← Chapters

ခမည်းခမက်

Vol. 72 Ch. 1007

ခမည်းခမက်

Vol. 72 Ch. 1007

ဖောက်ပြန်ခံရသည်ဟူသော အတွေးကြောင့် အန်လင်းမှာ ဟုန်ဒူအား စူးစိုက်ကြည့်ရှုလိုက်သည်။

သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ထွက်ပေါ်လာလေသည်။

ဟုန်ဒူမှာ အဖိုး၏ နောက်ကွယ်တွင် မတတ်သာပဲ ပုန်းနေလိုက်ရသည်။

ဖန်ဆင်းခြင်းနယ်မြေ တစ်ခုလုံး စောင့်မျှော်ခဲ့ရသော မင်္ဂလာပွဲမှာ မခန့်မှန်းနိုင်ခြင်းပေါင်းများစွာနှင့်အတူ ပြီးဆုံးသွားခဲ့သည်။

သတို့သားနှင့် သတို့သမီးသည်ပင် ထိုအဖြစ်အပျက်များအား ကြိုသိခဲ့မည် မဟုတ်ပေ။

သတို့သားရော သတို့သမီးပါ ခိုးပြေးခံလိုက်ရသောကြောင့် ဧည့်သည်တော်များအားလုံး ကြောင်တောင်တောင် ဖြစ်ကုန်ကြရသည်။

ပိုင်မုယွီမှာ ညင်သာသော အမူအရာနှင့် အန်လင်းရှေ့သို့ ရောက်ရှိလာသည်။

သူမသည် မည်သည့်မြှူဆွယ်ခြင်းမှ မပြုလုပ်နေပါသော်လည်း အန်လင်းမှာ ငေးမောမိသွားသည်။

သူမ၏ လှုပ်ရှားမှု တစ်ခုချင်းစီသည် ညှို့ယူခြင်း အနုပညာ မြောက်နေသလိုပင်။

မြေခွေးမျိုးနွယ်စုသည် ထိုသည်ကို အလှတရား တစ်ခုအဖြစ် သတ်မှတ်ထားကြသည်။

ထိုသည်မှာ လူသားများနှင့် မြေခွေးများကြားမှ အလှတရားအပေါ် ခံယူမှု ကွာခြားချက်ပင်။

ပိုင်မုယွီ၏ အရည်လဲ့နေသော မျက်ဝန်းလေးများအားကြည့်ကာ အန်လင်းမှာ ကာကွယ်ပေးချင်စိတ်များ တဖွားဖွား ဖြစ်ပေါ်လာသည်။

သူသက်ပြင်းချလိုက်မိသည်။

အန္တရာယ်များတဲ့ မိန်းမပဲ......

တပိုင်မှာလည်း ပိုင်မုယွီထံမှ အကြည့်မလွှဲနိုင်ပေ။

“မင်းက စုကျိုးအင်မော်တယ်ဂိုဏ်းချုပ်မလား။ ငါ့သမီးလေးကို ကယ်ပေးတာ ကျေးဇူးတင်ပါတယ်။”

ပိုင်မုယွီ ဆွဲဆောင်မှုရှိစွာ အရိုအသေ ပေးလာသည်။

အန်လင်းသည် အလှပဂေးများစွာအား မြင်ဖူးနေသောကြောင့် တည်တည်ငြိမ်ငြိမ် နေနိုင်ခဲ့သည်။

“ရပါတယ်။ အခုကစပြီး ခမည်းခမက်တွေ ဖြစ်လာပြီပဲ။”

ပိုင်မုယွီ : “......”

သူမ ခပ်ဖွဖွပြုံးကာ မည်သည့်စကားမှ မပြောဖြစ်ပေ။

အရှက်မရှိလိုက်တာ.....

ငါ့အမြင်ကိုတောင် မမေးတော့ဘူးလား.....

ထိုအချိန်တွင် မြေခွေးမျိုးနွယ်စုများ စုဝေးရောက်ရှိလာကြသည်။

အန်လင်းတို့အား အားလုံးမှ အာရုံစိုက်နေကြလေသည်။

အန်လင်း၏ သားရဲသည် မင်းသမီးလေးအား ခိုးပြေးသွားခြင်း ဖြစ်သောကြောင့် ၎င်းတို့သည်လည်း လန်ရှောင်နီတို့လို မင်္ဂလာပွဲဖျက်သူများ ဖြစ်နေသည်။

တစ်ခုတည်းသော ကွာခြားချက်မှာ အန်လင်းတို့သည် ပိုင်ယောင်၏ အသက်အား ကယ်တင်ပေးနိုင်ခဲ့သည်။

ထို့ကြောင့်ပင် မြေခွေးများမှ မတိုက်ခိုက်သေးခြင်းလည်း ဖြစ်သည်။

အန်လင်းသည် ယခုအခြေအနေအား မည်သို့ဖြေရှင်းသင့်ကြောင်း တွေးတောနေမိသည်။

“သမီးလေးက ငါဆက်သွယ်တာကို မတုံ့ပြန်ဘူး။ ရှောင်ချိုးကို ဆက်သွယ်ကြည့်ပါလား။ အဲ့ဒါမှ သူတို့ရှိနေတဲ့ နေရာကို သွားခေါ်နိုင်မှာပေါ့။”

ပိုင်မုယွီ နွေးထွေးစွာ ပြုံးပြလာသည်။

သမီးဖြစ်သူနှင့် အဆက်အသွယ် မရခြင်းကြောင့် ပိုင်မုယွီ စိတ်ဓာတ်ကျနေသည်။

“ကိစ္စမရှိပါဘူး။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

သူသည်လည်း ရှောင်ချိုးအား စိတ်ပူနေမိသည်ပင်။

အန်လင်းသည် အသံဆက်သွယ်သော ကျောက်စိမ်းပြားအား အကြိမ်ကြိမ်အခါခါ အသက်သွင်းလိုက်ပါသော်လည်း တုံ့ပြန်မှု မရှိပေ။

အန်လင်း : “......”

ဒင်းက သခင်ကိုတောင် ပလစ်လိုက်ပြီပေါ့လေ.....

“သူတို့နှစ်ယောက်က ထူးခြားတာလေးတွေ လုပ်နေတာ ထင်တယ်.... ထားလိုက်ပါ ဝုတ်။”

တပိုင် အကြံပေးလာသည်။

ပတ်ဝန်းကျင်မှ မြေခွေးများအားလုံး ပေါက်ကွဲသွားကြသည်။

“ဒီခွေးကို ချီးထွက်တဲ့ထိ သမရအောင်။”

“ဝါး... ငါ့နတ်ဘုရားမလေးက အဲ့မျောက်နဲ့ တကယ်လုပ်မှာလား..... ငါလက်မခံနိုင်ဘူး။”

“ငါ့ကိုမတားနဲ့.... ဒီခွေးမသားကို သတ်ပစ်မယ်။”

“ဒီည ခွေးသားစားချင်တယ်။”

မြေခွေးများမှာ ရှူးရှူးရှဲရှဲ ဖြစ်ကုန်သည်။

တပိုင်မှာ ချက်ချင်းပင် အန်လင်းနောက်သို့ ဝင်ပုန်းလိုက်သည်။

ပိုင်မုယွီ အပြုံးမပျက်သေးပေ။

“သခင်လေးအန်လင်း ငါ့သမီးကိုရှာဖို့ အဖွဲ့တွေ လွှတ်လိုက်မယ်။ အရေးကြီး ကိစ္စတွေကို ဆွေးနွေးကြမလား။”

“ကောင်းပြီလေ။”

အန်လင်း စိတ်မကောင်းချင်ယောင်ဆောင်လိုက်သည်။

“သူတို့ လုံခြုံဖို့ မျှော်လင့်ပါတယ်။”

စင်စစ်တွင်မူ သူ၏နှလုံးသားမှာ အပျော်များ ပြည့်နှက်နေသည်။

ရှောင်ချိုးကတော့ မိုက်တယ်ဟေ့.....

အခွင့်အရေး အမိအရယူပြီး သူမနဲ့ လုပ်စရာရှိတာ လုပ်ထားတော့ ပြန်ခွဲလို့ မရတော့ဘူးပေါ့......

ပိုင်မုယွီမှာ တံဆိပ်တစ်ခုအား အန်လင်းထံ ပေးလိုက်သည်။

“ဒါက မြေခွေးဖြူ အင်ပါယာနန်းတော်အတွက် ဝင်ခွင့်တံဆိပ်ပြားပဲ။ ငါ့သမီးကို ရှာဖို့လုပ်လိုက်ဦးမယ်။ ဒီညတွေ့ကြတာပေါ့။”

ထို့နောက် ပိုင်မုယွီမှာ နောက်လိုက်များနှင့်အတူ ထွက်ခွာသွားတော့သည်။

အန်လင်းတို့မှာ စိတ်လောနေခြင်း မရှိကြပေ။

ရှောင်ချိုးတို့ကို အချိန်ကြာကြာ ရှာရပါစေ..... ဟီးဟီးဟီး.....

“ဘီလူးအန်လင်း ရှောင်ချိုးက အလှလေး ပိုင်ယောင်ကို ဘယ်လိုရသွားလဲ မသိဘူးနော်။”

တီနာ အံ့အားသင့်နေသည်။

အန်လင်း တွေးကာပြောလိုက်သည်။

“လောကနိယာမကြောင့် ဖြစ်မှာပေါ့။”

“ဘယ်လို လောကနိယာမလဲ။”

တီနာ မေးမြန်းလာသည်။

“မတရား ရုပ်ဆိုးတဲ့သူနဲ့ အရမ်းလှတဲ့သူက ဆန့်ကျင်ဘက်လို ဖြစ်နေပေမယ့် တကယ်တော့ အဲ့ဒါက ယင်းယန်လိုပဲလေ။ အချင်းချင်း ဆွဲဆောင်ကြတာပေါ့။”

အန်လင်း လေးနက်စွာ ပြောလိုက်သည်။

တီနာ စကားဆိုလိုက်သည်။

“ဘီလူးအန်လင်း နင်က ပေါက်ကရတော့ သိပ်ပြောတတ်သားပဲ။”

အန်လင်း : “......”

တီနာ သိသွားပြီလား.....

ထိုအချိန်တွင် စကားသံတစ်ခု ထွက်ပေါ်လာသည်။

“အန်လင်း မင်းက တကယ်ထူးချွန်တာပဲ။ မင်းအကြောင်းတွေ ကြားနေရတာတောင် လူကိုယ်တိုင် တွေ့လိုက်ရတော့ အံ့သြမိတယ်။ ဖြစ်ခဲ့တာတွေ ကြားမိပါတယ်။ သိပ်ပြီးစိတ်မညစ်နဲ့။”

အန်လင်း လှည့်ကြည့်လိုက်သောအခါ ရွှေရောင်မီးတောက်နှင့် ကျောက်ဘီလူးတစ်ကောင်အား တွေ့လိုက်ရသည်။

“ဘာတွေကြားမိတာလဲ။”

“မြေးလေး ဟုန်ဒူ ပြောပြတယ်လေ။ မင်းက ပိုင်ယောင်ကို ချစ်နေလို့ လာခိုးတာဆို။ ဒါပေမယ့် မင်းမျောက်က ကယ်ပေးလိုက်နိုင်လို့ ပိုင်ယောင်က ချစ်မိသွားပြီး အတူတူ ထွက်ပြေးသွားတယ်မလား။ ဟူး..... ဖြစ်တတ်ပါတယ်လေ။ လက်လွှတ်လိုက်ပါ။ မင်းပိုပြီး ပျော်ရွှင်လာမှာပါ။”

ယွီဒူ စိတ်မကောင်းစွာ ပြောလာသည်။

နတ်ကျောက်တုံးမျိုးနွယ်စုမှာ ထိုအကြောင်းအား ဝေဖန်နေကြသည်။

“ဝါး.... ရင်ထဲထိစရာပဲ။”

အန်လင်း မျက်နှာပျက်သွားသည်။

“အန်လင်း သနားပါတယ်။”

“သူ့ကို ငါတို့ နှစ်သိမ့်ပေးသင့်တယ်။”

.......

အန်လင်း အသက်ပြင်းပြင်းရှူကာ ပြုံးပြလိုက်သည်။

“ခင်ဗျားက စီနီယာ ယွီဒူမလား။”

“မင်းကငါ့ကို သိတယ်လား။”

ယွီဒူ အံ့အားသင့်သွားသည်။

“စီနီယာအကြောင်းတွေ ကြားထားပါတယ်။ မြေးဖြစ်သူ ဟုန်ဒူနဲ့က သူငယ်ချင်းကောင်းတွေပါ။ သူနဲ့ နှစ်ယောက်တည်း စကားပြောလို့ ရမလား။”

အန်လင်း ပြုံးကာပြောလိုက်သည်။

ဟုန်ဒူ ထိတ်လန့်သွားမိသည်။

“ဒါပေါ့။ လူငယ်အချင်းချင်း ပြောစရာတွေ ရှိမှာပဲ။”

ယွီဒူ ရယ်မောကာ ထွက်ခွာရန် ပြင်လိုက်သည်။

ဟုန်ဒူမှာ အဖိုးအား လှမ်းဆွဲထားလိုက်သည်။

“ကျွန်တော် အဖိုးနဲ့လိုက်မယ်။”

ယွီဒူ ခက်ထန်စွာ ပြောလာသည်။

“မရိုင်းစိုင်းနဲ့။ ဂိုဏ်းချုပ်အန်လင်း မင်းကိုစောင့်နေတယ်။ သူနဲ့ရင်းနှီးအောင်ပေါင်းထား.....”

အန်လင်း ဟုန်ဒူထံ ရောက်ရှိလာသည်။

“ညီအစ်ကို ဟုန်ဒူ မတွေ့ရတာ ကြာပြီနော်။”

ဟုန်ဒူ မျက်ရည်ဝဲလာသည်။

သေချာတာကတော့ အန်လင်း ငါ့ကို သမတော့မယ်.....

အဆုံးတွင်မူ ယွီဒူမှာ ဟုန်ဒူအား ထားရစ်ခဲ့သည်။

ဟုန်ဒူမှာ အန်လင်းအားကြည့်ကာ အားယူကာ ပြုံးပြလိုက်ရသည်။

“ညီအစ်ကိုအန်လင်း မတွေ့တာကြာပြီ။”

အန်လင်း ပြုံးကာပြောလာသည်။

“ဟုန်ဒူ ငါမင်းကို ကျေးဇူးတင်သင့်တယ်။”

ဟုန်ဒူမှာ ထိုစကားကြောင့် စိတ်သက်သာရာ ရသွားသည်။

“ဘာမှမဖြစ်ပါဘူး။ သူငယ်ချင်းတွေပဲဟာ အချင်းချင်း ကူညီသင့်တာပေါ့။”

အန်လင်း ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ။ လျှပ်စီးနဲ့မီး ကြိုက်တာရွေးလိုက်။”

ဟုန်ဒူ : “......”

All Chapters