← Chapters

မင်္ဂလာပွဲ

Vol. 72 Ch. 1001

မင်္ဂလာပွဲ

Vol. 72 Ch. 1001

အဆုံးတွင်မူ ရှောင်ချိုးအား မာယာမြေခွေးအိမ်တော်သို့ ခေါ်ဆောင်သွားသော အန်လင်း၏ အစီအစဥ်မှာ ကျဆုံးခဲ့ရသည်။

ရှောင်ချိုးမှာ အချိန်ကောင်းများ မရခဲ့ပါသော်လည်း အန်လင်းနှင့် တပိုင်မှာ အပျော်ကြီး ပျော်ခဲ့ရသည်။

၎င်းတို့သည် မာယာမြေခွေးအိမ်တော်မှ အတူတကွ ပြန်လာခဲ့ကြသည်။

“အသဲကွဲနေတာတောင် လွှတ်မချနိုင်သေးပါလား။ ရှောင်ချိုးက တကယ်သစ္စာရှိတာပဲ။”

အန်လင်း သက်ပြင်းချလိုက်သည်။

“အရမ်းသစ္စာကြီးတာလည်း မကောင်းဘူး။ အစ်ကိုကြီးချိုး ပင်ပန်းနေလောက်ပြီ။ ဒီညတော့ ကျွန်တော်တို့ သောက်ကြတာပေါ့.... ဝုတ်။”

တပိုင် အမြှီးနှံ့ကာ ပြောလိုက်သည်။

ရှောင်ချိုး ပြုံးကာပြောလာသည်။

“စိတ်မပူကြပါနဲ့။ အချိန်တစ်ခုပဲ လိုတာပါ။”

အန်လင်းနှင့် တပိုင်မှာ အနည်းငယ် စိတ်သက်သာရာ ရသွားကြသည်။

ချင်ဟုမြို့တော်သည် ညအချိန်တွင်ပင် စည်ကားသက်ဝင်နေပြီး လှုပ်ရှားသွားလာသူများနှင့် ပြည့်နှက်နေသည်။

တီနာ ရှိနေသေးသောကြောင့် အန်လင်းတို့မှာ ညလုံးပေါက် အချိန်မဖြုန်းခဲ့ကြပေ။

အန်လင်းသည် တီနာ မှတ်ယူထားသော သူ၏ပုံရိပ်အား မဖျက်စီးပစ်လိုပေ။

“ဘီလူးအန်လင်း နင်တို့ဘယ်သွားနေတာလဲ။”

တီနာ ခါးထောက်ကာ မေးလိုက်သည်။

အန်လင်း ချောင်းဟန့်လိုက်သည်။

“ရှောင်ချိုး စိတ်ပျော်အောင် အကအလှတွေ သွားကြည့်နေတာပါ။”

“ဟုတ်တယ်။ အဲ့အက အရမ်းလှတယ်။ မြေခွေးမလေးတွေ ရှိပေမယ့် ကျွန်တော်တို့ ဂရုမစိုက်ပါဘူး။ သူတို့ကို နှင်ထုတ်ပစ်လိုက်တယ်လေ.... ဝုတ်။”

တပိုင် လေးနက်စွာ ပြောလိုက်သည်။

တီနာသည် ၎င်းတို့အား မယုံသောကြောင့် ရှောင်ချိုးအား ကြည့်ရှုလိုက်သည်။

“အမှန်ပဲလား။”

ရှောင်ချိုး ခေါင်းညိတ်ပြလိုက်သည်။

တကယ်လည်း မြေခွေးမတွေ ထွက်ပြေးသွားတာပဲမလား......

ငါ့မျက်နှာကြောင့်လေ......

သူစိတ်မကောင်းဖြစ်သွညးသည်။

ငါ့ရဲ့မျက်ခွက်က လက်နက်အနေနဲ့တောင် သုံးလို့ရလောက်တယ်.....

.......

နောက်တစ်နေ့၌....

မြို့တော်တခွင် ရနံ့သင်းသင်းတစ်ခု သင်းပျံ့နေသည်။

အနီရောင် ပန်းပွင့်များ ကောင်းကင်ထက်မှ ကျဆင်းကာ ပန်းခင်းလမ်းများ ဖြစ်သွားကြသည်။

မြေခွေးမျိုးနွယ်စု တစ်ခုလုံး ယနေ့အခမ်းအနားအား ဆင်နွှဲကြမည် ဖြစ်သည်။

ပိုင်ယောင်နှင့် ချန်းနန်တို့ မင်္ဂလာရက်မြတ်သို့ ရောက်ရှိခဲ့လေပြီ။

ချင်ဟုမြို့တော်၏ ချင်ဟုနန်းတော်သို့ ကမ္ဘာအရပ်ရပ်မှ ကျင့်ကြံသူများ ဝင်ထွက်သွားလာနေကြသည်။ ၎င်းတို့သည် သန္ဓေပြောင်းသားရဲများဆွဲသော လှည်းယာဥ်များကိုစီးကာ နန်းတော်တခွင် လှည့်ပတ်ကြည့်ရှုနေလေသည်။

နန်းတော်တစ်ခုလုံးမှာ အလွန်ပင် စည်ကားသက်ဝင်နေသည်။

များပြားလှသော ဧည့်သည်တော်များကြောင့် အစောင့်အကြပ်များသည် တစ်ဦးချင်းစီ စစ်ဆေးနိုင်ခြင်း မရှိပဲ ဖိတ်စာပြနိုင်ပါက ပေးဝင်ကြပေသည်။

အန်လင်းသည်လည်း ဖိတ်စာတစ်စောင် ငှားရမ်းကာ တီနာ၊ တပိုင်၊ ရှောင်ချိုးတို့နှင့်အတူ နန်းတော်ထဲ ဝင်နိုင်ခဲ့သည်။

သူစစ်ဆေးလိုက်သောအခါ နန်းတော်အား ကာကွယ်ထားသော ဝင်္ကပါသုံးခုအား တွေ့လိုက်ရသည်။

ထိုသည်မှာ တာအိုပေါင်းစည်းခြင်းအဆင့် ဝင်္ကပါများဖြစ်ပြီး ပြစ်ချက်များ တွေ့နေရပါသော်လည်း ချိုးဖျက်ရန် မလွယ်ကူလောက်ပေ။

မည်သို့ပင်ဆိုစေကာမူ သူသည်လည်း ရှောင်ချိုးနှင့်အတူ မင်္ဂလာပွဲအား အဖော်လိုက်ပေးရုံဖြစ်ကာ ဝင်္ကပါအား ချိုးဖျက်စရာ မလိုအပ်ပေ။

“ဒီပွဲက ကျွန်တော်တို့ရဲ့ စုကျိုးအင်မော်တယ်ဂိုဏ်းဖွင့်ပွဲကိုတောင် ယှဥ်နိုင်တာပဲ.... ဝုတ်....”

တပိုင် အံ့အားသင့်နေသည်။

“ဒါက ဖန်ဆင်းခြင်းနယ်မြေရဲ့ အရေးကြီး အခမ်းအနားပဲလေ။”

အန်လင်း စကားဆိုလိုက်သည်။

ဖန်ဆင်းခြင်းနယ်မြေမှ ဂိုဏ်းကိုယ်စားလှယ်များစွာမှာ မင်္ဂလာပွဲသို့ ရောက်ရှိနေကြသည်။

ထို့ကြောင့် လူသား၊ ခွေး၊ မျောက်နှင့် နတ်သမီးငယ်တို့ ပါဝင်သော အန်လင်းတို့၏ အဖွဲ့သည်ပင် ထူးထူးခြားခြား ထင်းထွက်မနေပေ။

နှင်းလုံးကြီးတစ်လုံးမှာ ငွေရောင်ဓားမော့အား နှုတ်ဆက်နေသည်ကို ၎င်းတို့တွေ့မြင့်လိုက်ရသည်။

“မဟာဓားမော့ဧကရာဇ်..... မတွေ့တာကြာပြီနော်။ နုပျိုနေတုန်းပါပဲလား။”

ဓားမော့ကြီးမှာ အားပါးတရ ယိမ်းခါသွားသည်။

“ဒါပေါ့။ ငါကမာကြောပြီး ထက်ရှနေတုန်းပဲ။ မြည်းကြည့်ချင်သေးလား။”

နှင်းလုံးကြီး စိတ်လှုပ်ရှားသွားသည်။

“ကောင်းပြီလေ။ ဒီညသွားကြတာပေါ့။ နင့်ဓားကပဲ မာကြောပြီး ထောင်မတ်နိုင်မလား။ ငါ့နှင်းကပဲ ပိုပြီးကျစ်လစ်တင်းကြပ်မလားဆိုတာ....”

(တရုတ်စကားမှာ နှင်းနဲ့ ယောနိက အသံထွက် ဆင်ပါတယ်။)

“ဘီလူးအန်လင်း သူတို့ဘာတွေပြောနေတာလဲ။”

တီနာ မေးမြန်းလိုက်သည်။

“အဟမ်း..... တစ်ယောက်နဲ့တစ်ယောက် စိန်ခေါ်နေကြတာပါ။”

အန်လင်းမှာ အပြစ်ကင်းစင်လွန်းသော တီနာအား သေသေချာချာ မရှင်းပြလိုက်ပေ။

ချင်ဟုနန်းတော်တွင် ထိုကဲ့သို့ ထူးခြားမှုများအား နေရာအနှံ့ တွေ့မြင်နိုင်သည်။

ဖန်ဆင်းခြင်းနယ်မြေတွင် နေထိုင်ကြသူများမှာ အမှန်တကယ် အမျိုးအစား စုံလင်ပေသည်။

ဉာဏ်ရည်မြင့် သတ္တဝါများအပြင် နှင်း၊ ကျောက်ခဲ၊ လက်နက်နှင့် အစားအသောက်များပါ ဉာဏ်ရည်မြင့် သက်ရှိများ ဖြစ်နေကြသည်။

တပိုင်မှာ အကြော်စုံများနောက် လိုက်နေသော အငံမုန့်အားတွေ့ကာ စားချင်စိတ်ကို မနည်းထိန်းနေရသည်။

ဖန်ဆင်းခြင်းနယ်မြေတွင် မြေခွေးမျိုးနွယ်စုသည် သာမန်အဆန်ဆုံး ဖြစ်ပေလိမ့်မည်။

အငံမုန့်တွေက ဘယ်လိုမိတ်လိုက်ကြလဲ.......

အကြော်တွေကရော ဘယ်လိုချစ်ကြတာလဲ.....

တီနာမှာလည်း အားလုံးကို ငေးမောနေမိသည်။

“ကြည့်ရတာ ဒီကသက်ရှိတွေရဲ့ အသိစိတ်ကို ကောင်းကင်ကနေ ချီးမြှင့်ထားတာထင်တယ်။”

အန်လင်းနှင့် တပိုင်မှာ ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

ထိုအချိန်တွင် ရင်ဘတ်တွင် မီးတောက်နေသော ကျောက်ဘီလူးများ ရောက်ရှိလာကြသည်။

အားလုံးမှာ ၎င်းတို့အား အာရုံစိုက်မိလိုက်ကြသည်။

ထိုသည်မှာ ၎င်းတို့၏ အဆင့်အတန်းကြောင့်ပင်။

ရင်ဘတ်တွင် မီးတောက်နေသော ကျောက်ဘီလူးများမှာ နတ်ကျောက်တုံးမျိုးနွယ်စုမှဖြစ်ကာ ဖန်ဆင်းခြင်းနယ်မြေ၏ အဓိကမြို့တော်များထဲမှဖြသစ်သော ကျောက်တုံးမြို့တော်အား ကြီးစိုးကြသည်။

မြေခွေးမျိုးနွယ်စု အကြီးအကဲများမှာ အလျက်အမြန်ပင် လာရောက်နှုတ်ဆက်လိုက်ကြသည်။

ထိုအချိန်တွင် ကျောက်ဘီလူးတစ်ကောင်မှာ အန်လင်းအားကြည့်ကာ မျက်မှောင်ကျုံ့လိုက်သည်။

“ဘာဖြစ်လို့လဲ ဟုန်ဒူ....”

၎င်း၏ဘေးမှ ကျောက်ဘီလူး မေးမြန်းလာသည်။

“ဘာမှမဟုတ်ပါဘူး။ ရင်းနှီးနေတဲ့သူကို တွေ့လိုက်မိသလို ဖြစ်သွားလို့ပါ။”

ဟုန်ဒူ တုံ့ပြန်လိုက်သည်။

“ဘယ်သူလဲ။”

အခြားကျောက်ဘီလူး စိတ်ဝင်စားသွားသည်။

“အာ.... ကျွန်တော် လူမှားတာနေမှာပါ။”

ဟုန်ဒူ ခေါင်းခါပြလိုက်သည်။

အန်လင်း အဘယ့်ကြောင့် မင်္ဂလာပွဲ တက်ရောက်လာသည်ကို မသိရပါသော်လည်း ယခုအချိန်သည် ပြန်လည်တွေ့ဆုံနှုတ်ဆက်သင့်သော အချိန်ကောင်း မဟုတ်သေးပေ။

နှစ်နာရီခန့် ကြာပြီးနောက်......

နန်းတော်ထဲတွင် ဧည့်သည်တော် သိန်းနှင့်ချီ ရှိနေလေပြီ။

နန်းတော်အလယ်၌ အဖြူရောင် သလင်းကျောက်ဖြင့် ပြုလုပ်ထားသော ခန်းမဆောင်ကြီးတစ်ခု ပေါ်ထွက်လာသည်။

တစ်ချိန်တည်းမှာပင် ခမ်းနားသော အလင်းများနှင့်အတူ သာယာငြိမ့်ညောင်းသော ဂီတသံအား ကြားလိုက်ရသည်။

အခမ်းအနား စတင်ပြီပင်။

အားလုံးမှာ အဖြူရောင် ခန်းမအား လှမ်းကြည့်လိုက်ကြသည်။

အန်လင်းတို့သည်လည်း ပရိသတ် အရှေ့ဆုံးသို့ တိုးဝှေ့သွားလိုက်ကြသည်။

စောင့်မျှော်နေခဲ့ရသော မင်္ဂလာပွဲမှာ စတင်ခဲ့ပြီပင် ဖြစ်တော့သည်။

All Chapters