← Chapters

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား ကူညီပေးခြင်း

Vol. 62 Ch. 856

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား ကူညီပေးခြင်း

Vol. 62 Ch. 856

ထိုမြင်ကွင်းကြောင့် စကြဝ‌ဠာကြီးထဲ၌ ရပ်နေသည့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ခပ်လှမ်းလှမ်းရှိ နတ်မျက်လုံးပင်မဂြိုဟ်အား လှမ်းကြည့်လိုက်သောအခါ ထိုနေရာ၌ ဖုန်မှုန့်များနှင့် အကျိုးအပဲ့ အပျက်အစီးများသာ မျောလွင့်နေကြသည်ကို မြင်လိုက်ရသည်။ အသက်ရှင်ကျန်ရစ်ခဲ့သူ တစ်ယောက်တလေပင် မရှိပေ။ ထို့အပြင် သူသည် မန္တန်အငွေ့အသက်များကိုလည်း ခပ်ရေးရေးမျှ အာရုံခံမိလိုက်သေးသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို အသုံးပြုကာ သူ၏ ညာဘက်လက်ကိုမြှောက်၍ ‌အားပါပါ ဝှေ့ယမ်းလိုက်တော့သည်။

သူသည် ကျယ်ပြန့်တာအိုနန်းတော်ထဲ၌ လေ့လာခဲ့သည့် နတ်ဘုရားစွမ်းရည်တစ်ခုကို ထုတ်သုံးလိုက်ခြင်းဖြစ်သည်။ ထို နတ်ဘုရားစွမ်းရည်မှာ တိုက်ခိုက်ရေး ပညာရပ်တစ်ခု မဟုတ်ပေ။ ၎င်းမှာ အချိန်ကိုနောက်ပြန်ရစ်နိုင်သည့် ပညာရပ်တစ်ခု ဖြစ်ပေသည်။

ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာလည်း ထိုပညာရပ်ကို အသုံးပြုနိုင်ပါသော်လည်း ထွက်ပေါ်လာမည့် ရလဒ်မှာ အသုံးပြုမည့် ပစ်မှတ်၏ ကျင့်ကြံခြင်းအဆင့်ပေါ်၌ မူတည်ပေသည်။ အကယ်၍ ပစ်မှတ်၏ ကျင့်ကြံခြင်းအဆင့်မှာ ထိုပညာရပ်အား အသုံးပြုလိုက်သည့် ပုဂ္ဂိုလ်ထက် ပို၍မြင့်မားနေမည်ဆိုပါက ထိုပညာရပ်မှာ အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့အပြင် သူသည် တန်ပြန်အား အချို့ကိုပါ ပြန်လည်ခံစားလိုက်ရမည် ဖြစ်သည်။

သို့သော် ဝမ်ပေါင်လဲ့မှာမူ သူ၏ပစ်မှတ်မှာ ဂြိုဟ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေလျှင်တောင် ထို တန်ပြန်အားများကို တောင့်ခံနိုင်စွမ်းရှိနေလိမ့်မည်ဟု ယုံကြည်နေ၏။ အကယ်၍ ထိုပစ်မှတ်မှာ ဂြိုဟ်အဆင့်တွင် ရှိမနေပါက သူ၏ ပညာရပ်မှာ သေချာပေါက် အောင်မြင်သွားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့ သူ၏လက်အား ဝှေ့ယမ်းလိုက်ပြီး တစ်‌‌အောင့်ခန့်အကြာတွင် သူ၏ရှေ့ရှိ စကြဝဠာကြီးမှာ ပြောင်းလဲသွား၏။ သူသည် ထိုနေရာတွင် တာဝန်ကျနေတဲ့သည့် ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများကို မြင်လိုက်ရပြီဖြစ်သည်။ ထို့အပြင် သူသည် မလှမ်းမကမ်းရှိ စကြဝဠာကြီးထဲတွင်လည်း စစ်သင်္ဘော အစင်းရေ တစ်သောင်းဝန်းကျင်ခန့် ပေါ်ပေါက်လာသည်ကို မြင်လိုက်ရ၏။ ၎င်းတို့မှာ သက်တံ့ရောင် အလင်းတန်းများကို ထုတ်လွှတ်နေကြပြီး ၎င်းတို့ပေါ်မှ ကျင့်ကြံသူများမှာလည်း ရုတ်တရက်ဆိုသလို ပင်မဂြိုဟ်ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေကြပြီဖြစ်သည် ထို ကျင့်ကြံသူများ၏ အရေအတွက်မှာ သောင်းဂဏန်းအနည်းငယ် ရှိပေသည်။

ထို့နောက် တိုက်ပွဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ သက်တံ့ရောင် ကျင့်ကြံသူများထဲတွင် ထာဝရဝိညာဉ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူများ အများအပြား ရှိနေပြီး သူတို့အားလုံးမှာ အလွန်အင်မတန်မှ အစွမ်းထက်ကြပေသည်။ သူတို့မှာ လျှပ်စီးကဲ့သို့သော အမြန်နှုန်းဖြင့် ရှေ့သို့ ပျံထွက်လာကြပြီး ဂိုဏ်းကြီးသုံးဂိုဏ်းမှ ကျင့်ကြံသူများ အားလုံးကို သုတ်သင်ရှင်းလင်းလိုက်ကြ၏။ ထိုမျှသာမက ဤနေရာကြီး တစ်ခုလုံး၏ ပတ်ပတ်လည်တွင် အချုပ်အနှောင်များလည်း ရှိနေကြသေးသည်။

ထို အချုပ်အနှောင်များမှာ သတင်းအချက်အလက်များ ပြင်ပသို့ မပေါက်ကြားနိုင်အောင် တားဆီးပေးထားခြင်း ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့၏ အာရုံခံနိုင်စွမ်းများအရဆိုလျှင် ယခုတွင် ထို အချုပ်အနှောင်များမှာ အလုပ်မလုပ်ကြတော့ပေ။ သို့ဖြစ်ရာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ သတင်းအချက်အလက်များကို ဖုံးကွယ်ထားနေစရာ မလိုတော့သည့်ပုံပင်။

ဝမ်ပေါင်လဲ့မှာ ထို အချိန်နောက်ပြန်ရစ်သည့် ပညာရပ်ကြောင့် ပေါ်ပေါက်လာသည့် မြင်းကွင်းအား ကြည့်ရှုလိုက်ပြီးနောက် အခြေအနေတစ်ခုလုံးကို နားလည်သွားတော့သည်။

" ဒီ တိုက်ပွဲကြီးက လွန်ခဲ့တဲ့ ကိုးရက်တုန်းက ဖြစ်ခဲ့တာပဲ "

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ သူသည် စိတ်ထဲ၌ ဖြစ်ကြောင်းကုန်စင်အား အကြမ်းဖျင်း ခန့်မှန်းပြီးသွားပြီဖြစ်သည်။ ထို့နောက် သူသည် ခေါင်းငုံ့ကာ နတ်မျက်လုံးပင်မဂြိုဟ်အား လှမ်းကြည့်လိုက်၏။ သူသည် သူ၏ ခန္ဓာကိုယ်အစစ်အတွက် စိုးရိမ်ပူပန်နေခြင်း ဖြစ်ပေသည်။

သူ၏ အာရုံထဲတွင် သူ၏ ခန္ဓာကိုယ်အစစ်မှာ မည်သည့် ဘေးအန္တရာယ်နှင့်မှ ကြုံတွေ့ရခြင်း မရှိသေးပါသော်လည်း သူသည် စိုးရိမ်ပူပန်နေရဆဲပင်။ ယခုတွင် သူသည် စကြဝဠာကြီးထဲ၌ ရပ်ရင်း ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူ၏ နတ်ဘုရားအာရုံကို ဖြန့်ကြက်လိုက်သောအခါ ၎င်းမှာ နတ်မျက်လုံးပင်မဂြိုဟ်ကြီး တစ်ခုလုံးအား ချက်ချင်းပင် လွှမ်းခြုံသွားသည်။ ထိုအခါမှသာ သူသည် သူ၏ ခန္ဓာကိုယ်အစစ်မှာ မြေမျက်နှာပြင်နှင့် အလွန်အင်မတန်မှဝေးကွာသော နေရာတစ်ခု၌ ရောက်နေသောကြောင့် မည်သည့် ဘေးအန္တရာယ်နှင့်မှ ကြုံတွေ့ရခြင်း မရှိသေးကြောင်း သိလိုက်ရသဖြင့် စိတ်အေးသွားရတော့သည်။

သို့သော် သူသည် နတ်မျက်လုံးပင်မဂြိုဟ်ပေါ်၌ ရှိနေကြသည့် ဂိုဏ်းငယ်လေးများမှာ ၎င်းတို့၏ အဖွဲ့ဝင် အမြောက်အမြားကို ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း သိမြင်လိုက်ရ၏။ သို့သော် တိုက်ပွဲများ ဖြစ်ပွားခဲ့သည့် အရိပ်အယောင်များမှာ မရှိသလောက် နည်းပါးနေသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရသည်။

" သူတို့က သူတို့အဖွဲ့ဝင်တွေရဲ့ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ကို ဆုံးရှုံးလိုက်ရတာပဲဟ... ငါ အဝေးကြီးကို ရောက်နေတုန်း ဒီလို ဖြစ်သွားရတာလား... ဒါမှမဟုတ် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းရဲ့ လက်ချက်များ ဖြစ်နေမလား " ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောရင်း သူ၏ အချိန်‌‌နောက်ပြန်ရစ်သည့် ပညာရပ်အား ထပ်၍ အသုံးပြုရန် ပြင်လိုက်ပြန်သည်။ သို့သော် ထိုအချိန်တွင် သူသည် ကြက်သေသေသွားရပြီး သူ၏ နတ်ဘုရားအာရုံမှာ ယခင်တုန်းက သူနေထိုင်ခဲ့သည့် မဟာတောင်ထိပ်ဂိုဏ်းဆီသို့ ရောက်ရှိသွားတော့သည်။

နတ်မျက်လုံးပင်မဂြိုဟ်ပေါ်ရှိ မဟာတောင်ထိပ်ဂိုဏ်းမှာ ယခင်တုန်းကနှင့် မတူလောက်အောင် တိုးတက်ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ထိုသို့ ပြောင်းလဲသွားရခြင်းမှာ ဝမ်ပေါင်လဲ့ ရာထူးအဆင့်အတန်း မြင့်မားလာသည့် အချက်နှင့် ဆက်နွယ်နေသည်ဟု ဆိုနိုင်ပေသည်။ သူသည် နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းထဲ၌ ရာထူးအဆင့်အတန်း မြင့်မားလာခဲ့သောကြောင့် မဟာတောင်ထိပ်ဂိုဏ်းမှာလည်း အကျိုးကျေးဇူးများ ခံစားခဲ့ရပြီး တန်ခိုးအာဏာများ သိသိသာသာ ကြီးထွားလာခဲ့၏။

ဝမ်ပေါင်လဲ့၏ အမိန့်များကို တဝေမသိမ်း နာခံခဲ့သည့် သဲ့ခွန်းကျိမှာလည်း အထူးအခွင့်အရေးများကို ခံစားခဲ့ရပေသည်။ ဝမ်ပေါင်လဲ့ကြောင့် သူသည်လည်း ကျင့်ကြံခြင်းအဆင့် တိုးတက်လာခဲ့ပြီး အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်အထိ ရောက်ရှိသွားခဲ့၏။

ယခုတွင်မူ သဲ့ခွန်းကျိမှာ မဟာတောင်ထိပ်ဂိုဏ်းထဲ၌ အသက်မဲ့နေသည့် အမူအရာဖြင့် မလှုပ်မယှက် ရပ်နေပြီး သူ၏ခန္ဓာကိုယ်မှာလည်း ဒဏ်ရာများ ရထား၏။ သူသည် သူ၏ပတ်ပတ်လည်ရှိ ပြောင်သလင်းခါနေသော ဂိုဏ်းကြီးအား ကတုန်ကယင်နှင့် ဝေ့ဝိုက်ကြည့်ရှုနေရင်း မျက်ဝန်းများထဲ၌ ခိုကိုးရာမဲ့နေသည့် အရိပ်အယောင်များ ပေါ်ပေါက်လာရတော့သည်။

" သဲ့ခွန်းကျိ " ထိုအချိန်တွင် သူ ရင်းရင်းနှီးနှီး သိနေသည့် စကားသံကြီးတစ်သံမှာ ဟင်းလင်းပြင်ကြီးထဲမှနေ၍ ထွက်ပေါ်လာပြီး သူ၏ခေါင်းထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ သဲ့ခွန်းကျိမှာ ရုတ်တရက်ဆိုသလို တစ်ကိုယ်လုံး ဆတ်ခနဲ တုန်ရီသွားပြီး အသက်ရှူသံများ မြန်ဆန်လာတော့သည်။

" သခင် " သူသည် ရေနစ်နေရင်း အသက်ကယ်ကြိုးတစ်ချောင်းကို လှမ်းကိုင်မိလိုက်သည့် လူတစ်ယောက်ကဲ့သို့ ခံစားလိုက်ရ၏။ ထို့ကြောင့် သဲ့ခွန်းကျိမှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားသွားရပြီး ဘေးဘီဝဲယာအား ဝေ့ဝိုက်ကြည့်ရှုနေလိုက်တော့သည်။

" ငါ့ကို လိုက်ရှာမနေနဲ့။ ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ပြောပြ "

" သခင်။ ကျွန်တော်တို့တွေတော့ ကိစ္စတုံးပြီဗျ။ မဟာတောင်ထိပ်ဂိုဏ်းလည်း ငါးပါးမှောက်ပြီ။ နတ်မျက်လုံးလူမှုအဖွဲ့အစည်းလည်း ငါးပါးမှောက်ပြီ။ တော်ဝင်မိသားစုက ကျွန်တော်တို့ကို အသိအမှတ် မပြုခဲ့တဲ့အပြင် သတ်ဖြတ်ဖို့ပါ ဆုံးဖြတ်ခဲ့တာ... " သဲ့ခွန်းကျိမှာ သူ၏ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိတော့သဖြင့် စတင် ငိုကြွေးနေလိုက်တော့သည်။

" တော်ဝင်မိသားစုရဲ့ တော်ဝင်မင်းသားသုံးပါးက ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းနဲ့ ပူးပေါင်းခဲ့ပြီးတော့ သူတို့အတွက် တည်နေရာပြောင်းရွှေ့ခြင်း အပေါက်တစ်ပေါက်ကို ဖွင့်ပေးခဲ့တာမလို့ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ဒီကို ရောက်လာခဲ့တာ... သူတို့က လွန်ခဲ့တဲ့ လဝက်တုန်းက ရောက်လာခဲ့တာမလို့ အခု လူတိုင်း အဲဒီကိစ္စကို သိထားကြပြီ... "

" ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ရောက်လာတာနဲ့ အင်အားအလုံးအရင်း စုစည်းပြီးတော့ ‌ဆဋ္ဌဂံမြေဂိုဏ်းကို ချက်ချင်း တိုက်ခိုက်ချေမှုန်းပစ်ခဲ့တာ။ ဂိုဏ်းကြီးသုံးဂိုဏ်းက တုံ့ပြန်ချိန်တောင် မရလိုက်ဘူး။ ဆဋ္ဌဂံမြေဂိုဏ်းရဲ့ ဂိုဏ်းသားရှစ်ဆယ်ရာခိုင်နှုန်းကျော် သတ်ခံလိုက်ရပြီလို့ ကျွန်တော် ကြားထားတယ်။ အမျိုးသမီးခေါင်းဆောင်ကြီး ဝုယွင်လည်း ဒဏ်ရာ အများကြီးရသွားခဲ့တာတဲ့။ သူက ထွက်ပြေးနိုင်ဖို့အတွက် သူ့ရဲ့ ကျင့်ကြံခြင်းစွမ်းအားတွေကို စတေးပစ်ခဲ့ရတာလို့ လူတွေက ပြောနေကြတာပဲ။ သူ အသက်ရှိနေသေးလား မရှိတော့ဘူးလားဆိုတာကိုတော့ ဘယ်သူမှမသိကြဘူး "

" ပြီးတော့ နတ်မျက်လုံးပင်မဂြိုဟ်ရဲ့ အလှည့် ရောက်လာတာပဲ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက ဒီကို ရောက်လာပြီးတော့ ဒီဂြိုဟ်ပေါ်မှာ စခန်းချထားတဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ စစ်တပ်တွေကို ချေမှုန်းပစ်ခဲ့တာ။ သူတို့က တော်ဝင်မိသားစုကို ပိတ်လှောင်ထားတဲ့ အချုပ်အနှောင်ကြီးကိုလည်း ဖောက်ခွဲပစ်ခဲ့တာမလို့ တော်ဝင်မိသားစုဝင်တွေ လွတ်လာကြပြီ။ ပြီးတော့ သူတို့က နတ်မျက်လုံးပင်မဂြိုဟ်ပေါ်မှာရှိတဲ့ ဂိုဏ်းတွေအားလုံးထဲက ဂိုဏ်းသား ရှစ်ဆယ်ရာခိုင်နှုန်းနီးပါးကိုလည်း ခေါ်သွားခဲ့ကြသေးတယ်။ ကျွန်တော်သာ အချိန်မီ မပုန်းနိုင်ခဲ့ရင် သူတို့ရဲ့လက်က လွတ်မှာ မဟုတ်ဘူး "

" သခင်။ သခင်ကလည်း တော်ဝင်မိသားစုဝင် တစ်ယောက်လေ။ မဟာတောင်ထိပ်ဂိုဏ်းက သခင့်ဘက်က အမြဲတမ်း ရပ်တည်ပေးခဲ့တာပါ။ အစတုန်းက ကျွန်တော်က ပျော်နေခဲ့ပေမဲ့ ဘာလို့ သူတို့က ကျွန်တော်တို့ကို သတ်ဖြတ်ဖို့ ကြိုးစားခဲ့ရတာလဲဗျ " သဲ့ခွန်းကျိမှာ မျက်ရည်များ ပေါက်ပေါက်ကျနေ၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာလည်း နှုတ်ဆိတ်သွားပြီး သူသည် တော်ဝင်မိသားစုဝင်တစ်ယောက် ဖြစ်သည်ဟု သဲ့ခွန်းကျိအား ပြောကာ အမှုမဲ့အမှတ်မဲ့နှင့် လှည့်စားမိခဲ့သည်ကို ပြန်၍ သတိရသွားသည်။

သို့သော်... ယခုတွင်မူ သူ့အား တော်ဝင်မိသားစုဝင် တစ်ယောက်အဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ ရနေပြီမဟုတ်ပါလော။

" တခြား ဂိုဏ်းကြီးတွေလည်း အခုလောက်ဆိုရင် ပျက်စီးသွားကြလောက်ပြီ။ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းက သူတို့ရဲ့ အစီအစဉ်တွေကို လျှို့ဝှက်ထားတာမျိုး မရှိဘူးဗျ။ သူတို့တွေ သူတို့ရဲ့စစ်တပ်ကို နှစ်ဖွဲ့ခွဲပြီး တခြား ဂိုဏ်းကြီးနှစ်ဂိုဏ်းကို တစ်ပြိုင်နက်တည်း တိုက်ခိုက်ခဲ့ကြတာကို ဒီလူမှုအဖွဲ့အစည်းထဲက လူတွေအားလုံး သိထားကြပြီးသား " သဲ့ခွန်းကျိမှာ ဝမ်းနည်းညှိုးငယ်ကာ အမျက်ချောင်းချောင်းထွက်နေပြီး နာကြည်းမှုများဖြင့် ပြည့်နှက်နေသည့် လေသံဖြင့် ဆိုလိုက်၏။ သူသည် တော်ဝင်မိသားစု သူတို့ဘက်မှ လူများကို သတ်ဖြတ်ရသည့် အကြောင်းအရင်းအား နားမလည်နိုင်လောက်အောင် ဖြစ်နေရသည်။ သို့သော် သူသည် ထို တော်ဝင်မိသားစုမှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေနိုင်သည်ဟု ခန့်မှန်းမိထား၏...

ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိ၏ စကားများကိုနားထောင်ရင်း မျက်လုံးများ မှေးသွားပြီး ခေါင်းခဲလာရတော့သည်။ သူ တော်ဝင်သင်္ချိုင်းကုန်းကြီးထဲသို့ ဝင်ရောက်သွားခဲ့ပြီးနောက် ဟေးယွင်ကျစ်နှင့် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ လူများမှာ ဆုံးဖြတ်ချက်နှစ်ခု ချခဲ့ခြင်းဖြစ်မည်ဟု သူက ကောက်ချက်ချလိုက်၏။

ပထမ ဆုံးဖြတ်ချက်မှာ ရုပ်တုကြီးအား ဝိညာဉ်ကိုးပါး နယ်မြေထဲသို့ ပစ်ချခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် သူတို့မှာ ၎င်းအား ချုပ်နှောင်ထားနိုင်ခဲ့မည် ဖြစ်သလို သူ့အား ထွက်ပြေးလွတ်မြောက်လာနိုင်စွမ်းမရှိအောင် ပိတ်လှောင်ထားနိုင်ခဲ့လိမ့်မည်ဟုလည်း ယုံကြည်နေခဲ့သည့်ပုံပင်။ သို့သော် သူတို့မှာ ဝမ်ပေါင်လဲ့၏ နောက်ကြောင်းရာဇဝင်အား သိရှိထားခဲ့ခြင်းမရှိပေ။

ဒုတိယမြောက် ဆုံးဖြတ်ချက်မှာမူ... တိုက်ပွဲကြီးအား စောလျင်စွာ စတင်ရန်ဖြစ်သည်။

" သူတို့က အရင်ဆုံး အင်အားစုပြီးတော့ ဆဋ္ဌဂံမြေဂိုဏ်းကို ချေမှုန်းခဲ့ကြတာ... ပြီးမှ နှစ်ဖွဲ့ခွဲပြီး ကျန်တဲ့ ဂိုဏ်းကြီးနှစ်ဂိုဏ်းကို ပြိုင်တူတိုက်ခိုက်ခဲ့ကြတာပဲ.... " ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအေးစက်စွာ တောက်ပသွား၏။ သူသည် ထိုဂိုဏ်းကြီးနှစ်ဂိုဏ်းဘက်မှ ကူညီကာ ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းအား တွန်းလှန်တိုက်ခိုက်ရန် လိုအပ်ကြောင်း သိထားသည်။ တစ်ဖက်တွင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှာ သူ့အား လွယ်လွယ်နှင့် ခွင့်လွှတ်ပေးမည် မဟုတ်သလို အခြားတစ်ဖက်တွင်လည်း...

" ငါက နတ်မျက်လုံးလူမှုအဖွဲ့အစည်းကို မျက်စိကျနေတာ။ အခု ဒီ လူမှုအဖွဲ့အစည်းက ဖြည်းဖြည်းချင်း တိုးတက်လာနေပြီဆိုတော့ အနှေးနဲ့ အမြန် ငါ့အပိုင် ဖြစ်လာမှာပဲ။ အဲလို ဖြစ်သွားပြီးရင် ငါက မန္တန်တွေနဲ့ ဒီ လူမှုအဖွဲ့အစည်းကို ဆွဲခေါ်ပြီး ပြည်ထောင်စုကြီးရဲ့ နေအဖွဲ့အစည်းနဲ့ ပေါင်းစည်းခိုင်းလိုက်ရုံပဲ။ အဲတာဆိုရင် ပြည်ထောင်စုကြီးလည်း အဆင့်မြင့်လာမှာ။ အဲတာကို မင်းတို့က.... ဒီ လူမှုအဖွဲ့အစည်းကို ငါ့ရဲ့လက်ထဲကနေ လုယူရဲတယ်ပေါ့ " ဝမ်ပေါင်လဲ့မှာ အံကြိတ်ကာ တစ်ကိုယ်တည်း ရေရွတ်နေမိတော့သည်။ သူသည် ထိုသို့ဖြစ်လာအောင် မကြိုးစားမိခဲ့ပါက သူ့ကိုယ်သူ မကျေမနပ် ဖြစ်နေရမည်သာဖြစ်သည်။ အထူးသဖြင့် ယခုတွင် သူသည် ကျင့်ကြံခြင်းအဆင့် တိုးတက်လာပြီဖြစ်သလို တရားဝင် ရာထူးအဆင့်အတန်းတစ်ခုကိုလည်း ပိုင်ဆိုင်ထားပြီ မဟုတ်ပါလော။ ထို့အပြင် သူသည် ဝိညာဉ်တစ်သန်းနှင့် ဧကရာဇ်ရုပ်သေးရုပ် ဆယ့်နှစ်ရုပ်ကိုလည်း ထိန်းချုပ်ထားသေးသည်။

သို့ဖြစ်ရာ သူ့အား အင်အားကြီး အဖွဲ့အစည်းတစ်ခုအဖြစ် သတ်မှတ်ခြင်းမှာ ပုံကြီးချဲ့ရာ မကျပေ။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ အကဲဖြတ်သုံးသပ်လိုက်ပြီးနောက် အသိစိတ်ပျောက်လုမတတ် ဖြစ်နေသည့် သဲ့ခွန်းကျိအား နှစ်သိမ့်ပေးလိုက်၏။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ သက်တံ့ရှည်ကြီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး အရှိန်ကုန်မြှင့်တင်၍ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ ထိုသို့ပျံသန်းနေရင်း မျက်လုံးများ မှေးကာ သူ၏ ကျောက်စိမ်းပေလွှာကို ထုတ်ယူ၍ လူအချို့အား လှမ်း၍ ဆက်သွယ်ကြည့်လိုက်၏။ သို့သော် နတ်သမီးလင်ယိုနှင့် ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးတို့အပါအဝင် မည်သူကမှ သူ့ဆီသို့ အကြောင်းပြန်စာများ ပြန်ပို့ခဲ့ခြင်းမရှိပေ။ သို့ဖြစ်ရာ သူတို့အားလုံးမှာ အသတ်ခံလိုက်ရခြင်း သို့မဟုတ် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်း၏ ချုပ်နှောင်ခြင်းကို ခံထားရခြင်း ဖြစ်ရပေမည်။

ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူ၏ ကျောက်စိမ်းပေလွှာအား သိမ်းဆည်းလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် ထိုဂိုဏ်းရှိရာ နေရာသို့ သွားရောက်ကြည့်ရှုတော့မည် ဖြစ်သည်။

" တကယ်လို့ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း ချေမှုန်းခံလိုက်ရပြီဆိုရင် ထားလိုက်တော့။ တကယ်လို့ ချေမှုန်းမခံရသေးဘဲ ရှိနေသေးတယ်ဆိုရင်... ဒီ စစ်ပွဲကြီးက ငါ့ကို နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲမှာ တန်ခိုးအာဏာကြီးထွားလာအောင် ကူညီပေးနိုင်မှာပဲ "

ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် အရှိန်မြင့်တင်လိုက်၏။ ထိုအခါ နှောင်းပိုင်း ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များနှင့် လုံးဝမတူသော စွမ်းအင်လှိုင်းများမှာ သူ၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်ပေါ်လာသည်။ မင်းဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အားဖြည့်ပေးမှုကြောင့် ဝမ်ပေါင်လဲ့မှာ ဟင်းလင်းပြင်ကြီးကိုပင် ထိုးခွင်းသွားနိုင်စွမ်း ရှိနေလောက်အောင် မြန်ဆန်နေသည့် အမြန်နှုန်းဖြင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းဆီသို့ ဦးတည်သွားလိုက်တော့သည်။

ထိုအချိန်တွင် ဧကရာဇ်ဂြိုဟ်၏ အပြင်ဘက်တွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း တစ်ဂိုဏ်းလုံး၏ အနာဂတ်အား အဆုံးအဖြတ်ပေးမည့် တိုက်ပွဲကြီးတစ်ပွဲ ဖြစ်ပွားနေ၏။

ကျင့်ကြံသူပေါင်း မြောက်မြားစွာမှာ ဧကရာဇ်ဂြိုဟ်နှင့် ၎င်း၏ ပတ်ပတ်လည်ရှိ အခြားဂြိုဟ်များပေါ်တွင် ရှိနေကြသည်။ သူတို့မှာ ကောင်းကင်ယံထဲနှင့် စကြဝဠာကြီးထဲတွင်လည်း ရှိနေကြပြီး အသက်လုကာ တိုက်ခိုက်နေကြ၏။ စစ်သင်္ဘောကြီးများမှာလည်း သူတို့ ကဲ့သို့ပင် ခရမ်းရောင် ရွှေလူမှုအဖွဲ့အစည်းမှ ကျင့်ကြံသူစစ်တပ်ကြီးနှင့် အဆက်မပြတ် တိုက်ခိုက်နေကြသည်။

လက်ရှိတွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ အလွန်အင်မတန်မှ အရေးနိမ့်နေ၏။ ဧကရာဇ်ဂြိုဟ်၏ တစ်စိတ်တစ်ပိုင်းခန့်မှာ ပျက်စီးသွားပြီဖြစ်သလို ၎င်း၏ ပတ်ပတ်လည်ရှိ ဂြိုဟ်တုများထဲမှ သုံးခုသာ ကျန်ရှိတော့သည်လည်း ဖြစ်သည်။ ဖုန်မှုန့်များ၊ ဥက္ကာပျံများ၊ အကျိုးအပဲ့ အပျက်အစီးများနှင့် လူသေအလောင်းများမှာလည်း နေရာအနှံ့တွင် မျောလွင့်နေကြသေးသည်။

ထိုမြင်ကွင်းကြီးမှာ အလွန်အင်မတန်မှ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။

All Chapters