သတို့သမီးအားခိုးပြေးခြင်း
Vol. 72 Ch. 1003
ရှာတွေ့ပြီ......
ထိုစကားမှာ အန်လင်း၊ တပိုင်နှင့် တီနာတို့အား ငြိမ်သက်သွားစေသည်။
ရှောင်ချိုးမှာ ခန္ဓာကိုယ် တစ်ခုလုံး တုန်လှုပ်သွားလေသည်။
ဧည့်သည်တော်များလည်း ကြောင်တောင်တောင် ဖြစ်သွားကြရသည်။
“ယောင်လေး ဘယ်သူ့ကို တွေ့လို့လဲ။”
ပိုင်မုယွီ မျက်မှောင်ကျုံ့လိုက်သည်။
“သူငယ်ချင်းဟောင်းတစ်ယောက်ပါ။”
ပိုင်ယောင် ခပ်ဖွဖွ ပြုံးလိုက်သည်။
သူမသည် များပြားလှသော ဧည့်သည်တော်များရှေ့တွင် သူမ၏ ခံစားချက်အား သိသိသာသာ ဖော်ထုတ်ပြသရခြင်းမှာ အဘယ့်ကြောင့်နည်း။
ဘယ်လိုသူငယ်ချင်းဟောင်းမျိုးလဲ.....
ခန်းမအတွင်းရှိ မြေခွေးများမှာ မျက်စိမျက်နှာ ပျက်ကုန်ကြသည်။
သို့သော် ၎င်းတို့အနေဖြင့် မေးမြန်းခွင့် မရှိပေ။
ချန်းနန်မှာလည်း ထိုသည်ကို စိတ်ထဲထားပုံ မရပေ။
မင်္ဂလာပွဲမှာ ရှေ့ဆက်ခဲ့လေသည်။
ရှောင်ချိုးမှာ လက်သီးများအား တင်းကြပ်နေအောင် ဆုပ်ထားသည်။
ပိုင်ယောင်၏ စကားတစ်ခွန်းသည် သူ၏နှလုံးသားအား ခံစားရစေပြီး ခန်းမအလယ်သို့ ခုန်ပေါက်သွားချင်စိတ်များ ဖြစ်ပေါ်နေရသည်။
“အစ်ကိုကြီးအန် ကျွန်တော်.....”
“မင်းသူမဆီ သွားချင်တာလား။”
“အာ.....”
ရှောင်ချိုး အန်လင်းအား လှည့်ကြည့်လာသည်။
အန်လင်းမှာ မိစ္ဆာရှင်းဓားကိုပင် ကိုင်ဆောင်ထားလေပြီ။
အန်လင်း ပြုံးကာပြောလိုက်သည်။
“မင်းသူမကိုခေါ်ပြီး ထွက်ပြေးချင်လား။ ငါတို့ ကူညီပေးဖို့ အသင့်ပဲ။”
“အစ်ကိုကြီးချိုးကို ပြောသားပဲ။ ချန်းနန်က ပိုင်ယောင်နဲ့ မတန်ပါဘူး။ အစ်ကိုကြီးတို့ကမှ နတ်ဖတ်တဲ့ဖူးစာပဲ။”
တပိုင် တက်ကြွစွာ ပြောလိုက်သည်။
တီနာလည်း ထောက်ခံလိုက်သည်။
“အစကတော့ တစ်ဖက်သတ်အချစ်လို့ ထင်ထားတာ။ ဒါပေမယ့် ရှောင်ချိုး မျက်နှာဖုံး တပ်ထားတာတောင် ပိုင်ယောင်က လွယ်လွယ်ကူကူ ရှာတွေ့သေးတယ်။ ဒါကမှ တကယ့်အချစ်စစ်ပဲ။ နင်တို့အတွက် ငါလည်းတိုက်ခိုက်ပေးချင်တယ်။”
ရှောင်ချိုး မျက်ရည်ဝဲသွားသည်။
မလှမ်းမကမ်းတွင်ရှိသော ဟုန်ဒူသည်လည်း စိတ်လှုပ်ရှားနေသည်။
ပိုင်ယောင်က အန်လင်းကို တွေ့သွားတာပဲ ဖြစ်ရမယ်.....
သူတို့က တကယ်ကြီး ပက်သတ်နေတာပဲ.....
သောက်ကျိုးနည်း.....
သတို့သမီးကို ခိုးသွားတော့မယ်ထင်တယ်....
ထိုအတွေးကြောင့် ဟုန်ဒူ၏ မီးတောက်မှာ ပိုမိုတောက်ပလာသည်။
ရှောင်ချိုးမှာ မင်္ဂလာခန်းမအား လှမ်းကြည့်လိုက်သည်။
ပိုင်ယောင်နှင့် ချန်းနန်တို့မှာ မျက်နှာချင်းဆိုင် ရှိနေပါသော်လည်း သူ၏နှလုံးသားများ မပူလောင်တော့ပေ။
ပိုင်ယောင်သည်လည်း သူ့အပေါ် ချစ်ခင်နှစ်သက်ကြောင်း သူခံစား၍ ရနေသည်။
သူသည် မြေခွေးစိမ်းသစ်သီးများ အရူးအမူး စားခဲ့စေကာမူ သူမအပေါ် လက်မလျှော့ခဲ့သောကြောင့် မင်္ဂလာပွဲသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။
ချန်းနန်သည် အမှန်တကယ် ချောမောခန့်ညားကြောင်း ရှောင်ချိုး ဝန်ခံရပေလိမ့်မည်။
ပိုင်ယောင်နှင့် ချန်းနန်တို့သည် နတ်ဖတ်သောဖူးစာလို လိုက်ဖက်ညီလှသည်။ သူနှင့် ပိုင်ယောင်သာဆိုပါက အများစု၏ လှောင်ပြောင်ခြင်းကိုသာ ခံရလောက်ပေသည်။ ထိုသို့လိုက်ဖက်လွန်းလှသော မင်္ဂလာပွဲအား ဖျက်စီးမိပါက ကောင်းကင်ဘုံ၏ အပြစ်ပေးခြင်းကိုပင် ခံရနိုင်သည်။
“ရှောင်ချိုး မြန်မြန်ဆုံးဖြတ်တော့....”
အန်လင်း သတိပေးလိုက်သည်။
“လေဟာနယ်ကို ဖြတ်သွားနိုင်တဲ့ ကျင့်စဥ် ငါ့မှာရှိတယ်။ ဟင်းလင်းပြင်သို့အပြန် အဆင့်တွေတောင် မနည်းလိုက်လာရမှာ။”
တီနာ စကားဆိုလာသည်။
ရှောင်ချိုးမှာ ခန်းမထဲရှိ ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူများအားကြည့်ကာ ခေါင်းခါပြလိုက်သည်။
“နည်းနည်းလောက် ထပ်စောင့်ကြတာပေါ့။”
ထိုအချိန်တွင် မင်္ဂလာတေးသံများ လွင့်ပျံလာသည်။
သတို့သားနှင့် သတို့သမီး အပြန်အလှန် ကျိန်ဆိုကတိပြုကြတော့မည်ပင်။
ချင်းရင်ဟု လေးလေးနက်နက် စကားဆိုလိုက်သည်။
“မြေခွေးနက်ချန်းနန်.... ပိုင်ယောင်ကို ဇနီးမယားအဖြစ် လက်ခံပါသလား။ ဆင်းရဲနေပါစေ၊ ရောဂါထူပြောနေပါစေ၊ နောက်ဆုံး သေဆုံးရမယ့် အချိန်ထိ သေတဖန် သက်တဆုံး ချစ်ခင်မြတ်နိုးသွားပါ့မယ်လို့ ကျိန်ဆိုရဲပါသလား။”
ပန်းပွင့်ချပ်များ ကောင်းကင်ထက်မှ ကျဆင်းလာသည်။
ရှောင်ချိုး အသက်ရှူသံများ မြန်လာရသည်။
အန်လင်းမှာ အသင့်ပြင်ထားပြီဖြစ်ကာ ရှောင်ချိုး၏ သဘောတူညီချက်တစ်ခုသာ လိုအပ်တော့သည်။
တီနာသည်လည်း လက်သင်္ကေတများ ပြောင်းလဲနေလေပြီ။
ဧည့်သည်တော်များလည်း ချန်းနန်၏ စကားအား စောင့်ဆိုင်းနေကြသည်။
ချန်းနန် ပြုံးကာပြောလိုက်သည်။
“မကျိန်ဆိုနိုင်ပါဘူး။”
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်သွားရသည်။
ပန်းပွင့်ချပ်များပါ အေးခဲသွားသယောင် ထင်မှတ်ရလေသည်။
ပိုင်ယောင်၏ အပြုံးလည်း ရပ်တန့်သွားသည်။
ဧည့်သည်တော်များမှာ နားကြားလွဲသွားသလိုဖြစ်ကာ အူကြောင်ကြောင် ဖြစ်ကုန်သည်။
ချင်းရင်ဟုလည်း ပါးစပ်အဟောင်းသား ဖြစ်နေသည်။
သောက်ကျိုးနည်း.... ဘယ်လိုအဖြေကြီးလဲ....
အခုငါဘာလုပ်သင့်လဲ.....
အန်လင်းသည်လည်း နားမလည်နိုင် ဖြစ်သွားရသည်။
ငါတို့တောင် ဘာမှမလုပ်ရသေးဘူးလေ... ဘာတွေဖြစ်ကုန်တာလဲ....
ရှောင်ချိုးမှာ တိုက်ပွဲစိတ်ဆန္ဒများ ထကြွလာသည်။
သူသည် ချန်းနန်၏ အဖြေအပေါ် ဝမ်းသာသင့်ပါသော်လည်း အလွန်အမင်း စိတ်တိုကာ ၎င်းအားသမပစ်ချင်လာသည်။
“မင်းဘာပြောလိုက်တာလဲ။”
ပိုင်မုယွီ မျက်နှာပျက်သွားရသည်။
ချန်းနန် နှာခေါင်းရှုံ့လိုက်သည်။
“ခင်ဗျား သမီးက သူမရဲ့ အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်အတွက် ကျုပ်ရဲ့ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်ကို လိုနေတာလေ။”
ခန်းမတစ်ခုလုံး ထိုစကားအား ကြားလိုက်ကြသည်။
အားလုံးမှာ မယုံကြည်နိုင် ဖြစ်ကုန်ရလေသည်။
ဒီလိုလျှို့ဝှက်ချက်တွေ ရှိနေတာလား......
ဒါပေမယ့် အခုမှ ဘာလို့ထုတ်ပြောရတာလဲ.....
“ချန်းနန် ဘာတွေလျှောက်ပြောနေတာလဲ။”
ပိုင်မုယွီ ဒေါသထွက်သွားသည်။
ချန်းနန်မှာ ပိုင်မုယွီအား ဂရုပင် မစိုက်ပေ။
“ခင်ဗျားအကြောင်း အားလုံးသိအောင် ပြောပြနေတာလေ။ ကျုပ်ပိုင်ယောင်ကို မချစ်ဘူး။ ဒီလက်ထပ်ပွဲက ကျုပ်ဖိအားပေးခံရတာ။”
ဝုန်း....
ထိုစကားများမှာ မိုးကြိုးသွားလိုပင်။
အန်လင်း မျက်လုံးပြူးနေသည်။
ပိုင်ယောင် မဟုတ်ပဲ ချန်းနန်က ဖိအားပေးခံရတာလား....
ပိုင်ယောင် ကျယ်လောင်စွာ ရယ်မောလာသည်။
“နောက်ဆုံးတော့ နင်ပြောလာပြီပေါ့။ ငါလည်း ပြောပါရစေဦး။ ငါဘယ်တုန်းကမှ....”
ဝုန်း....
ကောင်းကင်နှင့် မြေပြင်မှာ ရုတ်တရက် တုန်ခါသွားသည်။
ကြောက်မက်ဖွယ် အရှိန်အဝါနှစ်ခု ပေါက်ကွဲသွားလေသည်။
ဟင်းလင်းပြင်သို့အပြန်အဆင့် ကျင့်ကြံသူ နှစ်ဦးမှာ ခန်းမတစ်ခုလုံးအား အကာအရံများ ချပစ်လိုက်သည်။
အပြာရောင် ငါးမြှီးနှင့် ရေသူမမှာ မျက်ရည်အဝဲသားဖြင့် အော်ဟစ်လိုက်သည်။
“ချန်းနန် အချစ်လေး ကျွန်မလာပြီ။”
အန်လင်းမှာ ဦးနှောက်ပျက်သွားသလို ထင်မှတ်လိုက်မိသည်။
အရာအားလုံးမှာ ထင်မှတ်ထားသည်နှင့် လွဲချော်နေလေသည်။
ဝိဥာဥ်ငါးကလန်မှ ရေသူမတစ်ကောင်မှာ ၎င်းတို့ထက်အရင် သတို့သားအား ခိုးပြေးတော့မည်ပင် ဖြစ်သည်။