဓာကိုယ်ကတောင် အရမ်းမိုက်တာကို မျက်နှာလေးကို ကြောက်စရာလားလို့။ ကိုကြီး ခန္ဓာကိုယ်ကို ကြွေနေမှတော့ မျက်နှာကိုလည်း ကြိုက်မှာသေချာတယ်။”

“ဟုတ်တယ်။”

“မျက်နှာဖုံး ချွတ်လိုက်ပါနော် ကိုကို....”

မြေခွေးမလေးများ စိတ်လှုပ်ရှားစွာ တောင်းဆိုနေကြသည်။

ယောက်ျားတစ်ယောက်အား ဆွဲဆောင်နိုင်ရန် ၎င်း၏မျက်နှာဖုံးအား ဆွဲခွာနိုင်ရမည်ပင်။ မြေခွေးမလေးများသည် ထိုသို့သော အမှုကိစ္စများအား တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပေသည်။

၎င်းတို့သည် ပြည့်တန်ဆာလုပ်ငန်းတွင် ကျင်လည်နေသူများ မဟုတ်ပါလော။

မျက်နှာပေါင်းစုံအား မြင်ဖူးနေသောကြောင့် မည်မျှရုပ်ဆိုးဆိုး လန့်သွားစရာ မရှိပေ။

ရှောင်ချိုး အနည်းငယ် တွေဝေသွားသည်။

“ကောင်းပြီလေ။ ဒါပေမယ့် အရင်ဆုံး ကစားနည်းတစ်ခု ကစားကြမလား။”

မြေခွေးမလေးများ ဝမ်းသာသွားသည်။

“အင်း....”

“ကစားရတာ သဘောကျတယ်။”

“ဘယ်လိုကစားမှာလဲ။ တချို့ဟာတွေ မဆော့တတ်ဘူးနော်။”

“ရှုံးခဲ့ရင် ကျွန်မက အဝတ်တွေ ချွတ်ပေးမှာပါ။”

ရှောင်ချိုး ပြုံးကာပြောလိုက်သည်။

“မျက်နှာဖုံး ချွတ်ပြီးရင် ငါ့ကိုနမ်းရဲတဲ့သူနဲ့ တစ်ညတာ ကုန်ဆုံးမယ်ကွာ။”

“ဝါး.....”

မြေခွေးမလေးများမှာ စိတ်ဝိဥာဥ်ကျောက်တုံး ငါးသောင်းတန် အခွင့်အရေးကြောင့် အသက်ရှူသံများ ပြင်းကုန်သည်။

၎င်းတို့မှာ ရှောင်ချိုးအားနမ်းရန် အသင့်နေရာယူလိုက်ကြသည်။

“ညီမလေးကလေ..... ညီမလေးက ကိုကို့ကို နမ်းချင်တာ။”

“မတွန်းနဲ့ဟဲ့... ဒါငါ့နေရာ....”

“ငါအရင်ဦးတာနော်။”

ရှောင်ချိုးမှာ မြေခွေးမလေးများအားကြည့်ကာ မျက်နှာဖုံး ချွတ်လိုက်သည်။

မြေခွေးမလေးများ ပါးစပ်အဟောင်းသား ဖြစ်ကုန်သည်။

ပတ်ဝန်းကျင်မှာ တိတ်ဆိတ်သွားလေသည်။

၎င်းတို့မှာ အသက်ပင် မရှူနိုင်တော့ပေ။

မျက်လုံး၊ နှာခေါင်း၊ ပါးစပ်.....

အကုန်လုံး ကြောက်ဖို့ကောင်းလိုက်တာ......

ရှောင်ချိုး ရုပ်ဆိုးစွာ ပြုံးလိုက်သည်။

“ဘယ်သူ ငါ့ကိုနမ်းချင်လဲ။”

မြေခွေးမလေးများ ကြက်သီးထသွားသည်။

“အား.....”

အချို့ဆိုလျှင် ထိတ်လန့်ကာ အော်ဟစ်ကုန်သည်။

အချို့မှာမူ မြေပြင်ပေါ်ပင် လဲကျကုန်ရသည်။

ရှောင်ချိုးအား နမ်းရန်ပြင်ခဲ့သော မြေခွေးမလေးများအားလုံး ထွက်ပြေးကုန်လေပြီ။

မြေခွေးမျိုးနွယ်စုသည် အလှတရားအား နှစ်သက်မက်မောကာ ရှောင်ချိုးမှာ ၎င်းတို့အတွက် ကြောက်ရွံ့ထိတ်လန့်ဖွယ် ကောင်းလွန်းနေသည်။

၎င်းတို့သည် လာရောက်အားပေးသူများအား လက်ခံနိုင်ရန် ကြိုးကြိုးစားစား သင်ယူထားပါသော်လည်း ရှောင်ချိုး၏ရုပ်မှာ လိပ်ပြာလွင့်မတက် ဆိုးရွားလွန်းသည်။

အဆုံးတွင်မူ မြေခွေးနီမလေးသာ ကျန်ရစ်ခဲ့သည်။

သူမသည် မြေခွေးမလေးများအနက် စိတ်ပိုင်းဆိုင်ရာ အသန်မာဆုံး ဖြစ်သည်။

သူမစိတ်ထဲတွင် မေးခွန်းတစ်ခုအား ထပ်တလဲလဲ တွေးတောနေမိသည်။

နမ်းရမလား..... မနမ်းရဘူးလား.....

မျက်စိမှိတ်ပြီး နမ်းလိုက်တာနဲ့ စိတ်ဝိဥာဥ်ကျောက်တုံး ငါးသောင်းတောင်ရမှာ.....

ရှောင်ချိုး ယဥ်ကျေးစွာ ပြုံးပြလာသည်။

“အား....”

မြေခွေးနီမလေးမှာ ထိုအပြုံးကြောင့် သတိလစ်သွားတော့သည်။

လသာဆောင်တစ်ခုလုံး အလွန်အမင်း တိတ်ဆိတ်နေသည်။

အန်လင်း : “.....”

တပိုင် : “......”

ရှောင်ချိုး ခပ်ဖွဖွပြုံးကာ မျက်နှာဖုံး ပြန်တပ်လိုက်လေသည်။

All Chapters