အပိုင်း(၅၁၂)
Vol. 35 Ch. 512
“ဝုန်း..ဝုန်း…ဝုန်း..ဝုန်း..ဝုန်း”
ဂူ၏အပြင်ဘက်၌ လျှပ်စီးများက တဖျပ်ဖျပ်လင်းလက်နေသည်။ မိုးသက်မုန်တိုင်းက ပို၍ပို၍
ပြင်းထန်လာပြီး ဂူအပြင်ဘက်ရှိ
တောအုပ်အား ပြင်းထန်စွာသိမ်းကျုံး ဖြတ်သန်းနေ၏။
“ဟုဖ်..ဟုဖ်..ဟုဖ်..ဟုဖ်..ဟုဖ်”
လေတိုက်ခတ်သံတစ်ဟူးဟူးနှင့်အတူ သိပ်သည်းထူထပ်လှသော သစ်ရွက်များက ယိမ်းထိုးနေ၏။ ခရမ်းရောင်လျှပ်စီးများအောက်တွင် ညအမှောင်ထုအတွင်းရှိမုန်တိုင်းအတွင်း၌ နတ်ဆိုးတစ်အုပ် သွေးရူးသွေးတန်းကခုန်နေသ
ကဲ့သို့ပင်ဖြစ်သည်။
အဖြူလေး၏ကိုယ်ပေါ်၌ လဲလျောင်းနေသော ကျိမို့မှာ ညင်သာစွာဟောက်နေသည်။ အဖြူလေးက ၎င်း၏အကြည့်အား ကျိမို့ထံမှရုတ်သိမ်းလိုက်ပြီး ၎င်း၏ဦးခေါင်းကိုပြန်လှည့်၍ ရှေ့ရှိမိုးသည်းထန်စွာရွာသွန်းနေသော တောအုပ်ကိုကြည့်လိုက်သည်။
“ဝေါင်း.ဝေါင်း”
ကျားဖြူထံမှဟိန်းသံခပ်တိုးတိုး
နှစ်ချက်ထွက်ပေါ်လာပြီး ရှေ့သို့မှင်တွေစွာကြည့်နေသည်။ ကျားဖြူ၏ မျက်နှာထက်၌ လူသားတစ်ယောက်ကဲ့သို့ ဝမ်းနည်းမှုတစ်ခုဖြစ်ပေါ်လာသည်။
သို့သော် ထို့နောက်ရုတ်ခြည်း ကျားဖြူ၏ကိုယ်က လှုပ်ခါသွားပြီး ၎င်း၏ ဝမ်းနည်းနေသောမျက်နှာက ပုံမှန်တည်ကြည်မှုအဖြစ်ပြန်လည်
အစားထိုးသွားသည်။၎င်းက ရှေ့ရှိတောအုပ်အားစိုက်ကြည့်လိုက်ပြီး ခပ်တိုးတိုးဟိန်းလိုက်၏။
“ဝုန်း..ဝုန်း..ဝုန်း..ဝုန်း..ဝုန်း”
ကောင်းကင်ထဲ၌ မိုးကြိုးလျှပ်စီးများကထပ်မံမြည်ဟိန်းနေသည်။ လျှပ်စီးများကလင်းလက်နေပြီး ခရမ်းရောင်လျှပ်စီးများ၏ ထွန်းလင်းမှုအောက်တွင် လေနှင့်အတူကခုန်နေသော သစ်ပင်များရှိရာတောအုပ်အတွင်း၌ အနက်ရောင်ပုံရိပ်တစ်ခုအား ဝိုးတိုးဝါးတားမြင်တွေ့ရနိုင်၏။ နက်မှောင်သော အစိမ်းရောင် အလင်းနှစ်ခုက လင်းလက်သွားပြီး အနက်ရောင်ပုံရိပ်နှင့် အစိမ်းရောင်အလင်းတို့က သေးငယ်သောအပေါက်လေးထံ
သို့ဖြည်းဖြည်းချင်းချဉ်းက်လာနေ၏။
“ဝေါင်း”
အဖြူလေးက ခက်ထန်သောအမူအယာအားလှစ်ဟာပြ၍ ချဉ်းကပ်လာနေသောအနက်ရောင်ပုံရိပ်ထံသို့ ကြမ်းကြုတ်စွာမာန်ဖီလိုက်သည်။
ဟိန်းသံက ကောင်းကင်နှင့်မြေပြင်အားဖြတ်
သန်းပဲ့တင်ထပ်သွားပြီး ကျားဖြူ၏ဟိန်းသံအောက်၌ ဂူတစ်ခုလုံး တုန်ခါသွားစေသည်။
“အား..အဖြူလေး..ဘာဖြစ်လို့လဲ”
ကျားဖြူ၏ကျောထက်၌ အိပ်ပျော်နေသော ကျိမို့မှာလည်း ကျားဖြူ၏လှုပ်ရှားမှုကြောင့်နိုးလာသည်။ သူမ၏မျက်လုံးတို့အား ညာလက်ဖြင့်ပွတ်သပ်လိုက်ပြီး အိပ်ချင်မူးတူးဖြင့် စကားပြောရင်းမှင်တွေစွာကြည့်လိုက်သည်။
“ဝေါင်း.ဝေါင်း”
ကျားဖြူက ဒေါသတကြီးနောက်တစ်ကြိမ်ဟိန်းလိုက်သည်။ ကျိမို့က သူမ၏ခေါင်းကိုလှည့်၍ ကျားဖြူနှင့်အတူ ဂူရှေ့ဆီသို့ကြည့်လိုက်၏။ ဤအချိန်တွင် သူမတို့ထံသို့ချဉ်းကပ်လာနေသော အနက်ရောင်ပုံရိပ်အား ကျမို့လည်းမြင်တွေ့လိုက်ရပြီး ချင်ချင်း အသိပြန်ဝင်လာသည်။ သူ၏လှပသောမျက်နှာလေးထက်တွင် ကြောက်စိတ်မွှန်မှုတိုဖြင့်ပြည့်နေ၏။
ဂူနှင့်ခုနှစ်မီတာ ရှစ်မီတာခန့်ဝေးသောနေရာ၌ အနက်ရောင်မီးတောက်များ
တောက်လောင်နေသော ကျားသစ်နက်တစ်ကောင်ကို ကျမို့မြင်တွေ့လိုက်ရသည်။၎င်းက သူမထံသို့လျှောက်လှမ်းလာ၏။
ကျားသစ်နက်၏မျက်လုံးများက အစိမ်းရောင်အလင်းနှစ်ခုနှင့်
အတူတောက်ပနေသည်။
၎င်းက ထူးခြားသောကျားသစ်နက်ဖြစ်သည်။ ကြယ်ကိုးပွင့်ဘိုးဘေးနယ်ပယ်အဆင့်ရှိသော ကျိမို့ပင် အနက်ရောင်မီးတောက်ကျားသစ်နက်၏ အဆင့်ကို ဖြတ်မြင်နိုင်ခြင်းမရှိပေ။
ကျိမို့က မြေပြင်မှထလိုက်ပြီး ကျားဖြူ၏ဘေး၌ရပ်လိုက်သည်။ နှင်းကဲ့သို့ဖြူစွတ်သော ဓားရှည်တစ်လက်က သူ၏ညာလက်၌ပေါ်လာပြီး ကျားသစ်နက်အား ၎င်းဖြင့် ထိုးညွှန်လိုက်သည်။
ကျိမို့က လေးနက်စွာပြောလိုက်သည်။
“အဖြူလေး. ရှစ်ဖုန့်လေးက အခု ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတယ်..ငါတို့ပဲ ဒီကျားသစ်နက်ကို ကိုင်တွယ်နိုင်မှာ”
“ဝေါင်း”
ကျားဖြူက ကျိမို့၏စကားတို့အားပြန်တုန့်ပြန်
သည့်အနေဖြင့် ဟိန်းလိုက်သည်။ သို့သော်ထို့နောက်၌ မြေပြင်ပေါ်မှ၎င်း၏ နောက်ခြေထောက်တို့နှင့်အတူ ခုန်လိုက်၏။ ၎င်း၏ဧရာမကိုယ်ကြီးက အပေါ်သို့တက်သွားကာ အနက်ရောင်မီးတောက်များတောက်လောင်နေသောကျားသစ်နက်ထံသို့ပျံသန်း
သွားလိုက်သည်။
“ဝေါင်း”
ကျားဖြူက ဒေါသတကြီးဟိန်းလိုက်၏။ ၎င်းဖြတ်သန်းသွားသောနေရာတိုင်းတွင် ပြင်းထန်သောလေများတိုက်ခတ်လာသည်။ လေဝဲတစ်ခုကကျားဖြူ၏ပါးစပ်မှထွက်လာပြီး ကျားသစ်နက်ထံသို့ဦးတည်သွားသည်။
၎င်းက ဟာရီကိန်းအဖြစ်ပြောင်းလဲသွားပြီး ပို၍ကြီးမားလာကာပို၍ပြင်းထန်လာသည်။ ဟာရီကိန်းဖြတ်သွားသော
နေရာတိုင်းတွင် မြေပြင်မှာရှုပ်ပွသွားသည်ဖြစ်သည်။
“ဝေါင်း”
ဟာရီကိန်းက ကျားသစ်နက်အားဝါးမျိုတော့မည့်အချိန်တွင် ကျားသစ်နက်က ၎င်း၏ပါးစပ်ကိုဖွင့်ဟ၍ ခက်ထန်စွာဟိန်းလိုက်၏။ ကျားသားနက်၏ပါးစပ်မှအနက်ရောင်မီးတောက်တို့အား မှုတ်ထုတ်လိုက်ပြီး ဟာရီကိန်းထံသို့ တစ်ဟုန်ထိုးဦးတည်သွားသည်။
အနက်ရောင်မီးတောက်တို့၏ သက်ရောက်မှုအောက်တွင် ကျားဖြူမှုတ်ထုတ်လိုက်သော
ဟာရီကိန်းက ရုတ်ချည်းပျောက်ကွယ်သွားသည်။ ဤအချိန်တွင်ကျားဖြူ၏ဧရာမကိုယ်ကြီးကျ ရှေ့မှနေ၍ ကျားသစ်နက်
ဆီသို့ခုန်အုပ်လိုက်၏။
“ဝေါင်း”
ကျားသစ်နက်က ဒေါသတကြီး ဟိန်းလိုက်ပြီး ၎င်း၏ပါးစပ်အတွင်းမှ မီးတောက်နက်တို့ပျောက်ကွယ်သွားသည်။ ကျားဖြူ၏ခုန်အုပ်မှုအားရင်ဆိုင်လိုက်ပြီး၎င်းကဆုတ်ခွာခြင်းမရှိပေ။ ထိုအစား ၎င်း၏မီးတောက်နက်တို့ဖြင့်
လောင်ကျွမ်းနေသော ခန္ဓာကိုယ်ကလည်း ကျားဖြူထံသို့ ကြမ်းကြုတ်ခက်ထန်စွာခုန်အုပ်လိုက်သည်။
ပုံရိပ်နှစ်ခု တစ်ခုကအဖြူ တစ်ခုကအနက် တို့ ရုတ်ခြည်းတစ်ခုနှင့်တစ်ခုထိပ်တိုက်တွေ့ကြ၏။
“ဝေါင်း”
“ဂါး..ဂါး”
“ဝေါင်း”
ကြမ်းကြုတ်သောသားရဲနှစ်ကောင်က တစ်ကောင်နှင့်တစ်ကောင် ရူးသွပ်စွာဆုတ်ဖြဲကြသည်။၎င်းတို့၏ရှေ့လက်သည်းများကရူးရူးမူးမူးကခုန်နေပြီး သွေးများက စင်ထွက်နေသည်။ သို့သော်ထို့နောက်တွင် ကျားသစ်နက်၏ညာဘက်ရှေ့လက်ဖဝါးက ကျားဖြူ၏ဦးခေါင်းအားပြင်း
ထန်စွာရိုက်ချလိုက်သည်ကို ကျိမို့တွေ့လိုက်ရသည်။ အဖြူလေးမှာကျားသစ်နက်ကြောင့်နောက်ပြန်လွင့်လာပြီး သူရှိရာဂူသို့တစ်ဟုန်ထိုးလွင့်ပျံလာသည်။
“ဝေါင်း”
နောက်ပြန်လွင့်နေရင်း ကျားဖြူက နာကျင်မှုအပြည့်ဖြင့် ညည်းညူလိုက်သည်။ ၎င်း၏ခန္ဓာကိုယ်ဖြတ်သန်းသွား
သောနေရာတိုင်းတွင် တောက်ပနီရဲသောသွေးများက အဆက်မပြတ် မြေပြင်ပေါ်သို့စင်နေသည်။
“ဘန်း”
ကျယ်လောင်သောအသံနှင့်တူ ကျားဖြူ၏ ကြီးမားသောကိုယ်က ကျိမို့၏ရှေ့သို့ပြင်းထန်စွာကျလာသည်။
“အ..အဖြူလေး.. “
ကျားဖြူနောက်ပြန်လွင့်လာပြီး ကျဆင်းလာသည်ကို တွေ့ရသောအခါတွင် ကျိမို့အလျှင်အမြန်ပြေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ချလိုက်သည်။
“အဖြူလေး..နင်ဘယ်လိုနေလဲ.အဖြူလေး”
ကျားဖြူ၏ဦးခေါင်းလည်ပင်းနှင့် ရင်ဘက်တို့၌ လည်သည်းရာများဖြင့်ဖုံးလွှမ်း
နေသည်ကိုကျိမို့မြင်လိုက်ရသည်။ ထက်ရှသောသွားများဖြင့်အကိုက်ခံထားရသည့်သွားရာများလည်းရှိနေ၏။ တောက်ပနီရဲသောသွေးများက အဆက်မပြတ်စီးထွက်နေပြီး ၎င်း၏ရင်ဘက်ရှိအဖြူရောင်အ
မွှေးတို့တွ၍နီရဲစွာစွန်းထင်းကုန်သည်။
“ဝေါင်း…ဝေါင်း.ဝေါင်း..ဝေါင်း..ဝေါင်း”
ကျားဖြူကဒေါသထွက်စွာဖြင့်ဟိန်းက တွန့်လိမ်နေ၏။၎င်းကထရပ်ပြီး ထပ်မံတိုက်ခိုက်ချင်သော်လည်း လှုပ်ရှားလိုက်သည်နှင့်ပြန်ပြန်လဲပြိုနေသည်။
ကျားသစ်နက်၏ ပြင်းထန်သောတိုက်ခိုက်မှုအောက်၌ အဖြူလေးမှာ အပြင်းအထန်ထိခိုက်ဒဏ်ရာ
ရသွားပုံပေါ်သည်။
ကျားသစ်နက်က အဆင့်ခုနှစ်အလယ်အလတ်အဆင့်တွင်ဖြစ်ပြီး ကျားဖြူက အဆင့်ခုနှစ်အစောပိုင်းအဆင့်
တွင်သာရှိသေးသည်ဖြစ်သည်။ ခွန်အားခြင်းယှဉ်ရာတွင် ၎င်းအနေဖြင့်ကျားသစ်နက်အား
လုံးဝယှဉ်နိုင်ခြင်းမရှိချေ။
“အဖြူလေး..နင်ဒီလိုမျိုးဒဏ်ရာတွေနဲ့ဆိုရင် နင်မလှုပ်ပဲနေတာပိုကောင်းမယ်”
ကျိမို့က မြေပြင်ထက်၌လဲနေသော အဖြူလေးအားကြည့်၍ စိုးရိမ်စွာပြောလိုက်သည်။
“ဒါပေမဲ့..”
အဖြူလေးအားစကားပြောပြီးနောက်
ဒါပေမဲ့ဟု ကျိမို့ထပ်မံပြောလိုက်၏။ ထို့နောက် သူမခေါင်းလေးအားဖြည်းဖြည်းချင်း
မော့လိုက်ပြီး သူမရှေ့သို့ကြည့်လိုက်သည်။ အဖြူလေးက မြေပြင်ထက်၌လဲနေပြီး ဒဏ်ရာများဖုံးလွှမ်းနေကာပြင်းထန်စွာထိခိုက်ထားသည်။ သို့သော် ထိုကျားသစ်နက်တော့လုံးဝထိခိုက်
သည့်ပုံမပေါ်ချေ။ ၎င်းက အရမ်းကြမ်းကြုတ်ခက်ထန်နေဆဲဖြစ်ကာ သူမထံသို့လျှောက်လှမ်းလာနေသည်။
“အဖြူလေးတောင် ဒီလိုမျိုး အဲ့တာကြီးရိုက်တာခံရတယ်…
ငါအဲ့တာကြီးကိုနိုင်ပါ့မလား”
ကြမ်းကြုတ်ခက်ထန်သော ကျားသစ်နက်အားကြည့်ရင်း ၎င်းကြမ်းကြုတ်သောသားရဲနှင့်တိုက်ခိုက်ရန် ကျိမို့၌ ကိုယ့်ကိုယ်ကိုယ်ယုံကြည်ချက်တို့
လုံးဝရှိမနေပေ။
“ဒါပေမဲ ငါသာအဲ့တာကိုအနိုင်မယူနိုင်ရင် အဖြူလေးနဲ့ ရှစ်ဖုန့်လေးတို့က အဲ့တာကြီးစားတာကိုခံရမှာမလား.. ဟင့်အင်း.ငါအနိုင်ယူရမယ်.. အဖြူလေးနဲ့ရှစ်ဖုန့်လေးတို့က ငါ့ကိုကာကွယ်ရင်းနဲ့ ထိခိုက်သွားကြတာ.. အခု ငါသူတို့ကိုပြန်ပြီးကာကွယ်ပေးရမဲ့အလှည့်ပဲ”
ဤအချိန်တွင် ကျိမို့၏လှပသောမျက်နှာလေးကပုံမှန်မဟုတ်သလိုပြတ်သားလာသည်။ သူမ၏ကိုယ်မှတိုက်ပွဲစိတ်ဆန္ဒတို့မြင့်တက်လာ၏။ နောက်တစ်ကြိမ်ထပ်မံ၍ သူမလက်အတွင်းမှနှင်းဖြူရောင်ဓား
ရှည်အားကျစ်နေအောင်ဆုပ်ကိုင်လိုက်သည်။ ကျားသစ်နက်အားစိတ်ပိုင်းဖြတ်ထား
သောအကြည့်တို့ဖြင့်ကြည့်လိုက်ပြီး အော်ပြောလိုက်၏။
“လာခဲ့စမ်း.အဖြူလေးကိုကာကွယ်ဖို့..
ရှစ်ဖုန့်လေးကိုကာကွယ်ဖို့..ငါနင့်ကိုအနိုင်ယူပစ်မယ်”
သူမအော်ပြီးပြီးချင်း ကျိမို့၏ နှင်းဖြူရောင်ဓားရှည်က ရုတ်တရက် နှင်းဖြူရောင်အလင်းတစ်ချက်လင်းလက်သွားသည်။ ကျိမို့က သူမ၏နှင်းဖြူရောင်ဓားရှည်အား
မြှောက်လိုက်ပြီး အသံတိုးတိုးဖြင့်အော်ပြောလိုက်၏။
“ရေခဲခုတ်ပိုင်းချက်”
တစ်ချိန်တည်းမှာပင် သူမလက်အတွင်းရှိ နှင်းဖြူရောင်ဓားရှည်မှာရုတ်တရက်
ရှေ့သို့ခုတ်ပိုင်းလိုက်သည်။
“ခရပ်..ခရပ်.ခရပ်”
နှင်းဖြူရောင်ဓားရှည်ကခုတ်ပိုင်းလိုက်သည်။ ရုတ်ခြည်းဆိုသလို ရေခဲသောအသံများအားအဆက်
မပြတ်ကြားလာရ၏။ ကျိမို့၏ရှေ့တွင် လေထုကရုတ်ခြည်းခဲသွားပြီး အေးခဲမှုကရှေ့သို့ အဆက်မပြတ်ပျံ့နှံ့သွားကာ ကျားသစ်နက်အားအေးခဲလိုက်သည်။
“ဝေါင်း”
၎င်းထံသို့လာနေသောရေခဲတို့အားရင်ဆိုင်ရင်း ကျားဖြူက ဟိန်းရုံသာဟိန်းလိုက်သည်။ ထို့နောက် ၎င်း၏ညာလက်ဖဝါးအားထပ်မံ
မြှောက်လိုက်ပြီး ရှေ့သို့ သာမန်ကာလျှံကာရိုက်ချလိုက်သည်။
ယင်းမှာ ယင်ကောင်အား လှမ်းရိုက်လိုက်သကဲ့သို့ပင်ဖြစ်၏။
ဆက်ရန်……….
ဘာသာပြန်သူ-ARISE