← Chapters

ချစ်မှာလား၊ ကယ်မှာလား

Vol. 72 Ch. 1010

ချစ်မှာလား၊ ကယ်မှာလား

Vol. 72 Ch. 1010

ပိုင်ယောင်မှာ ပြန်နိုးမလာခဲ့ပေ။

သူမသည် အသက်ရှူနေပါသော်လည်း သက်ရှိစွမ်းအင်များ ဖြည်းညင်းစွာ ပျောက်ကွယ်လာသည်။

ရှောင်ချိုး ထိတ်လန့်သွားသည်။

ရှောင်ချိုးသည် အေးစက်လာနေသော ပိုင်ယောင်အားပွေ့ကာ နာမည်ခေါ်နေပါသော်လည်း တုံ့ပြန်မှု မရှိခဲ့ပေ။

“ယောင်လေး..... ယောင်လေး ငါ့ကို မခြောက်ပါနဲ့။”

“ထပါတော့နော်။”

ရှောင်ချိုး တုန်လှုပ်နေသည်။

သူ၏နှလုံးသား တစ်ခုလုံး ပြိုကွဲမတတ် ဖြစ်နေချိန်တွင် လူတစ်ဦးအား တွေးမိသွားသည်။

ထိုသည်မှာ သေရေးရှင်ရေး အခြေအနေတွင် အံ့အားသင့်ဖွယ်များ ပြုလုပ်နိုင်သူပင်။

ရှောင်ချိုးသည် ပိုင်ယောင်၏ သိုလှောင်လက်စွပ်အား သန့်စင်ကာ သူ၏အသံဆက်သွယ်သော ကျောက်စိမ်းပြားအား အသက်သွင်းလိုက်သည်။ တစ်ဖက်မှ ချက်ချင်းတုံ့ပြန်လာလေသည်။

“အစ်ကိုကြီးအန်.... ကျွန်တော်....”

ရှောင်ချိုးမှာ မျက်ရည်ဝဲနေပြီး စကားပင် သေချာမပြောနိုင်ပေ။

“မင်းတို့ဘယ်မှာလဲ။ ငါအခုလာခဲ့မယ်။”

အန်လင်း အလောတကြီး ပြောလိုက်သည်။

ရှောင်ချိုး နွေးထွေးသွားကာ တည်နေရာအား ပြောပြလိုက်သည်။

“အစ်ကိုကြီးအန် လာနေပြီဆိုတော့ ယောင်လေး အဆင်ပြေသွားမှာပါ။”

ရှောင်ချိုး တိုးညင်းစွာ ရေရွတ်လိုက်သည်။

သူသည် ယခုကဲ့သို့ ကူကယ်ရာမဲ့သော ခံစားချက်မျိုးကို မခံစားခဲ့ဖူးပေ။

၎င်းတို့အနီးတွင် လေဟာနယ် ဝဲဂယက်တစ်ခု ဖြစ်ပေါ်လာသည်။

အန်လင်း၊ တီနာ၊ တပိုင်တို့အပြင် ပိုင်ယောင်၏အမေ ပိုင်မုယွီပါ လိုက်ပါလာသည်။

ပိုင်မုယွီသည် ရှောင်ချိုးထံမှ ပိုင်ယောင်အားဆွဲကာ မန္တာန်တစ်ခုဖြင့် အခြေအနေကို စမ်းသပ်လိုက်သည်။

“သူမ အခြေအနေ ဘယ်လိုလဲ။”

အန်လင်း မေးမြန်းလာသည်။

ပိုင်မုယွီမှာ မည်သည့်စကားမှ မပြောပဲ ပိုင်ယောင်၏ နဖူးအားထောက်ကာ ရွှေရောင်သင်္ကေတများ စီးဆင်းသွားစေသည်။

အားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေလေသည်။

ရှောင်ချိုးသည် မျက်တောင်ပင် မခတ်ပဲ ပိုင်ယောင်အား ကြည့်ရှုနေသည်။

မကြာမီတွင် ရွှေရောင်သင်္ကေတများ ပျောက်ကွယ်သွားရသည်။

ပိုင်မုယွီမှာ ချွေးအရွှဲသား ဖြစ်နေပြီပင်။

“ယောင်လေးက သုံးရက်ပဲ အသက်ရှင်နိုင်တော့မှာ။ ဒီရက်အတွင်း ချန်းနန်ကို ဖမ်းမှရမယ်။”

ပိုင်မုယွီ လေးလေးနက်နက်ပြောကာ ရှောင်ချိုးအား စူးစိုက်ကြည့်ရှုလိုက်သည်။

ရှောင်ချိုး ကြက်သီးထသွားရသည်။

မည်သို့ပင်ဆိုစေကာမူ ရှောင်ချိုး သတ္တိများကိုစုကာ စကားဆိုလိုက်သည်။

“ချန်းနန်ကိုဖမ်းရင် ယောင်လေးကို ကယ်နိုင်မှာလား။”

“ဟုတ်တယ်။ ယောင်လေး သူ့ကိုလက်ထပ်ပြီး အာဝါဟ ဝိဝါဟပြုလိုက်ရင် သူတို့အစွမ်းတွေ ပေါင်းစည်းသွားပြီးတော့ ယင်းယန်မျှခြေညီသွားလိမ့်မယ်။ အဲ့တော့မှ ယောင်လေးရဲ့ အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်ကို ဖိနှိပ်နိုင်မှာ။”

ပိုင်မုယွီ ရှင်းပြလာသည်။

အားလုံး တိတ်ဆိတ်သွားပြန်သည်။

ထိုစကားများမှာ ရှောင်ချိုးအတွက် မိုးကြိုးပစ်ချခံရသလိုပင်။

အန်လင်း၊ တီနာနှင့် တပိုင်သည်ပင် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

သောက်ကျိုးနည်း..... ချန်းနန်နဲ့ လိင်ဆက်ဆံမှ ပိုင်ယောင် အသက်ရှင်မှာလား.....

အဲ့ဒါကြောင့် မင်္ဂလာပွဲကို အတင်းအကြပ် စီစဥ်ခဲ့တာလား.....

“ချန်းနန်ကိုရှာဖို့ ကင်းထောက်တွေ လွှတ်ထားတယ်။ အခုလောလောဆယ် အနောက်ပင်လယ်ရဲ့ ပင်လယ်နှလုံးသားနန်းတော်မှာ ရှိနေတယ်တဲ့။ ငါတို့အတွက် အချိန်သိပ်မရှိဘူး။”

ပိုင်မုယွီ အသက်ပြင်းပြင်းရှူကာ အန်လင်းတို့အား ကြည့်လိုက်သည်။

“နင်တို့ ကူညီပေးမှရမယ်။”

အားလုံး တိတ်ဆိတ်နေသည်။

“မဖြစ်ဘူး။”

ရှောင်ချိုး အံကြိတ်ကာ ပြောလာသည်။

ပိုင်မုယွီ မျက်လုံးပြူးသွားသည်။

“နင်က ယောင်လေးကို ချစ်တယ်ဆိုပြီးတော့ အသေခံတော့မလို့လား။”

ရှောင်ချိုး ခေါင်းခါပြလိုက်သည်။

“မဟုတ်ဘူး။ ကျွန်တော် သူမကိုသိတယ်။ ချန်းနန်ကို လက်ထပ်ရတာက သေသွားရတာထက်တောင် နာကျင်နေမှာ။”

ထို့ကြောင့်ပင် ပိုင်ယောင်သည် မင်္ဂလာပွဲ၌ ရှောင်ချိုးနှင့် ထွက်ပြေးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။

“နင်.....”

ပိုင်မုယွီ ဒေါသထွက်နေသည်။

ရှောင်ချိုးမှာ မျက်ရည်ဝဲနေပါသော်လည်း မတုန်မလှုပ် ရှိနေဆဲပင်။

သူနှင့် ယောက္ခမကြားတွင် အမြင်ကွဲလွဲမှု ရှိနေပြီ ဖြစ်သည်။

သို့သော် ရှောင်ချိုးသည် ပိုင်ယောင် ရွေးချယ်ခဲ့သော လမ်းကိုသာ လက်ခံနိုင်သည်။

ပိုင်ယောင်သာ မချစ်မနှစ်သက်သူကို လက်ထပ်ရပါက သေဆုံးသည်ထက်ပို၍ နာကျင်ရပေလိမ့်မည်။

“စိတ်လျှော့ကြပါဦး။ တခြားနည်းလမ်းလည်း ရှိကောင်းရှိမှာပါ။”

အန်လင်း အလျင်အမြန် စကားဆိုလာသည်။

“ဒီနည်းလမ်းတစ်ခုပဲရှိတာ။”

ပိုင်မုယွီ လက်သီးဆုပ်လိုက်သည်။

“ယောင်လေးရဲ့ အေးခဲနေတဲ့ ယန်စွမ်းအင် အမြစ်က ယန်စွမ်းအင်ရော၊ ရေခဲဒြပ်စင်ပါပါတဲ့ ရှားပါးလွန်းတဲ့ ဝိဥာဥ်အမြစ်ပဲ။ အချိန်နဲ့အမျှ ကြီးထွားလာနေတာဆိုတာ့ ဖိနိုင်နိုင်မယ့်ဟာ မရှိဘူး။ သန့်စင်တဲ့ ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက်မှရမှာ။”

“အခုထိတောင် ချန်းနန်တစ်ယောက်ထဲမှာပဲ တွေ့ဖူးသေးတယ်။ သူ့ရဲ့ မဟူရာတိုက်စားခြင်း အံ့ဖွယ်မီးတောက်လေ။ နင်တို့ရော အဲ့လိုလုပ်ပေးနိုင်လို့လား။”

ပိုင်မုယွီ မျက်ရည်များ စီးကျလာသည်။

ထိုကိစ္စကြောင့်ပင် သူမနှင့် သမီးဖြစ်သူကြား ဆက်ဆံရေး ဆိုးရွားခဲ့ရသည်။

မည်သို့ပင်ဆိုစေကာမူ သူမသည် သမီးဖြစ်သူ သေဆုံးသွားမည်ကို ထိုင်ကြည့်မနေနိုင်ပေ။

မချစ်မနှစ်သက်သူကို လက်ထပ်ခြင်းဖြင့် အသက်ကယ်နိုင်ပါက သူမအနေဖြင့် အတင်းအကြပ် ပေးစားရုံသာ ရှိသည်။

“အာ.... ကျွန်တော်....”

ရှောင်ချိုး တိုးညင်းစွာ စကားစလိုက်သည်။

“ဘာလဲ။ နင်က ယောင်လေးကို ကယ်နိုင်လို့လား။ နင်တို့မကူလည်း ဖြစ်တယ်။”

ပိုင်မုယွီ ထွက်ခွာသွားရန် ပြင်လိုက်သည်။

“တကယ်တော့ ကျွန်တော် သူမကို ကယ်နိုင်လောက်တယ်။”

ရှောင်ချိုး လျင်မြန်စွာ ပြောလိုက်သည်။

ပိုင်မုယွီ ခြေလှမ်းများ ရပ်တန့်သွားသည်။

ရှောင်ချိုးမှာ အနက်ရောင်မီးတောက်များအား ထုတ်ပြလာလေသည်။

ထိုမီးတောက်များသည် အမှောင်ထုအား ကိုယ်စားပြုနေသလိုပင်။

သူစကားဆက်လိုက်သည်။

“သန့်စင်တဲ့ ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက်ကို လိုတယ်ဆို။”

ပိုင်မုယွီမှာ ထိုမီးတောက်အားကြည့်ကာ ရှက်ရွံ့မိသလို ခံစားလိုက်ရသည်။

“တကယ်ကို ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက်ပဲ။”

သူမ တိုးညင်းစွာ ရေရွတ်လိုက်သည်။

“အဲ့ဒါဆို အစ်ကိုကြီးချိုးက ပိုင်ယောင့်ကို ယူလို့ရပြီပေါ့..... ဝုတ်။”

တပိုင် စိတ်လှုပ်ရှားနေသည်။

ပိုင်မုယွီ : “......”

ရှောင်ချိုး ရှက်သွေးဖြာသွားရသည်။

“ယောင်လေးကိုသာ ကယ်နိုင်မယ်ဆိုရင် ဘာပဲဖြစ်ဖြစ် အဆင်ပြေပါတယ်။”

ပိုင်မုယွီ အံကြိတ်လိုက်သည်။

ဘာတွေလာခက်ခဲနေတာလဲ..... ပိုင်ယောင်ကို လက်ထပ်ပြီး ဟိုဒင်းဟိုဟာ လုပ်ချင်တဲ့ သူတွေမှ အများကြီး.... ဒင်းက ဘာတွေလာရှက်နေတာလဲ.....

အန်လင်း စကားဆိုလိုက်သည်။

“သူတို့က အချင်းချင်း ချစ်နေတာပဲလေ။ ရှောင်ချိုးမှာလည်း ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက် ရှိနေတာဆိုတော့ နတ်ဖတ်တဲ့ဖူးစာပဲပေါ့။ သူတို့ကို မြန်မြန်လက်ထပ်ပေးသင့်တယ်။”

အန်လင်း၏ စကားမှာ အဓိပ္ပါယ် ရှိသည်။

အန်လင်း စကားဆက်လိုက်သည်။

“ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက်က ရှားတယ်ဆိုပေမယ့် ခင်ဗျားက ပိုင်ယောင့်ကို သတ်ဖို့အထိ လုပ်ခဲ့တဲ့ကောင်လက်ထဲ ထည့်ပေးနိုင်လို့လား။”

ထိုစကားမှာ မိုးကြိုးသွားလိုပင်။

ပိုင်မုယွီမှာ အသိစိတ် ဝင်လာမိသည်။

အန်လင်းသည် သူ့ထံတွင်လည်း ယင်းစွမ်းအင် အမျိုးအစား အံ့ဖွယ်မီးတောက်ဖြစ်သော လရောင်ရှုခင်းမီးတောက်ရှိကြောင်း မပြောပြခဲ့ပေ။

ပိုင်မုယွီ မျောက်ရုပ်ဆိုးအားကြည့်ကာ ငြိမ်သက်သွားသည်။

ငါ့သမီးလေးက ဒီရုပ်ဆိုးကောင်ကို ယူရတော့မှာလား....

All Chapters