အဆင့်မြင့် လူငယ် ပညာရှင်
Vol. 83 Ch. 1149
အပြိုအပျက်ကမ္ဘာ ပျက်စီးလာမှုက တိုက်ပွဲကို မရပ်တန့်သွားစေပေ။ ဖန်းရှီယူ၏ ရေဓားက မိုဝူကျိ၏ မိုးမြေ တိုက်ကွက်နှင့် ရင်ဆိုင် တွေ့သွားပြီးသည့်နောက်တွင် ရုတ်တရက် ပေါက်ကွဲထွက်သွားသည်။
ရေဓားက မြောက်များစွာသော မရဏဓားလှိုင်းများအဖြစ် ပြောင်းလဲသွားသည်။ အကယ်၍ ဤသို့မရဏလှိုင်းများကို တခြား ကျင့်ကြံသူသာ ရင်ဆိုင်ရလျှင် သူ့စိတ်စွမ်းအားနှင့် သဘာဝစွမ်းအားတို့ အလုပ်လုပ်မှု ချက်ချင်း တုံ့ဆိုင်းသွားမည် ဖြစ်၏။ သို့သော်လည်း မိုဝူကျိ၏ ကမ္ဘာဦး စိတ်ဝိညာဉ်မှာ ရုပ်သဏ္ဍာန် ကမ္ဘာဦး စိတ်ဝိညာဉ် ဖြစ်နေသည်။ တစ်ချိန်တည်းတွင် သူ့လောကလမ်းကြောင်းက ပြင်ပကမ္ဘာမှ စည်းမျည်းများ ထိုးဖောက်ကျုးကျော်လာမှုကို မကြောက်ပေ။
ထိုသို့ဆိုလျှင်ပင် မိုဝူကျိက အလွန်အမင်း တုန်လှုပ်သွားသေး၏။ ဖန်းရှီယူ၏ ရေဓားက သူ့မိုးမြေ တိုက်ကွက်နှင့် ရင်ဆိုင်ပြီးနောက်တွင် တိုက်ခိုက်စွမ်း မလျော့ကျသွားပေ။ တကယ်တော့ ပို၍ ကြောက်မက်ဖွယ် မရဏဓားလှိုင်းများအဖြစ် ပြောင်းလဲသွားသေး၏။
ထိုဓားလှိုင်းများက ပုံသဏ္ဍာရှိဟန် ပေါ်နေ၏။ သူက လော့ကျမ်းစာရွက်ဖြင့် ခုခံလျှင်ပင် ထိုဓားလှိုင်းများကို ရှင်းထုတ်ပစ်နိုင်မည် မဟုတ်ချေ။
ရေဓားက အပ်ကျမ်းစာအုပ်နှင့် မယှဉ်ကောင်း မယှဉ်နိုင်သော်လည်း မိုဝူကျိက ဖန်းရှီယူ၏ ရေဓား ထိန်းချုပ်နိုင်စွမ်းသည် နတ်ဘုရားဧကရာဇ် မင်ယွဲ့၏ အပ်ကျမ်းစာအုပ် ထိန်းချုပ်နိုင်စွမ်းထက် များစွာ ပိုနေကြောင်း သိပေသည်။
ဒီလို ကြောက်စရာကောင်းတဲ့ မှော်ရတနာမျိုး ထုဆစ်နိုင်တယ်ဆိုတော့ … ဂြိုလ်ဗဟိုချက် ရေသေက ဘယ်လိုပစ္စည်းမျိုးလဲ
သူက ပန်းပဲဆရာတစ်ဦး ဖြစ်၏။ သို့သော်လည်း သူက ဂြိုလ်ဗဟိုချက် ရေသေအကြောင်း တစ်ခါမှ မကြားဖူးပေ။ ဤစကြဝဠာကြီးထဲ၌ ဗဟုသုတမြောက်များစွာ ရှိနေသည်မှာ သိသာလှသည်။ သူ သိထားသမျှကား ထိုဗဟုသုတ၏ အပိုင်းအသေးလေးမျှသာ ဖြစ်ပေသည်။
“ တာအိုရောင်းရင်းမို မြန်မြန် နောက်ဆုတ်လိုက်တော့ … အဲဒီဓားလှိုင်းတွေကို ဘယ်ရတနာနဲ့မှ ကာလို့ မရဘူး။ ကံကြမ္မာ ထိပ်သီးရတနာ မဟုတ်သရွေ့ ဘာနဲ့မှ အလုပ်မဖြစ်ဘူး ” ဖန်းရှီယူ၏ ရေဓားမှ ဓားလှိုင်းများစွာ ကွဲထွက်လာသည်ကို မြင်သောအခါ တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက စိုးရိမ်တကြီး လှမ်းအော်လိုက်သည်။
လက်တွေ့၌ ဖန်းရှီယူသည် ဝိဇ္ဇာအဆင့်အောက် နံပါတ်တစ် တည်ရှိမှု ဖြစ်ကြောင်း ခေါ်ဝေါ်ခံရသည့် အကြောင်းအရင်းမှာ သူ့ရေဓားကြောင့်သာ ဖြစ်၏။
ထိုရေဓားမရှိဘဲ ဖန်းရှီယူသည် ရှင်းလီကျန်းလို ပညာရှင်အတွက် ပြိုင်ဖက် ဖြစ်မည် မဟုတ်ပေ။ သို့သော် ရေဓားဖြင့် ရှင်းလီကျန်းသည် ဖန်းရှီယူအား အနိင်မရနိုင်တော့ချေ။
မိုဝူကျိက ဖန်းရှီယူ၏ ဖိနှိပ်မှု ခံနေရသည်ကို မြင်ကာ တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန်က အသိပြန်ကပ်လာသည်။ သူမက မှော်ရတနာကို ချက်ချင်း ထုတ်ယူလိုက်သည်။
ဤသည်မှာ ဧရာမ ရွှေ(ခေါင်း)ဘီး ဖြစ်၏။
ထိုဘီး ထွက်ပေါ်လာသည်နှင့် ရွှေရောင်လိုင်းများအဖြစ် ပြောင်းလဲသွားသည်။ ထိုဘီးတန်းတွင် မိုးကြိုးစွမ်းအားများ ပါဝင်နေဟန် ပေါ်၏။ သူတို့က နေရာတစ်ဝှက်ရှိ စည်းမျည်းများကို ရှင်းလင်းပစ်လိုက်ဟန် ပေါ်နေသည်။ ထိုရွှေရောင်ဘီး လမ်းကြောင်းရှိ အရာအားလုံးက ထိုအလင်းတန်းများအောက် ဖယ်ရှားခံလိုက်ရပြီး ဗလာနတ္ထိဖြစ်သွားပေသည်။
မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်မြစ်ဝါ၏ အကြံကို နားမထောင်ပေ။ သူ သဟဇာတ နတ်ဘုရားအဆင့် ရှိစဉ်အခါက ဝိဇ္ဇာတပိုင်းအဆင့်များကို မကြောက်ခဲ့ပေ။ ယခု သူကိုယ်တိုင် ဝိဇ္ဇာတပိုင်းအဆင့် ရောက်နေပြီ ဖြစ်ရာ ဤဝိဇ္ဇာတပိုင်း နှစ်ယောက်အား ကြောက်နေဦးမည်ဆိုလျှင် သူ့လူသားတာအို အတည်ပြုနိုင်ခဲ့သည့် ကိစ္စမှာ အလကား ဖြစ်သွားပေမည်။
တတိယမြောက် လက်ချောင်း ကံတရား ပေါက်ကွဲထွက်လာသည်။ မိုးမြေက ဧရာမ မီးပြင်းဖိုအဖြစ် ပြောင်းလဲသွား၏။ သက်ရှိလောကနှင့် မိုးမြေတို့မှ တာအိုလှိုင်းများက ထိုမီးပြင်းဖိုထဲ စီးဝင်သွားကြသည်။ သူတို့၏ တာအိုစည်းမျည်းများက ပွက်ပွက်ဆူလာသည်။
ဖန်းရှီယူက ဓားလှိုင်းမည်မျှ ထုတ်လွှင့်စေကာမူ တာအိုအုပ်စိုးသူ အရှင်မရွှေရောင်ကန်၏ ရွှေဘီးမှ ဘီးတန်းများ မည်မျှ ထွက်လာစေကာမူ သူတို့က မီးပြင်းဖိုအတွင်း ကျရောက်သွားကာ ဗလာနတ္ထိအဖြစ် ပြောင်းလဲသွားလေ၏။
ဤမီးပြင်းဖိုအတွင်း ဖန်ဆင်းမှုအလုံးစုံမှာ ကြေးနီသာ ဖြစ်၏။
“ ဝုန်း ” ရေဓားပေါ်တွင် အက်ကြောင်းတစ်ခု ပေါ်လာသည်။ ဖန်းရှီယူ၏ မျက်နှာမှာလည်း ပြောင်းလဲသွားလေ၏။ ဤသည်မှာ ကြောက်မက်ဖွယ် ကောင်းသော တိုက်ကွက် ဖြစ်ပေသည်။ ဖန်းရှီယူက သူကိုယ်တိုင်လည်း ကောင်းကောင်း သိထား၏။ သူ မောက်မောက်မာမာ ပြုမူရဲသည့် အကြောင်းအရင်းမှာ သူ့ရေဓားကို မည်သည့်အရာမှ မကာဆီးနိုင်၍ ဖြစ်သည်။
အကယ်၍ သူ့ရေဓားသာ ခုခံနိုင်သည်ဆိုလျှင် တာအိုအုပ်စိုးသူ အရှင်မရွှေရောင်ကန်လောက်ပင် အားကောင်းမည် မဟုတ်ပေ။ ယခု တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန်လည်း ယခင်အခြေအနေသို့ ရောက်ဖို့ရာ အလှမ်းကွာနေသေး၏။ အကယ်၍ သူသာ ဤအမျိုးသမီးနှင့် ဆက်နေနေလျှင် ကိုယ့်သေတွင်းကို တူးသလို ဖြစ်ပေမည်။
ဤမိုဝူကျိက တော်တော် ကြောက်ဖို့ ကောင်းလှသည်။ သူ မြန်မြန် ထွက်သွားဖို့ လိုအပ်နေ၏။
ထိုအတွေး ပေါ်လာသည်နှင့် ဖန်းရှီယူ၏ စွမ်းအားစက်ကွင်းမှာ ချက်ချင်း အားပျော့သွားသည်။
နေရာတစ်ခုလုံးမှာ မိုဝူကျိ၏ သက်ရှိလောကအောက် ကျရောက်နေပြီး သူ့လူသားတာအို၏ တာအိုလှိုင်းများနှင့် ပြည့်နှက်နေလေပြီ။ ဖန်းရှီယူက ထွက်ပြေးတော့မည့်အကြောင်း တွေးမိလိုက်သည်နှင့် မိုဝူကျိက ချက်ချင်း အာရုံံခံလိုက်မိသည်။
သူ့လခြမ်းကွေး ပုဆိန်လှံရှည် တစ်ချက်အဝေ့တွင် လေထဲမှ ငွေရောင်မြစ်ကြီး ဆင်းသက်လာသည်။
ထိုငွေရောင်မြစ်ကြီးက ကောင်းကင်မှ ကျဆင်းလာပြီး လမ်းတွင် ရှိသမျှ အရာအားလုံးကို အမှုန့်ဖြစ်သွားစေသည်။
ဖန်းရှီယူက သက်ရှိလောက စွမ်းအားစက်ကွင်းကို မချိုးဖောက်နိုင်ခင် လခြမ်းကွေး ပုဆိန်လှံရှည်၏ မူလအစွမ်းဖြစ်သည့် ချုပ်နှောင်မှုကို ခံလိုက်ရကာ “ ရပ် … ”
သူက အကြောက်တရားများ ပြည့်နှက်လာလေရာ မည်သို့ ကျိုးကြောင်းဆင်ခြင်နိုင်တော့မည်နည်း။ သူက မိုဝူကျိအား ရပ်ဖို့ မြန်မြန် ပြောလိုက်သော်လည်း ငွေရောင်မြစ်ကြီး ကျရောက်မလာခင် စကားတစ်လုံးသာ ထွက်သွားနိုင်လိုက်သည်။
“ ဖူး ” သွေးမြူတစ်ခု ပေါက်ကွဲထွက်သွားသည်။ လခြမ်းကွေး ပုဆိန်လှံရှည်က သူ့အား နှစ်ပိုင်း ပြတ်သွားစေ၏။
ဖန်းရှီယူ၏ ကမ္ဘာဦး စိတ်ဝိညာဉ် ထွက်ပေါ်လာသည်။ ထိုအရာ ထွက်ပေါ်လာသည်နှင့် သက်ရှိလောကအတွင်း ပိတ်မိသွားကာ အမှုန့်ဖြစ်သွားသည်။ ယနေ့မှစ၍ ဤစကြဝဠာကြီးထဲ၌ ဖန်းရှီယူဟု ခေါ်တွင်သည့် လူ မရှိတော့ချေ။
ဘေးမှ လေ့လာကြည်ရှုနေကြသော ကျင့်ကြံသူများလည်း ကြောင်အမ်းကာ ပြောစရာပင် ရှာမတွေ့တော့ချေ။ ဖန်းရှီယူ အင်အားကို မသိသည့်သူ မရှိချေ။ ဝိဇ္ဇာတချို့အပြင် မည်သူကများ ဖန်းရှီယူကို စိမ်ခေါ်ရဲမည်နည်း။ နတ်ဘုရားအရိုက်အရာနှင့် ပညာရှင်များပင် ဖန်းရှီယူအား ရန်စမရဲကြပေ။ အကြောင်းမှာ ဤလူက သူ့ရေဓားဖြင့် ဝိဇ္ဇာအဆင့်အောက်ရှိ ပညာရှင်များစွာကို သတ်ပစ်ခဲ့၍ ဖြစ်ပေသည်။
ဤသို့သော ပညာရှင်မျိုးက ကပ်ဘေးအတွင်း မသေဆုံးခဲ့ဘဲ သူ့ရုပ်ခန္ဓာကိုယ်ပင် ဖွဲ့စည်းနိုင်ခဲ့သေးသည်။ သူက အင်အားအပြည့်အဝ ပြန်မရသေးသော်လည်း အနည်းဆုံးတော့ ၇၀ ရာခိုင်နှုန်း၊ ၈၀ ရာခိုင်နှုန်းလောက် ပြန်ကောင်းလာလောက်လေပြီ။ ထိုသို့ဆိုလျှင်ပင် ဖန်းရှီယူက လူမသိသူမသိ မိုဝူကျိ၏ လက်ချက်ဖြင့် နိဂုန်းချုပ်ခဲ့ရသည်။
သူ့ဘေးတွင် တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန် ရှိနေသေးပေသည်။ အကယ်၍ သူမသာ ဝင်မကူညီလျှင် သူ မြန်မြန် သေသွားလောက်လား။
“ စီနီယာ … ကျွန်မ ဖုန်းချီကူက ဝိညာဉ်အမှတ်အသား ပေးအပ်ပြီးတော့ ခစားလုပ်ကျွေးပြုစုပါ့မယ် ” ဖန်းရှီယူ နှစ်ပိုင်းပြတ်သွားပြီးနောက် ဖုန်းချီကူက ကြောက်ကြောက်လန့်လန့်ဖြင့် အော်ပြောလိုက်သည်။
ဖန်းရှီယူ မရှိလျှင် သူမက ဘာမှမဟုတ်ပေ။
သူမ၏ ရွှေဘီးက မိုဝူကျိ၏ စတုတ္ထမြောက် တိုက်ကွက် ကံတရားအောက် ကျရောက်နေလေပြီ။ သူမအနေနှင့် လွှတ်မြောက်နိုင်ခြေ မရှိတော့ပေ။ သူမကိုယ်တိုင်လည်း မိုဝူကျိ၏ သက်ရှိလောကအောက် ချုပ်ငြိမ်းလုနီးပါး ဖြစ်နေလေပြီ။
“ ငါက အမှိုက်တွေ မလိုချင်ဘူး ” မိုဝူကျိက မထီမဲ့မြင် ပြောလိုက်ပြီးနောက် သူ့ကံတရား လက်ချောင်းမှ တာအိုလှိုင်းများ ထွက်ပေါ်လာသည်။ မီးတောင်ပေါက်ကွဲလာသကဲ့သို့ တာအိုအုပ်စိုးသူ အရှင်မရွှေရောင်ကန် ဖုန်းချီကူသည် မိုဝူကျိ၏ တာအိုလှိုင်းအောက် ကျရောက်သွားကာ အစအနမကျန် ပျောက်ကွယ်သွားတော့သည်။ သူမ ပြာများပင် မကျန်ရှိခဲ့ချေ။
မိုဝူကျိက လက်ခါကာ ဖန်းရှီယူ၏ ရေဓားနှင့် တာအိုအုပ်စိုးသူ အရှင်မရွှေရောင်ကန်၏ ရွှေဘီးတို့ကို ဆွဲယူလိုက်သည်။
နေရာတစ်ခုလုံးကား တိတ်ဆိတ်နေသည်။ အပြိုအပျက်ကမ္ဘာသည် တစစီ ဖြစ်ပြီး အာကာပြင်အနှံ့ ပြန့်လွှင့်နေပေသည်။ လေ့လာကြည့်ရှုသူများလည်း တိတ်ဆိတ်နေကြ၏။ မည်သူကမှ ဘာမှမပြောကြပေ။
ဤနေရာရှိ လူများတွင် မည်သူကများ ပညာရှင် မဖြစ်ခဲ့သည့်သူ ပါမည်နည်း။ သူတို့က ကပ်ဘေးကြီးကို ကြုံတွေ့ခဲ့ကာ အသက်ရှင်ခဲ့ကြသည်။ သူတို့သည် ရှင်သန်နိုင်ရုံသာမက အပြိုအပျက်ကမ္ဘာ၏ မူလဇာစ်မြစ် စွမ်းအားများဖြင့် ခန္ဓာကိုယ်ပင် ဖွဲ့စည်းပြီးသွားကြလေပြီ။
ယခု သူတို့ တစ်ခါမှ မမြင်ဖူးသည့် လူငယ်လေးက သူတို့ရှေ့မှောက်၌ ထိပ်တန်း ပညာရှင်နှစ်ယောက်ကို သတ်ပစ်လိုက်ပြီ ဖြစ်၏။
ဖန်းရှီယူပင် ဖြစ်စေ၊ ဖုန်းချီကူပင် ဖြစ်စေ နှစ်ယောက်လုံးက နာမည်ကျော်ကြားသော တည်ရှိမှုမျိုး ဖြစ်ပေသည်။ ဖုန်းချီကူက တာအိုအုပ်စိုးသူ အရှင်လေးပါးအနက် အားအကောင်းဆုံး ဖြစ်၏။ သို့သော်လည်း မိုဝူကျိရှေ့တွင် သူမက ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပေ။
“ အစ်ကိုမိုရဲ့ တာအို တိုးတက်လာမှုအတွက် ဂုဏ်ပြုပါတယ် ” ထုံမင်က အရင်ဦးစွာ ပြောလိုက်သည်။ သူက ပြုံးနေသော်လည်း စိတ်ထဲ၌ တုန်လှုပ်အံ့အားသင့်နေမိသည်။
အကယ်၍ သူသာ ဖြစ်နေလျှင် သူက ဖန်းရှီယူနှင့် ဖုန်းချီကူတို့ ပူးပေါင်းတိုက်ခိုက်မှုကို ကြောက်မည် မဟုတ်ပေ။ အပြိုအပျက်ကမ္ဘာ၏ မူလဇာစ်မြစ် စွမ်းအားများဖြင့် သူ့တာအိုကို ကျစ်လစ်လာအောင် ဖွဲ့စည်းပြီးနောက် ထုံမင်သည် သူ့စွမ်းဆောင်ရည် သူ ကောင်းကောင်း သိပေသည်။
သို့သော်လည်း သူက မိုဝူကျိနှင့်တော့ မတူနိုင်ကြောင်း သိထားသည်။ သူက ဖန်းရှီယူနှင့် ဖုန်းချီကူတို့ကို အလွယ်လေး အနိုင်ယူနိင်မည် မဟုတ်ပေ။ သူက မိုဝူကျိသည် အားကုန်ထုတ်သုံးထားခြင်း မဟုတ်ကြောင်း ယုံကြည်မိ၏။ တနည်းအားဖြင့်ဆိုရလျှင် မိုဝူကျိတွင် သူ မမြင်ရသေးသည့် နည်းလမ်းများစွာ ရှိနေသေးပေသည်။
သူ မိုဝူကျိနှင့် ပူးပေါင်းစဉ်အခါက မိုဝူကျိ၏ စွမ်းအားကို ခံစားမိ၍ ဖြစ်သည်။ သို့သော် ယခုတွင် သူက မိုဝူကျိသည် မည်မျှ အားကောင်းနေကြောင်း မခန့်မှန်းတတ်တော့ပေ။ သူ့စိတ်ထဲ၌ မိုဝူကျိ၏ တာအိုကျင့်စဉ်သည် အောင်မြင်မှုအကြီးကြီး ရထားပြီးကြောင်း ခံစားမိနေ၏။
မိုဝူကျိက ထုံမင်လို လူမျိုးကို ကောင်းကောင်း နားလည်ပေသည်။ သူက ဒုတိယမုန့်ယဲ့လို လူစားမျိုး ဖြစ်၏။ သူက လူတစ်ယောက်နှင့် တွဲလုပ်သည်မှာ အကျိုးအမြတ်အတွက်သာ ဖြစ်ပေသည်။ သူတို့နှစ်ယောက်က သေချာပေါက် မိတ်ဆွေ မဖြစ်နိင်ပေ။
သူက ရယ်ရယ်မောမောဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ ထို့နောက် သူက တာအိုအုပ်စိုးသူ အရှင်မြစ်ဝါဆီ လျှောက်သွားကာ “ တာအိုရောင်းရင်း မြစ်ဝါ … တကယ်လို့ အစီအစဉ်မရှိရင် ကျုပ်တို့နဲ့ လိုက်ခဲ့လို့ ရတယ်နော် ”
တာအိုအုပ်စိုးသူ အရှင်မြစ်ဝါက နှလုံးခုန်ပင် မြန်ဆန်သွားမိ၏။ သို့သော်လည်း သူက တစ်ခုခုကို ပြန်အမှတ်ရသွားဟန်ဖြင့် ခေါင်းခါကာ
“ ကျုပ်ဆီမှာ လုပ်စရာလေး တချို့ ကျန်နေသေးတယ်။ ကျုပ် ပြီးတာနဲ့ ကပ်ဘေးကြီး ရောက်မလာသေးဘူးဆိုရင် တာအိုရောင်းရင်းမိုကို သေချာပေါက် လာရှာပါ့မယ် ”
“ ကောင်းပြီလေ … ” မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်မြစ်ဝါနှင့် ဆက်သွယ်ရေး ပုတီးစေ့ချင်း လဲလိုက်သည်။
သူက တာအိုအုပ်စိုးသူ အရှင်လေးပါးလုံးနှင့် ဆုံပြီးလေပြီ။ သူ စောစောလေးက တာအိုအုပ်စိုးသူ အရှင်မ ရွှေရောင်ကန်ကို သတ်လိုက်သည်။ တစ်ဖက်တွင် အရှင် မဟာသဲကန္တာရနှင့် အရှင် အမှောင်ထုတို့မှာ တူညီသော လူများ ဖြစ်ကြသည်။ သူတို့နှစ်ယောက်လုံးက တစ်ကိုယ်ကောင်းဆန်ကာ သူတို့တာအိုအတွက်သာ ထည့်တွက်ကြပေသည်။ သို့သော်လည်း အရှင်မြစ်ဝါ၏ အကျင့်စရိုက်က သူနှင့် ကိုက်ညီပေသည်။ ဤသည်က မိုဝူကျိအနေနှင့် သူ့အား မိတ်ဆွေဖွဲ့လိုသည့် ရည်ရွယ်ချက် ဖြစ်လာစေသည်။
မိုဝူကျိက တာအိုအုပ်စိုးသူ အရှင်မြစ်ဝါနှင့် ပြောနေစဉ် တခြားသော ကျင့်ကြံသူများကလည်း လာရောက်နှုတ်ဆက်ကြ၏။ သူတို့က မိုဝူကျိ ဘယ်သူမှန်း၊ ဘယ်က လာမှန်း၊ ဘာလုပ်မည်မှန်း မသိကြသော်လည်း ကပ်ဘေးမတိုင်ခင် မိုဝူကျိလိုမျိုး ပညာရှင်နှင့် မိတ်ဆွေဖွဲ့ထားခြင်းသည် အကျိုးမြတ်ရလာနိုင်ပေသည်။
အပြိအပျက်ကမ္ဘာတွင် ပုန်းအောင်းနေသော ပညာရှင်များစွာ ရှိသည်မှာ အမှန်ဖြစ်၏။ အပြိုအပျက်ကမ္ဘာ တစ်ဝက်နီးပါး ပျက်စီးလုနီးပါး ဖြစ်သွားသော်လည်း ပင်မနတ်ဘုရားများ၊ သာမည နတ်ဘုရားများစွာ ရှိနေသေး၏။ နတ်ဘုရားအရိုက်အရာ မရှိသည့် အားကောင်းသော ပညာရှင်များစွာလည်း ရှိနေသေးပေသည်။
ကပ်ဘေးကြီးက တစ်ယောက်တည်း ရင်ဆိုင်နိုင်သည့်အရာ မဟုတ်ချေ။ ဤအတွေ့အကြုံများသော ပညာရှင်များက သူ့အား မိတ်ဆွေလာဖွဲ့သောကြောင့် မိုဝူကျိက မငြင်းဆန်ပေ။ သူက အားလုံးကို အရေးတယူ ပြောဆိုပေး၏။ အကယ်၍ သူက ပိုအားကောင်းနေလျှင်ပင် ကပ်ဘေးကြီးကို တစ်ယောက်တည်း ရင်ဆိုင်နိုင်မည် မဟုတ်ချေ။
လူအုပ်ကြီး ကျဲသွားပြီးနောက် မိုဝူကျိက ထုံမင်တို့ဘက် လှည့်ကာ မေးလိုက်သည်
“ တာအိုရောင်းရင်းထုံမင် …ကျုပ်တို့တွေ သတ္တကမ္ဘာ ကျောက်တုံးဆီ ဘယ်လို ပြန်သွားကြမလဲ ”
ယခု မိုဝူကျိက ဝိဇ္ဇာတပိုင်းအဆင့် ဖြစ်နေပြီ ဖြစ်၍ ဝိဇ္ဇာထန်းဟန်အား မကြောက်တော့ပေ။ ဤသို့ဆိုမှတော့ သူက နတ်ဘုရားကမ္ဘာအား တစ်ခေါက် သွားကြည့်လိုသည်။ သူ နတ်ဘုရားကမ္ဘာ ပြန်ရောက်သည်နှင့် ဝတ်ရုံစိမ်း ဝိဇ္ဇာ သူတော်စင်မနှင့်လည်း ရင်ဆိုင်ရပေဦးမည်။