← Chapters

အပိုင်း(၅၁၁)

Vol. 35 Ch. 511

အပိုင်း(၅၁၁)

Vol. 35 Ch. 511

“မင်း..မင်း.”

ရှစ်ဖုန့်  ပြတ်တောင်းပြတ်တောင်းပြောလိုက်သည်။

“ဘာဖြစ်လို့လဲ.ရှစ်ဖုန့်လေး.. မင်းအရမ်းအားနည်းနေတယ်..စကားမပြောနဲ့. လူတစ်ယောက်သေကာနီးအချိန်ကြရင် …စကားတွေပြောတာနဲ့မကြာခင်

သေရလိမ့်မယ်လို့ငါကြားဖူးတယ်.. “

ရှစ်ဖုန့်စကားအားပြတ်တောင်းပြတ်

တောင်းပြောနေသည်ကို  မြင်တွေ့ရသောအခါတွင် ကျိမို့က  စိုးရိမ်တကြီးပြောလိုက်သည်။

“မင်း.ငါ့ကို..လှုပ်နေတာ..ရပ်လိုက်. မင်း…ငါ့ကို..ဆက်လှုပ်ခါ….နေရင်.. ငါ.တကယ်သေသွားလိမ့်မယ်”

သေမယ် ဟူသာစကားလုံးအား အားနည်းစွာပြောဆိုပြီးနောက်  ရှစ်ဖုန့်၏မျက်လုံးတို့ပိတ်သွားပြီး ထပ်မံမေ့မြောသွားသည်။

“အား..အား”

ကျိမမို့မှာ ရှစ်ဖုန့်၏ စကားတို့အားကြားလိုက်ရပြီး ထပ်မံမေ့သွားသည်ကိုတွေ့လိုက်ရသည်။ သူ၏လှပသောမျက်နှာလေးက

ထပ်မံဖြူဖျော့သွား၏။

“ရှစ်ဖုန့်လေး. ထပ်ပြီးအိပ်မောမကျသွားပါနဲ့. ငါနင့်ကိုထပ်ပြီးမလှုပ်တော့ပါဘူး…

ငါအဲ့လိုမရည်ရွယ်ပါဘူး.မသေပါနဲ့”

“ရှစ်ဖုန့်လေး.ငါလှုပ်လိုက်တာကြောင့်.

နင်သေတော့မှာလား.အဲ့လိုသာဆိုရင် ငါ အပြစ်ရှိသလိုခံစားရလိမ့်မယ်”

“ရှစ်ဖုန့်လေး.. နင့်ဒဏ်ရာတွေကို ငါပတ်တီးစည်းပေးစေချင်လား..ဒါပေမဲ့ငါဘယ်လိုပတ်တီးစည်းပေးရမလဲဆိုတာ

ကိုမသိဘူးရယ်”

“ရှစ်ဖုန့်လေး..ထပါအုံး.ငါ့ကိုမခြောက်ပါနဲ့.. နင်ဒီကိုလာခဲ့ရတာက ငါကျိရှောင်းကိုရှောင်တာကြောင့်ပါ. အဲ့တာကြောင့်နင်ဒီလိုဖြစ်သွားရတာပါ.. နင်ထိခိုက်လို့မဖြစ်ဖူး”

“ရှစ်ဖုန့်လေး..”

တောအုပ်အတွင်းကျိမို့၏အ

လန့်တကြားအော်သံလေးက ထပ်ခါထပ်ခါပဲ့တင်ထွက်ပေါ်နေသည်။

“ဝေါင်း”

ကျားဖြူ၏အော်သံကလည်းထွက်ပေါ်လာ၏။

…………………..

ကောင်းကင်က ဖြည်းဖြည်းချင်းမည်းမှောင်လာသည်။ထို့နောက် လျှပ်ပန်းလျှပ်နွယ်များကတ

လက်လက်ထလာပြီး မိုးချုန်းသံများကလည်း ထွက်ပေါ်လာ၏။နတ်ဆိုးသားရဲတောအုပ်အတွင်းလေပြင်းမုန်တိုင်းများတိုက်ခတ်လာကာ မိုးသီးမိုးပေါက်များကလည်းသည်း

ထန်စွာရွာသွန်းလာသည်။

အဖြူလေးက သတိမေ့နေသောရှစ်ဖုန့်နှင့်ကျိမို့

တို့အားသယ်ဆောင်၍  မုန်တိုင်းအား ပုန်းရှောင်ရန် ဂူတစ်လုံးထဲသို့ ခေါ်ဆောင်လာသည်။

ဂူအတွင်း၌ ဘာမီးပုံမှရှိမနေချေ။ ဘာကိုမှသိခြင်းမရှိသောကျိမိုအတွက် ပင်ကိုယ်အားဖြင့် မီးဘယ်လိုမွှေးရမည်ဆိုသည်ကိုလည်းမသိပေ။ အဖြူလေးက  ရှစ်ဖုန့်နှင့်ကျိမို့တို့အား ဂူအတွင်းခေါ်ဆောင်လာခဲ့ပြီးနောက် တစ်ကောင်တည်းဂူအပြင်ပြန်ထွက်သွားသည်။ မုန်တိုင်းအတွင်း ထင်းခြောက်များအား၎င်းအနေဖြင့် မည်သည့်နေရာကရှာတွေ့ခဲ့မှန်း

ကိုမည်သူမျှမသိချေ။

မီးကလည်းအဖြူလေး ဖန်တီးခဲ့ခြင်းပင်ဖြစ်သည်။

လွန်စွာထိခိုက်ဒဏ်ရာရရှိထားသောရှစ်ဖုန့်က ဂူအတွင်းလဲလျောင်းနေသည်။ ကျိမို့က ရှစ်ဖုန့်၏ဘေး၌ရှိနေပြီး ရှစ်ဖုန့်၏ဒဏ်ရာများအား အဝတ်ဖြူတို့ဖြင့်ကို့ရို့ကားယား ပတ်စည်းပေးထားသည်။ မကြာခင်  ရှစ်ဖုန့်၏ဦးခေါင်း၌ရှုပ်ထွေး

နေသောအဝတ်တို့ဖုံးလွှမ်းနေ၏။

“အူး”

ရှုပ်ထွေးနေသော အဝတ်များအောက်မှ ရှစ်ဖုန့်၏ပင့်သက်ရှိုက်သံကိုကြား

ရနိုင်သည်ဖြစ်သည်။ ထို့နောက် သူ၏အားနည်းသောအသံ

ထပ်မံထွက်ပေါ်လာ၏။

“လျှော့ပေးအုံး..အရူးမလေး.. မင်းစည်းပေးထားတာ အရမ်း တင်းနေပြီ..ငါ..ငါအသက်ရှူလို့မရဘူး”

“အား”

ရှစ်ဖုန့်၏ စကားတို့အားကြားရသောအခါတွင်ကျိမို့ အလန့်တကြားအော်လိုက်သည်။ ထို့နောက် ရှစ်ဖုန့်၏မျက်နှာအားစတင်ပတ်တီးစည်းလိုက်၏။ ရုတ်ခြည်း ရှစ်ဖုန့်၏မျက်နှာထက်ရှိ အဖြူရောင်အဝတ်တို့ကပို၍ ရှုပ်ထွေးသွားသည်။

“ရှစ်ဖုန့်လေး.နင်ဘယ်လိုနေသေးလဲ.. ပိုကောင်းလာပြီလား.. နင်အခုအသက်မှန်မှန်ရှူလို့ရပြီလား.

ခဏမျှလုပ်ဆောင်ပြီးနောက်  ကျိမို့ကရှစ်ဖုန့်အား စိုးရိမ်စွာဖြင့်မေးလိုက်သည်။

“မင်း.အနားယူသင့် တယ်. မင်းဒီလိုလုပ်ပေးဖို့မလိုပါဘူး”

ရှစ်ဖုန့်၏ အားနည်းသောအသံကထပ်မံ

ထွက်ပေါ်လာသည်။

“ဟင့်အင်း.ငါမပင်ပန်းပါဘူး.ရှစ်ဖုန့်လေး. နင်ဒီလိုမျိုးဖြစ်ရတာငါ့ကြောင့်ပါ. နင့်ကိုဂရုစိုက်ပေးရမှာ ငါ့တာဝန်ပဲ. ငါမပင်ပန်းပါဘူး”

ကျိမို့က ပြတ်သားစွာပြောလိုက်သည်။

အဝတ်ဖြူများအောက်၌ရှစ်ဖုန့်မှာ အာစေးမိနေသည်။ ရှစ်ဖုန့်သူ့အားပတ်တီးစည်းခြင်း

ကိုရပ်ရန်ပြောရခြင်းမှာ  သူ့အားပို၍ အနှောက်အယှက်မဖြစ်စေလို၍ဖြစ်သည်။ သို့သော်  သူ၏စိတ်ပိုင်းဖြတ်ထားသောမျက်နှာအား အဖြူရောင်အဝတ်များမှတစ်ဆင့်ဖြတ်၍  မြင်လိုက်ရသောအခါတွင်  သူ့အားထပ်ပြီး မဟန့်တားလိုတော့ပေ။

ထို့နောက်  ကျိမို့  ရှစ်ဖုန့်၏ စကားများမှတစ်ဆင့်သတိပြန်ဝင်လာသည်။ ရှစ်ဖုန့်ကသူ့မအား  ခေါ်လိုက်သောအသုံးအနှုန်းကိုကြား

လိုက်ရသောအခါတွင်  ကျိမို့၏လှပသောမျက်နှာလေးက  အနည်းငယ်ပြောင်းလဲသွား၏။ သူမက ရှစ်ဖုန့်အားပြောလိုက်သည်။

“ရှစ်ဖုန့်လေး..နင်ခုဏကငါ့ကို

ခေါ်လိုက်တာ..နင်သိသွားပြီလား”

“အင်း ..ငါသိသွားပြီ”

ရှစ်ဖုန့်ကပြန်ဖြေလိုက်သည်။

“အာ”

ကျိမို့က သူမ၏ပါးစပ်လေးကိုဖွင့်ဟ၍ ပြောလိုက်၏။

“ဒါပေမဲ့.. ငါ့ကိုယ်ပေါ်မှာ လျှို့ဝှက်ရတနာတစ်ခုရှိတယ်လေ..နင်အဲ့တာကိုရှာတွေ့ဖို့ဆိုတာမဖြစ်နိုင်လောက်ဖူး”

“ မြှော်မြင်တတ်သောလူ၏မျက်လုံးက  အမြဲတမ်းရှာတွေ့တယ်”

အကယ်၍သူမ၌ လျှို့ဝှက်ရတနာတစ်ခုရှိနေခဲ့လျှင်တောင်  သူမ၌ လည်စိရှိနေခဲ့လျှင်တောင် သူမ၌ပြားချပ်သောရင်တို့ရှိနေခဲ့လျှင်တောင်  သူမ၏  နိုင်ငံတစ်ခုကို ပင် ပျက်ဆီးသွားနိုင်လောသောလှပသည့်မျက်နှာက သူမ၏အစစ်အမှန် လိင်ကို ဖုံးကွယ်ပေးထားနိုင်လိမ့်မည်မဟုတ်ပေ။

“နောက်ကြရင်..မင်းကိုယ်မင်း

ပါရုပ်ဖျက်သင့်တယ်”

ရှစ်ဖုန့်ကအားနည်းစွာပြန်ဖြေလို်ကသည်။

“အင်…….”

ကျိမို့က လေသံတိုးတိုးဖြင့် “အင်…..”ဟုပြောလိုက်သည်။

“ငါခဏနားလိုက်အုံးမယ်..မင်းငါ့ကို ပတ်တီးစည်းပေးဖို့မလိုအပ်ပါဘူး”

ရှစ်ဖုန့်က အားနည်းစွာပြောလိုက်သည်။

“ကောင်းပြီ..ကောင်းပြီ.. ..ရှစ်ဖုန့်လေး… နင်သက်တောင့်သက်သာမဖြစ်ဖူးလို့ခံစားရရင်..ငါ့ကိုခေါ်လိုက်နော်.. နင်နားလည်လား”

ကျိမို့ကပြောလိုက်သည်။

“ကောင်းပြီ”

ရှစ်ဖု့န်ပြန်ဖြေလိုက်သည်။

ထို့နောက်  ကျိမို့ကဖြည်းဖြည်းချင်းထရပ်လိုက်ပြီး  ရှစ်ဖုန့်၏အဝေးသို့လျှောက်သွားလိုက်၏။ ကျမို့ထွက်ခွာသွားသည်အား

မြင်ရသောအခါတွင်   ရှစ်ဖုန့်က သူ၏မျက်လုံးတို့အား ဖြည်းညှင်းစွာပိတ်လိုက်ပြီး  အသံတိုးတိုးဖြင့်ပြောလိုက်သည်။

“ငရဲဘုံကိုးခု ထာဝရတည်မြဲခြင်း”

သူ၏ဒဏ်ရာများအားကုသရန်အတွက်  ငရဲဘုံကိုးခု ပညာရပ်အားရှစ်ဖုန့်စတင်

လှည့်ပတ်လိုက်သည်။

ကျိမို့ကရှစ်ဖုန့်အားထားခဲ့ပြီးနောက် ဂူဝင်ပေါက်ဆီသို့သွားလိုက်သည်။ ဤအချိန်တွင် အဖြူလေးက  ဂူဝင်ပေါက်၌လဲလျောင်းနေပြီး  ပြင်ပရှိ မုန်တိုင်းအားကြည့်နေ၏။

“အဖြူလေး.နင်ဘာကိုကြည့်နေတာလဲ..”

ကျမို့က အဖြူလေးအနားသို့လာ၍ ဂူဝင်ပေါက်၌ထိုင်ချလိုက်သည်။  သူမက ကအဖြူလေးကျောထက်ရှိ အဖြူရောင်သားမွှေတို့အားထိလိုက်ပြီး မေးလိုက်သည်။

“ဝေါင်း”

အဖြူလေးက သူ၏ခေါင်းအားကျိမို့ထံသို့လှည့်လိုက်ပြီး ကျိမို့၏စကားတို့အားနားလည်သည့်အလား  အသံတိုးဖြင့်ပြန်တုန့်ပြန်လိုက်သည်။

ဤအရူးမလေး တကယ်ပဲနားလည်သည်လား ဟန်ဆောင်သည်လားဆိုသည်ကို မပြောတတ်ချေ။ အဖြူလေးဟိန်းလိုက်ပြီးနောက် သူမကပြောလိုက်သည်။

“အဖြူလေး.နင်အိမ်လွမ်းနေတာလား”

“ဝေါင်း.ဝေါင်း..”

ကျိမို့ ၏ စကားအားကြားလိုက်ရပြီးနောက် အဖြူလေးကနှစ်ကြိမ်ခေါင်းညိမ့်လိုက်သည်။ထို့နောက် ကျိမို့ကလည်းအပြင်ဘက်ရှိ မိုးသက်မုန်တိုင်းအားကြည့်၍  ပြောလိုက်သည်။

“တကယ်တော့ အဖြူလေး.ငါလည်းလေ အိမ်ကိုလွမ်းနေတာ. ငါအိမ်ကနေထွက်လာခဲ့တာ လွန်ခဲ့တဲ့ရက်အချို့လောက်ကပဲ.. ငါ့ရဲ့တော်ဝင်ခမည်းတော်နဲ့ တော်ဝင်မယ်တော်တို့က ငါ့ကိုစိတ်ပူနေကြလောက်ပြီ”

“ဒါ..ဒါပေမဲ့..အဖြူလေး..နင်သိလား..”

ထို့နောက်  ကျိမို့က သူမ၏အကြည့်တို့အား ဂူပြင်ဘက်ဆီမှရုတ်သိမ်းလိုက်ပြီး  အဖြူလေးအားကြည့်၍ပြောလိုက်သည်။

“ငါ့ရဲ့ခမည်းတော်က ငါ့အပေါ်မှာအရမ်းကောင်းပြီး

အရမ်းလည်းချစ်မြတ်နိုးနေကြ..အခုတော့

.သူကငါ့ဆန္ဒရှိလားမရှိဘူးလားဆိုတာကို ဂရုမစိုက်ဘဲနဲ့ ငါ့အတွက်သိုင်းပြိုင်ပွဲတစ်ခုကျင်းပပြီးလက်ထပ်ပွဲလုပ်ပေးဖို့စီစဉ်နေတယ်.”

“အဖြူလေး..သိုင်းပြိုင်ပွဲကျင်းပပြီး လက်ထပ်ပွဲလုပ်ပေးမယ်ဆိုတဲ့အကြောင်းကိုနင်သိလား..နင်ကကျားတစ်ကောင်ပဲ..ဒီတော့ နင်သေချာပေါက်သိမှာမဟုတ်ဖူး..

ဟုတ်တယ်ဟုတ်”

“ဝေါင်း…ဝေါင်း”

အဖြူလေးကနှစ်ကြိမ်ဟိန်း

လိုက်ကာခေါင်းညိမ့်လိုက်ပြီး  ၎င်းကကျိမို့၏စကားများအားမသိသကဲ့သို့ ပြန်လည်တုန့်ပြန်လိုက်သည်။

ထို့နောက်ကျိမို့က အဖြူလေးအားပြောလိုက်၏။

“လက်ထပ်ပွဲအတွက်သိုင်းပြိုင်ပွဲပြုလုပ်ဖို့   ပြိုင်ပွဲကွင်းတစ်ခုကိုပြင်ဆင်ထားတယ်.အဲ့နောက်မှာ ယောက်ျားတွေအများကြီးကလာကြပြီး အလှည့်ကြတစ်ယောက်ချင်းတိုက်ခိုက်ကြရမှာ…အဆုံးသတ်မှာဘယ်သူပဲဖြစ်ဖြစ်နိုင်ခဲ့ရင်  အဲ့လူက ရုပ်ဆိုးတာဖြစ်စေ၊ပုတာ..ဝတာ..

ပိန်တာဖြစ်စေ အဲ့လူကို ငါကြိုက်ကြိုက်မကြိုက်ကြိုက် လက်ထပ်ရလိမ့်မယ်”

အဖြူလေးအားဤအရာများပြောပြီးနောက် ကျိမို့၏လှပသောမျက်နှာလေးထက်၌  ပူဆွေးမှုဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။ သူမ၏မျက်လုံးတို့မှာ မျက်ရည်တို့ခပ်ယဲ့ယဲ့ကျဆင်းလာ၏။

“အဟင့် ..အဟင့်”

ထို့နောက်ကျိမို့ကျားဖြူ၏

ကျောပေါ်သို့လှဲလိုက်သည်။  ကျားဖြူ၏ကျောထက်၌ငိုကြွေးနေသကဲ့သို့ သူမ၏အသံကငိုရှိုက်မှုဖြင့်ဆို့နင့်နေသည်။

“ငါ့ခမည်းတော်က ငါ့ကို ချစ်တာသိသာပါတယ်..ဒါပေမဲ့.. သူဘာလို့ဒီလိုလုပ်ရတာလဲ..ငါ့ရဲ့ခံစားချက်တွေကိုသူဘာလို့မတွေးပေးရတာလဲ.. အဲ့လူက ကမ္ဘာပေါ်မှာရှိတဲ့ သူရဲကောင်းတွေအားလုံးကိုသာလွန်အနိုင်ယူနိုင်ရင်တောင် အဲ့တာကဘာသုံးစားရမှာမို့လဲ”

“အကယ်၍ ငါသာငါမချစ်တဲ့တစ်ယောက်ယောက်ကို လက်ထပ်လိုက်ရရင် ဘယ်လိုလုပ်ပြီးတော့ ပျော်နိုင်မှာလဲ.. ငါဘယ်လိုလုပ်ပြီးတော့ပျော်နိုင်ရမှာလဲ..ဟင့်..ဟင့်..ဟင့်”

“ဝေါင်း..ဝေါင်း”

ကျမို့၏စကားများအားနားထောင်ပြီးနောက်  အဖြူလေးက ၎င်း၏ခေါင်းအားလှည့်လိုက်ပြီး  သူကျောပေါ၌လှဲ၍ ကလေးမလေးတစ်ယောက်ကဲ့

သို့ငိုကြွေးနေသော  ကျိမို့အားကြည့်လိုက်သည်။ ဤအချိန်တွင်  အားငယ်နေသောကောင်မလေး

အားနှစ်သိမ့်ပေးသကဲ့သို့  ၎င်းက ခပ်တိုးတိုးနှစ်ချက်ဟိန်းလိုက်၏။

“ငါ………မကြိုက်တဲ့…တစ်ယောက်.

.ယောက်ကို..လက်..မ..ထပ်..ချင်…ဘူး”

၎င်း၏ကျောထက်၌ အိပ်မောကျသွားသကဲ့သို့ ကျိမို့၏ လုံးထွေးနေသောအသံအား ကျားဖြူကြားလိုက်ရသည်။

သူမပင်ပန်းသွားခြင်းဖြစ်ရမည်ဖြစ်သည်။

ဆက်ရန်………..

ဘာသာပြန်သူ-ARISE

All Chapters