← Chapters

ဘဲရုပ်ဆိုးနှင့် ငန်းဖြူလေး

Vol. 72 Ch. 1002

ဘဲရုပ်ဆိုးနှင့် ငန်းဖြူလေး

Vol. 72 Ch. 1002

အဖြူရောင် ခန်းမအား အာလုံး စိတ်ဝင်စားနေကြသည်။

ကော်ဇောနီကိုလည်း ခင်းကျင်းလိုက်လေသည်။

ကော်ဇောနီ တစ်ဖက်စီတွင် အပြာရောင် ဝတ်စုံနှင့် မြေခွေးမလေးများ ရာနှင့်ချီ ရှိနေကြသည်။

ခန်းမအလယ်တွင် မြေခွေးဖြူငါးကောင်နှင့် မြေခွေးနက်လေးကောင်အား တွေ့မြင်နိုင်သည်။

ထိုသည်မှာ သတို့သား၊ သတို့သမီးတို့၏ ဆွေမျိုးများပင်။

မြေခွေးမျိုးနွယ်စု၏ အင်အားအကြီးဆုံး မြေခွေးများဖြစ်သော မြေခွေးစိမ်းမျိုးနွယ်စုသည်လည်း မင်္ဂလာပွဲတွင် ဘိသိက်ဆရာအဖြစ် ဆောင်ရွက်ရန် အကြီးအကဲ တစ်ဦးအား စေလွှတ်ခဲ့သည်။ ၎င်းသည် တန်ဖိုးကြီးသော အစိမ်းရောင် ပုတီးစေ့အားကိုင်ကာ လေထဲတွင် ရပ်နေလေသည်။

“မိတ်ဆွေသင်္ဂဟအပေါင်း မင်္ဂလာအပေါင်းနဲ့ ခညောင်းကြပါစေ။ ကျွန်တော်ကတော့ ချင်းရင်ဟုလို့ ခေါ်ပါတယ်။ ဒီနေ့မှာ အားလုံးစောင့်မျှော်နေကြတဲ့ မင်္ဂလာပွဲလေးကို ကျင်းပပေးမယ့်သူပါ။”

ထို့နောက် မင်္ဂလာပွဲတွင် အရေးပါသောသူများအား မိတ်ဆက်ပေးလာသည်။

အန်လင်းသည် အံ့ဖွယ်အာရုံအားဖြန့်ကာ စစ်ဆေးလိုက်သောအခါ ခန်းမထဲတွင် ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ အယောက်သုံးဆယ်ကျော်ရှိပြီး ထိုထဲတွင် မြေခွေးဖြူမျိုးနွယ်မှ တစ်ဦး၊ မြေခွေးနက်မျိုးနွယ်မှ တစ်ဦး၊ မြေခွေးစိမ်းမျိုးနွယ်မှ တစ်ဦးနှင့် ဖန်ဆင်းခြင်နယ်မြေမှ နှစ်ဦး ပါဝင်သည်။

ထိုအရေအတွက်အား လျှော့တွက်၍မရပေ။

ရှောင်ချိုး လက်လျှော့သွားလို့ တော်သေးတာပေါ့.... မဟုတ်ရင်တော့ တကယ်ပြဿနာပဲ.....

“ထူးဆန်းလိုက်တာ။ တစ်ယောက်ယောက်က ငါ့ကိုကြည့်နေသလိုပဲ။”

အန်လင်းမှာ ပတ်ဝန်းကျင်အား ကြည့်ရှုလိုက်ပါသော်လည်း မသင်္ကာဖြစ်စရာ မတွေ့မိပေ။

ဟုန်ဒူသည် အန်လင်း၏ အကြည့်အား အလျင်အမြန် ရှောင်လွှဲလိုက်နိုင်သည်။

အဓိပ္ပါယ် မရှိလိုက်တာ..... အန်လင်းက ဘာလို့ဒီကိုရောက်နေတာလဲ.....

ဟုန်ဒူမှာ နားမလည်နိုင် ဖြစ်နေမိသည်။ အန်လင်းအား သွားရောက်နှုတ်ဆက်ချင်စိတ်ကိုလည်း ထိန်းချုပ်ထားရသည်။

ဟုန်ဒူမှာ အမှန်တကယ် အတွေးများနေရလေသည်။

မြေခွေးနှစ်ကောင် မင်္ဂလာဆောင်တာ အန်လင်းနဲ့ ဘာဆိုင်လို့လဲ.... အရင်လိုမျိုး ထူးထူးဆန်းဆန်းတွေ ထပ်လုပ်ဦးမလို့လား.....

အဲ့လိုဆိုလည်း မြေခွေးမင်းသမီး ပိုင်ယောင်နဲ့ မြေခွေးမင်းသား ချန်းနန်က အန်လင်းနဲ့ ဘာပက်သတ်လို့လဲ....

ဒါမှမဟုတ် အန်လင်းနဲ့ ပိုင်ယောင်ကြားမှာ လျှို့ဝှက်ချက်တွေ ရှိနေတာများလား.....

ဟုန်ဒူ အသက်ရှူသံများ ပြင်းသွားရသည်။

စိတ်ထဲတွင်လည်း အန်လင်း၏ လျှို့ဝှက်ချက်အား သိလိုက်သလို ခံစားလိုက်မိသည်။

အန်လင်းက မင်းသမီး ပိုင်ယောင်ကို ခိုးပြေးချင်နေတာပဲ.....

ဘုရားရေ.... ဒီကောင် ရဲတင်းလှချည်လား.....

ဟုန်ဒူ စိတ်လှုပ်ရှားသွားသည်။

မည်သို့ပင်ဆိုစေကာမူ သူနှင့်အန်လင်းသည် မိတ်ဆွေများအဖြစ် သတ်မှတ်နိုင်သည်ပင်။

.......

အဖြူရောင် ခန်းမထဲ၌

ပိုင်မုယွီမှာ ဘေးတွင်ရှိနေသော မြေခွေးနက်အား ကြည့်ရှုလိုက်သည်။

“ခမည်းခမက် ချန်းဟောင်.... သားမက်လေး ချန်းနန်က မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်ကို အဆင့်တက်သွားပြီဆို။”

အရပ်မြင့်မြင့်နှင့် မြေခွေးနက်မှာ နှာခေါင်းရှုံ့လိုက်သည်။

“အဲ့ဒါ ဘာဖြစ်လို့လဲ။”

ပိုင်မုယွီ ပြုံးကာပြောလာသည်။

“ဂုဏ်ပြုပေးသင့်တာပေါ့။”

ချန်းဟောင်မှာ မည်သည့်စကားမှ ပြန်မပြောပေ။

“အားလုံးပဲ မြေခွေးမျိုးနွယ်စုရဲ့ နံပါတ်တစ် ပါရမီရှင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် မင်းသားလေး ချန်းနန်ကို ကြိုဆိုလိုက်ကြပါဦး။”

ချင်းရင်ဟု စကားဆိုလိုက်သည်။

မြေခွေးမလေးများ၏ ရင်ခုန်သံများနှင့်အတူ လက်ခုပ်သံများလည်း ပဲ့တင်ထပ်သွားသည်။

အနက်ရောင်ဝတ်စုံနှင့် အမျိုးသားတစ်ဦး နန်းတော်ထဲမှ ထွက်ခွာလာသည်။

၎င်းသည် ချောမောခန့်ညားလွန်းသောကြောင့် မြေခွေးမလေးများအပြင် မင်္ဂလာပွဲသို့ ရောက်ရှိနေသော အမျိုးသား ဧည့်သည်တော်များပါ ငေးမောသွားကြသည်။

ထိုထဲတွင် အန်လင်း မပါဝင်ခဲ့ပေ။

သူသည် အစ်ကိုကြီးချန်နှင့် ခင်မင်နေသောကြောင့် ရုပ်ချောခြင်းအား အသားကျနေပြီ ဖြစ်သည်။

အလှတရားအား နှစ်သက်ကြသော မြေခွေးမျိုးနွယ်စု ဖြစ်သောကြောင့် ချန်းနန်အား အားပါးတရ အားပေးလိုက်ကြသည်။

ချန်းနန် ခပ်ဖွဖွပြုံးကာ ခန်းမအလယ်သို့ လျှောက်လာခဲ့သည်။

ပရိသတ်များအားလုံးမှာ ၎င်းထံမှ အကြည့်မလွှဲနိုင်ကြပေ။

အန်လင်း အေးစက်စွာ ခနဲ့လိုက်သည်။

“မြေခွေးမတွေက အဲ့လိုကောင်ကို ကြိုက်ကြတာလား။ ငါသာ ဝတ်ကောင်းစားလှ ဝတ်စားလိုက်ရင် သူ့ထက်ပိုချောတယ်။”

တပိုင် သဘောတူလာသည်။

“ဟမ့်... ဒီကောင်က ပိုင်ယောင်နဲ့ မတန်ပါဘူး။ စိတ်မညစ်နဲ့ အစ်ကိုကြီးချိုး.... အစ်ကိုကြီးသာ လိုချင်ရင် ဒီမြေခွေးမလေးတွေတောင် အစ်ကိုကြီးရှေ့ ဒူးထောက်ကုန်ရလိမ့်မယ်..... ဝုတ်။”

၎င်းတို့မှာ ရှောင်ချိုးအား တစ်ချက်မျှ ကြည့်ရှုလိုက်ကြသည်။

ထိုစကားများမှာ ရှောင်ချိုးအား အားပေးနေခြင်းသာ။

ရှောင်ချိုးသည် ချန်းနန်အား ဂရုပင် မစိုက်ပဲ အဖြူရောင်ခန်းမနောက်မှ နန်းတော်ကြီးကိုသာ အာရုံစိုက်နေသည်။

ချင်းရင်ဟု ကြေညာလိုက်ပြန်သည်။

“အဲ့ဒါဆိုရင် မြေခွေးမျိုးနွယ်စုရဲ့ ထိပ်တန်းပါရမီရှင် ယောက်ျားလေးတိုင်းရဲ့ အိပ်မက်ပျို မင်းသမီး ပိုင်ယောင်ကို ကြိုဆိုပေးကြပါဦး။”

လက်ခုပ်သံများ ပဲ့တင်ထပ်သွားပြန်သည်။

အန်လင်း မျက်နှာပျက်သွားသည်။

ဒီကောင် ကြေညာပုံတွေကလည်း ရိုးလွန်းလိုက်တာ...... အရေးကြီးတဲ့ မင်္ဂလာပွဲကို ဘယ်လိုတွေ လုပ်နေတာလဲ....

အဖြူရောင် ပုံရိပ်တစ်ခု နန်းတော်ထဲမှ ထွက်လာသည်။

သူမသည် အဖြူရောင် မင်္ဂလာဝတ်စုံနှင့်အတူ တော်ဝင်သရဖူအား ဆင်မြန်းထားကာ ဒေါက်မြင့်ဖိနပ်တစ်စုံမှာ သူမ၏ အလှတရားအား ပြီးပြည့်စုံသွားစေသည်။

ပိုင်ယောင်သည် ကော်ဇောနီမှတဆင့် ဖြည်းညင်းစွာ လျှောက်လှမ်းလာသည်။

ပရိသတ်များမှာ ပါးစပ်အဟောင်းသားဖြစ်ကာ ငေးမောနေကြလေသည်။

ချန်းနန်မှာမူ ပြုံးကာစောင့်ဆိုင်းနေသည်။

“သူမက အိပ်မက်ထဲက နတ်မိမယ်လေးလိုပဲ။”

“အား..... သခင်လေး ချန်းနန်ကလည်း အရမ်းချောတယ်။”

“မင်းသမီး ပိုင်ယောင်က လှလွန်းတော့ မင်းသားလေးကို နှမြောမိပေမယ့် လက်လွှတ်ရတာ တန်ပါတယ်။”

“သူတို့က နတ်ဖတ်တဲ့ဖူးစာပဲ။”

ဧည့်သည်တော်များအားလုံးမှာ သတို့သားနှင့် သတို့သမီးအား သဘောကျနေကြသည်။

ထိုနှစ်ဦးသည် လိုက်ဖက်ညီလွန်းလှသည် မဟုတ်လော။

ရှောင်ချိုးသည် ပိုင်ယောင်အားကြည့်ကာ အတိတ်ကို ပြန်လည်မြင်ယောင်လာပြီး ပတ်ဝန်းကျင်မှ စကားများကိုလည်း နားကလောနေမိသည်။

သူတို့က တကယ်နတ်ဖတ်တဲ့ဖူးစာပဲ.....

ငါတို့ကတော့ ဘဲရုပ်ဆိုးနဲ့ ငန်းမလေးလိုပဲ.....

ငန်းဖြူမလေးက ဘဲရုပ်ဆိုးကို ဘယ်ကြိုက်မှာလဲ.... ငန်းနက်မင်းသားလေးကိုပဲ သဘောကျမှာပေါ့.....

အဲ့ပုံပြင်ကို ငါလည်း သိနေတာပဲမလား.....

ပုံပြင်ထဲတွင် ဘဲရုပ်ဆိုးလေးသည် ငန်းတစ်ကောင်အဖြစ် ကြီးပြင်လာခဲ့သည်။

ထိုပုံပြင်မှာ လှပလွန်းပေသည်။

ရှောင်ချိုးသည် ငယ်ဘဝတွင် ဘဲရုပ်ဆိုးတစ်ကောင် ဖြစ်ခဲ့သည်။

အရွယ်ရောက်လာသောအခါ ပို၍ပင် ရုပ်ဆိုးသွားလေသည်။

ရှောင်ချိုးသည် ငန်းတစ်ကောင် ဖြစ်မလာခဲ့ပေ။

နတ်သမီးပုံပြင်များမှာ အလိမ်အညာများသာ ဖြစ်သည်။

ယနေ့တွင် ငန်းဖြူမလေးသည် ငန်းနက်မင်းသားလေးအား လက်ထပ်တော့မည် ဖြစ်သည်။

ပိုင်ယောင်သည် ခန်းမအလယ်သို့ ဖြည်းညင်းစွာ ရောက်ရှိလာသည်။

သူမ ဧည့်သည်တော်များအား ကြည့်ရှုလိုက်သည်။

ဧည့်သည်တော်များမှာ ထိုအကြည့်ကြောင့် အသက်ရှူပင် မှားကုန်ရသည်။

ထို့နောက် ပိုင်ယောင်၏ အကြည့်များမှာ တစ်နေရာတွင် ရပ်တန့်သွားသည်။

သူမသည် ထိုသူအား အလွယ်တကူ ရှာဖွေနိုင်ခဲ့သည်။

သူမ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်။

“ရှာတွေ့ပြီ။”

ငန်းဖြူမလေးသည် မျက်နှာဖုံး တပ်ထားသော ဘဲရုပ်ဆိုးအား ရှာတွေ့ခဲ့ပြီပင်။

All Chapters