← Chapters

လက်စားချေခြင်း

Vol. 72 Ch. 1008

လက်စားချေခြင်း

Vol. 72 Ch. 1008

ဟုန်ဒူမှာ ကြောက်ရွံ့မှုကြောင့် မီးပင်ငြိမ်းသွားရသည်။

“လျှပ်စီးနဲ့မီးက ဘာကိုပြောချင်တာလဲ။”

အန်လင်း ခေါင်းခါပြလိုက်သည်။

“မင်းတစ်ခုခု မှားနေတယ် ထင်လို့ပါ။”

“ငါဘာမှမဖြစ်ပါဘူး။ ဘာတွေပြောနေတာလဲ။”

ဟုန်ဒူ စကားဆိုလိုက်သည်။

အန်လင်း အေးစက်စွာ ပြုံးပြလာသည်။

“မင်းဦးနှောက်က တစ်ခုခု ဖြစ်နေတယ်မလား။”

ဟုန်ဒူ : “.......”

ဝုန်း......

လျှပ်စီးများနှင့်အတူ အံ့ဖွယ်မီးတောက်များ ထွက်ပေါ်လာသည်။

ဟုန်ဒူ၏ ပတ်ပတ်လည်မှာ ဆိုးရွားသော ပတ်ဝန်းကျင်အဖြစ် ပြောင်းလဲသွားလေသည်။

ဒုန်း.... ဒုန်း.... ဒုန်း.....

ဘန်း..... ဘန်း..... ဘန်း......

ဝုန်း..... ဝုန်း...... ဝုန်း......

ခွက်..... ခွက်...... ခွက်......

ယွီဒူမှာ ခြေလှမ်းများ ရပ်တန့်သွားသည်။

“ငါ့မြေးက သခင်လေးအန်လင်းနဲ့ တကယ်ရင်းနှီးတာပဲ။ တွေ့တာနဲ့ လက်ရည်ပြိုင်နေပြီ။ ငါငယ်ငယ်ကလည်း အဲ့လိုညီအစ်ကိုကောင်း ရှိခဲ့ရင် ကောင်းမယ်။”

ဟုန်ဒူသာ ကြားပါက ငိုမိပေလောက်သည်။

ထိုသည်မှာ လက်ရည်ယှဥ်ပြိုင်ပွဲ မဟုတ်ခဲ့ပေ။

မြေးလေးတစ်ယောက်လုံး နှိပ်စက်ခံရတာတောင် ပျော်နေသေးတယ်......

သုံးမိနစ်ခန့် ကြာပြီးနောက်....

အန်လင်းမှာ ဒေါသများအား ထိုးနှက်ကာ ဖြေဖျောက်လိုက်သည်။

ဟုန်ဒူမှာ ဒဏ်ရာဒဏ်ချက်များနှင့် မြေပြင်တွင် ပက်လက်လန်နေသည်။

စိတ်ထဲတွင်လည်း ဒဏ်ရာများ ပြည့်နှက်နေလေသည်။ လွန်ခဲ့သော နှစ်အနည်းငယ်ခန့်က အန်လင်းနှင့် တန်းတူတိုက်ခိုက်နိုင်ခဲ့ပါသော်လည်း ယခုတွင်မူ အန်လင်းအတွက် သဲအိတ်တစ်လုံးသာသာ အဆင့်သာ ရှိတော့သည်။

“ဟုန်ဒူ မင်းဘာမှားလဲသိလား။”

အန်လင်း ပြုံးကာမေးလိုက်သည်။

ဟုန်ဒူ မျက်ရည်အဝဲသားဖြင့် စဥ်းစားလိုက်သည်။

“ရှောင်ချိုးနဲ့ ပိုင်ယောင်က မင်းကို သစ္စာဖောက်သွားတယ်ဆိုတာ သူများတွေကို မပြောလိုက်သင့်ဘူး။ မင်းအရမ်းခံစားရမှာပဲ။”

အန်လင်း : “......”

ဝုန်း..... ဝုန်း..... ဝုန်း.....

ဘုန်း...... ဘုန်း..... ဘုန်း......

ဒိုင်း...... ဒိုင်း...... ဒိုင်း.......

ဖြောင်း..... ဖြောင်း..... ဖြောင်း.....

ဟုန်ဒူမှာ ဒုတိယအချီ အဆော်ခံလိုက်ရသည်။

အန်လင်းမှာ ဟုန်ဒူအား ကြည့်လိုက်သည်နှင့် ထိုးနှက်ချင်စိတ်များ တက်ကြွလာသလိုပင်။

ထိုသို့ဖြင့် ဒေါသများအား ဖြေဖျောက်လိုက်ပြန်သည်။ ထို့နောက်မှသာ ဖြစ်ပျက်ခဲ့သည်များကို ဟုန်ဒူအား ရှင်းပြလိုက်သည်။

ဟုန်ဒူ ပါးစပ်အဟောင်းသား ဖြစ်သွားမိသည်။

“မင်းငါ့ကို ထပ်မထိုးခင် အရင်ရှင်းပြသင့်တာပေါ့။”

အန်လင်း ခပ်ဖွဖွ ပြုံးလိုက်သည်။

“မင်းဦးနှောက်ကို အထင်ကြီးမိလိုက်လို့လေ။”

ဟုန်ဒူ : “......”

ဟုန်ဒူ ဒေါသထွက်သွားပါသော်လည်း စိတ်ကိုထိန်းထားလိုက်ရသည်။

အန်လင်းသည် ဟုန်ဒူနှင့် အချိန်မဖြုန်းတော့ပဲ မြေခွေးစိမ်းမျိုးနွယ်စုထံသွားကာ အဖြစ်အပျက်ကို ရှင်းပြလိုက်ရသည်။ ထိုသို့မဟုတ်ပါက သူ့အား ဖောက်ပြန်ခံရသူဟုသာ ထင်မှတ်နေကြလိမ့်မည်။

ဧည့်သည်တော်များမှာ အန်လင်း ရှင်းပြမှသာ ဇာတ်ရည်လည်သွားကြသည်။

သူရှင်းပြပြီးချိန်တွင် နေဝင်ချိန်သို့ ရောက်နေလေပြီ။

ပထမ၌ မင်္ဂလာညတွင် မီးရှူးမီးပန်းများဖောက်ရန် စီစဥ်ထားခဲ့ကြသည်။

ယခုတွင်မူ သတို့သားရော၊ သတို့သမီးပါ ခိုးပြေးခံလိုက်ရသောကြောင့် အောင်ပွဲခံသင့်သော အခြေအနေ မဟုတ်တော့ပေ။

ထို့ကြောင့် ဧည့်သည်တော်များမှာ မြေခွေးမလေးများ ကပြဖျော်ဖြေသည်ကိုသာ ရှုစားလိုက်ကြရသည်။

စင်စစ်အားဖြင့် ၎င်းတို့သည်လည်း ဖျော်ဖြေမှုအား စိတ်မဝင်စားကြပေ။

အဘယ့်ကြောင့်ဆိုသော် ဖြစ်ပျက်ခဲ့သော အကြောင်းအရာများမှာ အကအလှများထက် ဆယ်ဆမက စိတ်ဝင်စားဖွယ် ကောင်းနေသည် မဟုတ်လော။

“ဒီကို ငွေအကုန်ခံလာရတာ တန်သားပဲ။”

“တစ်ခုဝယ် ဆယ်ခုလက်ဆောင်ရသလိုပဲလေ။”

“ဖတ်ခဲ့သမျှ ဝတ္ထုတွေထက်တောင် စိတ်ဝင်စားစရာ ကောင်းသေးတယ်။”

“ဘာလို့လဲတော့ မသိဘူး။ မင်းသမီး ပိုင်ယောင်နဲ့ မျောက်ရုပ်ဆိုးက လိုက်သလိုပဲ။”

“ဟုတ်တယ်။ အနမ်းနဲ့တင် အချစ်စစ်ဆိုတာ ခံစားမိနေတာ။”

“မျောက်ရုပ်ဆိုးက စုကျိုးအင်မော်တယ်ဂိုဏ်းရဲ့ အကြီးအကဲတဲ့။ အန်လင်းက သူ့သားရဲကို လိုက်ကူညီတာလေ။ မိုးကြိုးကပ်ဘေး အရှင်သခင်ကိုပါ တွေ့ခွင့်ရမယ် မထင်ထားဘူး။”

“အန်လင်းကို ဖောက်ပြန်ခံလိုက်ရတယ် ထင်နေတာ။”

ဧည့်သည်တော်များမှာ အချင်းချင်း ဆွေးနွေးနေကြသည်။

အလှလေးနှင့် သားရဲကြီးတို့၏ အချစ်ဇာတ်လမ်းဖြစ်သော ပိုင်ယောင်နှင့် ရှောင်ချိုးတို့အကြောင်းမှာ လူပြောအများဆုံး ဖြစ်သည်။

လန်ရှောင်နီနှင့် ချန်းနန်တို့ အကြောင်းအား ပြောကြပါသော်လည်း အများစုမှာ ဝိဥာဥ်ငါးကလန်နှင့် မြေခွေးမျိုးနွယ်စု၏ ဆက်ဆံရေး၊ ပဋိပက္ခများအား ပိုမိုပြောဖြစ်ကြသည်။

အန်လင်း၊ တီနာနှင့် တပိုင်သည် တံဆိပ်ပြားအားကိုင်ကာ မြေခွေးဖြူ အင်ပါယာနန်းတော်သို့ ရောက်ရှိလာကြသည်။

၎င်းတို့သည် ကိုယ့်ကိုယ်ကို ဖုံးကွယ်နေခြင်းမျိုး မရှိတော့ပေ။

အန်လင်းသည် ခမည်းခမက်များ၏ ပိုင်ဆိုင်မှုကိုလည်း တွက်ချက်နေမိသည်။

“ဟေး..... မြေခွေးလေး အဲ့သစ်ပင်ကိုရွှေ့လိုက်။ အဲ့မှာ သစ်ပင်စိုက်တာ ဖုန်းရွှေမကောင်းဘူး။”

အန်လင်း လှမ်းပြောလိုက်သည်။

မြေခွေးဖြူလေး လှည့်ကြည့်လာသည်။

“ခင်ဗျားက ဘယ်သူလဲ။”

အန်လင်း ရင်ကော့ပြလိုက်သည်။

“ငါ့သားရဲက မင်းတို့ မင်းသမီးလေးရဲ့ ယောက်ျားပဲ။”

မြေခွေးဖြူလေး အံ့သြသွားသည်။

“ခင်များက ဖောက်ပြန်ခံလိုက်ရတဲ့ လူသားပဲ။”

“ခွီး.....”

တပိုင်နှင့် တီနာမှာ မနေနိုင်တော့ပဲ ရယ်မောမိလိုက်သည်။

အန်လင်း မျက်နှာပျက်သွားရသည်။

သောက်ကျိုးနည်းပဲဟေ့......

မဟုတ်ကဟုတ်က နာမည်တွေ ရနေပြီ.......

သူဟုန်ဒူအား ထိုးနှက်ချင်လာသည်။

ငိုးမသားဟုန်ဒူ......

အန်လင်းအား သိလိုက်ရပြီးနောက် မြေခွေးဖြူလေးမှာ သူ၏စကားအတိုင်း သစ်ပင်ရွှေ့ပေးလိုက်သည်။

အန်လင်းမှာ စူပုတ်ပုတ်နှင့် နန်းတော်ကြီးထံ ရောက်ရှိလာသည်။

ပိုင်မုယွီမှာ စောင့်ဆိုင်းနေလေပြီ။

စုကျိုးအင်မော်တယ်ဂိုဏ်းသည် ပေါ့သေးသေး ဂိုဏ်းတစ်ခု မဟုတ်ပေ။

ဂိုဏ်းချုပ်အန်လင်းသည် စိတ်ဝိဥာဥ်ကျောက်တုံး မိုင်းတွင်းအတွက် အရှေ့ပင်လယ် နဂါးမင်းပိုင်နက်အား သမခဲ့သည်ဟူသော သတင်းများလည်း ရှိသည်။

ထို့ကြောင့်ပင် ပိုင်မုယွီသည် အန်လင်းအား လေးလေးစားစား ဆက်ဆံနေခဲ့သည်။

“ဂိုဏ်းချုပ်အန်လင်း သမီးလေးအကြောင်း ကြားမိသေးလား။”

ပိုင်မုယွီ မေးမြန်းလိုက်သည်။

အန်လင်း စိတ်ပျက်စွာ ခေါင်းခါပြလိုက်သည်။

“ရှောင်ချိုးကို ဆက်သွယ်ကြည့်ပေမယ့် မထူးပါဘူး။”

စင်စစ်တွင်မူ သူသည် လုံးဝမဆက်သွယ်ခဲ့ပေ။

ပိုင်မုယွီ မျက်မှောင်ကျုံ့လိုက်သည်။

သူမ အလွန်အမင်း ပူပန်နေကြောင်း သိသာလှသည်။

“စိတ်မပူပါနဲ့ ခမည်းခမက်။ လူငယ်တွေက ဒီလိုပါပဲ။ အခြေအနေကို နားလည်သွားရင် ပြန်လာကြမှာပါ။”

အန်လင်း နှစ်သိမ့်ပေးလိုက်သည်။

ပိုင်မုယွီ စကားဆိုလာသည်။

“ဘယ်တုန်းက သဘောတူလိုက်လို့လဲ။”

အန်လင်း ရယ်မောကာ ဘာမှမပြောတော့ပေ။ သူသည် ပိုင်မုယွီအား စမ်းသပ်လိုက်ခြင်းသာ ဖြစ်သည်။

ပိုင်မုယွီ သက်ပြင်းချကာ ခေါင်းခါလိုက်သည်။

“ဘာလို့ အဲ့လောက်တောင် စိုးရိမ်နေရတာလဲ။”

အန်လင်း နားမလည်နိုင်စွာ မေးမြန်းလိုက်သည်။

“ဟူး..... ဒီလောက်ထိ ဖြစ်လာမှတော့ ဖုံးကွယ်မနေတော့ပါဘူး။”

ပိုင်မုယွီ အန်လင်းအား ကြည့်ရှုလိုက်သည်။

“ငါ့သမီးရဲ့ အခြေအနေက ချန်းနန်သာ မကူညီရင် နောက်လထိတောင် အသက်ရှင်နိုင်မှာ မဟုတ်ဘူး။”

All Chapters